သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သၾကၤန္ပြဲေတာ္ အရင္ႏွစ္ေတြလို မ႑ပ္ေတြေဆာက္ၿပီးမလုပ္ဖို႔ အစိုးရပန္ၾကား


၂၀၁၈ ခုႏွစ္ သၾကၤန္ (မွတ္တမ္းဓာတ္ပံု)

(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ ရွိေနတဲ့အတြက္ ဒီႏွစ္သၾကၤန္ပြဲေတာ္မွာ ခါတိုင္းႏွစ္ေတြကလို ၿမိဳ႕ေတာ္ဝန္မ႑ပ္ေတြ လုပ္ေတာ့မွာ မဟုတ္သလို မ႑ပ္ေတြေဆာက္ၿပီး စည္စည္ကားကားမလုပ္ဖို႔ အစိုးရအဖြဲ႔တာဝန္ရွိသူ တဦးက ေျပာပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္အေရးနဲ႔ ပတ္သက္ၿပီး ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ၾကာသပေတးေန႔႔က ဦးေဆာင္က်င္းပတဲ့ အစည္းအေဝးတခုၿပီးတဲ့ေနာက္ ျပန္ၾကားေရးဒုတိယဝန္ႀကီး ဦးေအာင္လွထြန္းက ဗီြအုိေအကို အဲဒီလိုေျပာတာပါ။ ဗိုင္းရပ္စ္အေရး သတင္းမွားျဖန္႔သူေတြကို အေရးယူဖို႔ ဆံုးျဖတ္ထားတယ္လုိ႔လည္း ဆိုပါတယ္။ ဆက္သြယ္ ေမးျမန္းထားတဲ့ မစုစုက ဆက္ေျပာျပပါမယ္။

အခုႏွစ္ ဧၿပီလကုန္အထိ လူစည္ကားတဲ့ ပြဲလမ္းသဘင္ေတြကုိ မလုပ္ဖုိ႔ အစုိးရကဆံုးျဖတ္ခ်က္ ခ်ခဲ့တယ္လို႔ အဲဒီအစည္းအေဝးကို တက္ေရာက္ခဲ့တဲ့ ျပန္ၾကားေရးဌာနက ဒုတိယဝန္ႀကီး ဦးေအာင္လွထြန္းက ဗီြအိုေအကိုေျပာပါတယ္။

“အဓိက ကေတာ့ က်ေနာ္တုိ႔က အမ်ားျပည္သူကို ဧၿပီလကုန္ထိပါ လူစည္ကားတဲ့ ပြဲလမ္းသဘင္ေတြ အခမ္းအနားေတြ မလုပ္ဖုိ႔အတြက္ပါ။ အဲဒါ ေမတၱာရပ္ခံမယ္၊ ပန္ၾကားမွာေပါ့။ အဓိကက ဒီသႀကၤန္တုိ႔ ဘာတို႔ဆိုတာကေလ ေရကလည္းဆိုတယ္၊ အဲဒီအေျခအေနမွာ ဒီဗို္င္းရပ္စ္က ပိုၿပီးေတာ့ ရွင္သန္တဲ့အေနအထား ရွိတာေပါ့ေနာ္။ အဲဒါေၾကာင့္ အဲဒီကာလေလးမွာ ေရွာင္ၾကဥ္ေနဖို႔ပါ။”

အခုလို ဆံုးျဖတ္လိုက္တာက ကုိရိုနာဗိုိင္းရပ္စ္ကို ကာကြယ္ဖုိ႔အတြက္ ျဖစ္ၿပီး သႀကၤန္ပြဲေတာ္ကို လံုးဝမျပဳလုပ္ဖို႔ တားျမစ္ပိတ္ပင္တာမ်ိဳး မဟုတ္ဘူးလို႔လည္း အခုလိုဆက္ေျပာပါတယ္။

“သိပ္ၿပီးေတာ့ မ႑ပ္ေတြဘာေတြ မေဆာက္ဖို႔ပါခင္ဗ်။ လူစည္ကားေအာင္ မလုပ္ဖို႔ေပါ့။ သို႔ေသာ္ တကိုယ္ရည္တကာယ ကိုယ့္ဟာနဲ႔ကုိယ္ ဒီဘာသာေရးသေဘာအရ လုပ္တာေတြကေတာ့ က်ေနာ္တုိ႔ မပိတ္ပင္ပါဘူး။ အဲဒီသေဘာ သက္ေရာက္မွာလည္း စုိးရိမ္ရပါတယ္။ မ႑ပ္ေတြ ေဆာက္ၿပီးေတာ့ေလ သိပ္ၿပီးေတာ့ စည္စည္ကားကား မက်င္းပဖုိ႔ အဲဒါေလးကို ေျပာတာပါခင္ဗ်။”

စုစု။ ။ အရင္တုန္းကဆုိရင္ေတာ့ ဒီရန္ကုန္ၿမိဳ႕ေတာ္ဝန္ မ႑ပ္တုိ႔၊ မႏၱေလးၿမိဳ႕ေတာ္ဝန္ မ႑ပ္တုိ႔ဆိုတာ အစဥ္အလာအရ ရွိတယ္ေလ။ အခုကေရာ ဒီအစုိးရမ႑ပ္ေတြ အပိုင္းကေရာဆရာ။

ဦးေအာင္လွထြန္း။ ။ က်ေနာ္တို႔ မရွိေတာ့ပါဘူး ခင္ဗ်။ အဲဒါေတာ့ အေသအခ်ာေျပာႏုိင္ပါတယ္။”

COVID- 19 ကိုရိုနာေရာဂါနဲ႔ ပတ္သက္ၿပီး ျပည္သူေတြကို အထိတ္တလန္႔ျဖစ္ေအာင္ သတင္းအမွားေတြ ျဖန္႔တဲ့သူေတြကိုလည္း ျပင္းျပင္းထန္ထန္ အေရးယူသြားဖို႔အတြက္ အခုအစည္းအေဝးမွာ ဆံုးျဖတ္ခဲ့တယ္လို႔ ဦးေအာင္လွထြန္းက ေျပာပါတယ္။

“အမ်ားျပည္သူ အထိတ္တလန္႔ျဖစ္ေအာင္ လုပ္ၾကံဖန္တီးထားတဲ့သတင္းေတြ ျဖန္႔ခ်ီတာကုိလည္း က်ေနာ္တုိ႔ အဲဒါကိုဟန္႔တား ကာကြယ္ဖို႔ အေလးအနက္ထား ေဆြးေႏြးခဲ့ၾကပါတယ္။ အဲဒါကိုလည္း ထိထိေရာက္ေရာက္ အေရးယူမယ္လို႔လည္း က်ေနာ္တို႔ ဆံုးျဖတ္ၾကပါတယ္ခင္ဗ်။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ ၾကာသပေတးည ၈ နာရီ သတင္းထုတ္ျပန္ခ်က္အရ COVID- 19 ေစာင့္ၾကည့္လူနာသစ္ ၁၄ ဦးကုိ သက္ဆိုင္ရာေဆးရံုေတြမွာ သီးျခားထားရွိ ကုသေပးေနျပီး အခုခ်ိန္ထိ ကိုရုိနာေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မရွိေသးဘူးလို႔ ေဖာ္ျပထားပါတယ္။

COVID- 19 ကိုရိုနာေရာဂါကို ကမာၻ႕ကပ္ေရာဂါအျဖစ္ သတ္မွတ္လိုက္ေၾကာင္း WHO ရဲ႕ ညႊန္ၾကားေရးမွဴးက ဂ်နီဗာရံုးခ်ဳပ္မွာ သတင္းေထာက္ေတြကို ဗုဒၶဟူးေန႔ကပဲ ေျပာခဲ့့ပါတယ္။ ဒီေရာဂါကူးစက္ခံေနရတဲ့ ႏုိင္ငံေပါင္းဟာလည္း ၁၀၀ ေက်ာ္ေနၿပီ ျဖစ္ပါတယ္။ ကူးစက္ႏႈန္းနဲ႔ ေသဆံုးသူတက္ေနတဲ့ ႏုိင္ငံေတြမွာ ဒီေရာဂါကိုထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ အသြားအလာေတြကိုလည္း ပိတ္ထားလိုက္ၿပီး အရွိန္ျမွင့္ေဆာင္ရြက္ေနၾကတာပါ။

တရုတ္ႏိုင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကိုရုိနာေရာဂါပုိးဟာ အျခားႏုိင္ငံေပါင္း ၁၂၄ ႏုိင္ငံကုိ ကူးစက္ခဲ့ၿပီး ဒီကေန႔ မတ္လ ၁၂ရက္မွာ ထြက္ရွိထားတဲ့ စာရင္းေတြအရ လူေပါင္း ၁၂၀,၀၀၀ ေက်ာ္ (၁၂၇,၇၉၉) ကူးစက္ခံထားရပါတယ္။ စုစုေပါင္း ေသဆံုးသူကေတာ့ ၄,၇၀၀ ေက်ာ္ (၄,၇၁၆) သြားၿပီျဖစ္ၿပီး တရုတ္ႏုိ္င္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သင်္ကြန်ပွဲတော် အရင်နှစ်တွေလို မဏ္ဍပ်တွေဆောက်ပြီးမလုပ်ဖို့ အစိုးရပန်ကြား

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ရှိနေတဲ့အတွက် ဒီနှစ်သင်္ကြန်ပွဲတော်မှာ ခါတိုင်းနှစ်တွေကလို မြို့တော်ဝန်မဏ္ဍပ်တွေ လုပ်တော့မှာ မဟုတ်သလို မဏ္ဍပ်တွေဆောက်ပြီး စည်စည်ကားကားမလုပ်ဖို့ အစိုးရအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ကြာသပတေးနေ့က ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးတခုပြီးတဲ့နောက် ပြန်ကြားရေးဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဗွီအိုအေကို အဲဒီလိုပြောတာပါ။ ဗိုင်းရပ်စ်အရေး သတင်းမှားဖြန့်သူတွေကို အရေးယူဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မစုစုက ဆက်ပြောပြပါမယ်။

အခုနှစ် ဧပြီလကုန်အထိ လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေကို မလုပ်ဖို့ အစိုးရကဆုံးဖြတ်ချက် ချခဲ့တယ်လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ပြန်ကြားရေးဌာနက ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဗွီအိုအေကိုပြောပါတယ်။

“အဓိက ကတော့ က်ေနာ္တို့က အများပြည်သူကို ဧပြီလကုန်ထိပါ လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေ အခမ်းအနားတွေ မလုပ်ဖို့အတွက်ပါ။ အဲဒါ မေတ္တာရပ်ခံမယ်၊ ပန်ကြားမှာပေါ့။ အဓိကက ဒီသင်္ကြန်တို့ ဘာတို့ဆိုတာကလေ ရေကလည်းဆိုတယ်၊ အဲဒီအခြေအနေမှာ ဒီဗိုင်းရပ်စ်က ပိုပြီးတော့ ရှင်သန်တဲ့အနေအထား ရှိတာပေါ့နော်။ အဲဒါကြောင့် အဲဒီကာလလေးမှာ ရှောင်ကြဉ်နေဖို့ပါ။”

အခုလို ဆုံးဖြတ်လိုက်တာက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် ဖြစ်ပြီး သင်္ကြန်ပွဲတော်ကို လုံးဝမပြုလုပ်ဖို့ တားမြစ်ပိတ်ပင်တာမျိုး မဟုတ်ဘူးလို့လည်း အခုလိုဆက်ပြောပါတယ်။

“သိပ်ပြီးတော့ မဏ္ဍပ်တွေဘာတွေ မဆောက်ဖို့ပါခင်ဗျ။ လူစည်ကားအောင် မလုပ်ဖို့ပေါ့။ သို့သော် တကိုယ်ရည်တကာယ ကိုယ့်ဟာနဲ့ကိုယ် ဒီဘာသာရေးသဘောအရ လုပ်တာတွေကတော့ ကျနော်တို့ မပိတ်ပင်ပါဘူး။ အဲဒီသဘော သက်ရောက်မှာလည်း စိုးရိမ်ရပါတယ်။ မဏ္ဍပ်တွေ ဆောက်ပြီးတော့လေ သိပ်ပြီးတော့ စည်စည်ကားကား မကျင်းပဖို့ အဲဒါလေးကို ပြောတာပါခင်ဗျ။”

စုစု။ ။ အရင်တုန်းကဆိုရင်တော့ ဒီရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တို့၊ မန္တလေးမြို့တော်ဝန် မဏ္ဍပ်တို့ဆိုတာ အစဉ်အလာအရ ရှိတယ်လေ။ အခုကရော ဒီအစိုးရမဏ္ဍပ်တွေ အပိုင်းကရောဆရာ။

ဦးအောင်လှထွန်း။ ။ ကျနော်တို့ မရှိတော့ပါဘူး ခင်ဗျ။ အဲဒါတော့ အသေအချာပြောနိုင်ပါတယ်။”

COVID- 19 ကိုရိုနာရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် သတင်းအမှားတွေ ဖြန့်တဲ့သူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားဖို့အတွက် အခုအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ်။

“အများပြည်သူ အထိတ်တလန့်ဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့သတင်းတွေ ဖြန့်ချီတာကိုလည်း ကျနော်တို့ အဲဒါကိုဟန့်တား ကာကွယ်ဖို့ အလေးအနက်ထား ဆွေးနွေးခဲ့ကြပါတယ်။ အဲဒါကိုလည်း ထိထိရောက်ရောက် အရေးယူမယ်လို့လည်း ကျနော်တို့ ဆုံးဖြတ်ကြပါတယ်ခင်ဗျ။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ကြာသပတေးည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ COVID- 19 စောင့်ကြည့်လူနာသစ် ၁၄ ဦးကို သက်ဆိုင်ရာဆေးရုံတွေမှာ သီးခြားထားရှိ ကုသပေးနေပြီး အခုချိန်ထိ ကိုရိုနာရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။

COVID- 19 ကိုရိုနာရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ကြောင်း WHO ရဲ့ ညွှန်ကြားရေးမှူးက ဂျနီဗာရုံးချုပ်မှာ သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့ကပဲ ပြောခဲ့ပါတယ်။ ဒီရောဂါကူးစက်ခံနေရတဲ့ နိုင်ငံပေါင်းဟာလည်း ၁၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ ကူးစက်နှုန်းနဲ့ သေဆုံးသူတက်နေတဲ့ နိုင်ငံတွေမှာ ဒီရောဂါကိုထိန်းချုပ်နိုင်ဖို့အတွက် အသွားအလာတွေကိုလည်း ပိတ်ထားလိုက်ပြီး အရှိန်မြှင့်ဆောင်ရွက်နေကြတာပါ။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၁၂၄ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၁၂ရက်မှာ ထွက်ရှိထားတဲ့ စာရင်းတွေအရ လူပေါင်း ၁၂၀,၀၀၀ ကျော် (၁၂၇,၇၉၉) ကူးစက်ခံထားရပါတယ်။ စုစုပေါင်း သေဆုံးသူကတော့ ၄,၇၀၀ ကျော် (၄,၇၁၆) သွားပြီဖြစ်ပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG