သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုန္ပစၥည္း ေစ်းကစားသူ၊ မမွန္သတင္းျဖန္႔သူ အေရးယူမယ္


သမၼတ႐ံုး ေျပာခြင့္ရ ဦးေဇာ္ေဌး

(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္စ္အေရး ရင္ဆိုင္ လုပ္ေဆာင္ေနခ်ိန္မွာ ကုန္ပစၥည္းေတြကို ေစ်းကစားတာနဲ႔ မမွန္သတင္းျဖန္႔တာေတြကို ျပင္းျပင္း ထန္ထန္ အေရးယူမယ္လို႔ အစိုးရကေျပာပါတယ္။ အစိုးရအေနနဲ႔ စနစ္တက် စီမံေဆာင္ရြက္ေနတဲ့အတြက္ လူထုအေနနဲ႔ အစိုးရိမ္ မလြန္ဖို႔လည္း ပန္ၾကားပါတယ္။ COVID-19 ေရာဂါနဲ႔ပတ္သက္လို႔ အစိုးရဘက္က အာမခံေျပာဆိုခ်က္ေတြ၊ လုုပ္ေဆာင္ထားတာေတြအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေမခက ဆက္ေျပာျပပါမယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔ကူးစက္မႈ မရွိေအာင္ အစိုးရအေနနဲ႔ ကာကြယ္ထိန္းခ်ဳပ္ေနသလို တျခား ဆိုးက်ိဳးေတြ မရွိဖို႔ပါ။ ႀကိဳတင္ ျပင္ဆင္ေနတာမို႔ ျပည္သူေတြ အေနနဲ႔ အစိုးရိမ္ မလြန္ၾကဖို႔နဲ႔ သတိနဲ႔ ယွဥ္ေနထိုင္ဖို႔ သမၼတ႐ံုးေျပာခြင့္ရ ဦးေဇာ္ေဌးက တိုက္ တြန္းေျပာဆိုသလို လိုအပ္တဲ့ ကုန္ပစည္းေတြကိုေစ်းကစားသူေတြနဲ႔ မမွန္သတင္းျဖန္႔ သူေတြကိုလည္း ျပင္းျပင္းထန္ထန္ အေရးယူမယ္လို႔ ဒီကေန႔ ေနျပည္ေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပဲြအတြင္း သမၼတ႐ံုး ေျပာခြင့္ရ ဦးေဇာ္ေဌးက သတိေပးသြားပါတယ္။

"ေစ်းကစားတဲ့ အက်ိဳး၊ အျမတ္ဆန္တဲ့ လုပ္ငန္းရွင္ေတြ၊ ေရာင္းခ်တဲ့သူေတြကိုလည္း က်ေနာ္တို႔ သတိေပးပါတယ္။ က်ေနာ္တို႔ ထိထိေရာက္ေရာက္ အေရးယူမွာ ျဖစ္ပါတယ္။ ေနာက္အခ်က္ကေတာ့ သတင္းအမွားေတြေပါ့ေနာ္.... facebook မွာ၊ social media မွာ မဟုတ္မမွန္သတင္းေတြ ျဖန္႔ျဖဴးေနတဲ့လူေတြေပါ့ေနာ္၊ ျပည္သူလူထုၾကားမွာ အထိတ္တလန္႔ ျဖစ္ေအာင္ လုပ္ေနတဲ့သူေတြ က်ေနာ္တို႔ သိရွိရရင္၊ ေဖာ္ထုတ္လို႔ရရင္ ဥပေဒန႔ဲ အညီ က်ေနာ္တို႔ ျပင္းျပင္းထန္ထန္ အေရးယူသြားမွာျဖစ္ေၾကာင္း သတိေပးေျပာၾကားလိုပါတယ္။ ဒါနဲ႔ ပတ္သက္လို႔လည္း တခ်ိဳ႕ website ေတြ သတင္းမွာ website ေတြ ရွိပါတယ္။ အဲ့ webiste ေတြကေနၿပီးေတာ့မွာ social media မွာ link လုပ္ၿပီးေတာ့ တင္တဲ့ဟာေတြရွိတယ္။ ဒီဟာေတြလည္း က်ေနာ္တို႔ စာရင္းဇယားနဲ႔ တကြ ပို႔ဆက္၀န္ၾကီးဌာနကေနၿပီးေတာ့ တာ၀န္ယူၿပီးေတာ့ ပိတ္သိမ္းဖို႔ က်ေနာ္တို႔ ညႊန္ၾကားထားၿပီး ျဖစ္ပါတယ္။ Service Provider ေတြေပါ့ေနာ္... ပို႔ဆက္၀န္ၾကီးဌာနကေနၿပီးေတာ့ သက္ဆိုင္ရာ အင္တာနက္၊ တယ္လီဖုန္းေပါ့ေနာ္ telecom ဒီ service provider ေတြကို ညႊန္ၾကားခ်က္ထုတ္ၿပီးေတာ့ ဒီဟာေတြကို က်ေနာ္တို႔ ပိတ္သိမ္းမွာ ျဖစ္ပါတယ္။"

ကုန္ေစ်းႏႈန္းႀကီးျမင့္တာေတြ မရွိေအာင္၊ စားနပ္ရိကၡာ ျပတ္လတ္မႈမရွိေအာင္ အစိုးရအေနနဲ႔ စီမံခ်က္ခ် စီစဥ္ေဆာင္ရြက္ေနတယ္လို႔လည္း ဦးေဇာ္ေဌးကေျပာပါတယ္။

"ေနာက္ႏိုင္ငံေတာ္အပိုင္းအေနနဲ႔ အရန္ဆန္ေပါ့... အရန္ဆန္အေနနဲ႔လည္း က်ေနာ္တို႔ ၾကိတ္ခဲြေနတာေတြ ၀ယ္ယူစုေဆာင္းထားၿပီး တန္ခ်ိန္ ၁၅,၀၀၀ ေလာေလာဆယ္ရွိပါတယ္။ ၿပီးေတာ့ ႏိုင္ငံေတာ္အပိုင္းမွာ ရွိတဲ့ အရန္ဆန္ရယ္၊ လုပ္ငန္းရွင္ေတြ လက္ထဲမွာ ရွိတဲ့ ဆန္ေပါ့ေနာ္.. သူတို႔ဆီမွာ ရွိတဲ့ဆန္။ ဒီပမာဏအေနနဲ႔ က်ေနာ္တို႔ တႏိုင္ငံလံုးရဲ႕ စားသံုးမႈကို တြက္ခ်က္ၿပီး လိုအပ္တဲ့ အစီအမံေတြ ဆက္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ လိုအပ္တဲ့ အစီအမံဆိုတာကေတာ့ ဒီၾကားကာလမွာ ဒီ covid-19 က ဘယ္ေလာက္ထိ ၾကာဦးမယ္ မသိတဲ့အတြက္ ေရရွည္အတြက္ က်ေနာ္တို႔တြက္ပါမယ္။ တြက္ၿပီးရင္ လိုအပ္ရင္ လိုအပ္သလိုေပါ့ေနာ္... ဆန္၊ စပါး export လုပ္တာေတြလည္း က်ေနာ္တို႔ ကန္႔သတ္သင့္ရင္ ကန္႔သတ္မွာ ျဖစ္ပါတယ္။ ျပည္တြင္းမွာ အလံုအေလာက္ရွိတဲ့အျပင္ က်ေနာ္တို႔ ပိုလွ်ံတယ္။"

လတ္တေလာမွာေတာ့ ျမန္မာႏိုင္ငံမွာ ဒီေရာဂါပုိုး ကူးစက္ထားတယ္လုိ႔ စမ္းသပ္ အတည္ျပဳထားတဲ့လူနာ တဦးတေယာက္မွ မရွိေသးပါဘူး။ ဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ အေျခအေနအရပ္ရပ္ကို အစိုးရဘက္က သတင္းအတိအက် ထုတ္ျပန္ေနသလို ထိမ္ခ်န္ ဖံုးကြယ္ထားတာ မရွိဘူးလို႔လည္း ဦးေဇာ္ေဌးက အခုိင္အမာေျပာပါတယ္။

"အစိုးရအေနနဲ႔ ဖံုးထားတာမရွိဘူး။ ဖံုးထားစရာလည္း အေၾကာင္းမရွိဘူး။ ဒီလို ကိစၥမ်ိဳးက ဖံုးလို႔ရတဲ့ ကိစၥလည္းမဟုတ္ဘူး။ ဒုတိယအခ်က္အေနနဲ႔ ဒီေန႔ေခတ္လို social media ေတြေပါ့ေနာ္.... အရမ္းျမန္ဆန္ေနတဲ့ သတင္းအခ်က္အလက္ေခတ္မွာေတာ့ ဘယ္လိုမွ ဖုံးလို႔ မရဘူး။ က်ေနာ္တို႔ တကယ္ မရွိဘူး။ ခုခ်ိန္ထိေပါ့ေနာ္။ အခုအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ကူးစက္သူ တေယာက္မွ မရွိဘူး။"

COVID-19 ေၾကာင့္ျဖစ္တဲ့ အဆုတ္ေရာင္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးဆိုင္ရာ အေရးေပၚအစည္းအေဝးတရပ္ကို ၾကာသပေတးေန႔က ေနျပည္ေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးစီးက်င္းပခဲ့ၿပီး ေနာက္တရက္မွာပဲ အစိုးရဘက္က သတင္းစာရွင္းလင္းပြဲလုပ္ၿပီး လူထုကို အာမခံေျပာဆိုတာ၊ သမၼတ႐ံုးက ေၾကညာခ်က္ထုတ္ျပန္တာေတြကို ဆက္တိုက္လို လုပ္လာတာပါ။

ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္ေတြထဲမွာေတာ့ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ဦးေဆာင္ၿပီး ျပည္ေထာင္စုဝန္ႀကီး အမ်ားအျပား ပါဝင္တဲ့ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ဳိးသားအဆင့္ ဗဟိုေကာ္မတီ ဖြဲ႔စည္းတာ၊ လူစုလူေဝး အခမ္းအနားေတြ၊ သၾကၤန္ပြဲအတြက္ မ႑ပ္ေဆာက္ က်င္းပတာအပါအဝင္ ပြဲလမ္းသဘင္ေတြမလုပ္ဖို႔ ပန္ၾကားတာ၊ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏုို္င္ငံျခား စီးပြားဆက္သြယ္ေရး ျပည္ေထာင္စုဝန္ႀကီး ဦးေဆာင္တဲ့ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရး လုပ္ငန္းေကာ္မတီ ဖြဲ႔စည္းတာေတြ ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကုန်ပစ္စည်း ဈေးကစားသူ၊ မမှန်သတင်းဖြန့်သူ အရေးယူမယ်

ကိုရိုနာဗိုင်းရပ်စ်အရေး ရင်ဆိုင် လုပ်ဆောင်နေချိန်မှာ ကုန်ပစ္စည်းတွေကို ဈေးကစားတာနဲ့ မမှန်သတင်းဖြန့်တာတွေကို ပြင်းပြင်း ထန်ထန် အရေးယူမယ်လို့ အစိုးရကပြောပါတယ်။ အစိုးရအနေနဲ့ စနစ်တကျ စီမံဆောင်ရွက်နေတဲ့အတွက် လူထုအနေနဲ့ အစိုးရိမ် မလွန်ဖို့လည်း ပန်ကြားပါတယ်။ COVID-19 ရောဂါနဲ့ပတ်သက်လို့ အစိုးရဘက်က အာမခံပြောဆိုချက်တွေ၊ လုပ်ဆောင်ထားတာတွေအကြောင်း ဗွီအိုအေသတင်းထောက် မမေခက ဆက်ပြောပြပါမယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှု မရှိအောင် အစိုးရအနေနဲ့ ကာကွယ်ထိန်းချုပ်နေသလို တခြား ဆိုးကျိုးတွေ မရှိဖို့ပါ။ ကြိုတင် ပြင်ဆင်နေတာမို့ ပြည်သူတွေ အနေနဲ့ အစိုးရိမ် မလွန်ကြဖို့နဲ့ သတိနဲ့ ယှဉ်နေထိုင်ဖို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက တိုက် တွန်းပြောဆိုသလို လိုအပ်တဲ့ ကုန်ပစည်းတွေကိုဈေးကစားသူတွေနဲ့ မမှန်သတင်းဖြန့် သူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သတိပေးသွားပါတယ်။

"ဈေးကစားတဲ့ အကျိုး၊ အမြတ်ဆန်တဲ့ လုပ်ငန်းရှင်တွေ၊ ရောင်းချတဲ့သူတွေကိုလည်း ကျနော်တို့ သတိပေးပါတယ်။ ကျနော်တို့ ထိထိရောက်ရောက် အရေးယူမှာ ဖြစ်ပါတယ်။ နောက်အချက်ကတော့ သတင်းအမှားတွေပေါ့နော်.... facebook မှာ၊ social media မှာ မဟုတ်မမှန်သတင်းတွေ ဖြန့်ဖြူးနေတဲ့လူတွေပေါ့နော်၊ ပြည်သူလူထုကြားမှာ အထိတ်တလန့် ဖြစ်အောင် လုပ်နေတဲ့သူတွေ ကျနော်တို့ သိရှိရရင်၊ ဖော်ထုတ်လို့ရရင် ဥပဒေနဲ့ အညီ ကျနော်တို့ ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ကြောင်း သတိပေးပြောကြားလိုပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း တချို့ website တွေ သတင်းမှာ website တွေ ရှိပါတယ်။ အဲ့ webiste တွေကနေပြီးတော့မှာ social media မှာ link လုပ်ပြီးတော့ တင်တဲ့ဟာတွေရှိတယ်။ ဒီဟာတွေလည်း ကျနော်တို့ စာရင်းဇယားနဲ့ တကွ ပို့ဆက်ဝန်ကြီးဌာနကနေပြီးတော့ တာဝန်ယူပြီးတော့ ပိတ်သိမ်းဖို့ ကျနော်တို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ Service Provider တွေပေါ့နော်... ပို့ဆက်ဝန်ကြီးဌာနကနေပြီးတော့ သက်ဆိုင်ရာ အင်တာနက်၊ တယ်လီဖုန်းပေါ့နော် telecom ဒီ service provider တွေကို ညွှန်ကြားချက်ထုတ်ပြီးတော့ ဒီဟာတွေကို ကျနော်တို့ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။"

ကုန်ဈေးနှုန်းကြီးမြင့်တာတွေ မရှိအောင်၊ စားနပ်ရိက္ခာ ပြတ်လတ်မှုမရှိအောင် အစိုးရအနေနဲ့ စီမံချက်ချ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဦးဇော်ဌေးကပြောပါတယ်။

"နောက်နိုင်ငံတော်အပိုင်းအနေနဲ့ အရန်ဆန်ပေါ့... အရန်ဆန်အနေနဲ့လည်း ကျနော်တို့ ကြိတ်ခွဲနေတာတွေ ဝယ်ယူစုဆောင်းထားပြီး တန်ချိန် ၁၅,၀၀၀ လောလောဆယ်ရှိပါတယ်။ ပြီးတော့ နိုင်ငံတော်အပိုင်းမှာ ရှိတဲ့ အရန်ဆန်ရယ်၊ လုပ်ငန်းရှင်တွေ လက်ထဲမှာ ရှိတဲ့ ဆန်ပေါ့နော်.. သူတို့ဆီမှာ ရှိတဲ့ဆန်။ ဒီပမာဏအနေနဲ့ ကျနော်တို့ တနိုင်ငံလုံးရဲ့ စားသုံးမှုကို တွက်ချက်ပြီး လိုအပ်တဲ့ အစီအမံတွေ ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အစီအမံဆိုတာကတော့ ဒီကြားကာလမှာ ဒီ covid-19 က ဘယ်လောက်ထိ ကြာဦးမယ် မသိတဲ့အတွက် ရေရှည်အတွက် ကျနော်တို့တွက်ပါမယ်။ တွက်ပြီးရင် လိုအပ်ရင် လိုအပ်သလိုပေါ့နော်... ဆန်၊ စပါး export လုပ်တာတွေလည်း ကျနော်တို့ ကန့်သတ်သင့်ရင် ကန့်သတ်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ အလုံအလောက်ရှိတဲ့အပြင် ကျနော်တို့ ပိုလျှံတယ်။"

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ဒီရောဂါပိုး ကူးစက်ထားတယ်လို့ စမ်းသပ် အတည်ပြုထားတဲ့လူနာ တဦးတယောက်မှ မရှိသေးပါဘူး။ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အခြေအနေအရပ်ရပ်ကို အစိုးရဘက်က သတင်းအတိအကျ ထုတ်ပြန်နေသလို ထိမ်ချန် ဖုံးကွယ်ထားတာ မရှိဘူးလို့လည်း ဦးဇော်ဌေးက အခိုင်အမာပြောပါတယ်။

"အစိုးရအနေနဲ့ ဖုံးထားတာမရှိဘူး။ ဖုံးထားစရာလည်း အကြောင်းမရှိဘူး။ ဒီလို ကိစ္စမျိုးက ဖုံးလို့ရတဲ့ ကိစ္စလည်းမဟုတ်ဘူး။ ဒုတိယအချက်အနေနဲ့ ဒီနေ့ခေတ်လို social media တွေပေါ့နော်.... အရမ်းမြန်ဆန်နေတဲ့ သတင်း အချက်အလက်ခေတ်မှာတော့ ဘယ်လိုမှ ဖုံးလို့ မရဘူး။ ကျနော်တို့ တကယ် မရှိဘူး။ ခုချိန်ထိပေါ့နော်။ အခုအချိန်ထိ မြန်မာနိုင်ငံမှာ ကူးစက်သူ တယောက်မှ မရှိဘူး။"

COVID-19 ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေးတရပ်ကို ကြာသပတေးနေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးကျင်းပခဲ့ပြီး နောက်တရက်မှာပဲ အစိုးရဘက်က သတင်းစာရှင်းလင်းပွဲလုပ်ပြီး လူထုကို အာမခံပြောဆိုတာ၊ သမ္မတရုံးက ကြေညာချက်ထုတ်ပြန်တာတွေကို ဆက်တိုက်လို လုပ်လာတာပါ။

ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တွေထဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီး အများအပြား ပါဝင် တဲ့ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဖွဲ့စည်းတာ၊ လူစုလူဝေး အခမ်းအနားတွေ၊ သင်္ကြန်ပွဲအတွက် မဏ္ဍပ်ဆောက် ကျင်းပတာအပါအဝင် ပွဲလမ်းသဘင်တွေမလုပ်ဖို့ ပန်ကြားတာ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းတာတွေ ပါဝင်ပါတယ်။

XS
SM
MD
LG