သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စကြောင့် လာလီဂါပွဲစဉ် ၂ ပတ်ကြာ ရွှေ့ဆိုင်း


ရီးယဲလ်ဘက်တစ် နဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ မတ်လ ၈ ရက်နေ့က လာလီဂါပွဲစဉ်
ရီးယဲလ်ဘက်တစ် နဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ မတ်လ ၈ ရက်နေ့က လာလီဂါပွဲစဉ်

ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် စပိန်လာလီဂါပွဲစဉ်တွေကို ၂ ပတ်ကြာ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ရီးယဲလ်မက်ဒရစ်ရဲ့ ဘတ်စကတ်ဘောအသင်းတသင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စမ်းသပ်တွေ့ရှိတာကြောင့် ရီးယဲလ်မက်ဒရစ် အသင်းကိုလည်း ၁၅ ရက်ကြာ သီးသန့်ခွဲထားသွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

တချိန်တည်းမှာပဲ ၊ ဂျူဗင်တပ်နောက်တန်းလူ Daniele Rugani ဟာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတယ်လို့ ဂျူဗင်တပ်အသင်းက ဗုဒ္ဓဟူးနေ့က ကြေငြာလိုက်ပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့လည်း ဥပဒေအရ လိုအပ်တဲ့ သီးသန့်ခွဲထားတဲ့လုပ်ငန်းစဉ်တွေကို စတင်လုပ်ဆောင်နေတယ်လို့ ပြောလိုက်ပါတယ်။ အီတလီနိုင်ငံတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အီတလီ စီးရီအေ ဘောလုံးပွဲတွေကို ဧပြီလ ၃ ရက်နေ့အထိ ရပ်ဆိုင်းထားလိုက်ပါတယ်။

အင်္ဂလန်ပရီမိယာလိဂ်မှာဆိုရင်လည်း အမှတ်ပေးဘောလုံးပွဲတွေကို ပရိသတ်တွေမပါဘဲ တံခါးပိတ်ကစားဖို့ ဒါမှမဟုတ် ဘောလုံးပွဲတွေကို ရပ်ဆိုင်းဖို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ နဲ့ အာဆင်နယ်နည်းပြ Arteta တို့အပါအဝင် နည်းပြတွေကြားမှာ ပြောဆိုတာတွေရှိလာနေပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့အတွက် ပရီမီယာလိဂ် နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို ရပ်ဆိုင်းဖို့ကိစ္စကို သူ့အနေနဲ့ ထောက်ခံဖို့ရှိတယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံဘက်မှာလည်း Utah Jazz ဘတ်စကတ်ဘောအသင်းက ကစားသမားတဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာ စမ်းသပ်တွေ့ရှိလို့ အခုနှစ် NBA ဘတ်စကတ်ဘောပြိုင်ပွဲတွေကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်တယ်လို့ NBA က ကြေငြာလိုက် ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ရေခဲပြင်စကိတ် အလှစီးပြိုင်ပွဲကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

XS
SM
MD
LG