သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သႀကၤန္မွာ အိမ္ျပန္တဲ႔ ျမန္မာလုပ္သားေတြ ထိုင္းျပန္ေရာက္ရင္ ေစာင္႔ၾကည္႔ခံရမည္


ထိုင္းႏိုင္ငံ ဖူးခတ္ေလဆိပ္တြင္ ကိုယ္ပူခ်ိန္တိုင္းေနစဥ္

(Zawgyi/Unicode)

ထိုင္းနိုင္ငံတ၀ွမ္းစက္ရံု ရွစ္ေသာင္းမွာ Covid -19 ဗိုင္းရပ္ပိုး ၾကိဳတင္ကာကြယ္ ေစာင္ၾကည့္ စစ္ေဆးေရး လုပ္ေဆာင္ဖို ့ ထိုင္းစက္မႈ၀န္ႀကီးဌာက မတ္လ ၁၁ရက္ေန႔က ထုတ္ျပန္ခဲ့တာေၾကာင့္ ျမန္မာအလုပ္သမား သန္းနဲ႔ခ်ီ အလုပ္လုပ္ေနတဲ့ စက္ရံုလုပ္သားေတြ သတိျပဳဖို႕အတြက္ ျမန္မာ အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက ေျပာပါတယ္။

ဒါအျပင္ သႀကၤန္ကာလ ေနရပ္ျပန္သူ ျမန္မာေတြကိုလည္း ထုိင္းကိုျပန္လာရင္ ေရာဂါလကၡဏာေတြကုိ ၁၄ရက္ ေစာင့္ၾကည့္မယ္လုိ႔ ထုတ္ျပန္ထားပါတယ္။ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ ထားပါတယ္။




ထိုင္း စက္မႈ၀န္ၾကီး Mr. Suriya Juangroongruangkit က ကိုရိုနာ Covid-19 ႀကိဳတင္ကာကြယ္ႏိုင္ဖုိ႔ထိုင္းနိုင္ငံ တ၀န္းမွာရွိတဲ့ စက္ရံုးေပါင္း ရွစ္ေသာင္းမွာ ဗိုင္းရပ္ပိုးကာကြယ္ေရး လုပ္ငန္းေတြ စတင္ လုပ္ေဆာင္ဖို ့ ညြန္ၾကားခ်က္ ထုတ္ျပန္လိုက္တာပါ။ ျမန္မာအလုပ္သမားကူညီေရးအဖဲြ ့ျဖစ္တဲ့ AAC အဖဲြ႕က တာ၀န္ခံ ကုိရဲမင္းက အခုလိုေျပာျပပါတယ္။

“ Mr. Suriya က Covid 19 ႀကိဳတင္ကာကြယ္ဖို႔ ထုိင္းႏိုင္ငံထဲက စက္ရံုေပါင္း
၈ေသာင္းေက်ာ္ကို ဗိုင္းရပ္စ္ပိုး ကာကြယ္ဖို႔အတြက္ညြန္ၾကားခ်က္ထုတ္ျပန္တယ္။
သူထုတ္ျပန္တဲ့ အခ်က္ေတြက အေရးႀကီးတယ္ လုပ္ငန္းခြင္ထဲမွာ ၀န္ထမ္းေတြ ေသခ်ာစနစ္တက်နဲ႕ ပါးစပ္ပိတ္ေတြ ေသခ်ာလုပ္ဖို႔ စက္ရံုထဲမွာ ေရာဂါပုိးအတြက္ ဓါတ္ေလွခါးေတြ၊ သန္႔စင္ခန္းအိမ္သာေတြ၊ၾကမ္းခင္းကအစ ပိုးသတ္ေဆးေတြ ျဖန္းဖို႔ပါတယ္ ဒါေတြပါတယ္။”

ထိုင္းနိုင္ငံမွာ လုပ္ကိုင္ေနတဲ့ ထိုင္း နဲ ့ နိုင္ငံျခားသား အလုပ္သမားေတြ အလုပ္လုပ္ကိုင္ေနတဲ့ စက္ရံုေတြမွာ ေရာဂါပိုး ႀကိဳတင္ကာကြယ္ေရးအတြက္ က်န္းမာေရး အဖြဲ ့ ေတြ ေစလြတ္ျပီး ေရာဂါစိစစ္ေစာင့္ၾကည့္မွုေတြ ကုိ ထုိင္းဘက္က လုပ္ေဆာင္မွာျဖစ္ပါတယ္။ ဒီထဲက အေရးႀကီးတဲ့ အခ်က္ေတြကိုလည္း ကုိရဲမင္းက အခုလိုေျပာပါတယ္။

“စက္ရံုထဲမွာ အလုပ္အလုပ္လုပ္ေနတဲ့သူေတြထဲက ေရာဂါပိုး ေပါက္ကဲြကူးစက္ေနတဲ့ႏိုင္ငံေတြရွိတယ္ ။ အဲဒါေတြက ဘာေတြလဲဆိုေတာ့ တရုတ္၊ ထိုင္၀မ္ ၊ေတာင္ကုိ၇ီးယား၊ ဂ်ပန္၊ မေလးရွား၊ဗိီယက္နမ္၊ စကၤာပူ၊ ဂ်ပန္၊ အီရန္ အဲဒီႏိုင္ငံက ေတာ္ေတာ္ေလးကူးစက္ေနတယ္ အဲဒီႏိုင္ငံေတြကို သြားခဲ့ဖူးတဲ့ သူေတြဆုိရင္ စက္ရံုက တာ၀န္ရွိသူေတြကိုသတင္းပုိ႔မယ္။ အေရးႀကီးဆံုး ထူးျခားတာက ေလးလပုိင္း သႀကၤန္ဆိုရင္ က်ေနာ္တို႔ ျမန္မာႏိုင္ငံသားေတြ ျမန္မာျပည္ကို ျပန္ၾကမယ္။ ႏွစ္စဥ္ေထာင္ ေသာင္းနဲ႔ ခ်ီျပန္တယ္ ၊ သိန္းနဲ႔ ခ်ီၿပီးေတာ့ေတာင္ျပန္တယ္ သႀကၤန္ကာလ ေနရပ္ရင္းျပန္ျပီး ထုိင္းကုိျပန္လာရင္ အဲဒီလူေတြကို ၁၄ ရက္ခြဲထားၿပီး ေရာဂါအေျခအေနကို ၾကည့္မယ္ဆုိတာညြန္ၾကားခ်က္ထုတ္လုိက္ျပီ။

ေနာက္ၿပီးေတာ့ ထိုင္းမွာ မတ္လ ၁၂ရက္ေန႔ တရက္ထဲကိုေရာဂါကူးစက္သူ ၁၁ ဦး ျပန္တိုးတယ္။ က်ေနာ္တို႔ ျမန္မာအလုပ္သမားေတြက အထူးသတိထားရမယ္။ ျမန္မာအလုပ္သမာေတြ အေနနဲ႔ အထူးသတိထား ျပင္ဆင္ထားဖို႔လိုၿပီလို႔ ေျပာခ်င္တယ္။”

စက္ရံုအလုပ္ရံုအတြင္းမွာ ေနထိုင္ေနၾကတဲ့ အလုပ္သမားေတြနဲ႔ ပတ္သက္လို႕ ေရာဂါပိုး ကာကြယ္ေရး ပညာေပး လုပ္ငန္းနဲ ့အေထာက္ကူပစၥည္းေတြျဖန္ ့ေ၀ေပးမွာလည္း ျဖစ္ပါတယ္။ ထိုင္း စက္မူ၀န္ႀကီးဌာနရဲ႕ေၾကညာခ်က္မွာေတာ့ အလုပ္ရွင္နဲ ့အလုပ္သမားေတြ
လိုက္နာရမယ့္ အခ်က္ (၆) ခ်က္ ေဖာ္ျပထားပါတယ္။ ဒီအခ်က္ေတြကုိ လိုက္နာဖို႔ ကုိလည္း ညြန္ၾကားထားပါတယ္။ ထိုင္းႏိုင္ငံအေနျဖင့့္ Covid-19 ေရာဂါပိုး ကူးစက္ေနမႈ အက်ပ္အတည္း ကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ ေၾကညာခ်က္ကိုလိုက္နာဖို႕ တစ္ႏိုင္ငံလုံးရွိ စက္႐ုံေပါင္း ၈၀,၀၀၀ခန႔္ကို ႀကီးၾကပ္ရန္ ေၾကညာခဲ့တာျဖစ္ပါတယ္။

ေရာဂါပိုး ကူးစက္မွု ဒုတိယ ကာလလို ့ ထိုင္းက သံုးႏႈန္းေနတဲ့ ၀ူဟန္ေရာဂါ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါဟာ ခုဆိုရင္ ကူးစက္သူ ဦးေရ(၇၀)ေက်ာ္ ရွိျပီး မတ္လ ၁၂ ရက္တရက္တည္း ေရာဂါကူးစက္သူ ၁၁ ဦး ထပ္တိုးလာေနျပီ ျဖစ္ပါတယ္။ ဒီအတြက္ လူစုလူေ၀းနဲ႕ အလုပ္လုပ္ေနရတဲ့ ထုိင္းနဲ႕ ႏိုင္ငံျခားသားအလုပ္သမားေတြကုိ ေရာဂါပုိးကူးစက္မူေတြ မျဖစ္ေအာင္ အေရးေပၚ သတိေပးခ်က္ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

သင်္ကြန်မှာ အိမ်ပြန်တဲ့ မြန်မာလုပ်သားတွေ ထိုင်းပြန်ရောက်ရင် စောင့်ကြည့်ခံရမည်

(Unicode)

ထိုင်းနိုင်ငံတဝှမ်းစက်ရုံ ရှစ်သောင်းမှာ Covid -19 ဗိုင်းရပ်ပိုး ကြိုတင်ကာကွယ် စောင်ကြည့် စစ်ဆေးရေး လုပ်ဆောင်ဖို့ ထိုင်းစက်မှုဝန်ကြီးဌာက မတ်လ ၁၁ရက်နေ့က ထုတ်ပြန်ခဲ့တာကြောင့် မြန်မာအလုပ်သမား သန်းနဲ့ချီ အလုပ်လုပ်နေတဲ့ စက်ရုံလုပ်သားတွေ သတိပြုဖို့အတွက် မြန်မာ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဒါအပြင် သင်္ကြန်ကာလ နေရပ်ပြန်သူ မြန်မာတွေကိုလည်း ထိုင်းကိုပြန်လာရင် ရောဂါလက္ခဏာတွေကို ၁၄ရက် စောင့်ကြည့်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်း စက်မှုဝန်ကြီး Mr. Suriya Juangroongruangkit က ကိုရိုနာ Covid-19 ကြိုတင်ကာကွယ်နိုင်ဖို့ထိုင်းနိုင်ငံ တဝန်းမှာရှိတဲ့ စက်ရုံးပေါင်း ရှစ်သောင်းမှာ ဗိုင်းရပ်ပိုးကာကွယ်ရေး လုပ်ငန်းတွေ စတင် လုပ်ဆောင်ဖို့ ညွန်ကြားချက် ထုတ်ပြန်လိုက်တာပါ။ မြန်မာအလုပ်သမားကူညီရေးအဖွဲ့ဖြစ်တဲ့ AAC အဖွဲ့က တာဝန်ခံ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

“ Mr. Suriya ကCovid 19 ကြိုတင်ကာကွယ်ဖို့ ထိုင်းနိုင်ငံထဲက စက်ရုံပေါင်း
၈သောင်းကျော်ကို ဗိုင်းရပ်စ်ပိုး ကာကွယ်ဖို့အတွက်ညွန်ကြားချက်ထုတ်ပြန်တယ်။
သူထုတ်ပြန်တဲ့ အချက်တွေက အရေးကြီးတယ် လုပ်ငန်းခွင်ထဲမှာ ဝန်ထမ်းတွေ သေချာစနစ်တကျနဲ့ ပါးစပ်ပိတ်တွေ သေချာလုပ်ဖို့ စက်ရုံထဲမှာ ရောဂါပိုးအတွက် ဓါတ်လှေခါးတွေ၊ သန့်စင်ခန်းအိမ်သာတွေ၊ကြမ်းခင်းကအစ ပိုးသတ်ဆေးတွေ ဖြန်းဖို့ပါတယ် ဒါတွေပါတယ်။”

ထိုင်းနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ထိုင်း နဲ့ နိုင်ငံခြားသား အလုပ်သမားတွေ အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံတွေမှာ ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး အဖွဲ့ တွေ စေလွတ်ပြီး ရောဂါစိစစ်စောင့်ကြည့်မှုတွေ ကို ထိုင်းဘက်က လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီထဲက အရေးကြီးတဲ့ အချက်တွေကိုလည်း ကိုရဲမင်းက အခုလိုပြောပါတယ်။

“စက်ရုံထဲမှာ အလုပ်အလုပ်လုပ်နေတဲ့သူတွေထဲက ရောဂါပိုး ပေါက်ကွဲကူးစက်နေတဲ့နိုင်ငံတွေရှိတယ် ။ အဲဒါတွေက ဘာတွေလဲဆိုတော့ တရုတ်၊ ထိုင်ဝမ် ၊တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ဗီယက်နမ်၊ စင်္ကာပူ၊ ဂျပန်၊ အီရန် အဲဒီနိုင်ငံက တော်တော်လေးကူးစက်နေတယ် အဲဒီနိုင်ငံတွေကို သွားခဲ့ဖူးတဲ့ သူတွေဆိုရင် စက်ရုံက တာဝန်ရှိသူတွေကိုသတင်းပို့မယ်။ အရေးကြီးဆုံး ထူးခြားတာက လေးလပိုင်း သင်္ကြန်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံသားတွေ မြန်မာပြည်ကို ပြန်ကြမယ်။ နှစ်စဉ်ထောင် သောင်းနဲ့ ချီပြန်တယ် ၊ သိန်းနဲ့ ချီပြီးတော့တောင်ပြန်တယ် သင်္ကြန်ကာလ နေရပ်ရင်းပြန်ပြီး ထိုင်းကိုပြန်လာရင် အဲဒီလူတွေကို ၁၄ ရက်ခွဲထားပြီး ရောဂါအခြေအနေကို ကြည့်မယ်ဆိုတာညွန်ကြားချက်ထုတ်လိုက်ပြီ။

နောက်ပြီးတော့ ထိုင်းမှာ မတ်လ ၁၂ရက်နေ့ တရက်ထဲကိုရောဂါကူးစက်သူ ၁၁ ဦး ပြန်တိုးတယ်။ ကျနော်တို့ မြန်မာအလုပ်သမားတွေက အထူးသတိထားရမယ်။ မြန်မာအလုပ်သမာတွေ အနေနဲ့ အထူးသတိထား ပြင်ဆင်ထားဖို့လိုပြီလို့ ပြောချင်တယ်။”

စက်ရုံအလုပ်ရုံအတွင်းမှာ နေထိုင်နေကြတဲ့ အလုပ်သမားတွေနဲ့ ပတ်သက်လို့ ရောဂါပိုး ကာကွယ်ရေး ပညာပေး လုပ်ငန်းနဲ့အထောက်ကူပစ္စည်းတွေဖြန့်ဝေပေးမှာလည်း ဖြစ်ပါတယ်။ ထိုင်း စက်မူဝန်ကြီးဌာနရဲ့ကြေညာချက်မှာတော့ အလုပ်ရှင်နဲ့အလုပ်သမားတွေ
လိုက်နာရမယ့် အချက် (၆) ချက် ဖော်ပြထားပါတယ်။ ဒီအချက်တွေကို လိုက်နာဖို့ ကိုလည်း ညွန်ကြားထားပါတယ်။ ထိုင်းနိုင်ငံအနေဖြင့် Covid-19 ရောဂါပိုး ကူးစက်နေမှု အကျပ်အတည်း ကို ကျော်လွှားနိုင်ဖို့အတွက် ကြေညာချက်ကိုလိုက်နာဖို့ တစ်နိုင်ငံလုံးရှိ စက်ရုံပေါင်း ၈၀,၀၀၀ခန့်ကို ကြီးကြပ်ရန် ကြေညာခဲ့တာဖြစ်ပါတယ်။

ရောဂါပိုး ကူးစက်မှု ဒုတိယ ကာလလို့ ထိုင်းက သုံးနှုန်းနေတဲ့ ဝူဟန်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ရောဂါဟာ ခုဆိုရင် ကူးစက်သူ ဦးရေ(၇၀)ကျော် ရှိပြီး မတ်လ ၁၂ ရက်တရက်တည်း ရောဂါကူးစက်သူ ၁၁ ဦး ထပ်တိုးလာနေပြီ ဖြစ်ပါတယ်။ ဒီအတွက် လူစုလူဝေးနဲ့ အလုပ်လုပ်နေရတဲ့ ထိုင်းနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ရောဂါပိုးကူးစက်မူတွေ မဖြစ်အောင် အရေးပေါ် သတိပေးချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG