သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္မွာ ျမန္မာအက်ဥ္းသား ႏွစ္ဦး Covid-19 ကူးစက္ခံရ


တရုုတ္ႏိုင္ငံ ဟူေပျပည္နယ္ (သတင္းဓာတ္ပံု - ေဖေဖာ္၀ါရီ၊ ၂၀၊ ၂၀၂၀)

(Zawgyi/Unicode)

တရုတ္ႏို္င္ငံ၊ ဟူေပျပည္နယ္ အက်ဥ္းေထာင္က COVID-19 ကူးစက္ခံထားရတဲ့ အက်ဥ္းသားႏွစ္ဦးဟာ ျမန္မာႏုိ္င္ငံသား ျဖစ္တယ္ဆိုၿပီး အက်ဥ္းေထာင္ စီမံခန္႔ခြဲဌာနက ျမန္မာသံရံုးကုိ အေၾကာင္းၾကားလာပါတယ္။ မူးယစ္ေဆးဝါး ေမွာင္ခိုမႈနဲ႔ အက်ဥ္းခ်ခံထားရတဲ့ အဲဒီႏွစ္ဦးဟာ ျမန္မာႏုိင္ငံသား ဟုတ္၊ မဟုတ္ဆိုတာကိုေတာ့ စိစစ္ေနတယ္လို႔ ျမန္မာသံရံုး တာဝန္ရွိသူက ေျပာပါတယ္။

ေတာင္ကိုရီးယားျပန္ ျမန္မာေက်ာင္းသူ ၁၀ဦးကို သီးသန္႔ခဲြေစာင့္ၾကည့္ေနတဲ့သတင္းကိုလည္း ဒီမွာ ဖတ္ရႈ ႏိုင္ပါၿပီ။

အဲဒါအျပင္ ေနရပ္ျပန္ခ်င္လို႔ ျမန္မာသံရံုးကုိ ဆက္သြယ္လာတဲ့ တရားမဝင္လာေရာက္ လုပ္ကုိင္ေနသူေတြကုိ ျပန္ပုိ႔ေပးေနတာ ၁၅၄ ဦးအထိ ရွိသြားၿပီလို႔လည္း ဆိုပါတယ္။ အျပည့္အစံုကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပသြားမွာပါ။

မူးယစ္ေဆးဝါး ေမွာင္ခိုေရာင္းဝယ္မႈနဲ႔ သယ္ယူပို႔ေဆာင္ေရး ျပစ္မႈတို႔ကုိ က်ဴးလြန္လို႔ တရုတ္ႏုိင္ငံ၊ ဟူေပျပည္နယ္ အက်ဥ္းေထာင္မွာ ေထာင္က်ေနတဲ့ ျမန္မာႏုိင္ငံသား ၂ ဦးမွာ COVID- 19 ကူးစက္ခံေနရၿပီး သူတို႔ကုိ ေဆးရံုမွာ ပံုမွန္ေဆးဝါး ကုသေပးေနတယ္လို႔ အက်ဥ္းေထာင္ စီမံခန္႔ခြဲဌာနက ျမန္မာသံရံုးကို မေန႔က ဗုဒၶဟူးေန႔မွာ အေၾကာင္းၾကားလာပါတယ္။

ဟူေပျပည္နယ္ အက်ဥ္းေထာင္ စီမံခန္႔ခြဲေရးဌာနရဲ႕ အေၾကာင္းၾကားစာမွာေတာ့ အဲဒီႏွစ္ဦးကို ျမန္မာႏုိင္ငံသားလုိ႔ ေဖာ္ျပထားေပမယ့္ ဒါကို အတည္ျပဳဖို႔ လုိတာေၾကာင့္ စီစစ္ေနတယ္လို႔ ေပက်င္းၿမိဳ႕အေျခစုိက္ ျမန္မာသံရံုး တာဝန္ရွိသူက ေျပာပါတယ္။

“သူတို႔ကေတာ့ ျမန္မာႏိုင္ငံသားလို႔ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ဘက္က ဒါကိုအတည္ျပဳဖို႔လုိလို႔ ျမန္မာႏုိင္ငံသားဆုိသူဆုိၿပီး သံုးထားတာပါခင္ဗ်။ က်ေနာ္တို႔ အရင္အေတြ႔အၾကံဳေတြ အရေပါ့ေနာ္။ တခါတေလ သူတို႔အဖမ္းခံထိလို႔ အေၾကာင္းၾကားတာ ရွိပါတယ္ခင္ဗ်။ အေၾကာင္းၾကားတာ ရွိတဲ့အခါက်ေတာ့ က်ေတာ္တို႔ျမန္မာႏုိင္ငံကုိ တင္ျပၿပီးေတာ့ ႏုိင္ငံသားဟုတ္ မဟုတ္ေပါ့ေနာ္၊ လဝက တုိ႔ သက္ဆိုင္ရာတို႔မွာ သူတုိ႔လိပ္စာေတြကုိ စိစစ္အတည္ျပဳၿပီးတဲ့ အခါမွာ တခ်ိဳ႕ကို စိစစ္လို႔မရတာေတြ သြားၿပီးေတြ႔ရပါတယ္။ ဒါေၾကာင့္မုိ႔ က်ေနာ္တို႔ကလည္း လက္ရွိအခ်ိန္မွာေတာ့ ျမန္မာႏုိင္ငံသားဆိုသူ ဆိုၿပီးေတာ့ ဒါမ်ိဳးေလး သံုးႏႈန္းထားတာ ျဖစ္တယ္ခင္ဗ်။”

သူတို႔ႏွစ္ဦးရဲ႕ ေရာဂါအေျခအေန တည္ၿငိမ္ေနၿပီး ေဆးရံုဆင္းခြင့္ေတာ့ မျပဳေသးဘူးလို႔ အေၾကာင္းၾကားလာတယ္လို႔ ဆုိပါတယ္။ သူတုိ႔ဟာ မာေရွာက္စန္နဲ႔ လ်န္လန္းယန္ဆုိသူေတြ ျဖစ္ၿပီး တကယ္ပဲ ျမန္မာႏုိင္ငံသား ဟုတ္၊ မဟုတ္ဆုိတာကိုေတာ့ အတည္မျပဳႏုိင္ေသးပါဘူး။

တရုတ္နုိင္ငံမွာ ျဖစ္ပြားေနတဲ့ COVID- 19 ေၾကာင့္ ျမန္မာႏုိင္ငံျပန္ခ်င္သူ ၁,၅၀၀ ဝန္းက်င္ေလာက္က သံရံုးကုိ သတင္းပို႔ထားၿပီး သူတို႔ထဲက စိစစ္ၿပီးျဖစ္တဲ့ အေယာက္ ၉၀၀ လံုးကို ျပန္ပို႔ႏုိင္ဖုိ႔အတြက္ တရုတ္အစုိးရ တာဝန္ရွိသူေတြနဲ႔ ညွိႏိႈင္းေဆာင္ရြက္ေပးေနတယ္လို႔ ဆိုပါတယ္။

သူတုိ႔ေတြက တရုတ္ျပည္ထဲကို တရားမဝင္ လာေရာက္ အလုပ္လုပ္ကိုင္ေနသူေတြျဖစ္ၿပီး ဒီကေန႔ထိေတာ့ အဲဒီအေယာက္ ၉၀၀ ထဲက ၁၅၄ ဦးကို ေနရပ္ျပန္ပို႔လိုက္ၿပီလို႔ သံရံုးတာဝန္ရွိသူက အခုလိုေျပာပါတယ္။

“၁၅၄ ေယာက္ေတာ့ က်ေနာ္တို႔ ပို႔လိုက္ၿပီခင္ဗ်။ ႏွစ္သုတ္ေတာ့ ေရာက္သြားၿပီေပါ့ေနာ္။ ဒီေန႔ တသုတ္ထပ္ေရာက္ရင္ေတာ့ ၁၅၄ ေယာက္ ေရာက္သြားၿပီေပါ့ေနာ္။”

က်န္ရွိေနသူေတြကုိ ျပန္ပို႔ႏုိင္ဖို႔အတြက္လည္း တရုတ္အာဏာပိုင္ေတြနဲ႔ ညွိႏႈိင္းေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။ တရုတ္ႏုိင္ငံကို ေရာက္ရွိေနတဲ့ ျမန္မာႏုိင္ငံသားေတြ အေနနဲ႔ အခက္အခဲရွိလာခဲ့ရင္ ေပက်င္းၿမိဳ႕မွာရွိတဲ့ ျမန္မာသံရံုးကို ဆက္သြယ္အေၾကာင္းၾကားဖုိ႔ အသိေပးထားပါတယ္။

တရုတ္ႏုိင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကိုရိုနာေရာဂါပိုးဟာ အျခားႏုိင္ငံေပါင္း ၈၆ ႏုိင္ငံကုိ ကူးစက္ခဲ့ၿပီး ဒီကေန႔ မတ္လ ၅ရက္ ညေနခင္းစာရင္းအရ လူေပါင္း ၉၆,၆၀၁ ကူးစက္ခံေနရတာပါ။ ဒါဟာ ကမာၻလွည့္အေပ်ာ္စီး သေဘၤာ Diamond Princess ေပၚက ကူးစက္ခံရသူ ၇၀၆ ေယာက္နဲ႔ ေသဆံုးသူ ၆ ဦးရဲ႕ စာရင္းကိုပါ ထည့္တြက္ထားၿပီး စုစုေပါင္း ေသဆံုးသူကေတာ့ ၃,၃၀၈ အထိရွိေနၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်မှာ မြန်မာအကျဉ်းသား နှစ်ဦး Covid-19 ကူးစက်ခံရ

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ် အကျဉ်းထောင်က COVID- 19 ကူးစက်ခံထားရတဲ့ အကျဉ်းသားနှစ်ဦးဟာ မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုပြီး အကျဉ်းထောင် စီမံခန့်ခွဲဌာနက မြန်မာသံရုံးကို အကြောင်းကြားလာပါတယ်။ မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ အကျဉ်းချခံထားရတဲ့ အဲဒီနှစ်ဦးဟာ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ်ဆိုတာကိုတော့ စိစစ်နေတယ်လို့ မြန်မာသံရုံး တာဝန်ရှိသူက ပြောပါတယ်။

တောင်ကိုရီးယားပြန် မြန်မာကျောင်းသူ ၁၀ဦးကို သီးသန့်ခွဲစောင့်ကြည့်နေတဲ့သတင်းကိုလည်း ဒီမှာ ဖတ်ရှု နိုင်ပါပြီ။

အဲဒါအပြင် နေရပ်ပြန်ချင်လို့ မြန်မာသံရုံးကိုဆက်သွယ်လာတဲ့ တရားမဝင်လာရောက် လုပ်ကိုင်နေသူတွေကို ပြန်ပို့ပေးနေတာ ၁၅၄ ဦးအထိ ရှိသွားပြီလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနဲ့ သယ်ယူပို့ဆောင်ရေး ပြစ်မှုတို့ကို ကျူးလွန်လို့ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ် အကျဉ်းထောင်မှာ ထောင်ကျနေတဲ့ မြန်မာနိုင်ငံသား ၂ ဦးမှာ COVID- 19 ကူးစက်ခံနေရပြီး သူတို့ကို ဆေးရုံမှာ ပုံမှန်ဆေးဝါး ကုသပေးနေတယ်လို့ အကျဉ်းထောင် စီမံခန့်ခွဲဌာနက မြန်မာသံရုံးကို မနေ့က ဗုဒ္ဓဟူးနေ့မှာ အကြောင်းကြားလာပါတယ်။

ဟူပေပြည်နယ် အကျဉ်းထောင် စီမံခန့်ခွဲရေးဌာနရဲ့ အကြောင်းကြားစာမှာတော့ အဲဒီနှစ်ဦးကို မြန်မာနိုင်ငံသားလို့ ဖော်ပြထားပေမယ့် ဒါကို အတည်ပြုဖို့ လိုတာကြောင့် စီစစ်နေတယ်လို့ ပေကျင်းမြို့အခြေစိုက် မြန်မာသံရုံး တာဝန်ရှိသူက ပြောပါတယ်။

“သူတို့ကတော့ မြန်မာနိုင်ငံသားလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ဒါကိုအတည်ပြုဖို့လိုလို့ မြန်မာနိုင်ငံသားဆိုသူ ဆိုပြီး သုံးထားတာပါခင်ဗျ။ ကျနော်တို့ အရင်အတွေ့အကြုံတွေ အရပေါ့နော်။ တခါတလေ သူတို့အဖမ်းခံထိလို့ အကြောင်းကြားတာ ရှိပါတယ်ခင်ဗျ။ အကြောင်းကြားတာ ရှိတဲ့အခါကျတော့ ကျတော်တို့မြန်မာနိုင်ငံကို တင်ပြပြီးတော့ နိုင်ငံသားဟုတ် မဟုတ်ပေါ့နော်၊ လဝက တို့ သက်ဆိုင်ရာတို့မှာ သူတို့လိပ်စာတွေကို စိစစ်အတည်ပြုပြီးတဲ့ အခါမှာ တချို့ကို စိစစ်လို့မရတာတွေ သွားပြီးတွေ့ရပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ကလည်း လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံသားဆိုသူ ဆိုပြီးတော့ ဒါမျိုးလေး သုံးနှုန်းထားတာ ဖြစ်တယ်ခင်ဗျ။”

သူတို့နှစ်ဦးရဲ့ ရောဂါအခြေအနေ တည်ငြိမ်နေပြီး ဆေးရုံဆင်းခွင့်တော့ မပြုသေးဘူးလို့ အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။ သူတို့ဟာ မာရှောက်စန်နဲ့ လျန်လန်းယန်ဆိုသူတွေ ဖြစ်ပြီး တကယ်ပဲ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ COVID- 19 ကြောင့် မြန်မာနိုင်ငံပြန်ချင်သူ ၁,၅၀၀ ဝန်းကျင်လောက်က သံရုံးကို သတင်းပို့ထားပြီး သူတို့ထဲက စိစစ်ပြီးဖြစ်တဲ့ အယောက် ၉၀၀ လုံးကို ပြန်ပို့နိုင်ဖို့အတွက် တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

သူတို့တွေက တရုတ်ပြည်ထဲကို တရားမဝင်လာရောက် အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီး ဒီကနေ့ထိတော့ အဲဒီအယောက် ၉၀၀ ထဲက ၁၅၄ ဦးကို နေရပ်ပြန်ပို့လိုက်ပြီလို့ သံရုံးတာဝန်ရှိသူက အခုလိုပြောပါတယ်။

“၁၅၄ ယောက်တော့ ကျနော်တို့ ပို့လိုက်ပြီခင်ဗျ။ နှစ်သုတ်တော့ ရောက်သွားပြီပေါ့နော်။ ဒီနေ့ တသုတ်ထပ်ရောက်ရင်တော့ ၁၅၄ ယောက် ရောက်သွားပြီပေါ့နော်။”

ကျန်ရှိနေသူတွေကို ပြန်ပို့နိုင်ဖို့အတွက်လည်း တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အခက်အခဲရှိလာခဲ့ရင် ပေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၈၆ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၅ရက် ညနေခင်းစာရင်းအရ လူပေါင်း ၉၆,၆၀၁ ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီး သင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၇၀၆ ယောက်နဲ့ သေဆုံးသူ ၆ ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားပြီး စုစုပေါင်း သေဆုံးသူကတော့ ၃,၃၀၈ အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG