သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဥေရာပမွာ ပုိမ်ားလာ


Italy ႏိုင္ငံက ေဆးရံုတခုတြင္ Coronavirus ကူးစက္ခံရသူေတြကို ကုသေပးေနစဥ္

(Zawgyi/Unicode)

တရုတ္ႏုိင္ငံမွာ Coronavirus ျဖစ္ေပၚခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ဒီေရာဂါ ျဖစ္ေပၚမႈရဲ႕ ဗဟုိ အခ်က္အခ်ာေနရာ ဥေရာပတုိက္ ျဖစ္လာေနၿပီလုိ႔ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus က ေသာၾကာေန႔မွာ ေျပာၾကားလုိက္ပါတယ္။

“ဥေရာပတုိက္ဟာ Coronavirus ျဖစ္ေပၚမႈရဲ႕ ဗဟုိအခ်က္အခ်ာေနရာ ျဖစ္လာေနပါၿပီ။ လက္ရွိ အေျခအေနမွာ တရုတ္ႏုိင္ငံကလြဲလုိ႔ က်န္တဲ့ႏုိင္ငံအားလုံးမွာ ေရာဂါပုိး ကူးစက္ျပန္႔ႏွံ႔ေနတဲ့ ပမာဏ စုစုေပါင္းနဲ႔ ႏႈိင္းယွဥ္လုိက္ရင္ ဥေရာပတုိက္မွာ ျဖစ္ေနတဲ့အေရအတြက္က ပုိမ်ားေနပါတယ္။”

ဒါ့အျပင္ ဒီေရာဂါပုိး ကူးစက္ျပန္႔ႏွံ႔မႈကုိ ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ ႏုိင္ငံအသီးသီးက ကုိယ့္ အစီအစဥ္နဲ႔ကုိယ္ လုပ္ေဆာင္ၾကမယ့္အစား တျခားႏုိင္ငံေတြနဲ႔ ပူးေပါင္း ေဆာင္ရြက္ၾကဖုိ႔ လုိအပ္ေၾကာင္းလည္း WHO အႀကီးအကဲက ေျပာပါတယ္။

အီတလီႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဗုိင္းရပ္စ္ပုိးကူးစက္သူ ၂,၅၀၀ ရွိခဲ့တယ္လုိ႔ အစုိးရက ေသာၾကာေန႔မွာ ထုတ္ျပန္ ေၾကညာလုိက္တာေၾကာင့္ အခုခ်ိန္ထိ အီတလီမွာ ေရာဂါပုိးကူးစက္သူ စုစုေပါင္း ၁၇,၆၆၀ ရွိသြားၿပီျဖစ္ၿပီး ေသဆုံးသူ အေရအတြက္ကေတာ့ ၁,၂၆၆ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ သမၼတ Trump က အေရးေပၚ အေျခအေန ေၾကညာတဲ့အခ်ိန္မွာဘဲ စပိန္နဲ႔ ဂ်ာမနီႏုိင္ငံတုိ႔မွာလည္း ဗုိင္းရပ္စ္ပုိး ကူးစက္သူနဲ႔ ေသဆုံးသူ အေရအတြက္ေတြ ေသာၾကာေန႔က အရွိန္ျမင့္ ျဖစ္ေပၚခဲ့တယ္လုိ႔ ဆုိပါတယ္။

စပိန္ႏုိင္ငံမွာလည္း ေသာၾကာေန႔က ႏုိင္ငံေတာ္အေရးေပၚအေျခအေန ေၾကညာလုိက္ၿပီး တကမၻာလုံးကုိ ကူးစက္ ျပန္႔ႏွံ႔ေနတဲ့ ဒီကပ္ေရာဂါဆုိးႀကီးကုိ တုိက္ဖ်က္ေရးအတြက္ စစ္တပ္ကပါ ကူညီ ေဆာင္ရြက္ေပးမယ္လုိ႔ ဆုိပါတယ္။ အခုခ်ိန္ထိ ကမၻာတ၀ွမ္း Coronavirus ေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၅,၄၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဥရောပမှာ ပိုများလာ

(Unicode)

တရုတ်နိုင်ငံမှာ Coronavirus ဖြစ်ပေါ်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒီရောဂါ ဖြစ်ပေါ်မှုရဲ့ ဗဟို အချက်အချာနေရာ ဥရောပတိုက် ဖြစ်လာနေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

“ဥရောပတိုက်ဟာ Coronavirus ဖြစ်ပေါ်မှုရဲ့ ဗဟိုအချက်အချာနေရာ ဖြစ်လာနေပါပြီ။ လက်ရှိ အခြေအနေမှာ တရုတ်နိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံအားလုံးမှာ ရောဂါပိုး ကူးစက်ပြန့်နှံ့နေတဲ့ ပမာဏ စုစုပေါင်းနဲ့ နှိုင်းယှဉ်လိုက်ရင် ဥရောပတိုက်မှာ ဖြစ်နေတဲ့အရေအတွက်က ပိုများနေပါတယ်။”

ဒါ့အပြင် ဒီရောဂါပိုး ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံအသီးသီးက ကိုယ့် အစီအစဉ်နဲ့ကိုယ် လုပ်ဆောင်ကြမယ့်အစား တခြားနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။

အီတလီနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်သူ ၂,၅၀၀ ရှိခဲ့တယ်လို့ အစိုးရက သောကြာနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာကြောင့် အခုချိန်ထိ အီတလီမှာ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၁၇,၆၆၀ ရှိသွားပြီဖြစ်ပြီး သေဆုံးသူ အရေအတွက်ကတော့ ၁,၂၆၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Trump က အရေးပေါ် အခြေအနေ ကြေညာတဲ့အချိန်မှာဘဲ စပိန်နဲ့ ဂျာမနီနိုင်ငံတို့မှာလည်း ဗိုင်းရပ်စ်ပိုး ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်တွေ သောကြာနေ့က အရှိန်မြင့် ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

စပိန်နိုင်ငံမှာလည်း သောကြာနေ့က နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး တကမ္ဘာလုံးကို ကူးစက် ပြန့်နှံ့နေတဲ့ ဒီကပ်ရောဂါဆိုးကြီးကို တိုက်ဖျက်ရေးအတွက် စစ်တပ်ကပါ ကူညီ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ အခုချိန်ထိ ကမ္ဘာတဝှမ်း Coronavirus ကြောင့် သေဆုံးသူ စုစုပေါင်း ၅,၄၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG