(Zawgyi / Unicode)
ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ အႏၱရာယ္ကုိ ဟန္႔တားဖုိ႔ ျမန္မာႏုိင္ငံနဲ႔ နယ္စပ္အ၀င္အထြက္ေတြ အားလုံးကုိ ပိတ္ထားဖုိ႔ အိႏၵိယႏုိင္ငံ မဏိပူရျပည္နယ္ မိုေရးၿမိဳ႕ စားသုံးသူမ်ားအသင္းက အစုိးရကုိ တုိ္က္တြန္းလုိက္ပါတယ္။
ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ မရွိေသးေၾကာင္း သတင္းထုတ္ျပန္ထားေပမယ့္ တ႐ုတ္ႏုိင္ငံသား အမ်ားအျပား ၀င္ထြက္သြားလာေနတာေၾကာင့္ ျမန္မာတာ၀န္ရွိသူေတြရဲ႕ ေျပာဆုိခ်က္ေတြဟာ သံသယျဖစ္စရာ ေကာင္းေၾကာင္းလည္း စေနေန႔က သတင္းစာရွင္းလင္းပဲြမွာ မုိေရးၿမိဳ႕ စားသုံးသူမ်ားအသင္း ဥကၠ႒ T Seiboi Haokp ကုိ ကုိးကားၿပီး ေဒသခံသတင္းေတြက ေဖာ္ျပခဲ့ၾကတာပါ။
မုိင္ေပါင္း ၁,၄၀၀ ေလာက္ နယ္စပ္ခ်င္းထိစပ္ေနတဲ့ တ႐ုတ္နဲ႔ ျမန္မာႏုိင္ငံၾကား လူနဲ႔ ကုန္စည္ေတြ အဆက္မျပတ္ သြားလာေနတဲ့အတြက္ ကူးစက္မႈ မရွိဘူးဆုိတာ မျဖစ္ႏုိင္ဘူးလုိ႔လည္း ေျပာဆုိခဲ့တာပါ။
မဏိပူရျပည္နယ္ က်န္းမာေရးဌာနက မုိေရးၿမိဳ႕မွာရွိတဲ့ အိႏၵိယ၊ ျမန္မာ နယ္စပ္ဂိတ္ အမွတ္ ၁ နဲ႔ ၂ မွာ ေရာဂါလကၡဏာ ေစာင့္ၾကည့္စစ္ေဆးတဲ့ အစီအစဥ္ေတြအေပၚ ခ်ီးက်ဴးစကား ေျပာခဲ့ေပမယ့္လည္း တရား၀င္ေရာ၊ တရားမ၀င္ပါ က်န္ေနရာေတြက ၀င္ေရာက္ေနတာေတြ ရွိတာေၾကာင့္ ထိန္းခ်ဳပ္ဖုိ႔လည္း အစုိးရတာ၀န္ရွိသူေတြကုိ တုိက္တြန္းထားပါတယ္။
ျမန္မာႏုိင္ငံ က်န္းမာေရး တာ၀န္ရွိသူေတြကေတာ့ စေနေန႔အထိ ျမန္မာႏုိင္ငံမွာ စစ္ေဆးခဲ့သူေတြထဲမွာ ကုိ႐ုိနာဗုိင္းရပ္စ္ကူးစက္သူ မရွိေသးေၾကာင္း ေျပာဆုိထားတာပါ။
-----------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ် တားဆီးရေး နယ်စပ်တွေပိတ်ဖို့ မိုရေးမြို့မှာ တောင်းဆို
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကို ဟန့်တားဖို့ မြန်မာနိုင်ငံနဲ့ နယ်စပ်အဝင်အထွက်တွေ အားလုံးကို ပိတ်ထားဖို့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးမြို့ စားသုံးသူများအသင်းက အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ မရှိသေးကြောင်း သတင်းထုတ်ပြန်ထားပေမယ့် တရုတ်နိုင်ငံသား အများအပြား ဝင်ထွက်သွားလာနေတာကြောင့် မြန်မာတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေဟာ သံသယဖြစ်စရာ ကောင်းကြောင်းလည်း စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ မိုရေးမြို့ စားသုံးသူများအသင်း ဥက္ကဋ္ဌ T Seiboi Haokp ကို ကိုးကားပြီး ဒေသခံသတင်းတွေက ဖော်ပြခဲ့ကြတာပါ။
မိုင်ပေါင်း ၁,၄၀၀ လောက် နယ်စပ်ချင်းထိစပ်နေတဲ့ တရုတ်နဲ့ မြန်မာနိုင်ငံကြား လူနဲ့ ကုန်စည်တွေ အဆက်မပြတ် သွားလာနေတဲ့အတွက် ကူးစက်မှု မရှိဘူးဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ပြောဆိုခဲ့တာပါ။
မဏိပူရပြည်နယ် ကျန်းမာရေးဌာနက မိုရေးမြို့မှာရှိတဲ့ အိန္ဒိယ၊ မြန်မာ နယ်စပ်ဂိတ် အမှတ် ၁ နဲ့ ၂ မှာ ရောဂါလက္ခဏာ စောင့်ကြည့်စစ်ဆေးတဲ့ အစီအစဉ်တွေအပေါ် ချီးကျူးစကား ပြောခဲ့ပေမယ့်လည်း တရားဝင်ရော၊ တရားမဝင်ပါ ကျန်နေရာတွေက ဝင်ရောက်နေတာတွေ ရှိတာကြောင့် ထိန်းချုပ်ဖို့လည်း အစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေး တာဝန်ရှိသူတွေကတော့ စနေနေ့အထိ မြန်မာနိုင်ငံမှာ စစ်ဆေးခဲ့သူတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ မရှိသေးကြောင်း ပြောဆိုထားတာပါ။