သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိ႐ုိနာဗုိင္းရပ္စ္ ဇစ္ျမစ္အတြက္ တ႐ုတ္နဲ႔ အေမရိကန္ တင္းမာ 


ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Zhao Lijian

(Zawgyi/Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ တ႐ုတ္ႏုိင္ငံတုိ႔ၾကား မၾကာေသးခင္ကစလုိ႔ အျပန္အလွန္ ေ၀ဖန္မႈေတြ ထြက္ေပၚလာေနပါတယ္။ ဗုိင္းရပ္စ္ စတင္ပ်ံ႕ႏံွ႔တဲ့ အေၾကာင္းရင္းအတြက္ အျပန္အလွန္ စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လုိ႔ တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနကလည္း ၾကာသပေတးေန႔ကပဲ တုံ႔ျပန္ေျပာဆုိခဲ့တာပါ။ ဒီအေၾကာင္း ဗြီအုိေအသတင္းေထာက္ Joyce Huang ရဲ႕ သတင္းေဆာင္းပါးကုိ အေျခခံၿပီး ကုိေအာင္လြင္ဦးက ေျပာျပေပးမွာ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံ ဟူေဘးျပည္နယ္၊ ၀ူဟန္ၿမိဳ႕မွာ ကုိ႐ုိနာဗုိင္းရပ္စ္ စတင္ပ်ံ႕ႏွံ႔ခဲ့တာဟာ အေမရိကန္ရဲ႕ လက္ခ်က္ ျဖစ္ႏုိင္တယ္ဆုိၿပီး ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Zhao Lijian က Twitter လူမႈကြန္ရက္ကေန ၾကာသပေတးေန႔ကပဲ စြပ္စဲြလုိက္တာပါ။

အေမရိကန္မွာ ကြယ္လြန္သြားသူ တခ်ဳိ႕ဟာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံထားရတာကုိ ေနာက္ပုိင္းက်မွ သိရွိခဲ့ရေၾကာင္း အေမရိကန္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးဌာန (CDC) အႀကီးအကဲ Robert Redfield ဗုဒၶဟူးေန႔က ကြန္ဂရက္လႊတ္ေတာ္ ၾကားနာပဲြမွာ ေျပာခဲ့တဲ့ ဗြီဒီယုိကုိလည္း လူမႈကြန္ရက္မွာ ေဖာ္ျပခဲ့သလုိ၊ ၀ူဟန္ၿမိဳ႕ကုိ အေမရိကန္ စစ္တပ္က ဗုိင္းရပ္စ္ပုိး သယ္လာတာ ျဖစ္ႏုိင္ေၾကာင္းနဲ႔ အေမရိကန္ အေနနဲ႔ ရွင္းျပဖုိ႔ လုိေၾကာင္းလည္း ေျပာခဲ့ပါတယ္။

တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရသူရဲ႕ မွတ္ခ်က္ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေအာက္တုိဘာလထဲ ၀ူဟန္ၿမိဳ႕က စစ္ေရးေလ့က်င့္မႈမွာ ပူးေပါင္းပါ၀င္ခဲ့တဲ့ အေမရိကန္စစ္တပ္က ဗုိင္းရပ္စ္ပုိး သယ္လာတာ ျဖစ္ႏုိင္တယ္ဆုိတဲ့ တ႐ုတ္ႏုိင္ငံမွာ ပ်ံ႕ႏွံ႔ေနတဲ့ ေကာလဟလကုိ ထင္ဟပ္ေနတာပါ။

တခ်ိန္တည္းမွာပဲ တ႐ုတ္သိပၸံအကယ္ဒမီ လက္ေအာက္ခံ လုံၿခံဳေရးတင္းတင္းက်ပ္က်ပ္ ခ်ထားတဲ့ ၀ူဟန္ P4 ဇီ၀ဓာတု ဓာတ္ခဲြခန္းက အစျပဳတာ ျဖစ္ႏုိင္တယ္ဆုိၿပီး အေမရိကန္ အထက္လႊတ္ေတာ္အမတ္ Tom Cotton အပါအ၀င္ လူတခ်ဳိ႕က သံသယ ရွိေနၾကပါတယ္။

တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရရဲ႕ မွတ္ခ်က္မတုိင္ခင္မွာပဲ အေမရိကန္ အမ်ဳိးသား လုံၿခံဳေရး အႀကံေပးအရာရွိ Robert O’Brien ကလည္း ဗုိင္းရပ္စ္ကူးစက္မႈနဲ႔ ပတ္သက္လုိ႔ တ႐ုတ္ႏုိင္ငံက အေစာပုိင္းမွာ ဖုံးကြယ္ထားခဲ့တဲ့အတြက္ ကမာၻတ၀ွမ္း ကူးစက္မႈေတြ မ်ားခဲ့ရေၾကာင္း ေျပာဆုိခဲ့တာပါ။ တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရသူ ေနာက္တဦးျဖစ္တဲ့ Geng Shuang ကေတာ့ အေခ်အတင္ ျဖစ္ေနတဲ့ ကိစၥအေပၚ အေမရိကန္ကုိ အျပစ္ဖုိ႔ခဲ့တာပါ။

“ကုိ႐ုိနာဗုိင္းရပ္စ္ အမ်ဳိးအစားသစ္ အစျပဳခဲ့တာနဲ႔ ပတ္သက္လုိ႔ မၾကာေသးခင္ကပဲ ေျပာဆုိေနၾကတာေတြ ရွိပါတယ္။ တခ်ဳိ႕ အေမရိကန္ အႀကီးတန္းအရာရွိေတြနဲ႔ လႊတ္ေတာ္အမတ္ေတြက ဒီကိစၥကုိ ျပႆနာလုပ္ေနၾကၿပီး တာ၀န္မဲ့ မမွန္မကန္ မွတ္ခ်က္ေတြနဲ႔ တ႐ုတ္ႏုိင္ငံကုိ ေ၀ဖန္ထုိးႏွက္ခဲ့ၾကပါတယ္။ ဒါေတြအားလုံးကုိ တ႐ုတ္ႏုိင္ငံက ဆန္႔က်င္ပါတယ္။”

ဗုိင္းရပ္စ္ပ်ံ႕ေအာင္ အေမရိကန္က စတယ္ဆုိတဲ့ တ႐ုတ္ႏုိင္ငံျခားေရးဌာန အရာရွိရဲ႕ စြပ္စဲြခ်က္ကုိ တ႐ုတ္ႏုိင္ငံထဲမွာ လက္ခံသူေတြ ရွိသလုိ ႐ႈပ္ေထြးေအာင္ လုပ္တယ္ဆုိၿပီး အျပစ္တင္သူေတြလည္း ရွိပါတယ္။ ေဟာင္ေကာင္ ႏွစ္ျခင္းတကၠသုိလ္က ႏုိင္ငံေရးသိပၸံပညာဌာန ပါေမာကၡ Jean-Pierre Cabestan ကေတာ့ တ႐ုတ္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရသူရဲ႕ စြပ္စဲြခ်က္ကုိ သံသယရွိတယ္လုိ႔ ဗြီအုိေအကုိ ေျပာခဲ့တာပါ။ တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Geng Shuang ကေတာ့ ကၽြမ္းက်င္သူေတြသာ ဆုံးျဖတ္ႏုိင္မယ့္ ကိစၥအျဖစ္ ေသာၾကာေန႔ ေဘဂ်င္းၿမိဳ႕ေတာ္က သတင္းစာရွင္းလင္းပဲြမွာ ေျပာသြားပါတယ္။

“တကယ္ေတာ့ ဗုိင္းရပ္စ္ပုိးရဲ႕ ဇစ္ျမစ္နဲ႔ ပတ္သက္လုိ႔ အေမရိကန္ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းၾကားမွာ ကဲြျပားတဲ့ အျမင္ေတြ ရွိၾကပါတယ္။ မၾကာေသးခင္ ကတည္းက က်ေနာ္ ေျပာေနတာ ရွိပါတယ္၊ ဒါက သိပၸံပညာရပ္နဲ႔ ပတ္သက္တဲ့ ကိစၥပါ၊ ကၽြမ္းက်င္သူေတြရဲ႕ အျမင္ေတြကုိ နားေထာင္ၾကရမွာပါ။”

တ႐ုတ္အစုိးရက ပထမဆုံးလူနာအျဖစ္ တရား၀င္ အတည္ျပဳထားတာ မရွိေသးေပမဲ့လည္း ေသာၾကာေန႔ထုတ္ South China Morning Post သတင္းစာမွာေတာ့ ၿပီးခဲ့တဲ့ႏွစ္ ႏုိ၀င္ဘာလ ၁၇ ရက္ေန႔မွာ ပထမဆုံး ေရာဂါကူးစက္မႈကုိ အတည္ျပဳထားခဲ့ေၾကာင္း တ႐ုတ္အစုိးရရဲ႕ မွတ္တမ္းေတြကုိ ကုိးကားၿပီး ေဖာ္ျပခဲ့တာပါ။ တ႐ုတ္အစုိးရရဲ႕ မွတ္တမ္းေတြဟာ ပညာရွင္ေတြ ေရာဂါကူးစက္မႈကုိ ေျခရာခံရာမွာ အေထာက္အကူ ျဖစ္ႏုိင္ေၾကာင္းလည္း သတင္းစာက ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


........................

ကိုရိုနာဗိုင်းရပ်စ် ဇစ်မြစ်အတွက် တရုတ်နဲ့ အမေရိကန်တင်းမာ

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား မကြာသေးခင်ကစလို့ အပြန်အလှန် ဝေဖန်မှုတွေ ထွက်ပေါ်လာနေပါတယ်။ ဗိုင်းရပ်စ် စတင်ပျံ့နံှ့တဲ့ အကြောင်းရင်းအတွက် အပြန်အလှန် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကြာသပတေးနေ့ကပဲ တုံ့ပြန်ပြောဆိုခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Joyce Huang ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တာဟာ အမေရိကန်ရဲ့ လက်ချက် ဖြစ်နိုင်တယ်ဆိုပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian က Twitter လူမှုကွန်ရက်ကနေ ကြာသပတေးနေ့ကပဲ စွပ်စွဲလိုက်တာပါ။ အမေရိကန်မှာ ကွယ်လွန်သွားသူ တချို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို နောက်ပိုင်းကျမှ သိရှိခဲ့ရကြောင်း အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန (CDC) အကြီးအကဲ Robert Redfield ဗုဒ္ဓဟူးနေ့က ကွန်ဂရက်လွှတ်တော် ကြားနာပွဲမှာ ပြောခဲ့တဲ့ ဗွီဒီယိုကိုလည်း လူမှုကွန်ရက်မှာ ဖော်ပြခဲ့သလို၊ ဝူဟန်မြို့ကို အမေရိကန် စစ်တပ်က ဗိုင်းရပ်စ်ပိုး သယ်လာတာ ဖြစ်နိုင်ကြောင်းနဲ့ အမေရိကန် အနေနဲ့ ရှင်းပြဖို့ လိုကြောင်းလည်း ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူရဲ့ မှတ်ချက်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလထဲ ဝူဟန်မြို့က စစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အမေရိကန်စစ်တပ်က ဗိုင်းရပ်စ်ပိုး သယ်လာတာ ဖြစ်နိုင်တယ်ဆိုတဲ့ တရုတ်နိုင်ငံမှာ ပျံ့နှံ့နေတဲ့ ကောလဟလကို ထင်ဟပ်နေတာပါ။ တချိန်တည်းမှာပဲ တရုတ်သိပ္ပံအကယ်ဒမီ လက်အောက်ခံ လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားတဲ့ ဝူဟန် P4 ဇီဝဓာတု ဓာတ်ခွဲခန်းက အစပြုတာ ဖြစ်နိုင်တယ်ဆိုပြီး အမေရိကန် အထက်လွှတ်တော်အမတ် Tom Cotton အပါအဝင် လူတချို့က သံသယ ရှိနေကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရရဲ့ မှတ်ချက်မတိုင်ခင်မှာပဲ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ Robert O’Brien ကလည်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက အစောပိုင်းမှာ ဖုံးကွယ်ထားခဲ့တဲ့အတွက် ကမ္ဘာတဝှမ်း ကူးစက်မှုတွေ များခဲ့ရကြောင်း ပြောဆိုခဲ့တာပါ။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ နောက်တဦးဖြစ်တဲ့ Geng Shuang ကတော့ အချေအတင် ဖြစ်နေတဲ့ ကိစ္စအပေါ် အမေရိကန်ကို အပြစ်ဖို့ခဲ့တာပါ။

“ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် အစပြုခဲ့တာနဲ့ ပတ်သက်လို့ မကြာသေးခင်ကပဲ ပြောဆိုနေကြတာတွေ ရှိပါတယ်။ တချို့ အမေရိကန် အကြီးတန်းအရာရှိတွေနဲ့ လွှတ်တော်အမတ်တွေက ဒီကိစ္စကို ပြဿနာလုပ်နေကြပြီး တာဝန်မဲ့ မမှန်မကန် မှတ်ချက်တွေနဲ့ တရုတ်နိုင်ငံကို ဝေဖန်ထိုးနှက်ခဲ့ကြပါတယ်။ ဒါတွေအားလုံးကို တရုတ်နိုင်ငံက ဆန့်ကျင်ပါတယ်။”

ဗိုင်းရပ်စ်ပျံ့အောင် အမေရိကန်က စတယ်ဆိုတဲ့ တရုတ်နိုင်ငံခြားရေးဌာန အရာရှိရဲ့ စွပ်စွဲချက်ကို တရုတ်နိုင်ငံထဲမှာ လက်ခံသူတွေ ရှိသလို ရှုပ်ထွေးအောင် လုပ်တယ်ဆိုပြီး အပြစ်တင်သူတွေလည်း ရှိပါတယ်။ ဟောင်ကောင် နှစ်ခြင်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာဌာန ပါမောက္ခ Jean-Pierre Cabestan ကတော့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူရဲ့ စွပ်စွဲချက်ကို သံသယရှိတယ်လို့ ဗွီအိုအေကို ပြောခဲ့တာပါ။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang ကတော့ ကျွမ်းကျင်သူတွေသာ ဆုံးဖြတ်နိုင်မယ့် ကိစ္စအဖြစ် သောကြာနေ့ ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“တကယ်တော့ ဗိုင်းရပ်စ်ပိုးရဲ့ ဇစ်မြစ်နဲ့ ပတ်သက်လို့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကြားမှာ ကွဲပြားတဲ့ အမြင်တွေ ရှိကြပါတယ်။ မကြာသေးခင် ကတည်းက ကျနော် ပြောနေတာ ရှိပါတယ်၊ ဒါက သိပ္ပံပညာရပ်နဲ့ ပတ်သက်တဲ့ ကိစ္စပါ၊ ကျွမ်းကျင်သူတွေရဲ့ အမြင်တွေကို နားထောင်ကြရမှာပါ။”

တရုတ်အစိုးရက ပထမဆုံးလူနာအဖြစ် တရားဝင် အတည်ပြုထားတာ မရှိသေးပေမဲ့လည်း သောကြာနေ့ထုတ် South China Morning Post သတင်းစာမှာတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ပထမဆုံး ရောဂါကူးစက်မှုကို အတည်ပြုထားခဲ့ကြောင်း တရုတ်အစိုးရရဲ့ မှတ်တမ်းတွေကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။ တရုတ်အစိုးရရဲ့ မှတ်တမ်းတွေဟာ ပညာရှင်တွေ ရောဂါကူးစက်မှုကို ခြေရာခံရာမှာ အထောက်အကူ ဖြစ်နိုင်ကြောင်းလည်း သတင်းစာက ရေးသားထားပါတယ်။

XS
SM
MD
LG