သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗုဒၶဂယာေရာက္ ျမန္မာႏုိင္ငံသား ၂,၀၀၀ ေက်ာ္ မတ္ ၂၂ အၿပီး ျပန္ေခၚမယ္


အိႏၵိယႏိုင္ငံ ဗုဒၶဂယာ (မွတ္တမ္းဓာတ္ပံု - ဇန္န၀ါရီ ၂၃၊ ၂၀၀၈)

(Zawgyi/Unicode)

ဗုဒၶဂယာမွာ ေရာက္ေနတဲ့ ျမန္မာႏုိင္ငံသား ၂,၀၀၀ ေက်ာ္ကို မတ္လ ၂၂ ရက္ေန႔မွာ အားလံုး ျပန္ေခၚမွာျဖစ္တယ္လုိ႔ ဗုဒၶဂယာ ဘုရားဖူးေကာ္္မတီဥကၠ႒ ဦးေမာင္ျမင့္က ဗီြအိုေအကိုေျပာပါတယ္။ ကမာၻ႔ႏုိင္ငံအသီးသီးက ဗုဒၶဂယာဘုရားဖူး ခရီးသြားေတြကို မတ္လ ၁၃ ရက္ေန႔ကေန ဧၿပီလ ၁၅ ရက္ေန႔အထိ ပိတ္ပင္လိုက္တဲ့အေၾကာင္း အိႏိၵယအစိုးရက ေၾကညာၿပီးတဲ့ေနာက္ အခုလို ျပန္ေခၚဖို႔ စီစဥ္ထားတာပါ။ ဗီြအိုေအသတင္းေထာက္ မအိမ့္သႏၲာထြန္းက ဆက္ေျပာျပပါမယ္။

🔹 ျမန္မာမွာ COVID-19 စစ္ေဆးဖို႔ လူ ၃,၀၀၀ ေက်ာ္အတြက္ လိုအပ္ပစၥည္း အဆင္သင့္ ရွိတဲ့အေၾကာင္းလည္း ဖတ္ရႈႏို္င္ပါၿပီ။

ကိုရိုနာဗိုင္းရပ္စ္ကို တားဆီးဖို႔အတြက္ ကမၻာနိုင္ငံအသီးသီးက ခရီးသြားေတြကို မတ္လ ၁၃ ရက္ေန႔ကေန ဧၿပီ ၁၅ ရက္ေန႔အထိ အိႏၵိယက နိုင္ငံအတြင္း ဝင္ေရာက္ခြင့္ကို ပိတ္ပင္ထားတာေၾကာင့္ ျမန္မာနိုင္ငံကေန ဗုဒၶဂယာကို ဘုရားဖူးေရာက္ေနၾကတဲ့ ျမန္မာေတြကို ျပန္ေခၚနိုင္ဖို႔ အိႏၵိယသံ႐ုံးနဲ႔ ေဆြးေႏြးၿပီး လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔ ဗုဒၶဂယာ ဘုရားဖူး လုပ္ငန္းေကာ္မတီ ဥကၠ႒ ဦးေမာင္ျမင့္ကေျပာပါတယ္။

“သူတို႔ကို ေလယာဥ္ပ်ံေတြ အသီးသီးေတြနဲ႔ ဒီလ ၂၂ ရက္ေန႔ ေနာက္ဆုံးထားၿပီး အၿပီးျပန္ေခၚေတာ့မယ္။ အဲ့ေတာ့ အားလုံး save ျဖစ္ပါတယ္။ Panic မျဖစ္ၾကပါနဲ႔ ဗမာျပည္မွာ Panic အရမ္းျဖစ္ေနၾကတယ္။ အဲ့ေတာ့ က်ေနာ္ ဒါကို ထည့္ေျပာခ်င္ပါတယ္။”

ဗုဒၶဂယာကို ေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားအေရအတြက္ ၂၅၀၀ ေက်ာ္ရွိၿပီး ကုမၸဏီေတြရဲ႕ အစီအစဥ္နဲ႔ သြားၾကတာျဖစ္တဲ့ အတြက္ သက္ဆိုင္ရာကုမၸဏီေတြက အသုတ္လိုက္ ျပန္ေခၚဖို႔ စီစဥ္ေနတာပါ။ ဒါေၾကာင့္ ျမန္မာနိုင္ငံမွာ က်န္ေနခဲ့ၾကတဲ့ မိသားစုဝင္ေတြအေနနဲ႔လည္း အရမ္းစိတ္မပူၾကဖို႔ ဦးေမာင္ျမင့္က ေျပာပါတယ္။

ဘုရားဖူးခရီးသြားေတြကို ျပန္ေခၚနိုင္ဖို႔ ဗုဒၶဂယာ ဘုရားဖူး လုပ္ငန္းေကာ္မတီက စီစဥ္ေဆြးေနီးေနတာေတြကိုလည္း ဦးေမာင္ျမင့္က အခုလို ေျပာျပပါတယ္။

“အိႏၵိယ Air လိုင္းေတြ Air India တို႔ နဲ႔ ျပန္လို႔ရပါတယ္ဆိုတဲ့ အေၾကာင္း ဝင္လို႔သာမ၇ေတာ့တာ ျပန္လို႔ရတဘ္ဆိုတဲ့အေၾကာင္း ဟိုဘက္မွာေရာက္ေတဲ့ ဗမာခ၇ီးသည္ေတြအတြက္ စိတ္မပူပါနဲ႔ဆိုတဲ့အေၾကာင္းကို က်ေနာ္တို႔ ေျပာလိုက္တယ္။ ေျပာလိုက္ေတာ့မွ က်ေနာ္တို႔ က က်န္တဲ့ အလုပ္ေတြအေနနဲ ဒီဘက္မွာရွိတဲ့ Shutter Flight ကုမၸဏီေတြနဲ႔ ဒီေန႔ ၂ နာရီမွာ က်ေနာ္တို႔ အစည္းအေဝးအားလုံး က်က်နန လုပ္ၿပီးေတာ့ စနစ္တက်လုပ္ေဆာင္ထားတဲ့ လူပ္ေဆာင္ခ်က္ေတြ အကုန္လုံးကို က်ေနာ္က ေၾကညာခ်က္ ၂ ဆိုၿပီး ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။”

ဗုဒၶဂယာကို ခရိးသည္ပို႔ေဆာင္ေပးေနတဲ့ ကုမၸဏီေတြကေန လက္မွတ္ဝယ္ယူထားၾကတဲ့ ခ၇ီးသည္ေတြကို မိမိတို႔လိုက္ပါရမယ့္ ေန႔ရက္နဲ႔ ေလေၾကာင္းတို႔ကို စနစ္တက် သတင္းပို႔ထားၿပီးျဖစ္သလို ထြက္ခြာမယ့္ ေန႔ရက္နဲ႔ အခ်ိန္တို႔ကို အေၾကာင္းေၾကာင္းေၾကာင့္ မသိရွိရေသးရင္လဲ အေရာင္းကိုယ္စားလွယ္နဲ႔ လုပ္ငန္းေကာ္မတီတို႔ဆီ ဆက္သြယ္စုံစမ္းနိုင္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔က အိႏၵိယနိုင္ငံ၊ ဘီဟာျပည္နယ္၊ ဂါယာအျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ျမန္မာနိုင္ငံသားတဦးကို COVID-19 ေရာဂါ သံသယလကၡဏာေတြနဲ႔ ေတြ႕ရွိခဲ့တယ္လို႔ အိႏိၵယသတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့ စစ္ေဆးၿပီးတဲ့ေနာက္ ေရာဂါမရွိတဲ့အတြက္ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔မွာ ေဆး႐ံုကဆင္းခြင့္ျပဳခဲ့ပါတယ္။

အိႏိၵယႏုိင္္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မတ္လ ၁၂ ရက္ေန႔မွာ ပထမဆံုး ေသဆံုးသူ တဦးရွိခဲ့ၿပီး ေရာဂါပိုးကူးစက္ထားသူ ၈၀ ေက်ာ္ရွိတဲ့အေၾကာင္း အိႏိၵယ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဗုဒ္ဓဂယာရောက် မြန်မာနိုင်ငံသား ၂,၀၀၀ ကျော် မတ် ၂၂ အပြီး ပြန်ခေါ်မယ်

ဗုဒ္ဓဂယာမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ၂,၀၀၀ ကျော်ကို မတ်လ ၂၂ ရက်နေ့မှာ အားလုံး ပြန်ခေါ်မှာဖြစ်တယ်လို့ ဗုဒ္ဓဂယာ ဘုရားဖူးကော်မတီဥက္ကဋ္ဌ ဦးမောင်မြင့်က ဗွီအိုအေကိုပြောပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ဗုဒ္ဓဂယာဘုရားဖူး ခရီးသွားတွေကို မတ်လ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၅ ရက်နေ့အထိ ပိတ်ပင်လိုက်တဲ့အကြောင်း အိန္ဒိယအစိုးရက ကြေညာပြီးတဲ့နောက် အခုလို ပြန်ခေါ်ဖို့ စီစဉ်ထားတာပါ။ ဗွီအိုအေသတင်းထောက် မအိမ့်သန္တာထွန်းက ဆက်ပြောပြပါမယ်။

🔹 မြန်မာမှာ COVID-19 စစ်ဆေးဖို့ လူ ၃,၀၀၀ ကျော်အတွက် လိုအပ်ပစ္စည်း အဆင်သင့် ရှိတဲ့အကြောင်းလည်း ဖတ်ရှုနိုင်ပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးဖို့အတွက် ကမ္ဘာနိုင်ငံအသီးသီးက ခရီးသွားတွေကို မတ်လ ၁၃ ရက်နေ့ကနေ ဧပြီ ၁၅ ရက်နေ့အထိ အိန္ဒိယက နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားတာကြောင့် မြန်မာနိုင်ငံကနေ ဗုဒ္ဓဂယာကို ဘုရားဖူးရောက်နေကြတဲ့ မြန်မာတွေကို ပြန်ခေါ်နိုင်ဖို့ အိန္ဒိယသံရုံးနဲ့ ဆွေးနွေးပြီး လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဗုဒ္ဓဂယာ ဘုရားဖူး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမောင်မြင့်ကပြောပါတယ်။

“သူတို့ကို လေယာဉ်ပျံတွေ အသီးသီးတွေနဲ့ ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး အပြီးပြန်ခေါ်တော့မယ်။ အဲ့တော့ အားလုံး save ဖြစ်ပါတယ်။ Panic မဖြစ်ကြပါနဲ့ ဗမာပြည်မှာ Panic အရမ်းဖြစ်နေကြတယ်။ အဲ့တော့ ကျနော် ဒါကို ထည့်ပြောချင်ပါတယ်။”

ဗုဒ္ဓဂယာကို ရောက်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက် ၂၅၀၀ ကျော်ရှိပြီး ကုမ္ပဏီတွေရဲ့ အစီအစဉ်နဲ့ သွားကြတာဖြစ်တဲ့ အတွက် သက်ဆိုင်ရာကုမ္ပဏီတွေက အသုတ်လိုက် ပြန်ခေါ်ဖို့ စီစဉ်နေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကျန်နေခဲ့ကြတဲ့ မိသားစုဝင်တွေအနေနဲ့လည်း အရမ်းစိတ်မပူကြဖို့ ဦးမောင်မြင့်က ပြောပါတယ်။

ဘုရားဖူးခရီးသွားတွေကို ပြန်ခေါ်နိုင်ဖို့ ဗုဒ္ဓဂယာ ဘုရားဖူး လုပ်ငန်းကော်မတီက စီစဉ်ဆွေးနေီးနေတာတွေကိုလည်း ဦးမောင်မြင့်က အခုလို ပြောပြပါတယ်။

“အိန္ဒိယ Air လိုင်းတွေ Air India တို့ နဲ့ ပြန်လို့ရပါတယ်ဆိုတဲ့ အကြောင်း ဝင်လို့သာမ၇တော့တာ ပြန်လို့ရတဘ်ဆိုတဲ့အကြောင်း ဟိုဘက်မှာရောက်တေဲ့ ဗမာခရီးသည်တွေအတွက် စိတ်မပူပါနဲ့ဆိုတဲ့အကြောင်းကို ကျနော်တို့ ပြောလိုက်တယ်။ ပြောလိုက်တော့မှ ကျနော်တို့ က ကျန်တဲ့ အလုပ်တွေအနေနဲ ဒီဘက်မှာရှိတဲ့ Shutter Flight ကုမ္ပဏီတွေနဲ့ ဒီနေ့ ၂ နာရီမှာ ကျနော်တို့ အစည်းအဝေးအားလုံး ကျကျနန လုပ်ပြီးတော့ စနစ်တကျလုပ်ဆောင်ထားတဲ့ လူပ်ဆောင်ချက်တွေ အကုန်လုံးကို ကျနော်က ကြေညာချက် ၂ ဆိုပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။”

ဗုဒ္ဓဂယာကို ခရိးသည်ပို့ဆောင်ပေးနေတဲ့ ကုမ္ပဏီတွေကနေ လက်မှတ်ဝယ်ယူထားကြတဲ့ ခရီးသည်တွေကို မိမိတို့လိုက်ပါရမယ့် နေ့ရက်နဲ့ လေကြောင်းတို့ကို စနစ်တကျ သတင်းပို့ထားပြီးဖြစ်သလို ထွက်ခွာမယ့် နေ့ရက်နဲ့ အချိန်တို့ကို အကြောင်းကြောင်းကြောင့် မသိရှိရသေးရင်လဲ အရောင်းကိုယ်စားလှယ်နဲ့ လုပ်ငန်းကော်မတီတို့ဆီ ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာနိုင်ငံသားတဦးကို COVID-19 ရောဂါ သံသယလက္ခဏာတွေနဲ့ တွေ့ရှိခဲ့တယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဆေးပြီးတဲ့နောက် ရောဂါမရှိတဲ့အတွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဆေးရုံကဆင်းခွင့်ပြုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လ ၁၂ ရက်နေ့မှာ ပထမဆုံး သေဆုံးသူ တဦးရှိခဲ့ပြီး ရောဂါပိုးကူးစက်ထားသူ ၈၀ ကျော်ရှိတဲ့အကြောင်း အိန္ဒိယ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG