သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္စ္အေရး ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ဦးေဆာင္တဲ့ ေကာ္မတီဖြဲ႔


ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (မွတ္တမ္းဓာတ္ပံု)

(Zawgyi/Unicode)

Coronavirus ေၾကာင့္ျဖစ္တဲ့ COVID-19 ကပ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ ျမန္မာႏိုင္ငံမွာ အမ်ဳိးသားအဆင့္ ဗဟိုေကာ္မတီ ဖဲြ႔စည္းလိုက္ပါတယ္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ေဆာင္႐ြက္တဲ့ ဒီဗဟိုေကာ္မတီမွာ အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ျပည္ေထာင္စုဝန္ႀကီး၊ က်န္းမာေရးနဲ႔အားကစား ျပည္ေထာင္စုဝန္ႀကီးတို႔က အတြင္းေရးမွဴးေတြအျဖစ္ ပါဝင္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန အျမဲတမ္းအတြင္းဝန္နဲ႔ ျပည္ေထာင္စုအစိုးရ႐ံုး အျမဲတမ္းအတြင္းဝန္တို႔ကလည္း တြဲဖက္အတြင္းေရးမွဴးေတြအျဖစ္ ေဆာင္႐ြက္ၾကမွာျဖစ္ပါတယ္။

COVID-19 ကပ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ဳိးသားအဆင့္ ဗဟိုေကာ္မတီမွာ ျပည္ထဲေရး၊ ကာကြယ္ေရး၊ ဟိုတယ္ခရီး၊ ပို႔ေဆာင္ဆက္သြယ္ေရး စတဲ့ ျမန္မာႏိုင္ငံမွာ႐ွိတဲ့ ဝန္ႀကီးဌာနအားလံုးနီးပါးကလည္း အဖဲြ႔ဝင္ေတြအျဖစ္ ပါဝင္ၾကပါတယ္။

COVID-19 အဆုတ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ အေရးေပၚအစည္းအေဝးကို မေန႔ကက်င္းပခဲ့ၿပီးေနာက္ အမ်ဳိးသားအဆင့္ ဗဟိုေကာ္မတီကို ဒီကေန႔ ဖြဲ႔စည္းလိုက္တာျဖစ္ပါတယ္။

COVID-19 ေရာဂါဟာ လူစုလူေဝးမ်ားတဲ့ေနရာေတြမွာ ကူးစက္မႈ ျမန္ဆန္ႏိုင္တာေၾကာင့္ သၾကၤန္မ႑ပ္ေတြနဲ႔ေရကစားတာ အပါအဝင္ လူစုလူေဝးနဲ႔က်င္းပတဲ့ အခမ္းအနားေတြ၊ ပြဲလမ္းသဘင္ေတြကို ဒီေန႔ မတ္လ ၁၃ ရက္ေန႔စၿပီး ဧၿပီလ ၃၀ ရက္ေန႔အထိ က်င္းပခြင့္မျပဳ ရပ္ဆုိင္းထားတဲ့အေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ံုးက အမိန္႔ထုတ္ျပန္ပါတယ္။ မတ္လ ၁၂ ရက္ ၾကာသပေတးေန႔ ည ၁၀ နာရီအခ်ိန္အထိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါျဖစ္ပြားမႈ မရွိေသးဘူးဆိုတာကိုလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီေရာဂါနဲ႔ပတ္သက္လို႔ ျပည္သူလူထုအေနနဲ႔ သတင္းမွားေတြ၊ ေကာလာလဟေတြကို မယံုၾကဖုိ႔နဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အခ်ိန္နဲ႔တေျပးညီထုတ္ျပန္ေပးေနတဲ့ သတိေပး ႏိႈးေဆာ္ခ်က္ေဆာင္ခ်က္ေတြအတိုင္း တိတိက်က် လိုက္နာေဆာင္႐ြက္ၾကဖုိ႔ သမၼတ႐ံုးရဲ႕ ထုတ္ျပန္ခ်က္မွာ တုိက္တြန္းပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုရိုနာဗိုင်းရပ်စ်အရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ကော်မတီဖွဲ့

Coronavirus ကြောင့်ဖြစ်တဲ့ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ဗဟိုကော်မတီ ဖွဲ့စည်းလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ဒီဗဟိုကော်မတီမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနဲ့အားကစား ပြည်ထောင်စုဝန်ကြီးတို့က အတွင်းရေးမှူးတွေအဖြစ်ပါဝင်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နဲ့ ပြည်ထောင်စုအစိုးရရုံး အမြဲတမ်းအတွင်းဝန်တို့ကလည်း တွဲဖက်အတွင်းရေးမှူးတွေအဖြစ် ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှာ ပြည်ထဲရေး၊ ကာကွယ်ရေး၊ ဟိုတယ်ခရီး၊ ပို့ဆောင်ဆက်သွယ်ရေး စတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဝန်ကြီးဌာနအားလုံးနီးပါးကလည်း အဖွဲ့ဝင်တွေအဖြစ် ပါဝင်ကြပါတယ်။

COVID-19 အဆုတ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေးကို မနေ့ကကျင်းပခဲ့ပြီးနောက် အမျိုးသားအဆင့် ဗဟိုကော်မတီကို ဒီကနေ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

COVID-19 ရောဂါဟာ လူစုလူဝေးများတဲ့နေရာတွေမှာ ကူးစက်မှု မြန်ဆန်နိုင်တာကြောင့် သင်္ကြန်မဏ္ဍပ်တွေနဲ့ရေကစားတာ အပါအဝင် လူစုလူဝေးနဲ့ကျင်းပတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကို ဒီနေ့ မတ်လ ၁၃ ရက်နေ့စပြီး ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပခွင့်မပြု ရပ်ဆိုင်းထားတဲ့အကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်ပါတယ်။ မတ်လ ၁၂ ရက် ကြာသပတေးနေ့ ည ၁၀ နာရီအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားမှု မရှိသေးဘူးဆိုတာကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီရောဂါနဲ့ပတ်သက်လို့ ပြည်သူလူထုအနေနဲ့ သတင်းမှားတွေ၊ ကောလာလဟတွေကို မယုံကြဖို့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အချိန်နဲ့တပြေးညီထုတ်ပြန်ပေးနေတဲ့ သတိပေး နှိုးဆော်ချက်ဆောင်ချက်တွေအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ကြဖို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းပါတယ်။

XS
SM
MD
LG