သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကာကြယ္တားဆီးေရး ျမ၀တီၿမိဳ႕ ပညာေပးလံႈေဆာ္


ျမ၀တီၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကာကြယ္ေရး အသိပညာေပး လႈပ္ရွားမႈ (သတင္းဓာတ္ပံု- ဦးသန္႔ဇင္ေအာင္)

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ အႏၱရာယ္ႀကိဳတင္ ကာကြယ္ေရး အသိပညာေပး လႈပ္ရွားမႈ ျပဳလုပ္ခဲ့တာပါ။ ျမဝတီၿမိဳ႕ဟာ နယ္စပ္၀င္ေပါက္ တခု ျဖစ္တာေၾကာင့္ ဒီလမ္းေၾကာင္းကေန ျမန္မာျပည္အတြင္းပုိင္းထိ ကူးစက္ ျပန္႔ပြါးမယ့္ အႏၱရာယ္ကို စိုးရိမ္တာေႀကာင့္ ကရင္ျပည္နယ္ လြတ္တာ္ကုိယ္စားလွယ္ေတြ၊ ၿမိဳ႕မိ၊ ျမိဳ႕ဖေတြ ဦးေဆာင္ျပီး မတ္လ ၅ ရက္ေန႔က ကုိရိုနာဗိုင္းရပ္စ္ ေရာဂါ ကာကြယ္တားဆီးေရး လႈပ္ရွားမႈ လုပ္ခဲ့ၾကတာပါ။ အျပည့္အစံုကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထုိင္း-ျမန္မာနယ္စပ္ မဲေဆာက္ျမိဳရဲ့ တဘက္ကမ္း ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕မွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ အႏၱရာယ္ ႀကိဳတင္ ကာကြယ္ေရး အသိပညာေပးျခင္း လႈပ္ရွားမႈကုိ မတ္လ ၅ ရက္ေန႔ မနက္ပိုင္းက စတင္လုပ္ခဲ့တာလို႔ ဦးေဆာင္လႈပ္ရွားသူ တဦးလည္းျဖစ္ ကရင္ျပည္နယ္ ျမ၀တီျမိဳ႕က ျပည္သ႔ူလႊတ္ေတာ္ ကုိယ္စားလွယ္လည္းျဖစ္တဲ့ ဦးသန္႔ဇင္ေအာင္က အခုလိုေျပာျပပါတယ္။

"နယ္စပ္ဂိတ္ေတြကလည္း တရား၀င္က အမွတ္ (၁) ခ်စ္ႀကည့္ေရးတံတားနဲ႔ အမွတ္ (၂) ခ်စ္ၾကည္ေရးတံတားေတြေတာ့ ရွိတယ္။ ဒါ့အျပင္ တရားမ၀င္ဂိတ္ေတြလည္း ရွိတယ။္ ဒါနဲ႔ပတ္သက္ျပီး က်န္းမာေရးအသိကေတာ့ ရွိရမယ္။ က်ေနာ္တို႔ နယ္စပ္က ကူးသြားျပီဆုိရင္ ျမန္မာျပည္အတြင္းပုိင္းကို ေရာက္သြားမွာဆုိေတာ့ က်ေနာ္တုိ ့လုပ္ႏိုင္တဲ့အပုိင္းကေန လုပ္တာေပါ့ေနာ္။"

ကုိရိုနာဗိုင္းရပ္စ္ ျပန္႔ပြားမူေတြဟာ ႏို္င္ငံတကာထိ ကူးစက္မႈေတ ြျဖစ္ေနတာေၾကာင့္ ျမန္မာျပည္ဘက္မွာ က်န္းမာေရး အသိေတြ ရွိဖို႔နဲ႔ ကူးစက္ႏုိင္တဲ့ အႏၱရာယ္ကုိ ျပည္သူေတြၾကားထဲမွာ ထဲထဲ၀င္၀င္သိေအာင္ လုပ္ေဆာင္ရတာ ျဖစ္တယ္လို႔လည္း ဦးသန္႔ဇင္ေအာင္က ေျပာျပပါတယ္။

"လႊတ္ေတာ္ကုိယ္စားလွယ္ေတြ ျမိဳ႕မိ၊ ျမိဳ႕ဖေတြနဲ႔ ျမ၀တီျမိဳ႕ရဲ႕ လူစည္ကားတဲ့ေနရာေတြရယ္၊ အမွတ္ ၁၊ အမွတ္ ၂ ခ်စ္ၾကည္ေရး တံတားေတြရယ္ နယ္ျခားေစာင့္ဇုန္ေတြမွာ ကုိရိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္လုိ ့Covid-19 ပညာေပး campaign လုပ္တာေပါ့ေနာ္။ အဓိက ဗီႏိုင္းေတြ စုိက္ထူတယ္ က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနက က်န္းမာေရး သတိေပးခ်က္ေတြ စတစ္ကာေတြ ကပ္ျပီး ထုတ္ျပန္တယ္။ က်ေနာ္တို႔ ပါတီကုိ လာလွဴထားတဲ့ ႏွာေခါင္းစည္းေတြ ေ၀တယ္။ ဒါ့အျပင္ ဒီလိုကာကြယ္ေရး ပညာေပးလုပ္ေနတဲ့ အသင္းေတြ အဖဲြ႔ေတြအတြက္ က်ေနာ္တို႔ ပါတီက ရွိထားတဲ့ ႏွာေခါင္းစည္းေတြ လိုက္လွဴဒါန္းတယ္။"

ျမဝတီခရိုင္ထဲက နယ္ျခားေစာင့္တပ္ေတြ ထိမ္းခ်ဳပ္ထားတဲ့ ေရႊကုကၠိဳလ္ ေဒသဟာ တရုတ္ႏိုင္ငံသားေတြ ဝင္ထြက္ သြားလာမႈ ပံုမွန္ ရွိေနတာပါ။ ဒီ ေရြကုကၠိဳလ္ ဘက္မွာေရာ ပညာေပးမူေတြ လုပ္ပါသလားလို ေမးတဲ့အခါမွာေတာ့ အခုလိုေျပာပါတယ္။

"နယ္စပ္ဂိတ္ေတြကေတာ့ ျမ၀တီခရိုင္ ျပည္သူက်န္းမားေရး၀န္ထမ္းေတြနဲ႔ ပူးေပါင္းျပီး သူတုိ႔ လုပ္ေနပါတယ္။"

ျမ၀တီခရိုင္ထဲမွာ တရုတ္ႏုိင္ငံအမ်ားအျပား ၀င္ထြက္ေနတာရွိျပီး ေရႊကုကၠိဳလ္ေနရာမွာေတာ့ တရုတ္ျမိဳ႕ေတာ္ တည္ေဆာက္ထားတာ ျဖစ္ၿပီး ေလာင္းကစား၀ုိင္းေတြ ကာစီႏုိ၀ုိင္းေတြနဲ႔ စည္ကားေနတာ ျဖစ္ပါတယ္။ အခုအခါမွာေတာ့ အဲဒီေနရာေတြထဲကို တရားမ၀င္ျဖတ္ေက်ာ္ သြားလာေနသူေတြကိုေတာ့ ထုိင္းဘက္က တင္းတင္းၾကပ္ၾကပ္ စစ္ေဆးမႈေတြ လုပ္ေနတာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ေတြတုန္းက တရုတ္ႏိုင္ငံသားေတြ အဖမ္းခံေနရတာေတြလည္း ရွိေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်တားဆီးရေး မြဝတီမြို့ ပညာပေးလှုံဆော်

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှု ပြုလုပ်ခဲ့တာပါ။ မြဝတီမြို့ဟာ နယ်စပ်ဝင်ပေါက် တခု ဖြစ်တာကြောင့် ဒီလမ်းကြောင်းကနေ မြန်မာပြည်အတွင်းပိုင်းထိ ကူးစက် ပြန့်ပွါးမယ့် အန္တရာယ်ကို စိုးရိမ်တာကြောင့် ကရင်ပြည်နယ် လွတ်တာ်ကိုယ်စားလှယ်တွေ၊ မြို့မိ၊ မြို့ဖတွေ ဦးဆောင်ပြီး မတ်လ ၅ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်တားဆီးရေး လှုပ်ရှားမှု လုပ်ခဲ့ကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြိုရဲ့ တဘက်ကမ်း ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်း လှုပ်ရှားမှုကို မတ်လ ၅ရက်နေ့ မနက်ပိုင်းက စတင်လုပ်ခဲ့တာလို့ ဦးဆောင်လှုပ်ရှားသူ တဦးလည်းဖြစ် ကရင်ပြည်နယ် မြဝတီမြို့က ပြည်သ့ူလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးသန့်ဇင်အောင်က အခုလိုပြောပြပါတယ်။

"နယ်စပ်ဂိတ်တွေကလည်း တရားဝင်က အမှတ် (၁) ချစ်ကြည့်ရေးတံတားနဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတားတွေတော့ ရှိတယ်။ ဒါ့အပြင် တရားမဝင်ဂိတ်တွေလည်း ရှိတယ။် ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးအသိကတော့ ရှိရမယ်။ ကျနော်တို့ နယ်စပ်က ကူးသွားပြီဆိုရင် မြန်မာပြည်အတွင်းပိုင်းကို ရောက်သွားမှာဆိုတော့ ကျနော်တို့လုပ်နိုင်တဲ့အပိုင်းကနေ လုပ်တာပေါ့နော်။"

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမူတွေဟာ နိုင်ငံတကာထိ ကူးစက်မှုတေ ွဖြစ်နေတာကြောင့် မြန်မာပြည်ဘက်မှာ ကျန်းမာရေး အသိတွေ ရှိဖို့နဲ့ ကူးစက်နိုင်တဲ့ အန္တရာယ်ကို ပြည်သူတွေကြားထဲမှာ ထဲထဲဝင်ဝင်သိအောင် လုပ်ဆောင်ရတာ ဖြစ်တယ်လို့လည်း ဦးသန့်ဇင်အောင်က ပြောပြပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်တွေ မြို့မိ၊ မြို့ဖတွေနဲ့ မြဝတီမြို့ရဲ့ လူစည်ကားတဲ့နေရာတွေရယ်၊ အမှတ် ၁၊ အမှတ် ၂ ချစ်ကြည်ရေး တံတားတွေရယ် နယ်ခြားစောင့်ဇုန်တွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့Covid-19 ပညာပေး campaign လုပ်တာပေါ့နော်။ အဓိက ဗီနိုင်းတွေ စိုက်ထူတယ် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကျန်းမာရေး သတိပေးချက်တွေ စတစ်ကာတွေ ကပ်ပြီး ထုတ်ပြန်တယ်။ ကျနော်တို့ ပါတီကို လာလှူထားတဲ့ နှာခေါင်းစည်းတွေ ဝေတယ်။ ဒါ့အပြင် ဒီလိုကာကွယ်ရေး ပညာပေးလုပ်နေတဲ့ အသင်းတွေ အဖွဲ့တွေအတွက် ကျနော်တို့ ပါတီက ရှိထားတဲ့ နှာခေါင်းစည်းတွေ လိုက်လှူဒါန်းတယ်။"

မြဝတီခရိုင်ထဲက နယ်ခြားစောင့်တပ်တွေ ထိမ်းချုပ်ထားတဲ့ ရွှေကုက္ကိုလ် ဒေသဟာ တရုတ်နိုင်ငံသားတွေ ဝင်ထွက် သွားလာမှု ပုံမှန် ရှိနေတာပါ။ ဒီ ရွေကုက္ကိုလ် ဘက်မှာရော ပညာပေးမူတွေ လုပ်ပါသလားလို မေးတဲ့အခါမှာတော့ အခုလိုပြောပါတယ်။

"နယ်စပ်ဂိတ်တွေကတော့ မြဝတီခရိုင် ပြည်သူကျန်းမားရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး သူတို့ လုပ်နေပါတယ်။"

မြဝတီခရိုင်ထဲမှာ တရုတ်နိုင်ငံအများအပြား ဝင်ထွက်နေတာရှိပြီး ရွှေကုက္ကိုလ်နေရာမှာတော့ တရုတ်မြို့တော် တည်ဆောက်ထားတာ ဖြစ်ပြီး လောင်းကစားဝိုင်းတွေ ကာစီနိုဝိုင်းတွေနဲ့ စည်ကားနေတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ အဲဒီနေရာတွေထဲကို တရားမဝင်ဖြတ်ကျော် သွားလာနေသူတွေကိုတော့ ထိုင်းဘက်က တင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေ လုပ်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ရက်တွေတုန်းက တရုတ်နိုင်ငံသားတွေ အဖမ်းခံနေရတာတွေလည်း ရှိနေပါတယ်ရှင်။

XS
SM
MD
LG