သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးေဆြးေႏြးပြဲေတြ ေအာင္ျမင္ေရး ညႇိႏိႈင္းလုပ္ေဆာင္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ တိုက္တြန္း


(၁၈) ႀကိမ္ေျမာက္ UPDJC အစည္းအေဝးတြင္ UPDJC ဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားသည့္မိန႔္ခြန္း (သတင္းဓာတ္ပံု - Myanmar State Counsellor Office - မတ္ ၁၂၊ ၂၀၂၀)

(Zawgyi/Unicode)

က်င္းပဖို႔ျပင္ဆင္ေနတဲ့ ၂၁ ရာစု ပင္လုံညီလာခံမတိုင္ခင္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ ေအာင္ျမင္ေရး ညႇိႏႈိင္းေဆာင္႐ြက္ဖို႔ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေကာ္မတီ UPDJC ဥကၠ႒၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။ ၂ ႏွစ္နီးပါးရပ္ေနတဲ့ UPDJC အစည္းအေဝး ဒီကေန႔ ျပန္က်င္းပခ်ိန္မွာ အဲဒီလိုေျပာသြားတာပါ။ လက္ရွိမွာ ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ ရွိေနေပမယ့္လည္း ၂၁ ရာစု ပင္လံုညီလာခံကို ေရႊ႕မယ္ မေရႊ႕ဘူးဆိုတာကိုေတာ့ ခုခ်ိန္ထိ ေဆြးေႏြးတာမရွိေသးပါဘူး။ ဒီအေျခအေနေတြကို ဗြီအိုေအသတင္းေထာက္ ကိုေဇာ္ထက္က ဆက္ေျပာျပပါမယ္။

ဒီကေန႔ ေနျပည္ေတာ္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန NRPC မွာ လုပ္တဲ့ ၁၈ ႀကိမ္ေျမာက္ UPDJC အစည္းအေဝးကို ဥကၠ႒ တာဝန္ယူထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ့ၿပီး အခုလိုရပ္တန႔္ေနတဲ့ အစည္းအေဝးကိုျပန္စတင္ႏိုင္တာဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ အေရးႀကီးေၾကာင္း UPDJC ဥကၠ႒ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က အဖြင့္ မိန္းခြန္းမွာ ထည့္သြင္း ေျပာသြားပါတယ္။

“ကာလရွည္စြာရပ္နားခဲ့ရတဲ့ UPDJC အစည္းအေဝး ျပန္လည္စတင္ႏိုင္ျခင္းဟာ ဘယ္ေလာက္ပဲ အခက္အခဲေတြ၊ စိန္ေခၚမႈေတြ ႀကဳံေတြ႕ေနပါေစ က်မတို႔အခ်င္းခ်င္း စိတ္ရွည္သည္းခံၿပီး အေျပအလည္ ညႇိႏႈိင္းႏိုင္မယ္ဆိုရင္ ေအာင္ျမင္ႏိုင္တယ္ဆိုတာ သက္ေသျပေနတာပဲျဖစ္ပါတယ္။”

တတိုင္းျပည္လုံးရဲ႕ လိုအပ္ခ်က္ေတြကို ႏိုင္ငံေရးပါတီေတြအေနနဲ႔ ေျဖရွင္းႏိုင္မွာ မဟုတ္ဘဲ အဓိကတာဝန္ျဖစ္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးအတြက္ ဝိုင္းႀကိဳးစားၾကဖို႔ UPDJC ဒုဥကၠ႒ ဦးသုေဝက ဇန္နဝါရီ ၂၅ ရက္မွာလုပ္ခဲ့တဲ့ UPDJC ႏိုင္ငံေရးပါတီအစုအဖြဲ႕ အစည္းအေဝး အဖြင့္မိန႔္ခြန္းမွာေျပာခဲ့ဖူးပါတယ္။

(၁၈) ႀကိမ္ေျမာက္ UPDJC အစည္းအေဝးတြင္ UPDJC ဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားသည့္မိန႔္ခြန္း (သတင္းဓာတ္ပံု - Myanmar State Counsellor Office - မတ္ ၁၂၊ ၂၀၂၀)
(၁၈) ႀကိမ္ေျမာက္ UPDJC အစည္းအေဝးတြင္ UPDJC ဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားသည့္မိန႔္ခြန္း (သတင္းဓာတ္ပံု - Myanmar State Counsellor Office - မတ္ ၁၂၊ ၂၀၂၀)

ဒါကိုပဲ ဒီေန႔ UPDJC အစည္းအေဝးမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ထပ္ေလာင္းေျပာခဲ့ၿပီး အစုအဖြဲ႕ တဖြဲ႕ခ်င္းစီအေနနဲ႔ ကိုယ့္ရဲ႕ လိုလားခ်က္ေတြကို ရာႏႈန္းျပည့္ရမွ ပူးေပါင္းပါဝင္မယ္ဆိုတဲ့ ခံယူခ်က္မ်ိဳးနဲ႔ ေစ့စပ္ညႇိႏႈိင္းလို႔ရမွာ မဟုတ္ေၾကာင္း ေျပာခဲ့ပါတယ္။

“ႏိုင္ငံေရးစားပြဲဝိုင္းထဲ ဝင္ထိုင္ၿပီးမွေတာ့ အေပးအယူ၊ အေလွ်ာ့အတင္း လုပ္ႏိုင္ေအာင္ ႀကိဳးစားဖို႔ပဲျဖစ္ပါတယ္။ က်မတို႔ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ ေအာင္ျမင္ဖို႔အတြက္ က်မတို႔ UPDJC အေနနဲ႔ မွ်တတဲ့ အေပးအယူ၊ အေလွ်ာ့အတင္းကို အေျခခံၿပီး စည္းလုံးညီၫြတ္မႈကို တည္ေဆာက္ႏိုင္ဖို႔ အထူးပဲ အေရးႀကီးလွပါတယ္။ ဒါေၾကာင့္ အျပဳသေဘာေဆာင္တဲ့ ပင္လုံစိတ္ဓာတ္ကို အေျခခံတဲ့ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ က်မတို႔ ေရွ႕ဆက္သြားၾကဖို႔ တိုက္တြန္းပါတယ္။”

NCA စာခ်ဳပ္အရဆိုရင္ တႏိုင္ငံလုံးအပစ္ရပ္လက္မွတ္ထိုး ၁၀ ဖြဲ႕က သူတို႔ထိန္းခ်ဳပ္နယ္ေျမ အသီးသီးမွာ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ လုပ္ၿပီး ရလာတဲ့ ဘုံသေဘာတူညီခ်က္ေတြနဲ႔ ၂၁ ရာစု ပင္လုံညီလာခံမွာ ဝင္ေရာက္ေဆြးေႏြးရမွာပါ။ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ ရွမ္းျပည္တပ္မေတာ္ RCSS/ SSA နဲ႔ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ကလြဲလို႔ က်န္တဲ့အဖြဲ႕ေတြက ( လူမ်ိဳးအလိုက္) ႏိုင္ငံေရးေဆြးေႏြးပြဲေတြ လုပ္ထားၿပီးျဖစ္ပါတယ္။

ALP ကေတာ့ ရခိုင္ျပည္နယ္ရဲ႕ လက္တေလာ ပဋိပကၡအေျခအေနေတြေၾကာင့္ သူ႔ရဲ႕ အမ်ိဳးသားအဆင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲေတြကို ရခိုင္မွာမလုပ္ဘဲ တျခားေဆြးေႏြးပုံစံနဲ႔ ရန္ကုန္မွာ လုပ္သြားဖို႔ သေဘာတူညီမႈရထားေၾကာင္း သမၼတ႐ုံး ေျပာခြင့္ရ ဦးေဇာ္ေဌးက ဒီေန႔ UPDJC ပြဲအၿပီးမွာ ေျပာခဲ့ပါတယ္။

UPDJC မွာ အစိုးရ၊ လက္နက္ကိုင္နဲ႔ ႏိုင္ငံေရးပါတီ အစုအဖြဲ႕ ၃ခုစီက အခ်ိဳးက် ေ႐ြးခ်ယ္ထာတဲ့ ကိုယ္စားလွယ္ ၄၈ ေယာက္ရွိၿပီး ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ လုံၿခဳံေရး၊ ေျမယာမူဝါဒ ဒီက႑ ၅ခုအေပၚအေျခခံၿပီး လာမယ့္ ၂၁ ပင္လုံညီလာခံမွာ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ေၾကာင့္ သၾကၤန္ပြဲေတာ္နဲ႔ တျခားလူစုလူေဝးေတြကို ထိန္းခ်ဳပ္ကန္႔သတ္သြားမွာျဖစ္ေပမယ့္ ပင္လံုညီလာခံကို ေရႊ႕မယ္ မေရႊ႕ဘူးဆိုတာကေတာ့ ေဆြးေႏြးတာ မရွိေသးတဲ့အေၾကာင္း ျပန္ၾကားေရး ဒုတိယဝန္ႀကီး ဦးေအာင္လွထြန္းကေျပာပါတယ္။

" ပင္လုံညီလာခံနဲ႔ပတ္သက္လို႔ specific မေျပာပါဘူး။ အခုသေဘာကေတာ့ေလ အစိုးရဌာနကလုပ္မယ့္၊ အစိုးရဌာန အသီးသီးကလုပ္မယ့္ လူစုလူေဝးနဲ႔ပတ္သက္တဲ့ က႑ေတြကို ေလာေလာဆယ္မလုပ္ဖို႔ အခုသေဘာအရ။ ပင္လုံတို႔ဘာတို႔မေျပာပါဘူး။"

အစိုးရ၊ တပ္မေတာ္နဲ႔ NCA ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြ ဇန္နဝါရီ ၈ ရက္မွာလုပ္တဲ့ ၈ ႀကိမ္ေျမာက္ JICM အစည္းအေဝးမွာ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လုံကို ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလထက္ေနာက္မက်ဘဲ က်င္းပဖို႔ သေဘာတူညီထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ရေး ညှိနှိုင်းလုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကျင်းပဖို့ပြင်ဆင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ UPDJC ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ၂ နှစ်နီးပါးရပ်နေတဲ့ UPDJC အစည်းအဝေး ဒီကနေ့ ပြန်ကျင်းပချိန်မှာ အဲဒီလိုပြောသွားတာပါ။ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ရှိနေပေမယ့်လည်း ၂၁ ရာစု ပင်လုံညီလာခံကို ရွှေ့မယ် မရွှေ့ဘူးဆိုတာကိုတော့ ခုချိန်ထိ ဆွေးနွေးတာမရှိသေးပါဘူး။ ဒီအခြေအနေတွေကို ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က ဆက်ပြောပြပါမယ်။

ဒီကနေ့ နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ လုပ်တဲ့ ၁၈ ကြိမ်မြောက် UPDJC အစည်းအဝေးကို ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အခုလိုရပ်တန့်နေတဲ့ အစည်းအဝေးကိုပြန်စတင်နိုင်တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးကြောင်း UPDJC ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန်းခွန်းမှာ ထည့်သွင်း ပြောသွားပါတယ်။

“ ကာလရှည်စွာရပ်နားခဲ့ရတဲ့ UPDJC အစည်းအဝေး ပြန်လည်စတင်နိုင်ခြင်းဟာ ဘယ်လောက်ပဲ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံတွေ့နေပါစေ ကျမတို့အချင်းချင်း စိတ်ရှည်သည်းခံပြီး အပြေအလည် ညှိနှိုင်းနိုင်မယ်ဆိုရင် အောင်မြင်နိုင်တယ်ဆိုတာ သက်သေပြနေတာပဲဖြစ်ပါတယ်။”

တတိုင်းပြည်လုံးရဲ့ လိုအပ်ချက်တွေကို နိုင်ငံရေးပါတီတွေအနေနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ အဓိကတာဝန်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဝိုင်းကြိုးစားကြဖို့ UPDJC ဒုဥက္ကဋ္ဌ ဦးသုဝေက ဇန်နဝါရီ ၂၅ ရက်မှာလုပ်ခဲ့တဲ့ UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာပြောခဲ့ဖူးပါတယ်။

ဒါကိုပဲ ဒီနေ့ UPDJC အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောခဲ့ပြီး အစုအဖွဲ့ တဖွဲ့ချင်းစီအနေနဲ့ ကိုယ့်ရဲ့ လိုလားချက်တွေကို ရာနှုန်းပြည့်ရမှ ပူးပေါင်းပါဝင်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ စေ့စပ်ညှိနှိုင်းလို့ရမှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

“နိုင်ငံရေးစားပွဲဝိုင်းထဲ ဝင်ထိုင်ပြီးမှတော့ အပေးအယူ၊ အလျှော့အတင်း လုပ်နိုင်အောင် ကြိုးစားဖို့ပဲဖြစ်ပါတယ်။ ကျမတို့ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့အတွက် ကျမတို့ UPDJC အနေနဲ့ မျှတတဲ့ အပေးအယူ၊ အလျှော့အတင်းကို အခြေခံပြီး စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ဖို့ အထူးပဲ အရေးကြီးလှပါတယ်။ ဒါကြောင့် အပြုသဘောဆောင်တဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျမတို့ ရှေ့ဆက်သွားကြဖို့ တိုက်တွန်းပါတယ်။”

NCA စာချုပ်အရဆိုရင် တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုး ၁၀ ဖွဲ့က သူတို့ထိန်းချုပ်နယ်မြေ အသီးသီးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပြီး ရလာတဲ့ ဘုံသဘောတူညီချက်တွေနဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ ဝင်ရောက်ဆွေးနွေးရမှာပါ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/ SSA နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကလွဲလို့ ကျန်တဲ့အဖွဲ့တွေက ( လူမျိုးအလိုက်) နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ထားပြီးဖြစ်ပါတယ်။

ALP ကတော့ ရခိုင်ပြည်နယ်ရဲ့ လက်တလော ပဋိပက္ခအခြေအနေတွေကြောင့် သူ့ရဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရခိုင်မှာမလုပ်ဘဲ တခြားဆွေးနွေးပုံစံနဲ့ ရန်ကုန်မှာ လုပ်သွားဖို့ သဘောတူညီမှုရထားကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့ UPDJC ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

UPDJC မှာ အစိုးရ၊ လက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ ၃ခုစီက အချိုးကျ ရွေးချယ်ထာတဲ့ ကိုယ်စားလှယ် ၄၈ ယောက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာမူဝါဒ ဒီကဏ္ဍ ၅ခုအပေါ်အခြေခံပြီး လာမယ့် ၂၁ ပင်လုံညီလာခံမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် သင်္ကြန်ပွဲတော်နဲ့ တခြားလူစုလူဝေးတွေကို ထိန်းချုပ်ကန့်သတ်သွားမှာဖြစ်ပေမယ့် ပင်လုံညီလာခံကို ရွှေ့မယ် မရွှေ့ဘူးဆိုတာကတော့ ဆွေးနွေးတာ မရှိသေးတဲ့အကြောင်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကပြောပါတယ်။

" ပင်လုံညီလာခံနဲ့ပတ်သက်လို့ specific မပြောပါဘူး။ အခုသဘောကတော့လေ အစိုးရဌာနကလုပ်မယ့်၊ အစိုးရဌာန အသီးသီးကလုပ်မယ့် လူစုလူဝေးနဲ့ပတ်သက်တဲ့ ကဏ္ဍတွေကို လောလောဆယ်မလုပ်ဖို့ အခုသဘောအရ။ ပင်လုံတို့ဘာတို့မပြောပါဘူး။"

အစိုးရ၊ တပ်မတော်နဲ့ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဇန်နဝါရီ ၈ ရက်မှာလုပ်တဲ့ ၈ ကြိမ်မြောက် JICM အစည်းအဝေးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ၂၀၂၀ ပြည့်နှစ် ဧပြီလထက်နောက်မကျဘဲ ကျင်းပဖို့ သဘောတူညီထားပါတယ်။

XS
SM
MD
LG