သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္က ျပန္လာတဲ့ ျမန္မာလုပ္သားမ်ား ေနအိမ္မွာ သီးျခားခြဲေနဖို႔ မွာၾကားထား


ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ (သတင္းဓာတ္ပံု - မတ္ ၁၂၊ ၂၀၁၆)

(Zawgyi/Unicode)

ျမန္မာသံရံုး အစီအစဥ္နဲ႔ ျပန္ေရာက္လာတဲ့ တရားမဝင္လုပ္သား ၁၅၄ ဦးကုိ က်န္းမာေရးစစ္ေဆးမႈေတြ ႏွစ္ဆင့္လုပ္ေဆာင္ၿပီး ကိုယ့္အိမ္မွာပဲ သီးသန္႔ Home Quarantine နဲ႔ ေနဖုိ႔အတြက္လည္း မွာၾကားထားတယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူက ေျပာပါတယ္။

COVID- 19 ေၾကာင့္ ေနရပ္ျပန္လုိေၾကာင္း ဆက္သြယ္လာသူေတြထဲက က်န္ရွိသူေတြကုိ ျပန္ပို႔ႏုိင္ဖုိ႔အတြက္ တရုတ္အာဏာပုိင္ေတြဆီ ေမတၱာရပ္ခံစာ ေပးပို႔ထားတယ္လို႔လည္း ျမန္မာသံရံုးတာဝန္ရွိသူက ေျပာပါတယ္။ တရုတ္ျပည္ကေန ျပန္ေရာက္လာတဲ့ ျမန္မာလုပ္သားေတြအေပၚ COVID- 19 ေရာဂါကာကြယ္ေရး အတြက္ က်န္းမာေရးဌာနရဲ႕ ေဆာင္ရြက္ထားရွိမႈ အေၾကာင္းေတြကို ဆက္သြယ္ေမးျမန္းထားတဲ့ ဗီြအိုေအသတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

တရုတ္ႏုိင္ငံမွာ ျဖစ္ပြားေနတဲ့ COVID- 19 ေၾကာင့္ ေနရပ္ျပန္ခ်င္သူေတြကုိ တရုတ္ႏုိင္ငံ၊ ရွန္းတုန္းျပည္နယ္၊ ရုရွန္းၿမိဳ႕ကေန တဆင့္ ျမန္မာ-တရုတ္ နယ္စပ္ဂိတ္ျဖစ္တဲ့ ခ်င္းေရႊေဟာ္ကို ျပန္လည္ပို႔ေဆာင္ေပးႏုိင္ခဲ့တာ မေန႔ကအထိ ၁၅၄ ေယာက္ရွိသြားၿပီလို႔ ျမန္မာသံရံုး တာဝန္ရွိသူက ေျပာပါတယ္။

ဝူဟန္ (Wuhan) ဗိုင္းရပ္စ္ ေနာက္တဆင့္ သတိျပဳစရာအေၾကာင္းကိုလည္း ဖတ္ရႈႏိုင္ပါၿပီ။

အခုလိုျပန္ေရာက္လာသူေတြကို ျမန္မာျပည္ထဲေပးမဝင္ခင္ ခ်င္းေရႊေဟာ္နယ္စပ္ဂိတ္မွာပဲ က်န္းမာေရးစစ္ေဆးတာေတြ ေဆာင္ရြက္ဖုိ႔အတြက္ က်န္းမာေရးဦးစီးဌာနနဲ႔ သက္ဆုိင္ရာဌာနေတြအခ်င္းခ်င္း ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ထားတယ္လို႔ သိရပါတယ္။

ျပန္ေရာက္လာသူေတြအေနနဲ႔ သူတုိ႔ရဲ႕သက္ဆုိင္ရာ ေနရပ္အသီးသိီးကို ျပန္ႏိုင္ဖုိ႔အတြက္ လိုအပ္တာေတြကိုလည္း ေဆာင္ရြက္ေပးေနတယ္လို႔ ရွမ္းျပည္ေျမာက္ပိုင္း ျပည္သူ႔က်န္းမာေရး ဦးစီးမွဴး ေဒါက္တာတင္ေမာင္ညြန္႔က အခုလိုေျပာပါတယ္။

“အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနနဲ႔ ခ်င္းေရႊေဟာ္ဆိုေတာ့ ေလာက္ကုိင္က ကုိးကန္႔ေဒသဦးစီး ရွိတယ္ေပါ့ေနာ္။ အဲဒါကို ဆရာတို႔က ဆက္သြယ္ၿပီးေတာ့မွ သံရံုးကေန ျပန္လာတဲ့ အဖြဲ႕ေတြဆိုလို႔ရွိရင္ ခြဲၿပီးေတာ့ျပန္ရင္ တကယ္လို႔ေရာဂါ ပါခဲ့ရင္ေတာင္မွ ျပန္႔ႏွံ႕တာပိုၿပီးေတာ့ ဆိုးမွာစုိးလို႔ ကားကုိ တစုတစည္းတည္း စီးလို႔ရေအာင္ ခ်င္းေရႊေဟာ္ကေနၿပီးေတာ့ လားရႈိးေရာက္တဲ့အထိလည္း ဆရာတုိ႔လုပ္ေပးတယ္။”

ျမန္မာသံရံုးအစီအစဥ္နဲ႔ ျပန္လည္ေရာက္ရွိလာသူေတြကုိ ျမန္မာ-တရုတ္နယ္စပ္ ခ်င္းေရႊေဟာ္မွာ အဖ်ားတိုင္းတာၿပီး သူတို႔ရဲ႕က်န္းမာေရး အေျခအေနေဖာ္ျပတဲ့ Health Declaration Card ေတြကို ျဖည့္ခိုင္းတာနဲ႔ က်န္းမာေရးပညာေပးတာေတြကို ေဆာင္ရြက္ေနတယ္လို႔ ဆိုပါတယ္။

အခုလိုေဆာင္ရြက္တာေတြကို ႏွစ္ဆင့္ေဆာင္ရြက္ၿပီးမွ ေနရပ္ကို အသီးသီးျပန္ခိုင္းတာလို႔ ေဒါက္တာတင္ေမာင္ညြန္႔က ဗီြအိုေအကို ေျပာပါတယ္။

“ႏွစ္ဆင့္ေတာင္မွ လုပ္တာ။ ခ်င္းေရႊေဟာ္မွာ တဆင့္လုပ္တယ္။ နားမေခၚကားႀကီးဝင္းမွာ အကုန္လံုးတစုတည္း ေရာက္လာရင္ အေထြေထြအုပ္ခ်ဳပ္ေရးေရာ၊ ပို႔ဆက္ေရာေပါင္းၿပီးေတာ့ ဆရာတို႔က ကားကိုလံုးဝမထြက္ခိုိင္းတာ။ သူတို႔အကုန္လံုး မျပန္ေသးခင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက (က်န္းမာေရး) စစ္ေဆးတာကအစ အကုန္လုပ္ပါတယ္။ Home Quarantine လုပ္ရမွာေပါ့။ Quarantine လုပ္ဖို႔ကို သူတုိ႔ကို ေသခ်ာေျပာလိုက္တယ္။ ၄ ရက္မွာေရာ၊ ၅ရက္မွာေရာ တေယာက္မွ ဖ်ားတာနာတာမရွိဘူး၊ မေတြ႔ဘူး။”

COVID- 19 ေၾကာင့္ ေနရပ္ျပန္ခ်င္တယ္လို႔ အေၾကာင္းၾကားလာသူ ၁,၅၀၀ ဝန္းက်င္ေလာက္ထဲက အေယာက္ ၉၀၀ ကို စိစစ္ၿပီးျဖစ္လို႔ ျပန္ပို႔ႏုိင္ဖို႔အတြက္ တရုတ္အစုိးရ တာဝန္ရွိသူေတြနဲ႔ ညွိႏႈိင္းေဆာင္ရြက္ေပးေနတယ္လို႔ ျမန္မာသံရံုးတာဝန္ရွိသူက ေျပာပါတယ္။ သူတို႔ေတြက တရုတ္ျပည္ထဲကို တရားမဝင္ လာေရာက္အလုပ္လုပ္ကုိင္ ေနသူေတြျဖစ္ၿပီး မေန႔ကထိ ၁၅၄ ဦးကုိ ျပန္ပို႔ႏုိင္ၿပီး ျဖစ္တာေၾကာင့္ က်န္ရွိေနသူေတြကုိ အျမန္ဆံုး ပို႔ႏုိင္ဖို႔အတြက္ ဆက္ၿပီးေဆာင္ရြက္ေနတယ္လို႔ ေပက်င္းၿမိဳ႕အေျခစုိက္ ျမန္မာသံရံုး တာဝန္ရွိသူက ေျပာပါတယ္။

“အခုကေတာ့ ၁၅၄ ေယာက္ကို ပုိ႔ၿပီးပါၿပီ။ က်န္တဲ့အမည္စာရင္း ေပးထားတဲ့သူေတြကိုလည္း အျမန္ဆံုးပို႔လို႔ရေအာင္ က်ေနာ္တုိ႔ေဆာင္ရြက္ေနပါတယ္။ တရုတ္ဘက္ကလည္း ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတို႔ ဘာတို႔ ဒါေလးေတြကုိ ဦးစားေပးၿပီးေတာ့ ပို႔ေပးေနလို႔ပါ။ ေနာက္ၿပီးေတာ့ သူတို႔ဘက္ကလည္း အာမခံထားတာရွိပါတယ္။ ဒါေတြအကုန္လံုးကုိ အဆင္ေျပေျပ ေခ်ာေခ်ာေမြ႕ေမြ႕ ျပန္ပို႔ေပးမယ္ဆုိတဲ့ အေၾကာင္းကို တရုတ္ဘက္ကလည္း ေျပာထားတာရွိပါတယ္။ က်ေတာ္တို႔သံရံုးအေနနဲ႔လည္း သူတုိ႔ေတြ ေခ်ာေခ်ာေမြ႕ေမြ႕ျပန္လို႔ ရေအာင္ေဆာင္ရြက္ေပးပါဆုိၿပီး တရုတ္ႏုိင္ငံျခားေရး ဌာနရယ္၊ သက္ဆုိင္ရာျပည္နယ္ေတြရယ္ကုိ ေမတၱာရပ္ခံစာေတြ ပို႔ထားတာလည္း ရွိပါတယ္။ ဒါေၾကာင့္မုိ႔ နည္းနည္းေလးစိတ္ရွည္ သည္းခံၿပီး ေစာင့္ေပးဖုိ႔ကို ေျပာခ်င္ပါတယ္။”

တရုတ္ႏို္င္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕ေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကိုရုိနာေရာဂါပိုးဟာ အျခားႏုိင္ငံေပါင္း ၉၂ ႏုိင္ငံကုိ ကူးစက္ခဲ့ၿပီး ဒီကေန႔ မတ္လ ၆ရက္ ညေနခင္းစာရင္းအရ လူေပါင္း ၉၈,၈၇၆ ကူးစက္ခံေနရတာပါ။ ဒါဟာ ကမာၻလွည့္အေပ်ာ္စီး သေဘၤာ Diamond Princess ေပၚက ကူးစက္ခံရသူ ၆၉၆ ေယာက္နဲ႔ ေသဆံုးသူ ၆ ဦးရဲ႕ စာရင္းကိုပါ ထည့္တြက္ထားၿပီး စုစုေပါင္း ေသဆံုးသူကေတာ့ ၃,၃၉၀ အထိရွိေနၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်က ပြန်လာတဲ့ မြန်မာလုပ်သားများ နေအိမ်မှာ သီးခြားခွဲနေဖို့ မှာကြားထား

မြန်မာသံရုံး အစီအစဉ်နဲ့ ပြန်ရောက်လာတဲ့ တရားမဝင်လုပ်သား ၁၅၄ ဦးကို ကျန်းမာရေးစစ်ဆေးမှုတွေ နှစ်ဆင့်လုပ်ဆောင်ပြီး ကိုယ့်အိမ်မှာပဲ သီးသန့် Home Quarantineနဲ့ နေဖို့အတွက်လည်း မှာကြားထားတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

COVID- 19 ကြောင့် နေရပ်ပြန်လိုကြောင်း ဆက်သွယ်လာသူတွေထဲက ကျန်ရှိသူတွေကို ပြန်ပို့နိုင်ဖို့အတွက် တရုတ်အာဏာပိုင်တွေဆီ မေတ္တာရပ်ခံစာ ပေးပို့ထားတယ်လို့လည်း မြန်မာသံရုံးတာဝန်ရှိသူက ပြောပါတယ်။ တရုတ်ပြည်ကနေ ပြန်ရောက်လာတဲ့ မြန်မာလုပ်သားတွေအပေါ် COVID- 19 ရောဂါကာကွယ်ရေး အတွက် ကျန်းမာရေးဌာနရဲ့ ဆောင်ရွက်ထားရှိမှု အကြောင်းတွေကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ COVID- 19 ကြောင့် နေရပ်ပြန်ချင်သူတွေကို တရုတ်နိုင်ငံ၊ ရှန်းတုန်းပြည်နယ်၊ ရုရှန်းမြို့ကနေ တဆင့် မြန်မာ-တရုတ် နယ်စပ်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်ကို ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တာ မနေ့ကအထိ ၁၅၄ ယောက်ရှိသွားပြီလို့ မြန်မာသံရုံး တာဝန်ရှိသူက ပြောပါတယ်။

ဝူဟန် (Wuhan) ဗိုင်းရပ်စ် နောက်တဆင့် သတိပြုစရာအကြောင်းကိုလည်း ဖတ်ရှုနိုင်ပါပြီ။

အခုလိုပြန်ရောက်လာသူတွေကို မြန်မာပြည်ထဲပေးမဝင်ခင် ချင်းရွှေဟော်နယ်စပ်ဂိတ်မှာပဲ ကျန်းမာရေးစစ်ဆေးတာတွေ ဆောင်ရွက်ဖို့အတွက် ကျန်းမာရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေအချင်းချင်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ သိရပါတယ်။

ပြန်ရောက်လာသူတွေအနေနဲ့ သူတို့ရဲ့သက်ဆိုင်ရာ နေရပ်အသီးသီးကို ပြန်နိုင်ဖို့အတွက် လိုအပ်တာတွေကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ ရှမ်းပြည်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာတင်မောင်ညွန့်က အခုလိုပြောပါတယ်။

“အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ချင်းရွှေဟော်ဆိုတော့ လောက်ကိုင်က ကိုးကန့်ဒေသဦးစီး ရှိတယ်ပေါ့နော်။ အဲဒါကို ဆရာတို့က ဆက်သွယ်ပြီးတော့မှ သံရုံးကနေ ပြန်လာတဲ့ အဖွဲ့တွေဆိုလို့ရှိရင် ခွဲပြီးတော့ပြန်ရင် တကယ်လို့ရောဂါ ပါခဲ့ရင်တောင်မှ ပြန့်နှံ့တာပိုပြီးတော့ ဆိုးမှာစိုးလို့ ကားကို တစုတစည်းတည်း စီးလို့ရအောင် ချင်းရွှေဟော်ကနေပြီးတော့ လားရှိုးရောက်တဲ့အထိလည်း ဆရာတို့လုပ်ပေးတယ်။”

မြန်မာသံရုံးအစီအစဉ်နဲ့ ပြန်လည်ရောက်ရှိလာသူတွေကို မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်မှာ အဖျားတိုင်းတာပြီး သူတို့ရဲ့ကျန်းမာရေး အခြေအနေဖော်ပြတဲ့ Health Declaration Card တွေကို ဖြည့်ခိုင်းတာနဲ့ ကျန်းမာရေးပညာပေးတာတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုလိုဆောင်ရွက်တာတွေကို နှစ်ဆင့်ဆောင်ရွက်ပြီးမှ နေရပ်ကို အသီးသီးပြန်ခိုင်းတာလို့ ဒေါက်တာတင်မောင်ညွန့်က ဗွီအိုအေကို ပြောပါတယ်။

“နှစ်ဆင့်တောင်မှ လုပ်တာ။ ချင်းရွှေဟော်မှာ တဆင့်လုပ်တယ်။ နားမခေါ်ကားကြီးဝင်းမှာ အကုန်လုံးတစုတည်း ရောက်လာရင် အထွေထွေအုပ်ချုပ်ရေးရော၊ ပို့ဆက်ရောပေါင်းပြီးတော့ ဆရာတို့က ကားကိုလုံးဝမထွက်ခိုင်းတာ။ သူတို့အကုန်လုံး မပြန်သေးခင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက (ကျန်းမာရေး) စစ်ဆေးတာကအစ အကုန်လုပ်ပါတယ်။ Home Quarantine လုပ်ရမှာပေါ့။ Quarantine လုပ်ဖို့ကို သူတို့ကို သေချာပြောလိုက်တယ်။ ၄ ရက်မှာရော၊ ၅ရက်မှာရော တယောက်မှ ဖျားတာနာတာမရှိဘူး၊ မတွေ့ဘူး။”

COVID- 19 ကြောင့် နေရပ်ပြန်ချင်တယ်လို့ အကြောင်းကြားလာသူ ၁,၅၀၀ ဝန်းကျင်လောက်ထဲက အယောက် ၉၀၀ ကို စိစစ်ပြီးဖြစ်လို့ ပြန်ပို့နိုင်ဖို့အတွက် တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ မြန်မာသံရုံးတာဝန်ရှိသူက ပြောပါတယ်။ သူတို့တွေက တရုတ်ပြည်ထဲကို တရားမဝင် လာရောက်အလုပ်လုပ်ကိုင် နေသူတွေဖြစ်ပြီး မနေ့ကထိ ၁၅၄ ဦးကို ပြန်ပို့နိုင်ပြီး ဖြစ်တာကြောင့် ကျန်ရှိနေသူတွေကို အမြန်ဆုံး ပို့နိုင်ဖို့အတွက် ဆက်ပြီးဆောင်ရွက်နေတယ်လို့ ပေကျင်းမြို့အခြေစိုက် မြန်မာသံရုံး တာဝန်ရှိသူက ပြောပါတယ်။

“အခုကတော့ ၁၅၄ ယောက်ကို ပို့ပြီးပါပြီ။ ကျန်တဲ့အမည်စာရင်း ပေးထားတဲ့သူတွေကိုလည်း အမြန်ဆုံးပို့လို့ရအောင် ကျနော်တို့ဆောင်ရွက်နေပါတယ်။ တရုတ်ဘက်ကလည်း ကိုယ်ဝန်ဆောင် အမျိုးသမီးတို့ ဘာတို့ ဒါလေးတွေကို ဦးစားပေးပြီးတော့ ပို့ပေးနေလို့ပါ။ နောက်ပြီးတော့ သူတို့ဘက်ကလည်း အာမခံထားတာရှိပါတယ်။ ဒါတွေအကုန်လုံးကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြန်ပို့ပေးမယ်ဆိုတဲ့ အကြောင်းကို တရုတ်ဘက်ကလည်း ပြောထားတာရှိပါတယ်။ ကျတော်တို့သံရုံးအနေနဲ့လည်း သူတို့တွေ ချောချောမွေ့မွေ့ပြန်လို့ ရအောင်ဆောင်ရွက်ပေးပါဆိုပြီး တရုတ်နိုင်ငံခြားရေး ဌာနရယ်၊ သက်ဆိုင်ရာပြည်နယ်တွေရယ်ကို မေတ္တာရပ်ခံစာတွေ ပို့ထားတာလည်း ရှိပါတယ်။ ဒါကြောင့်မို့ နည်းနည်းလေးစိတ်ရှည် သည်းခံပြီး စောင့်ပေးဖို့ကို ပြောချင်ပါတယ်။”

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့နေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၉၂ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၆ရက် ညနေခင်းစာရင်းအရ လူပေါင်း ၉၈,၈၇၆ ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီး သင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၆၉၆ ယောက်နဲ့ သေဆုံးသူ ၆ ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားပြီး စုစုပေါင်း သေဆုံးသူကတော့ ၃,၃၉၀ အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG