သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ အရေးပေါ် အခြေအနေ ကြေညာ


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံတော် အရေးပေါ် အခြေအနေအဖြစ် သမ္မတ Donald Trump သောကြာနေ့မှာပဲ ကြေညာလိုက်ပါတယ်။ ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဒေါ်လာ ဘီလီယံ ၅၀ သုံးစွဲမှာ ဖြစ်ကြောင်းလည်း ကြေညာခဲ့တာပါ။

နိုင်ငံတဝှမ်းက ဆေးရုံတွေ အနေနဲ့လည်း အရေးပေါ် အခြေအနေအတွက် အဆင်သင့် ပြင်ဆင်ထားဖို့ သောကြာနေ့က အိမ်ဖြူတော်မှာ ညွှန်ကြားလိုက်ပါတယ်။

၁၉၈၈ ခုနှစ် Stafford အက်ဥပဒေအရ တိုင်းပြည်မှာ အရေးပေါ် အခြေအနေမျိုးတွေ ကြုံရတဲ့အခါ သမ္မတရဲ့ အာဏာနဲ့ ကြေညာနိုင်ပါတယ်။ အရေးပေါ် အခြေအနေကြေညာလိုက်ပြီ ဆိုရင်တော့ ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ (FEMA) အနေနဲ့ ကပ်ဘေးဒဏ်ကြုံရတဲ့ ပြည်နယ်နဲ့ ဒေသခံအစိုးရတွေကို အကူအညီပေးခွင့် ရမှာဖြစ်ပါတယ်။

အရေးပေါ် အကူအညီအဖြစ် ကွန်ဂရက်လွှတ်တော်က ဒေါ်လာဘီလီယံ ၄၀ ကျော် သုံးစွဲခွင့်ပြုထားတဲ့ အေဂျင်စီအဖြစ် ဆေးဘက်ဆိုင်ရာ အဆောက်အဦးတွေ၊ လူနာတွေ သယ်ယူပို့ဆော်ငရေး အပါအဝင် တခြားကျန်းမာရေးဆိုင်ရာ အကူအညီပေးနိုင်မှာပါ။ အမေရိကန် ကျန်းမာရေး ဝန်ကြီးဌာနကတော့ လူထုကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီလနှောင်းပိုင်းမှာပဲ ကြေညာထားပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်အရ အမေရိကန် တာဝန်ရှိသူတွေ အနေနဲ့ တရုတ်နိုင်ငံက ခရီးသွားတွေ အမေရိကန်ကို ဝင်ရောက်ခွင့် တားမြစ်တာ အပါအဝင် တခြားကာကွယ်ရေး အစီအမံတွေကိုလည်း ချမှတ်ခွင့် ရခဲ့တာပါ။ အမေရိကန်က ပြည်နယ်အစိုးရ တချို့ကလည်း အရေးပေါ် အခြေအနေတွေ ကြေညာထားတဲ့အတွက် ပြည်ထောင်စု အစိုးရထံက အကူအညီ ရနိုင်ပါတယ်။

အရင်သမ္မတ Barack Obama လက်ထက် ၂၀၀၉ ခုနှစ်မှာတုန်းကလည်း H1N1 တုပ်ကွေးရောဂါ ကြုံခဲ့ရချိန်က Stafford အက်ဥပဒေအရ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာခဲ့ဖူးပါတယ်။ အရေးပေါ် အခြေအနေ ကြေညာလိုက်တဲ့အတွက် လူနာတွေ မြန်မြန်ဆန်ဆန် ကုသမှုခံယူနိုင်အောင် ဗဟိုအစိုးရက ချမှတ်ထားတဲ့ ကျန်းမာရေးအာမခံဆိုင်ရာ စည်းမျဉ်းတွေကိုလည်း ယာယီပယ်ဖျက်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)







XS
SM
MD
LG