သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 အေၾကာင္းျပ အထည္ခ်ဳပ္ေတြပိတ္တာေၾကာင့္ အလုပ္လက္မဲ့ ၈,၀၀၀ ေက်ာ္ၿပီ


ရန္ကုန္အထည္ခ်ဳပ္စက္ရံု တခုတြင္ အလုပ္လုပ္ေနေသာ အလုပ္သမားမ်ား (မွတ္တမ္းဓာတ္ပံု-စက္တင္ဘာ ၂၇၊ ၂၀၁၂)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံတြင္း အထည္ခ်ဳပ္စက္႐ံုေတြထဲက ပိတ္သိမ္းတာေတြ၊ လုပ္သားေလွ်ာ့ခ်တာေတြေၾကာင့္ အထည္ခ်ဳပ္လုပ္သား ၈,၀၀၀ ေက်ာ္ေလာက္ အလုပ္လက္မဲ့ျဖစ္ေနပါတယ္။ ေနာက္ထပ္ ပိတ္သိမ္းမယ့္ စက္႐ံုေတြလည္း ရွိေနတာ ေၾကာင့္ အလုပ္သမားေတြအေနနဲ႔ ဥပေဒအတိုင္း အက်ဳိးခံစားခြင့္ရဖို႔ ညႇိႏိႈင္းေနတယ္လုိ႔ အလုပ္သမားေရးရာ ျပည္ေထာင္စုဝန္ႀကီးက ေျပာပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ရဲဲ႕ သက္ေရာက္မႈေၾကာင့္ အခုလိုျဖစ္လာတဲ့အေျခအေနကို ဗီြအိုေအသတင္းေထာက္ ကိုေဇာ္ထက္က ဆက္ေျပာျပပါမယ္။

ကို႐ိုနာဗိုင္းရပ္စ္ Covid-19 တကမာၻလုံးနီးပါးမွာ ပ်ံ႕ႏွံ႔ ကူးစက္ေနတာနဲ႔အမွ် တ႐ုတ္ကုန္ၾကမ္းနဲ႔လည္ပတ္ေနတဲ့ ျပည္တြင္း အထည္ခ်ဳပ္လုပ္ငန္းေတြအတြက္ ကုန္ၾကမ္းခက္ခဲလာၿပီး တခ်ိဳ႕စက္႐ုံေတြကေတာ့ ပိတ္သိမ္းသြားပါတယ္။ ထပ္ၿပီးပိတ္သိမ္းတာ ေတြရွိေနတဲ့အတြက္ အလုပ္သမားေတြ နစ္နာမႈမရွိေအာင္ နည္းလမ္းရွာေနေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေနျပည္ေတာ္မွာ မတ္လ ၁၃ ရက္ ေသာၾကာေန႔က ေျပာပါတယ္။

“ပိတ္ဖို႔ စီစဥ္ေနတဲ့စက္႐ုံ ၂၀ ေလာက္ရွိတယ္လို႔ on-going process ေပါ့ေနာ္ သိပါတယ္။ အဲဒါကိုလည္း လုပ္ထုံး လုပ္နည္းနဲ႔အညီ ဆက္ၿပီးေတာ့မွ ဘာေၾကာင့္ပိတ္တာလဲ၊ ဘယ္အခ်ိန္မွာ ပိတ္မွာလဲ၊ ဥပေဒနဲ႔အညီ အက်ိဳးခံစားခြင့္ေတြ၊ လုပ္သားေတြအတြက္ ဘယ္လိုလုပ္မလဲဆိုတာကို သက္ဆိုင္ရာ တာဝန္ရွိတဲ့သူနဲ႔ ညႇိႏႈိင္းေနပါတယ္။ ဒါကိုလည္းပဲ ထုတ္ျပန္သြားမွာ ျဖစ္ပါတယ္။”

Covid-19 ရဲ႕ သက္ေရာက္မႈေၾကာင့္ ကုန္ပစၥည္းအမွာမလာေတာ့တာ၊ ကုန္ၾကမ္းေတြျပတ္တာ၊ လုပ္ငန္းလည္ပတ္ေနတဲ့ ေျမကို ဆက္ၿပီး မငွားေတာ့တာ စသျဖင့္ အေျခအေနအမ်ဳိးမ်ဳိး ရွိေနတာပါ။

ရန္ကုန္နဲ႔ ပဲခူးတိုင္း ႏွစ္ခုေပါင္းမွာ ယာယီပိတ္သိမ္းတဲ့ စက္႐ုံက ၆ ႐ုံ၊ အၿပီးပိတ္တဲ့စက္႐ုံ ၉ ႐ုံ၊ အင္အားေလွ်ာ့တဲ့စက္႐ုံက ၃ ႐ုံ ရွိၿပီး လုပ္သား ၈,၀၀၀ ေက်ာ္ေလာက္ အလုပ္ဆုံးရႈံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ စက္မႈ၊ လက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ အေထြေထြ အတြင္းေရးမႉး ဦးသက္ႏွင္းေအာင္က ဗြီအိုေအကို ေျပာပါတယ္။

အလုပ္ရွင္အလုပ္သမား ျပႆနာကို ကုန္ၾကမ္းျပတ္လပ္တယ္ဆိုတဲ့ အေၾကာင္းရွာၿပီး ပိတ္တယ္ဆို ရင္ အစိုးရအေနနဲ႔ စနစ္တက်စိစစ္သင့္ေၾကာင္း ဒါေတြကို မၾကာခင္လုပ္ဖို႔ရွိတဲ့ အလုပ္ရွင္ အလုပ္သမား၊ အစိုးရ သုံးပြင့ ္ဆိုင္ အစည္းအေဝးမွာ စဥ္းစားသင့္ေၾကာင္း သူကေျပာပါတယ္။

“အဓိက သုံးပြင့္ဆိုင္မွာေပါ့ေလ စက္႐ုံေတြပိတ္တဲ့အခါမွာ စနစ္တက်ပိတ္ဖို႔၊ ေနာက္ အလုပ္ရွင္ေတြရဲ႕ အခက္အခဲေတြ နားေထာင္ဖို႔၊ ေနာက္ အလုပ္သမားေတြအေနနဲ႔ ဆႏၵျပ သပိတ္ေမွာက္တာေတြ ဒီအခ်ိန္မွာ မလုပ္ဖို႔တို႔ ဒီအခ်ိန္မွာ၊ ဒါေတြကို က်ေနာ္တို႔က တိုက္တြန္းသြားဖို႔ ရွိတယ္။”

စက္မႈဇုန္လုပ္သားေတြဟာ အနည္းဆုံးလုပ္ခလစာ တိုးျမႇင့္သတ္မွတ္ေပးဖို႔ အစိုးရ၊ အလုပ္ရွင္နဲ႔ ညႇိႏႈိင္းတာေတြလုပ္ေနခ်ိန္မွာပဲ အခုလို အေျခအေနေတြေၾကာင့္ ပိုၿပီးခက္ခဲလာပါတယ္။ ဒီရက္ပိုင္း ပိတ္သိမ္းသြားတဲ့ စက္႐ုံေတြက အလုပ္သမားေတြဟာ တျခားအလုပ္ေတြကို ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ ႀကိဳးစားေနၾကေပမဲ့လည္း အလုပ္လက္မဲ့ျဖစ္သြားသူေတြအားလံုး အလုပ္ျပန္ရမယ့္ အလားအလာကေတာ့ မေရရာလွပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 အေၾကာင္းျပ အထည္ခ်ဳပ္ေတြ ပိတ္တာေၾကာင့္ အလုပ္လက္မဲ့ ၈,၀၀၀ ေက်ာ္ၿပီ

မြန်မာနိုင်ငံတွင်း အထည်ချုပ်စက်ရုံတွေထဲက ပိတ်သိမ်းတာတွေ၊ လုပ်သားလျှော့ချတာတွေကြောင့် အထည်ချုပ်လုပ်သား ၈,၀၀၀ ကျော်လောက် အလုပ်လက်မဲ့ဖြစ်နေပါတယ်။ နောက်ထပ် ပိတ်သိမ်းမယ့် စက်ရုံတွေလည်း ရှိနေတာ ကြောင့် အလုပ်သမားတွေအနေနဲ့ ဥပဒေအတိုင်း အကျိုးခံစားခွင့်ရဖို့ ညှိနှိုင်းနေတယ်လို့ အလုပ်သမားရေးရာ ပြည်ထောင်စုဝန်ကြီး က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုကြောင့် အခုလိုဖြစ်လာတဲ့အခြေအနေကို ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က ဆက်ပြောပြပါမယ်။

ကိုရိုနာဗိုင်းရပ်စ် Covid-19 တကမ္ဘာလုံးနီးပါးမှာ ပျံ့နှံ့ ကူးစက်နေတာနဲ့အမျှ တရုတ်ကုန်ကြမ်းနဲ့လည်ပတ်နေတဲ့ ပြည်တွင်း အထည်ချုပ်လုပ်ငန်းတွေအတွက် ကုန်ကြမ်းခက်ခဲလာပြီး တချို့စက်ရုံတွေကတော့ ပိတ်သိမ်းသွားပါတယ်။ ထပ်ပြီးပိတ်သိမ်းတာ တွေရှိနေတဲ့အတွက် အလုပ်သမားတွေ နစ်နာမှုမရှိအောင် နည်းလမ်းရှာနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နေပြည်တော်မှာ မတ်လ ၁၃ ရက် သောကြာနေ့က ပြောပါတယ်။

“ပိတ်ဖို့ စီစဉ်နေတဲ့စက်ရုံ ၂၀ လောက်ရှိတယ်လို့ on-going process ပေါ့နော် သိပါတယ်။ အဲဒါကိုလည်း လုပ်ထုံး လုပ်နည်းနဲ့အညီ ဆက်ပြီးတော့မှ ဘာကြောင့်ပိတ်တာလဲ၊ ဘယ်အချိန်မှာ ပိတ်မှာလဲ၊ ဥပဒေနဲ့အညီ အကျိုးခံစားခွင့်တွေ၊ လုပ်သားတွေအတွက် ဘယ်လိုလုပ်မလဲဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိတဲ့သူနဲ့ ညှိနှိုင်းနေပါတယ်။ ဒါကိုလည်းပဲ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။”

Covid-19 ရဲ့ သက်ရောက်မှုကြောင့် ကုန်ပစ္စည်းအမှာမလာတော့တာ၊ ကုန်ကြမ်းတွေပြတ်တာ၊ လုပ်ငန်းလည်ပတ်နေတဲ့ မြေကို ဆက်ပြီး မငှားတော့တာ စသဖြင့် အခြေအနေအမျိုးမျိုး ရှိနေတာပါ။

ရန်ကုန်နဲ့ ပဲခူးတိုင်း နှစ်ခုပေါင်းမှာ ယာယီပိတ်သိမ်းတဲ့ စက်ရုံက ၆ ရုံ၊ အပြီးပိတ်တဲ့စက်ရုံ ၉ ရုံ၊ အင်အားလျှော့တဲ့စက်ရုံက ၃ ရုံ ရှိပြီး လုပ်သား ၈,၀၀၀ ကျော်လောက် အလုပ်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

အလုပ်ရှင်အလုပ်သမား ပြဿနာကို ကုန်ကြမ်းပြတ်လပ်တယ်ဆိုတဲ့ အကြောင်းရှာပြီး ပိတ်တယ်ဆို ရင် အစိုးရအနေနဲ့ စနစ်တကျစိစစ်သင့်ကြောင်း ဒါတွေကို မကြာခင်လုပ်ဖို့ရှိတဲ့ အလုပ်ရှင် အလုပ်သမား၊ အစိုးရ သုံးပွင့ ်ဆိုင် အစည်းအဝေးမှာ စဉ်းစားသင့်ကြောင်း သူကပြောပါတယ်။

“အဓိက သုံးပွင့်ဆိုင်မှာပေါ့လေ စက်ရုံတွေပိတ်တဲ့အခါမှာ စနစ်တကျပိတ်ဖို့၊ နောက် အလုပ်ရှင်တွေရဲ့ အခက်အခဲတွေ နားထောင်ဖို့၊ နောက် အလုပ်သမားတွေအနေနဲ့ ဆန္ဒပြ သပိတ်မှောက်တာတွေ ဒီအချိန်မှာ မလုပ်ဖို့တို့ ဒီအချိန်မှာ၊ ဒါတွေကို ကျနော်တို့က တိုက်တွန်းသွားဖို့ ရှိတယ်။”

စက်မှုဇုန်လုပ်သားတွေဟာ အနည်းဆုံးလုပ်ခလစာ တိုးမြှင့်သတ်မှတ်ပေးဖို့ အစိုးရ၊ အလုပ်ရှင်နဲ့ ညှိနှိုင်းတာတွေလုပ်နေချိန်မှာပဲ အခုလို အခြေအနေတွေကြောင့် ပိုပြီးခက်ခဲလာပါတယ်။ ဒီရက်ပိုင်း ပိတ်သိမ်းသွားတဲ့ စက်ရုံတွေက အလုပ်သမားတွေဟာ တခြားအလုပ်တွေကို ပြောင်းရွှေ့နိုင်ဖို့ ကြိုးစားနေကြပေမဲ့လည်း အလုပ်လက်မဲ့ဖြစ်သွားသူတွေအားလုံး အလုပ်ပြန်ရမယ့် အလားအလာကတော့ မရေရာလှပါဘူး။

XS
SM
MD
LG