သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနယ်စပ်မှာ Coronavirus စစ်ဆေးရေး မြန်မာစတင်ဆောင်ရွက်


ကိုယ်ပူချိန်တိုင်းကိရိယာဖြင့် အဝင်အထွက် ခရီးသွားများ အပူချိန်ကို တိုင်းတာနေ။ (ဇန်နဝါရီ ၂၄၊ ၂၀၂၀)
ကိုယ်ပူချိန်တိုင်းကိရိယာဖြင့် အဝင်အထွက် ခရီးသွားများ အပူချိန်ကို တိုင်းတာနေ။ (ဇန်နဝါရီ ၂၄၊ ၂၀၂၀)

(Zawgyi/Unicode)

အိန္ဒိယ-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်း နန်းဖာလုံဈေးထဲမှာ အနီအောက်ရောင်ချည်သုံး ကိုယ်ပူချိန်တိုင်းကိရိယာတခုကို မြန်မာကျန်းမာရေးဌာန တာဝန်ရှိသူတွေက တပ်ဆင်ထားတယ်လို့ အိန္ဒိယအခြေစိုက် PTI သတင်းဌာန သတင်းတပုဒ်မှာ ရေး ထားပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုရေးမြို့ကနေ မြန်မာနိုင်ငံထဲကိုဝင်မယ့် အိန္ဒိယနိုင်ငံသားတွေကို coronavirus ပိုး ရှိမရှိ စမ်းသပ် စစ်ဆေးဖို့အတွက် အခုလိုချထားတာလို့ သတင်းမှာ ရေးထားပါတယ်။

မိုရေးမြို့ဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အချက်အချာနေရာဖြစ်ပြီး နေ့စဉ် ဟိုဘက်ဒီဘက် လူပေါင်းများစွာ အဝင် အထွက်လုပ်နေတဲ့နေရာဖြစ်ပါတယ်။

အလားတူ တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တွေမှာလည်း အဝင်အထွက် လုပ်နေသူတွေက နှစ်ဘက် တာဝန်ရှိသူတွေ က စမ်းသပ်စစ်ဆေးနေပါတယ်။

ဒီအတောအတွင်းမှာပဲ Wuhan မြို့မှာရောက်နေတဲ့ မြန်မာကျောင်းသား အယောက် ၆၀ ကို မြန်မာနိုင်ငံ ပြန်ခေါ်မယ့် အစီအစဉ် ပျက်သွားပါတယ်။ ကျောင်းသားတွေကို ပြန်ခေါ်ဖို့ စီစဉ်ထားတာကို မြန်မာတာဝန်ရှိသူတွေက ပယ်ဖျက်လိုက်တဲ့အကြောင်း မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်ကို ကိုးကားပြီး ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။

ကျောင်းသားတွေကို ဘတ်စ်ကားနဲ့ ပြန်ခေါ်ဖို့ စီစဉ်ထားတဲ့အကြောင်း ဘေဂျင်းမြို့မှာရှိတဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြီး ခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပြီးတဲ့နောက်မှာမှ အခုလို အစီအစဉ်ပျက်သွားတာပါ။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်ဆိုရင် ၁၄ ရက်ကြာပြီးတဲ့နောက်မှာမှ ရောဂါလက္ခဏာတွေ ပြလာတတ်တာကြောင့် အဲဒီကာလ ကျော်လွန်မှပဲ မြန်မာကျောင်းသားတွေကို ပြန်ခေါ်ဖို့ ဆုံးဖြတ်ချက် ချထားတယ်လို့ ဦးကျော်ရင်မြင့်က ပြောတဲ့ အကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)








XS
SM
MD
LG