သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်ရုံ လုပ်သားတွေ မကြာခဏ ဆန္ဒပြရတဲ့ အကြောင်းရင်း


မှတ်တမ်းဓာတ်ပုံ - ၂၀၁၈ ခုနှစ်က ရန်ကုန်မြို့က အလုပ်သမား ဆန္ဒပြပွဲ တခု။ ဓာတ်ပုံ - Reuters
မှတ်တမ်းဓာတ်ပုံ - ၂၀၁၈ ခုနှစ်က ရန်ကုန်မြို့က အလုပ်သမား ဆန္ဒပြပွဲ တခု။ ဓာတ်ပုံ - Reuters

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေမှာ နိုင်ငံတကာ လုပ်ငန်းကြီးတွေထက် အသေးစား အလတ်စား စီမံခန့်ခွဲမှု လုပ်ငန်းတွေက ပိုပြီး များနေပြီး ဒီ အသေးစား အလတ်စား လုပ်ငန်းတွေမှာ အလုပ်သမား ပြသနာတွေ အဖြစ်များတယ်လို့ Action Labor Rights က ကိုသူရိန်အောင်က ပြောပါတယ်။ အလုပ်သမား အခွင့်အရေး အတွက် ဥပဒေနဲ့ အကာအကွယ်ပေးနိုင်မှု အခြေအနေ၊ အလုပ်သမား သမဂ္ဂတွေ ရပ်တည်ရတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီး ကိုသူရိန်အောင်ကို Skype ကနေ တဆင့် မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုသူရိန်အောင် ။ ။ ဆန္ဒပြတာ အများစုက လုပ်ခ လစာနဲ့ ဆိုင်တယ်။ လုပ်ခ လစာပေါ်မှာဘဲ အခြေခံပြီးတော့ သူတို့ ဆန္ဒပြကြတာပေါ့။ လုပ်ခလစာကလည်း တောင်းတဲ့ ပိုက်ဆံ ငွေရေး ကြေးရေးကို ကြည့်လိုက်ပြန်တော့လည်း သူရဲ့ ရှင်သန် စရိတ်ဆိုတဲ့ အဆင့်လောက်မှာဘဲ ရှိနေတဲ့ စရိတ်စကလောက်ကိုဘဲ တောင်းတာမျိုး ဖြစ်နေတော့ ကျနော်တို့ကတော့ တာဝန်ရှိတဲ့ သူတွေက အလုပ်သမား ဆန္ဒပြတဲ့ ကိစ္စတွေကို အပြစ်တင်တယ်ဆိုတဲ့ ဟာ တခုဘဲ မကြည့်ဘဲနဲ့ ဘာကြောင့် ပြတာလဲ ဆိုတဲ့ အတွင်းထဲက ကိစ္စကိုလည်း ကြည့်စေချင်တယ်ပေါ့ဗျာ။ ကျနော်တို့ ကတော့။

သိင်္ဂ ီထိုက် ။ ။ အခု အလုပ်သမားတွေက အနိမ့်ဆုံး လုပ်ခလစာကိုတောင် မရဘူးဆိုတဲ့ သဘောလား။ ဒါမှမဟုတ် အဲဒီ အနိမ့်ဆုံး လုပ်ခလစာက ဆက်ပြီးတော့ သူတို့ ရည်တည်ရေး အတွက် မလောက်တော့တဲ့ အနေအထားမျိုးလားရှင့်။

ကိုသူရိန်အောင် ။ ။ ဟုတ်တယ်။ မဖြစ်နိုင်တော့ဘူး။ ကျနော်တို့က အရင် ကျနော်တို့က အရှေ့ပိုင်းမှာ တုန်းကတော့ အနိမ့်ဆုံး လုပ်ခ ဥပဒေ ထွက်လာတယ်။ ပြီးရင် ဒီ ဥပဒေ အတိုင်းဘဲ လုပ်ခ လစာတွေကို ၂ နှစ် တကြိမ် သတ်မှတ်တယ် ပေါ့နော်။ ဆိုတော့ ဒီပေါ်မှာဘဲ ကျနော်တို့က တဖြည်းဖြည်းနဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ဘဲ ယူဆထားတာပေါ့။ အခုရောက်တော့ ဘယ်လို ဖြစ်လာလဲ ဆိုတော့ အနိမ့်ဆုံး လခမှာဘဲ တကယ့် လက်တွေ့မှာက အလုပ်သမားတွေက လောက်ငတဲ့ အခြေအနေမျိုး မရှိတော့ဘူး။

သိင်္ဂ ီထိုက် ။ ။ ဒီ ဆန္ဒပြပွဲတွေ တိုင်းမှာရော အောင်မြင်မှု ရတယ်လို့ ပြောနိုင်ပါသလားရှင့်။

ကိုသူရိန်အောင် ။ ။ ရာခိုင်နှုန်း အရ ပြောမယ်ဆိုရင်တော့ ရာခိုင်နှုန်း အများစုက အလုပ်သမားတွေဘက်က သာပါတယ်။

သိင်္ဂ ီထိုက် ။ ။ အစိုးရဘက်က ဒီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို တော်တော်လေး စွဲဆောင်နေတဲ့ အနေအထားမှာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အားသာချက်ကလည်း လုပ်သား အင်အား ရှိတယ်ပေါ့နော်။ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာတာတွေရဲ့ အားသာချက် တခုလည်း ဖြစ်ပါတယ်။ ဆိုတော့ အခုလို အလုပ်သမား ဆန္ဒပြပွဲတွေက ခပ်စိပ်စိပ် ဖြစ်လာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလုပ်အကိုင်တွေ ဝင်လာတဲ့ အပေါ်မှာ ထိခိုက်မှု သက်ရောက်မှုပေါ့နော်။ အဲဒါမျိုးတွေ့ရပါသလားရှင့်။ ဆန္ဒပြပွဲတွေ တောင်းဆိုမှုတွေကြောင့် ပိတ်သိမ်းသွားတဲ့ စက်ရုံ အလုပ်ရုံမျိုး၊ နောက်ဆုတ်သွားတဲ့ လုပ်ငန်းမျိုး အဲဒါမျိုးတွေရော ကိုသူရိန်တို့ တွေ့ရပါသလား။

ကိုသူရိန်အောင် ။ ။ မနှစ်တုန်းက တခေါက် ဖြစ်တယ်ပေါ့နော်။ ဆန္ဒပြမှုတွေကြောင့် စက်ရုံတွေ ပိတ်တယ်ဆိုပြီးတော့ အစိုးရကလည်း စွပ်စွဲတယ် ပေါ့နော်။ ကျနော်တို့ ကတော့ အဲလို မထင်ပါဘူး။ စီးပွားရေး လုပ်ငန်းဆိုတာ အရှုံး အမြတ်ဆိုတာလည်း ရှိသေးတယ်ပေါ့နော်။ ဒီ ဆန္ဒပြမှ ပိတ်လိုက်ရတာမျိုး မဟုတ်ဘူး။ တခြား အကြောင်းအရာတွေ များစွာနဲ့ ပိတ်လိုက်ရတာတွေ ရှိတယ်။

ဆန္ဒပြမှု တခုမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရုံးရှေ့မှာ ရှင်းတော့ အဲဒီမှာ ဝန်ကြီးချုပ်က တခေါက် မေးဖူးတယ်ပေါ့။ ရှုံးတယ် ဆိုလို့ ရှိရင် ခင်ဗျားတို့ရဲ့ ငွေကြေးကို စစ်မယ်ဆိုတဲ့ အခါကျတော့ သူက ငြိမ်သွားရော။ စက်ရုံဘက်က။ အရှုံးကို သူတို့က အဲလိုမျိုး စစ်ပြီးတော့ ရှုံးပါတယ်လို့ ပြောသွားတာ မဟုတ်ဘူး။ အလွတ်ကို ပိတ်သွားတာ။ တကယ် ရှုံးလား မရှုံးလားဆိုတဲ့ သက်သေ မရလိုက်ဘူး။

နောက်တခုကလည်း သူတို့ စက်ရုံ လုပ်ငန်းရှင်တွေ ဘက်ကလည်း ဆန္ဒပြတဲ့ ကိစ္စကို သူတို့က ရှောင်ရှားချင်မှာပေါ့ဗျာ။ အဲတော့ သူတို့ဘက်ကတော့ ဒီ ဆန္ဒပြမှု နည်းတဲ့ ဧရိယာတွေဘက်ကို ရွှေ့ကြတာမျိုး လုပ်ကြတာမျိုးတွေလည်း တွှေ့ရတယ် ဆိုတော့။ ဒါပေမယ့် ရွှေ့တော့ ကောင်းကောင်း ရွှေ့မသွားဘူး ပေါ့ဗျာ။ ဒီမှာတော့ ဒီ ဆန္ဒပြလို့ ရွှေ့ရပါတယ်လို့ နာမည်တပ်သွား တာပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ ဒီလို ခန ခန ဆန္ဒပြနေဖို့ မလိုတဲ့ အခြေအနေမျိုး တည်ငြိမ်တဲ့ လုပ်သား ဈေးကွက်တခု ဖြစ်လာဖို့ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ ၊ ဘာတွေ လုပ်ဖို့ ကိုသူရိန်တို့ အဆိုပြုလိုပါသလဲ။

ကိုသူရိန်အောင် ။ ။ အချိန်တော့ ယူရမယ်ဗျ။ အလုပ်သမား သမဂ္ဂတွေမှာလည်း သူတို့ရဲ့ ပညာပေး အစီအစဉ်တွေက အလုပ်သမား အဖွဲ့အစည်းတွေက လုပ်နေတာတွေလည်း ရှိတယ်။ ဒါတွေကလည်း ဒီရဲ့ သက်ရောက်မှုတွေက ချက်ချင်း မပေါ်နိုင်ဘူးလေ။ အစိုးရဘက်ကတော့ ဒီဥစ္စာကို ဥပဒေနဲ့ ဖိဖိစီးစီး စည်းကြပ်ဖို့ လုပ်လာတာလည်း တွေ့ရတယ်။ တခြား တခုကတော့ လုပ်အားခဘဲဗျ။

သိင်္ဂ ီထိုက် ။ ။ အခု ဒီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ စက်ရုံ အလုပ်ရုံတွေ ပိုပြီးတော့ တိုးလာလား၊ သိသာတဲ့ အနေအထား ရှိပါလား။

ကိုသူရိန်အောင် ။ ။ တိုးတယ်၊ သိသိသာသာ တိုးတယ်။ အစိုးရဘက်ကလည်း သူတို့မှာလည်း ဒေတာတွေ ရှိမှာပေါ့ဗျာ။ ဒေတာတွေ ရှိတော့ ထပ်ပြီးတော့ တိုးဖို့ အတွက်ကို နေရာတွေ ဖန်တီးနေတာတွေ တွေ့ရတယ်။

သိင်္ဂ ီထိုက် ။ ။ ဒီ အလုပ်အကိုင်ရတဲ့ အခြေအနေ ကရော။

ကိုသူရိန်အောင် ။ ။ အထည်ချုပ် ကဏ္ဍကတော့ တိုးတက်တာ မြန်တယ်ဆိုတော့ အဲဒီ ကဏ္ဍ တခုမှာတော့ တိုးတက်မှု ရှိတယ်။ အလုပ်သမားတွေ အနေနဲ့လည်း ဒီ လုပ်ငန်း အပေါ်မှာ ရွေးချယ်လာကြတယ်ပေါ့နော်။ ဒီ လုပ်ငန်းရှင်တွေ ဘက်ကလည်း သူတို့ ကျွမ်းကျင် အလုပ်သမားတွေ ရဖို့ အတွက်ကို အထည်ချုပ်ကဏ္ဍ အတွက်ကိုဘဲ ပြောတာနော်။ ကျွမ်းကျင် အလုပ်သမားတွေ ရဖို့ အတွက်ကိုဘဲ ပိုပြီးတော့ အားစိုက် လာကြရတာမျိုးတွေ တွေ့ရတယ်။

သိင်္ဂ ီထိုက် ။ ။ ခိုင်မာတဲ့ ကုမ္ပဏီကြီးတွေ လုပ်ငန်းကြီးတွေ များသလား၊ ဒါမှမဟုတ် အသေးစား အလတ်စား တပိုင်တနိုင် လုပ်ငန်းတွေက များပါသလားရှင့်။

ကိုသူရိန်အောင် ။ ။ အသေးစားတွေက များတယ်။ အကြီးစားတွေက နည်းတယ်။ ပြီးတော့ ဆန္ဒပြတဲ့ ကိစ္စတွေမှာလည်း အဲဒီ အသေးစား အလတ်စားတွေမှာဘဲ ဖြစ်ကြတာ။ ဒီ ကုမ္ပဏီ အကြီးကြီးတွေ မှာကျတော့ သူတို့ Management (စီမံခန့်ခွဲမှု) က သူတို့က ရင်းနှီးမြှုပ်နှံမှု ကောင်းကောင်းလုပ်ထားတယ်ဗျာ။ နားလည်တတ်ကျွမ်းတဲ့ သူတွေကိုဘဲ သူတို့က ခန့်ထားကြတာ ဆိုတော့ ပြသနာ နည်းတဲ့ သဘောပေါ့ဗျာ။ ဆန္ဒပြတဲ့ အဆင့်ထိ မရောက်ကြဘူးပေါ့။

သိင်္ဂ ီထိုက် ။ ။ ဒီ စက်ရုံ တခုမှာ ဂိတ်တံခါးဝမှာ ဝင်သွားတဲ့ သူတွေနဲ့ အပြင်မှာ ရှိတဲ့ သူတွေနဲ့ ပစ္စည်းတွေနဲ့ ပေါက်ကြ ခတ်ကြပေါ့နော် ရုန်းရင်းဆန်ခတ် ဖြစ်ကြတာမျိုး တွေ့တယ်ပေါ့နော်။ ဒီ အလုပ်သမားတွေ ကြားမှာရော အဲလို ပြသနာတွေက တကယ်ဘဲ ရှိနေပါသလားရှင့်။

ကိုသူရိန်အောင် ။ ။ ဟုတ်တယ်ဗျ။ အဲဒါတော့ ရှိတယ်ဗျ။ အဲဒီ ကိစ္စကတော့ ကျနော်တို့လည်း အခုကတော့ သိပ်ပြင်းပြင်းထန်ထန် အနေအထားမျိုးထိ ဖြစ်တာမျိုးတော့ မဟုတ်သေးဘူးပေါ့နော် ဒီတိုင်းဘဲ ဆက်သွားတယ် ဆိုလို့ ရှိရင်ပေါ့။ ဒီအလုပ်သမား အချင်းချင်း ကြားမှာဘဲ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ကြီးကြီးကျယ်ကျယ် ပြသနာမျိုးတွေ ရှိနေနိုင်တယ်ပေါ့နော်။ ကျနော်တို့ ဒီ အလုပ်သမားတွေ ကူညီပေးနေတဲ့ အဖွဲ့တွေကလည်း အဲလိုမျိုး မဖြစ်အောင် အတတ်နိုင်ဆုံးတော့ နည်းလမ်းတွေ ရှောင်ရှားတယ်ဗျ။

လုပ်ငန်းရှင်တွေဘက်ကို အကြံပြုချင်တာကတော့ အဲလို အခြေအနေမျိုးမှာ ဖြေရှင်းတဲ့ အခါမှာ အလုပ်သမားတွေ နည်းလမ်း အဖြေကို ရှာတာမျိုးဘဲ ဖြစ်စေချင်တယ်။ ဒေါသကို ဆွပေးတယ်ဆိုတဲ့ နည်းလမ်းမျိုးတွေ မသုံးစေချင်ဘူးဆိုပြီး အကြံပြုချင်တာပေါ့ သူတို့ကို။

တိုက်ရိုက် လင့်ခ်

( Unicode)























XS
SM
MD
LG