သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အံုးဖ်န္ ဒုကၡသည္စခန္း ကုိ႐ုိနာဗုိင္းရပ္စ္ တားဆီးေရး


ထုိင္း-ျမန္မာ နယ္စပ္ဂိတ္တခု။

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ အုန္းဖန္ၿမိဳ႕နယ္ထဲက အုန္းဖ်န္ ဒုကၡသည္စခန္းမွာ ကုိ႐ုိနာဗိုင္းရပ္စ္ေရာဂါပုိး ျဖစ္ပြားမွာ စုိးရိမ္မႈေတြေၾကာင့္ ဒုကၡသည္ေတြ အျပင္ကုိ ၀င္ထြက္သြားလာတာ မလုပ္ဖို႔အတြက္ စခန္းအုပ္ခ်ဳပ္ေရးမွဴးက မတ္လ ၇ ရက္ေန႔ကစလို႔ ပိတ္ပင္လိုက္ပါတယ္။ အနီးအနားက ထိုင္းေက်းရြာေတြက ထုိင္းေက်ာင္းေတြလည္း ေက်ာင္း ၁၄ ရက္ ပိတ္ထားတာေၾကာင့္ ဒုကၡသည္စခန္းက ေက်ာင္းတက္ေနတဲ့ ေက်ာင္းသားေတြပါ ေက်ာင္းမတက္ရဘူလို႔ ဆိုပါတယ။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ုိင္ထဲက ကရင္ဒုကၡသည္စခန္းတခုျဖစ္တဲ့ အုန္းဖ်န္ ဒုကၡသည္စခန္းမွာ ကုိ႐ုိနာဗိုင္းရပ္စ္ ျဖစ္ပြားမွာ စိုးရိမ္တာေၾကာင့္ စခန္းထဲက ဒုကၡသည္ေတြ အျပင္သြားလာတာေတြ မလုပ္ဖို႔ စခန္းအုပ္ခ်ဳပ္ေရးမွဴးက အမိန္႔ထုတ္ထားေၾကာင္း အုန္းဖ်န္ဒုကၡသည္စခန္းက ဒုကၡသည္တဦးက ေျပာျပပါတယ္။

“စခန္းအာဏာပိုင္ကေန တရား၀င္အမိ္န္႔ထုတ္လိုက္တာ။ စခန္းထဲကေန စခန္းျပင္ကို မထြက္ၾကဖို႔ အုန္းဖ်န္စခန္းေဘးမွာက ရြာေလးရြာရွိတယ္။ အဲဒီရြာေတြမွာ ေန႔စားသြားလုပ္တဲ့ သူေတြလည္း မထြက္ခိုင္းေတာ့ဘူး။ စခန္းထဲကကေန မဲေဆာက္ကုိ ေစ်း၀ယ္ထြက္ေနတဲ့ ေစ်းကားေတြလည္း ထြက္ခြင့္မေပးေတာ့ဘူး။ အကုန္လံုး မထြက္ၾကဖို႔ မွာတယ္။”

ထိုင္း-ျမန္မာနယ္စပ္ ေက်းရြာေတြမွာ ကို႐ုိနာဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ အေရးေပၚအေျခအေနအရ ဒုကၡသည္စခန္းအနီးရွိ ေက်းရြာက ေက်ာင္းေတြလည္း ပိတ္ပင္ထားရတယ္လို႔ ဆိုပါတယ္။

“ေမွ်ာ့ရြာႀကီးမွာ ေက်ာင္းတက္ရတဲ့ ကေလးေတြ ၉ တန္းအထိရွိတယ္။ ေက်ာင္းကားေတြလည္း အႀကိဳအပုိ႔ မလုပ္ေတာ့ဘူး။ ၁၄ ရက္ ေက်ာင္းပိတ္တယ္လို႔ ေက်ာင္းကေျပာလိုက္တယ္။ က်ေနာ့္သားလည္း ေက်ာင္းမတက္ရေတာ့ဘူး။”

ျမန္မာႏိုင္ငံမွာ ျပည္တြင္းစစ္ေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသူေတြကိုေတာ့ ထုိင္း-ျမန္မာနယ္စပ္မွာရွိတဲ့ ဒုကၡသည္စခန္း ၉ ခုမွာ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ ထိုင္းအစိုးရက ခိုလံႈခြင့္ ေပးထားတာျဖစ္ပါတယ္။ ဒီဒုကၡစခန္း ၉ ခုထဲမွာ ကရင္နီဒုကၡသည္စခန္း ၂ ခု ပါ၀င္ေနတာပါ။ ကရင္နီဒုကၡသည္စခန္း ၂ ခုမွာေတာ့ ဒုကၡသည္ေပါင္း ၁ ေသာင္း ၃ ေထာင္ေက်ာ္ ခုိလႈံေနထုိင္ေနတာျဖစ္ၿပီး က်န္တဲ့ ကရင္ဒုကၡသည္စခန္း ၇ ခုမွာ ခိုလႈံေနတဲ့ ဒုကၡသည္ေတြ အားလံုးေပါင္းမယ္ဆုိရင္ေတာ့ ထိုင္း-ျမန္မာနယ္စပ္က စခန္းေတြမွာ ဒုကၡသည္ တသိန္္းနီးပါးေလာက္ ခိုလႈံေနထိုင္ေနၾကတာ ျဖစ္ပါတယ္။

------------------------------

(Unicode)

အုံးဖျန် ဒုက္ခသည်စခန်း ကိုရိုနာဗိုင်းရပ်စ် တားဆီးရေး

ထိုင်း-မြန်မာနယ်စပ် အုန်းဖန်မြို့နယ်ထဲက အုန်းဖျန် ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ဖြစ်ပွားမှာ စိုးရိမ်မှုတွေကြောင့်ဒုက္ခသည်တွေ အပြင်ကို ဝင်ထွက်သွားလာတာ မလုပ်ဖို့အတွက် စခန်းအုပ်ချုပ်ရေးမှူးက မတ်လ ၇ ရက်နေ့ကစလို့ ပိတ်ပင်လိုက်ပါတယ်။ အနီးအနားက ထိုင်းကျေးရွာတွေက ထိုင်းကျောင်းတွေလည်း ကျောင်း ၁၄ ရက် ပိတ်ထားတာကြောင့် ဒုက္ခသည်စခန်းက ကျောင်းတက်နေတဲ့ ကျောင်းသားတွေပါ ကျောင်းမတက်ရဘူလို့ ဆိုပါတယ။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲက ကရင်ဒုက္ခသည်စခန်းတခုဖြစ်တဲ့ အုန်းဖျန် ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှာ စိုးရိမ်တာကြောင့် စခန်းထဲက ဒုက္ခသည်တွေ အပြင်သွားလာတာတွေ မလုပ်ဖို့ စခန်းအုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားကြောင်း အုန်းဖျန်ဒုက္ခသည်စခန်းက ဒုက္ခသည်တဦးက ပြောပြပါတယ်။

“စခန်းအာဏာပိုင်ကနေ တရားဝင်အမိန့်ထုတ်လိုက်တာ။ စခန်းထဲကနေ စခန်းပြင်ကို မထွက်ကြဖို့ အုန်းဖျန်စခန်းဘေးမှာက ရွာလေးရွာရှိတယ်။ အဲဒီရွာတွေမှာ နေ့စားသွားလုပ်တဲ့ သူတွေလည်း မထွက်ခိုင်းတော့ဘူး။ စခန်းထဲကကနေ မဲဆောက်ကို ဈေးဝယ်ထွက်နေတဲ့ ဈေးကားတွေလည်း ထွက်ခွင့်မပေးတော့ဘူး။ အကုန်လုံး မထွက်ကြဖို့ မှာတယ်။”

ထိုင်း-မြန်မာနယ်စပ် ကျေးရွာတွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အရေးပေါ်အခြေအနေအရ ဒုက္ခသည်စခန်းအနီးရှိ ကျေးရွာက ကျောင်းတွေလည်း ပိတ်ပင်ထားရတယ်လို့ ဆိုပါတယ်။

“မျှော့ရွာကြီးမှာ ကျောင်းတက်ရတဲ့ ကလေးတွေ ၉ တန်းအထိရှိတယ်။ ကျောင်းကားတွေလည်း အကြိုအပို့ မလုပ်တော့ဘူး။ ၁၄ ရက် ကျောင်းပိတ်တယ်လို့ ကျောင်းကပြောလိုက်တယ်။ ကျနော့်သားလည်း ကျောင်းမတက်ရတော့ဘူး။”

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေကိုတော့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ ထိုင်းအစိုးရက ခိုလှုံခွင့် ပေးထားတာဖြစ်ပါတယ်။ ဒီဒုက္ခစခန်း ၉ ခုထဲမှာ ကရင်နီဒုက္ခသည်စခန်း ၂ ခု ပါဝင်နေတာပါ။ ကရင်နီဒုက္ခသည်စခန်း ၂ ခုမှာတော့ ဒုက္ခသည်ပေါင်း ၁ သောင်း ၃ ထောင်ကျော် ခိုလှုံနေထိုင်နေတာဖြစ်ပြီး ကျန်တဲ့ ကရင်ဒုက္ခသည်စခန်း ၇ ခုမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ အားလုံးပေါင်းမယ်ဆိုရင်တော့ ထိုင်း-မြန်မာနယ်စပ်က စခန်းတွေမှာ ဒုက္ခသည် တသိန်းနီးပါးလောက် ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။

အံုးဖ်န္ ဒုကၡသည္စခန္း Coronavirus တားဆီးေရး
please wait

No media source currently available

0:00 0:01:51 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG