သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုင်းရပ်စ် တိုက်ဖျက်ရေး အမေရိကန်နိုင်ငံရေးမှာ သဘောကွဲလွဲ


ဗိုင်းရပ်စ် တိုက်ဖျက်ရေး အမေရိကန်နိုင်ငံရေးမှာ သဘောကွဲလွဲ
please wait

No media source currently available

0:00 0:03:44 0:00

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဖြစ်လာတဲ့ အများပြည်သူကျန်းမာရေးနဲ့ စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုတွေကို အစိုးရက အလျင်အမြန် တုံ့ပြန် ဆောင်ရွက်နိုင်ရေး ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်က ဒီမိုကရက်အမတ်တွေနဲ့ သမ္မတ Trump အစိုးရကြား အခြေအတင် ဖြစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကြုံလာရတဲ့ အကျပ်အတည်း ပိုဆိုးရွားလာနေတာမှာ အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ လုံလောက်မှုမရှိဘူး လို့ဆိုပြီး ဒီမိုကရက်အမတ် အများအပြားက ဝေဖန်နေကြတာပါ။ သမ္မတအိမ်ဖြူတော်နဲ့ လွှတ်တော်ကြား အခြေအတင် အခြေအနေ ဗွီအိုအေ လွှတ်တော်ဆိုင်ရာသတင်းထောက် Katherine Gypson သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

XS
SM
MD
LG