သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ အိႏၵိယခရီးသြားလုပ္ငန္း အထိနာ


အိႏၵိယ Amritsar ျပည္နယ္က ခရီးသြားမ်ား

(Zawgyi/Unicode)

Coronavirus ေၾကာင့္ အိႏၵိယကုိလာမယ့္ ကမၻာလွည့္ခရီးသြားေတြကုိ ျပည္၀င္ခြင့္ဗီဇာ ထုတ္ေပးမႈ ဆုိင္းငံ့ထားဖုိ႔ အစုိးရရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ သူတုိ႔ရဲ႕ လုပ္ငန္းေတြကုိ ထိခုိက္ႏုိ္င္ေၾကာင္း ဟုိတယ္နဲ႔ ခရီးသြားလုပ္ငန္းရွင္ေတြက ေျပာပါတယ္။

Coronavirus ေၾကာင့္ အိႏၵိယမွာ ေသဆုံးသူတဦး ရွိခဲ့တဲ့အျပင္ ေရာဂါပုိးဟာ အလ်င္အျမန္ ကူးစက္ေနတဲ့အတြက္ ေသာၾကာေန႔ကစၿပီး ဧၿပီလ ၁၅ ရက္ေန႔အထိ ျပည္၀င္ဗီဇာ ထုတ္ေပးတာေတြ ဆုိင္းငံ့ထားမယ့္အေၾကာင္း အိႏၵိယအစုိးရက ေဖေဖာ္၀ါရီလ ၁၁ ရက္ေန႔မွာ ေၾကညာခဲ့တာပါ။ ဒီအေၾကာင္း ရုိက္တာသတင္းကုိ အေျခခံၿပီး ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

ကမၻာတ၀ွမ္း ႏုိင္ငံေပါင္း ၁၀၀ ေက်ာ္မွာ ကူးစက္ျပန္႔ႏွံ႔ေနတဲ့ Coronavirus ေၾကာင့္ ေသာၾကာေန႔အထိ ေသဆုံးသူ ငါးေထာင့္ ေလးရာနီးပါးရွိလာေနၿပီး ေရာဂါပုိး ကူးစက္သူအေရအတြက္ဟာလည္း တသိန္း ငါးေသာင္းနား ကပ္လာေနတဲ့အခ်ိန္မွာဘဲ အိႏၵိယႏုိင္ငံမွာလည္း Coronavirus ေၾကာင့္ ပထမဆုံး ေသဆုံးသူရွိလာၿပီျဖစ္ေၾကာင္း အိႏၵိယက်န္းမာေရး၀န္ႀကီးက ေဖေဖာ္၀ါရီ ၁၂ ရက္ေန႔မွာ ေၾကညာခဲ့တာပါ။

ေသဆုံးသြားသူဟာ တုိင္းျပည္ေတာင္ပုိင္း Karnataka ျပည္နယ္က အသက္ ၇၄ ႏွစ္အရြယ္ အမ်ဳိးသားျဖစ္တယ္လုိ႔ ဆုိပါတယ္။

လူဦးေရ ၁.၃ ဘီလီယံရွိတဲ့ အိႏိၵယႏုိင္ငံမွာ အခုခ်ိန္ ဗုိင္းရပ္စ္ပုိး ကူးစက္ေနသူ ၇၄ ဦးသာ ရွိေသးတာေၾကာင့္ တျခား အာရွ၊ ဥေရာပနဲ႔ ေျမာက္အေမရိကတုိက္တုိ႔နဲ႔ ႏႈိင္းယွဥ္လုိက္ရင္ ကူးစက္ ေသဆုံးမႈ အေတာ္ေလး သက္သာေနတာပါ။ ဒါေပမယ့္ က်န္းမာေရး၀န္ေဆာင္မႈ အပုိင္းမွာ မႏုိင္၀န္ထမ္းေနရတဲ့ အေျခအေနရွိေနတာေၾကာင့္ တကယ္လုိ႔သာ ဒီ ဗုိင္းရပ္စ္ပုိး အလ်င္အျမန္ ကူးစက္ ျပန္႔ႏွံ႔ခဲ့မယ္ဆုိရင္ ႀကီးမားတဲ့ ျပႆနာေတြနဲ႔ ရင္ဆုိင္ရႏုိင္တယ္လုိ႔ ကၽြမ္းက်င္သူေတြက ေထာက္ျပေနၾကတာပါ။

အစုိးရက ကမၻာ့လွည့္ခရီးသြားေတြကုိ ျပည္၀င္ဗီဇာ ပိတ္လုိက္တဲ့အတြက္ သူတုိ႔လုပ္ငန္းေတြကုိ အႀကီးအက်ယ္ ထိခုိက္ နစ္နာေစႏုိင္တယ္လုိ႔ အိႏၵိယက ကမၻာေက်ာ္ Taj Mahal ရွိရာ Agra ၿမိဳ႕က ဟုိတယ္နဲ႔ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းဥကၠဌ Ramesh Wadhwa က ေျပာပါတယ္။

“တကယ္လုိ႔ ဒီအတုိင္း ေနာက္ထပ္ တလေလာက္ ပိတ္ထားမယ္ဆုိရင္ ကမၻာလွည့္ခရီးသြား ၀င္ေရာက္လာမႈႏႈန္းက သုညအထိ က်သြားၿပီး က်ေနာ္တုိ႔ Agra ၿမိဳ႕ရဲ႕ ခရီးသြားလုပ္ငန္းအတြက္ အႀကီးအက်ယ္ ထိခုိက္ႏုိင္ပါတယ္။ လာမယ့္ ရက္အနည္းဟာလည္း က်ေနာ္တုိ႔ႏုိင္ငံရဲ႕ ခရီးသြားလုပ္ငန္းအတြက္ အႀကီးအက်ယ္ ထိခုိက္ေစမွာပါ။ ဒီ ဆုံးရႈံးမႈေတြ ျပန္ကာမိဖုိ႔အတြက္ ႏွစ္အေတာ္ၾကာ ျပန္လုပ္ယူရပါလိမ့္မယ္။”

သံတမန္ေတြနဲ႔ အစုိးရ တရား၀င္လုပ္ငန္းနဲ႔သက္ဆုိင္တဲ့ ဗီဇာေတြကလြဲလုိ႔ တျခား ျပည္၀င္ခြင့္ဗီဇာ ထုတ္ေပးမႈ အားလုံးကုိ ဧၿပီလ ၁၅ ရက္ေန႔အထိ ပိတ္ထားမယ္လုိ႔ အိႏၵိယအစုိးရက ေၾကညာခဲ့တာပါ။

အိႏၵိယႏုိင္ငံကုိ ႏွစ္စဥ္ ကမၻာလွည့္ခရီးသည္ ၁၀ သန္းေလာက္ လာေရာက္လည္ပတ္ေနတာေၾကာင့္ အဲဒီ ခရီးသည္ေတြကုိ မွီခုိ အားထားေနရတဲ့ ဟုိတယ္နဲ႔ ခရီးသြားလုပ္ငန္းကုိ ထိခုိက္ေစမယ့္အေၾကာင္း Taj Mahal က ဧည့္လမ္းညြန္ Amit Kumar ကလည္း ေျပာပါတယ္။

“Taj Mahal ထဲကုိ ၀င္ဖုိ႔အတြက္ လက္မွတ္အေရာင္းေကာင္တာမွာ ေန႔စဥ္ လူတန္းရွည္ႀကီးက လက္မွတ္လာ တန္းစီေနၾကသလုိ ဧည့္သည္ေတြမ်ားလြန္းတဲ့အတြက္ ဧည့္လမ္းညြန္ေတာင္ မေလာက္တဲ့အေျခအေနမ်ဳိး ရွိခဲ့တာပါ။ ဒီေန႔ အေျခအေနကုိ ေျပာရမယ္ဆုိရင္ေတာ့ အခုခ်ိန္ထိ က်ေနာ္ ဧည့္သည္တေယာက္မွ မရေသးပါဘူး။ က်ေနာ့္သူငယ္ခ်င္းေတြလည္း လြန္ခဲ့တဲ့ ၂ ရက္အတြင္း ဧည့္သည္ တေယာက္မွ မရၾကပါဘူး။”

ဟုိတယ္ပုိင္ရွင္တဦးျဖစ္သူ Ravinder ကလည္း ႏုိင္ငံတကာက ဧည့္သည္ေတြ ေရာက္မလာၾကေတာ့ေၾကာင္း အခုလုိ ေျပာပါတယ္။

“ႏုိင္ငံတကာဧည့္သည္ေတြ ပုံမွန္လာၾကေပမယ့္ အခုေတာ့ တေယာက္မွ ေရာက္မလာေတာ့သေလာက္ပါဘဲ။ အခုဆုိရင္ ဟုိတယ္ကုိ ဆက္ရပ္တည္ႏုိင္ဖုိ႔နဲ႔ ၀န္ထမ္းေတြကုိ လစာေပးႏုိင္ဖုိ႔ေတာင္ အေတာ္ေလး အခက္အခဲ ရွိေနပါတယ္။ အေျခအေနေတြ ဒီအတုိင္း ဆက္သြားေနမယ္ဆုိရင္ ဒီဟုိတယ္ကုိ အၿပီးအပုိင္ ပိတ္ပစ္ရမယ့္အေျခအေန ရွိပါတယ္။”

ၿမိဳ႕ေတာ္ နယူးေဒလီက ဟုိတယ္ေတြလည္း အလားတူ အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနရၿပီး လာေရာက္ တည္းခုိသူအေရအတြက္ ၉၀% ေလာက္ က်သြားတယ္လုိ႔ မန္ေနဂ်ာတဦးျဖစ္သူ Ajit Singh Sisodiya က ေျပာပါတယ္။

အခါတုိင္း ႏုိင္ငံျခားဧည့္သည္ေတြနဲ႔ ျပည့္ေနတတ္တဲ့ နယူးေဒလီၿမိဳ႕၊ Paharganj အရပ္က စားေသာက္ဆုိင္ေတြဟာလည္း အခုဆုိ ေျခာက္ကပ္ေနပါတယ္။ ပုံမွန္အားျဖင့္ အိႏၵိယက ဟုိတယ္ေတြဟာ ၂၀၁၉ ခုႏွစ္အတြင္း ၃ ပုံ ၂ ပုံေလာက္ ဧည့္သည္ အၿမဲတမ္း ရွိေနတတ္တယ္လုိ႔ ဆုိပါတယ္။

ဒီအေတာအတြင္း အိႏၵိိယႏုိင္ငံ၊ ဗုဒၶဂါယာမွာ ေရာက္ေနတဲ့ ျမန္မာႏုိင္ငံသား ၂,၀၀၀ ေက်ာ္ကို မတ္လ ၂၂ ရက္ေန႔မွာ အားလံုး ျပန္ေခၚမယ္လုိ႔ ဗုဒၶဂယာ ဘုရားဖူးေကာ္္မတီဥကၠ႒ ဦးေမာင္ျမင့္က ဗီြအိုေအကိုေျပာပါတယ္။

“သူတို႔ကို ေလယာဥ္ပ်ံေတြ အသီးသီးေတြနဲ႔ ဒီလ ၂၂ ရက္ေန႔ ေနာက္ဆုံးထားၿပီး အၿပီးျပန္ေခၚ ေတာ့မယ္။ အဲ့ေတာ့ အားလုံး safe ျဖစ္ပါတယ္။ Panic မျဖစ္ၾကပါနဲ႔ ဗမာျပည္မွာ Panic အရမ္းျဖစ္ေနၾကတယ္။ အဲ့ေတာ့ က်ေနာ္ ဒါကို ထည့္ေျပာခ်င္ပါတယ္။”

ဗုဒၶဂါယာဘုရားဖူး ခရီးသြားေတြအပါအ၀င္ ကမာၻ႔ႏုိင္ငံအသီးသီးက ကမၻာလွည့္ ခရီးသည္ေတြကုိ ျပည္၀င္ခြင့္ဗီဇာ ထုတ္ေပးတာေတြ ပိတ္ပင္လိုက္တဲ့အေၾကာင္း အိႏိၵယအစိုးရက ေၾကညာအၿပီးမွာ ျမန္မာႏုိင္ငံကလည္း အခုလို ျပန္ေခၚဖို႔ စီစဥ္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယခရီးသွားလုပ်ငန်း အထိနာ

(Unicode)

Coronavirus ကြောင့် အိန္ဒိယကိုလာမယ့် ကမ္ဘာလှည့်ခရီးသွားတွေကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမှု ဆိုင်းငံ့ထားဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့ရဲ့ လုပ်ငန်းတွေကို ထိခိုက်နိုင်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။ Coronavirus ကြောင့် အိန္ဒိယမှာ သေဆုံးသူတဦး ရှိခဲ့တဲ့အပြင် ရောဂါပိုးဟာ အလျင်အမြန် ကူးစက်နေတဲ့အတွက် သောကြာနေ့ကစပြီး ဧပြီလ ၁၅ ရက်နေ့အထိ ပြည်ဝင်ဗီဇာ ထုတ်ပေးတာတွေ ဆိုင်းငံ့ထားမယ့်အကြောင်း အိန္ဒိယအစိုးရက ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ကူးစက်ပြန့်နှံ့နေတဲ့ Coronavirus ကြောင့် သောကြာနေ့အထိ သေဆုံးသူ ငါးထောင့် လေးရာနီးပါးရှိလာနေပြီး ရောဂါပိုး ကူးစက်သူအရေအတွက်ဟာလည်း တသိန်း ငါးသောင်းနား ကပ်လာနေတဲ့အချိန်မှာဘဲ အိန္ဒိယနိုင်ငံမှာလည်း Coronavirus ကြောင့် ပထမဆုံး သေဆုံးသူရှိလာပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကြေညာခဲ့တာပါ။

သေဆုံးသွားသူဟာ တိုင်းပြည်တောင်ပိုင်း Karnataka ပြည်နယ်က အသက် ၇၄ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ဆိုပါတယ်။

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ အခုချိန် ဗိုင်းရပ်စ်ပိုး ကူးစက်နေသူ ၇၄ ဦးသာ ရှိသေးတာကြောင့် တခြား အာရှ၊ ဥရောပနဲ့ မြောက်အမေရိကတိုက်တို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကူးစက် သေဆုံးမှု အတော်လေး သက်သာနေတာပါ။ ဒါပေမယ့် ကျန်းမာရေးဝန်ဆောင်မှု အပိုင်းမှာ မနိုင်ဝန်ထမ်းနေရတဲ့ အခြေအနေရှိနေတာကြောင့် တကယ်လို့သာ ဒီ ဗိုင်းရပ်စ်ပိုး အလျင်အမြန် ကူးစက် ပြန့်နှံ့ခဲ့မယ်ဆိုရင် ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြနေကြတာပါ။

အစိုးရက ကမ္ဘာ့လှည့်ခရီးသွားတွေကို ပြည်ဝင်ဗီဇာ ပိတ်လိုက်တဲ့အတွက် သူတို့လုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက် နစ်နာစေနိုင်တယ်လို့ အိန္ဒိယက ကမ္ဘာကျော် Taj Mahal ရှိရာ Agra မြို့က ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ Ramesh Wadhwa က ပြောပါတယ်။

“တကယ်လို့ ဒီအတိုင်း နောက်ထပ် တလလောက် ပိတ်ထားမယ်ဆိုရင် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်လာမှုနှုန်းက သုညအထိ ကျသွားပြီး ကျနော်တို့ Agra မြို့ရဲ့ ခရီးသွားလုပ်ငန်းအတွက် အကြီးအကျယ် ထိခိုက်နိုင်ပါတယ်။ လာမယ့် ရက်အနည်းဟာလည်း ကျနော်တို့နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် အကြီးအကျယ် ထိခိုက်စေမှာပါ။ ဒီ ဆုံးရှုံးမှုတွေ ပြန်ကာမိဖို့အတွက် နှစ်အတော်ကြာ ပြန်လုပ်ယူရပါလိမ့်မယ်။”

သံတမန်တွေနဲ့ အစိုးရ တရားဝင်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဗီဇာတွေကလွဲလို့ တခြား ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမှု အားလုံးကို ဧပြီလ ၁၅ ရက်နေ့အထိ ပိတ်ထားမယ်လို့ အိန္ဒိယအစိုးရက ကြေညာခဲ့တာပါ။

အိန္ဒိယနိုင်ငံကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ၁၀ သန်းလောက် လာရောက်လည်ပတ်နေတာကြောင့် အဲဒီ ခရီးသည်တွေကို မှီခို အားထားနေရတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေမယ့်အကြောင်း Taj Mahal က ဧည့်လမ်းညွန် Amit Kumar ကလည်း ပြောပါတယ်။

“Taj Mahal ထဲကို ဝင်ဖို့အတွက် လက်မှတ်အရောင်းကောင်တာမှာ နေ့စဉ် လူတန်းရှည်ကြီးက လက်မှတ်လာ တန်းစီနေကြသလို ဧည့်သည်တွေများလွန်းတဲ့အတွက် ဧည့်လမ်းညွန်တောင် မလောက်တဲ့အခြေအနေမျိုး ရှိခဲ့တာပါ။ ဒီနေ့ အခြေအနေကို ပြောရမယ်ဆိုရင်တော့ အခုချိန်ထိ ကျနော် ဧည့်သည်တယောက်မှ မရသေးပါဘူး။ ကျနော့်သူငယ်ချင်းတွေလည်း လွန်ခဲ့တဲ့ ၂ ရက်အတွင်း ဧည့်သည် တယောက်မှ မရကြပါဘူး။”

ဟိုတယ်ပိုင်ရှင်တဦးဖြစ်သူ Ravinder ကလည်း နိုင်ငံတကာက ဧည့်သည်တွေ ရောက်မလာကြတော့ကြောင်း အခုလို ပြောပါတယ်။

“နိုင်ငံတကာဧည့်သည်တွေ ပုံမှန်လာကြပေမယ့် အခုတော့ တယောက်မှ ရောက်မလာတော့သလောက်ပါဘဲ။ အခုဆိုရင် ဟိုတယ်ကို ဆက်ရပ်တည်နိုင်ဖို့နဲ့ ဝန်ထမ်းတွေကို လစာပေးနိုင်ဖို့တောင် အတော်လေး အခက်အခဲ ရှိနေပါတယ်။ အခြေအနေတွေ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ဒီဟိုတယ်ကို အပြီးအပိုင် ပိတ်ပစ်ရမယ့်အခြေအနေ ရှိပါတယ်။”

မြို့တော် နယူးဒေလီက ဟိုတယ်တွေလည်း အလားတူ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး လာရောက် တည်းခိုသူအရေအတွက် ၉၀% လောက် ကျသွားတယ်လို့ မန်နေဂျာတဦးဖြစ်သူ Ajit Singh Sisodiya က ပြောပါတယ်။

အခါတိုင်း နိုင်ငံခြားဧည့်သည်တွေနဲ့ ပြည့်နေတတ်တဲ့ နယူးဒေလီမြို့၊ Paharganj အရပ်က စားသောက်ဆိုင်တွေဟာလည်း အခုဆို ခြောက်ကပ်နေပါတယ်။ ပုံမှန်အားဖြင့် အိန္ဒိယက ဟိုတယ်တွေဟာ ၂၀၁၉ ခုနှစ်အတွင်း ၃ ပုံ ၂ ပုံလောက် ဧည့်သည် အမြဲတမ်း ရှိနေတတ်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ၂,၀၀၀ ကျော်ကို မတ်လ ၂၂ ရက်နေ့မှာ အားလုံး ပြန်ခေါ်မယ်လို့ ဗုဒ္ဓဂယာ ဘုရားဖူးကော်မတီဥက္ကဋ္ဌ ဦးမောင်မြင့်က ဗွီအိုအေကိုပြောပါတယ်။

“သူတို့ကို လေယာဉ်ပျံတွေ အသီးသီးတွေနဲ့ ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး အပြီးပြန်ခေါ် တော့မယ်။ အဲ့တော့ အားလုံး safe ဖြစ်ပါတယ်။ Panic မဖြစ်ကြပါနဲ့ ဗမာပြည်မှာ Panic အရမ်းဖြစ်နေကြတယ်။ အဲ့တော့ ကျနော် ဒါကို ထည့်ပြောချင်ပါတယ်။”

ဗုဒ္ဓဂါယာဘုရားဖူး ခရီးသွားတွေအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ကမ္ဘာလှည့် ခရီးသည်တွေကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတာတွေ ပိတ်ပင်လိုက်တဲ့အကြောင်း အိန္ဒိယအစိုးရက ကြေညာအပြီးမှာ မြန်မာနိုင်ငံကလည်း အခုလို ပြန်ခေါ်ဖို့ စီစဉ်တာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG