သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံ ကုိ႐ုိနာဗုိင္းရပ္စ္ ကာကြယ္ေရးအစီအစဥ္အေပၚ ပညာရွင္ေတြအျမင္


(Zawgyi/Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈအႏၱရာယ္ ကာကြယ္တားဆီးေရး ျမန္မာႏုိင္ငံက အရွိန္ျမွင့္ေဆာင္ရြက္ဖုိ႔ ႀကိဳးပမ္းေနေပမဲ့ လုံေလာက္မႈ ရွိပါ့မလားဆုိတာကုိ က်န္းမာေရး ပညာရွင္ေတြ စုိးရိမ္ေနၾကပါတယ္။

လူစုလူေ၀းနဲ႔ အခမ္းအနားေတြကုိ ကန္႔သတ္တာေတြ အပါအ၀င္ ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္မယ့္ အစီအစဥ္ေတြကုိ အရွိန္ျမွင့္မယ့္အေၾကာင္း ျမန္မာသမၼတ႐ုံးက ေၾကညာခဲ့ၿပီးေနာက္ အခုလုိ ေျပာဆုိလုိက္ၾကတာပါ။ အျပည့္အစုံကုိေတာ့ ဆက္သြယ္ ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူမရွိေသးဘူးလုိ႔ ဆုိေပမဲ့ ႀကိဳတင္ကာကြယ္တဲ့ အစီအစဥ္ေတြကုိ တုိးျမွင့္မယ့္အေၾကာင္း ျမန္မာအစုိးရ သမၼတ႐ုံးက ေသာၾကာေန႔မွာပဲ ေၾကညာလုိက္တာပါ။

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈဟာ ကမာၻ႔ကပ္ေရာဂါအဆင့္အထိ ပ်ံ႕ႏွံ႔လာေနၿပီျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) က ဒီသီတင္းပတ္ထဲ ေၾကညာၿပီးေနာက္မွာပဲ လူအမ်ားအျပား တက္ေရာက္တဲ့ အခမ္းအနား က်င္းပတာေတြ အပါအ၀င္ ကူးစက္မႈတားဆီးေရး အစီအစဥ္ေတြကုိ တုိးျမွင့္ေဆာင္ရြက္မယ့္အေၾကာင္း သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာဆုိလုိက္တာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း လုံေလာက္မႈ ရွိရဲ႕လား ဆုိတဲ့အေပၚမွာေတာ့ အေမရိကန္ အင္ဒီယားနားျပည္နယ္မွာေနတဲ့ အျငိမ္းစား ျမန္မာ ဆရာဝန္ႀကီးျဖစ္သူ ေဒါက္တာ တင့္ေဆြ ကေမးခြန္းထုတ္ပါတယ္။

“အစိုးရက ဘာေတြလုပ္ေနသလဲဆိုတာကေတာ့ အေသးစိတ္ေတာ့ မသိဘူး။ ပိုၿပီးေတာ့ လုပ္လာတာကေတာ့ က်ေနာ္ေတြ႔တယ္ခင္ဗ်။ ဒါေပမယ့္ အခုလို ျဖစ္ေနတဲ့ ကိစၥမွာ ေျပာစရာ ၂ ခ်က္ရွိပါတယ္။ အစိုးရပိုင္း သို႔မဟုတ္ အုပ္ခ်ဳပ္ေရးပိုင္းမွာ တာ၀န္ရွိတဲ့ အပိုင္းက တခုနဲ႔ ျပည္သူလူထုအပိုင္းက တခု ။ ၂ ခုစလံုးမွာ အားနည္းခ်က္ေတြ ရွိေနတယ္လို႔ က်ေနာ္ ေတြ႔ရတယ္။ အစိုးရက ပြင့္လင္းျမင္သာမႈလို႔ ေခၚတဲ့ ထိေရာက္တဲ့ေျဖရွင္းခ်က္ေတြ ေၾကညာခ်က္ေတြ လုပ္ေဆာင္ေနတာက အေတာ္ကို နည္းေနေသးတယ္ လို႔ က်ေနာ္ျမင္တယ္။ ေနာက္တခါ ျပည္သူလူထုၾကားမွာ ကာကြယ္နည္း ၊ ကုသနည္း သတင္းအခ်က္အလက္ေတြေရာ မမွန္ကန္တဲ့သတင္းေတြ၊ မဟုတ္တဲ့သတင္းေတြ အခ်က္အလက္ေတြ ေတာ္ေတ္ာမ်ားမ်ား ပလူပ်ံေအာင္ ျဖန္႔ေနတယ္။ အဲလို မမွန္တာေတြဆိုရင္ ပိုၿပီးေတာ့ စိတ္၀င္စားၿပီး ျဖန္႔ၾကတယ္ဆိုေတာ့ ျမန္မာႏို္င္ငံရဲ႕ အေျခအေနဟာ ဒီအားနည္းခ်က္ ၂ ခုေၾကာင့္ တကယ့္ကို ကမာၻလံုးဆိုင္ရာ ကပ္ေရာဂါတခုကို ကိုင္တြယ္ ေျဖရွင္းတဲ့ေနရာမွာ ေတာ္ေတာ္ကို စိုးရိမ္စရာေကာင္းတဲ့ အေျခအေနတရပ္လို႔ ျမင္ပါတယ္။”

သမၼတ႐ုံးရဲ႕ ေၾကညာခ်က္ထဲမွာ လူစုလူေဝးနဲ႔က်င္းပတဲ့ အခမ္းအနားေတြ၊ ပြဲလမ္းသဘင္ေတြ မျပဳလုပ္ၾကဖို႔ တားျမစ္ထားၿပီး၊ ႐ုိးရာသႀကၤန္ပြဲေတာ္အတြက္ မ႑ပ္ေဆာက္လုပ္ က်င္းပတာမ်ဳိး မလုပ္ၾကဖို႔ကိုလည္း ဟန္႔တားထားပါတယ္။ ဒါေပမဲ့ တတိုင္းျပည္လုံးအတုိင္းအတာနဲ႔ ျပည္သူေတြ သႀကၤန္ပြဲေတာ္ လုံးဝ မလုပ္ဖို႔အထိ တားျမစ္တာမ်ဳိးေတာ့ မရွိေသးပါဘူး။ လူအမ်ားစုေဝးႏိုင္တဲ့ သႀကၤန္လိုပြဲေတာ္မ်ဳိးကို က်င္းပမလား ပိတ္ပင္မလားဆိုတာကိုေတာ့ အစိုးရက အမ်ဳိးသားေရး ျပႆနာတရပ္အျဖစ္ ရႈျမင္ ဆုံးျဖတ္သင့္တယ္လို႔ ေဒါက္တာ တင့္ေဆြကျမင္ပါတယ္။

“ က်ေနာ္တို႔ သႀကၤန္မွာ လူအားလံုးက ေရပက္ၾကတယ္။ ဆိုေတာ့ မ်က္စိ ၊ မ်က္ႏွာ စသျဖင့္ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈဟာ မ်က္စိ ၊ မ်က္ႏွာ၊ ႏွာေခါင္း စသျဖင့္ေပါ့ေနာ္ ဒီေနရာေတြကို ထိေတြ႔တာကေန ကူးစက္တယ္။ က်ေန္ာတို႔ ေရပက္လို႔ ကုိ႐ုိနာဗုိင္းရပ္စ္ မကူးဘူးဆိုတာက ေျပာလို႔မရတဲ့အတြက္ တကယ္လို႔မ်ား သႀကၤန္ပြဲကေန ကုိ႐ုိနာဗုိင္းရပ္စ္ ျဖစ္ရင္ေတာ့ ဒါက ေဆးသုေတသနေတာင္ အသစ္ျဖစ္ရလိမ့္မယ္။ ဆိုေတာ့ အဲဒီအထိကို ေတြးၿပီးေတာ့ သႀကၤန္ပြဲလုပ္မလား ၊ ပိတ္မလား ဆိုတဲ့ အခ်က္ေတြကို ႏိုင္ငံေရး ဆံုးျဖတ္ခ်က္ေတြ လုပ္သင့္တယ္လို႔ ျမင္ပါတယ္။”

ကုိ႐ုိနာဗုိင္းရပ္စ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ ျမန္မာႏိုင္ငံမွာ အမ်ဳိးသားအဆင့္ ဗဟိုေကာ္မတီကုိလည္း ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ၿပီး ဖဲြ႔စည္းခဲ့တာပါ။ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမဳိ႕မွာ ကုိ႐ုိနာဗုိင္းရပ္စ္ ေဝဒနာရွင္ေတြကို ကိုယ္တိုင္ေဆးကုသေပးေနတဲ့ ျမန္မာႏြယ္ဖြား ဆရာဝန္ ေဒါက္တာ ေဇယ်ာသက္ကေတာ့ ေရာဂါတုိက္ဖ်က္ေရးမွာ ေဒသႏၱရအစုိးရေတြရဲ႕ အခမ္းက႑ကုိပါ ျမွင့္တင္ဖုိ႔လုိတယ္လုိ႔ အႀကံျပဳပါတယ္။

“အခုလက္ရွိ က်ေနာ္လည္း ေတြ႔ပါတယ္ ေကာလဟာလ သတင္းေတြ ျဖစ္တယ္။ လူေတြ ထိတ္လန္႔ဖြယ္ရာ သတင္းေတြကို ေလွ်ာက္တင္တာေတြလည္း ျဖစ္တယ္။ ဆိုေတာ့ အစိုးရပိုင္းအေနနဲ႔ ရန္ကုန္တိုင္းဆိုရင္ ရန္ကုန္တိုင္း၊ ပဲခူးတိုင္းဆိုရင္ ပဲခူးတိုင္း ၀န္ႀကီးခ်ဳပ္ေတြအေနနဲ႔ တာ၀န္ခံမႈ တာ၀န္ယူမႈ အပိုင္းေတြ သူတို႔အေနနဲ႔ လူေတြကို ရွင္းလင္းျပသေပးရမယ္။ သတင္းစာရွင္းလင္းပြဲလုပ္တာမ်ိဳးေပါ့ေနာ္ ဥပမာ ၅ မိႏွစ္ျဖစ္ေစ၊ ၁၀ မိႏွစ္ျဖစ္ေစ ဒါက က်ေနာ္တို႔ တိုင္းျပည္မွာရွိတဲ့ လူေတြကို Confidence level ေပးတာပါ။ ဒါမ်ိဳးမလုပ္ရင္ေတာ့ ေကာလဟာလဆိုတာက အရမ္းျပန္႔လြယ္တဲ့ သတင္းတခုပါ ။ ဒီေန႔ က်ေနာ္တို႔ US မွာလိုေပါ့ ျဖစ္ေနတဲ့ အရပ္ေဒသကို မူတည္ၿပီးေတာ့ special power ေပးလိုက္ပါတယ္။”

ကို႐ုိနာဗိုင္းရပ္စ္နဲ႔ပတ္သက္လို႔ လူထုၾကား အထိန္႔တလန္႔ျဖစ္ေစမယ့္ ေကာလာဟလသတင္းေတြ မျဖန္႔ၾကဖို႔နဲ႔ မမွန္သတင္းျဖန္႔ၿပီး ကုန္ေစ်းႏႈန္း မတည္ၿငိမ္ေအာင္ လႈံ႔ေဆာ္သူေတြကို ထိေရာက္စြာ အေရးယူသြားမွာျဖစ္တယ္လို႔ ျမန္မာသမၼတ႐ုံး ေျပာခြင့္ရ ဦးေဇာ္ေဌးက မတ္လ(၁၃) ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

မြန်မာနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအစီအစဉ်အပေါ် ပညာရှင်တွေအမြင်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် ကာကွယ်တားဆီးရေး မြန်မာနိုင်ငံက အရှိန်မြှင့်ဆောင်ရွက်ဖို့ ကြိုးပမ်းနေပေမဲ့ လုံလောက်မှု ရှိပါ့မလားဆိုတာကို ကျန်းမာရေး ပညာရှင်တွေ စိုးရိမ်နေကြပါတယ်။ လူစုလူဝေးနဲ့ အခမ်းအနားတွေကို ကန့်သတ်တာတွေ အပါအဝင် ကူးစက်မှုတွေကို ထိန်းချုပ်မယ့် အစီအစဉ်တွေကို အရှိန်မြှင့်မယ့်အကြောင်း မြန်မာသမ္မတရုံးက ကြေညာခဲ့ပြီးနောက် အခုလို ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူမရှိသေးဘူးလို့ ဆိုပေမဲ့ ကြိုတင်ကာကွယ်တဲ့ အစီအစဉ်တွေကို တိုးမြှင့်မယ့်အကြောင်း မြန်မာအစိုးရ သမ္မတရုံးက သောကြာနေ့မှာပဲ ကြေညာလိုက်တာပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ကမ္ဘာ့ကပ်ရောဂါအဆင့်အထိ ပျံ့နှံ့လာနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီသီတင်းပတ်ထဲ ကြေညာပြီးနောက်မှာပဲ လူအများအပြား တက်ရောက်တဲ့ အခမ်းအနား ကျင်းပတာတွေ အပါအဝင် ကူးစက်မှုတားဆီးရေး အစီအစဉ်တွေကို တိုးမြှင့်ဆောင်ရွက်မယ့်အကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လုံလောက်မှု ရှိရဲ့လား ဆိုတဲ့အပေါ်မှာတော့ အမေရိကန် အင်ဒီယားနားပြည်နယ်မှာနေတဲ့ အငြိမ်းစား မြန်မာ ဆရာဝန်ကြီးဖြစ်သူ ဒေါက်တာ တင့်ဆွေ ကမေးခွန်းထုတ်ပါတယ်။

“အစိုးရက ဘာတွေလုပ်နေသလဲဆိုတာကတော့ အသေးစိတ်တော့ မသိဘူး။ ပိုပြီးတော့ လုပ်လာတာကတော့ ကျနော်တွေ့တယ်ခင်ဗျ။ ဒါပေမယ့် အခုလို ဖြစ်နေတဲ့ ကိစ္စမှာ ပြောစရာ ၂ ချက်ရှိပါတယ်။ အစိုးရပိုင်း သို့မဟုတ် အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိတဲ့ အပိုင်းက တခုနဲ့ ပြည်သူလူထုအပိုင်းက တခု ။ ၂ ခုစလုံးမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ကျနော် တွေ့ရတယ်။ အစိုးရက ပွင့်လင်းမြင်သာမှုလို့ ခေါ်တဲ့ ထိရောက်တဲ့ဖြေရှင်းချက်တွေ ကြေညာချက်တွေ လုပ်ဆောင်နေတာက အတော်ကို နည်းနေသေးတယ် လို့ ကျနော်မြင်တယ်။ နောက်တခါ ပြည်သူလူထုကြားမှာ ကာကွယ်နည်း ၊ ကုသနည်း သတင်းအချက်အလက်တွေရော မမှန်ကန်တဲ့သတင်းတွေ၊ မဟုတ်တဲ့သတင်းတွေ အချက်အလက်တွေ တော်တေ်ာများများ ပလူပျံအောင် ဖြန့်နေတယ်။ အဲလို မမှန်တာတွေဆိုရင် ပိုပြီးတော့ စိတ်ဝင်စားပြီး ဖြန့်ကြတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒီအားနည်းချက် ၂ ခုကြောင့် တကယ့်ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတခုကို ကိုင်တွယ် ဖြေရှင်းတဲ့နေရာမှာ တော်တော်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေတရပ်လို့ မြင်ပါတယ်။”

သမ္မတရုံးရဲ့ ကြေညာချက်ထဲမှာ လူစုလူဝေးနဲ့ကျင်းပတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မပြုလုပ်ကြဖို့ တားမြစ်ထားပြီး၊ ရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ် ကျင်းပတာမျိုး မလုပ်ကြဖို့ကိုလည်း ဟန့်တားထားပါတယ်။ ဒါပေမဲ့ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ပြည်သူတွေ သင်္ကြန်ပွဲတော် လုံးဝ မလုပ်ဖို့အထိ တားမြစ်တာမျိုးတော့ မရှိသေးပါဘူး။ လူအများစုဝေးနိုင်တဲ့ သင်္ကြန်လိုပွဲတော်မျိုးကို ကျင်းပမလား ပိတ်ပင်မလားဆိုတာကိုတော့ အစိုးရက အမျိုးသားရေး ပြဿနာတရပ်အဖြစ် ရှုမြင် ဆုံးဖြတ်သင့်တယ်လို့ ဒေါက်တာ တင့်ဆွေကမြင်ပါတယ်။

“ ကျနော်တို့ သင်္ကြန်မှာ လူအားလုံးက ရေပက်ကြတယ်။ ဆိုတော့ မျက်စိ ၊ မျက်နှာ စသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ မျက်စိ ၊ မျက်နှာ၊ နှာခေါင်း စသဖြင့်ပေါ့နော် ဒီနေရာတွေကို ထိတွေ့တာကနေ ကူးစက်တယ်။ ကျနေ်ာတို့ ရေပက်လို့ ကိုရိုနာဗိုင်းရပ်စ် မကူးဘူးဆိုတာက ပြောလို့မရတဲ့အတွက် တကယ်လို့များ သင်္ကြန်ပွဲကနေ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ရင်တော့ ဒါက ဆေးသုတေသနတောင် အသစ်ဖြစ်ရလိမ့်မယ်။ ဆိုတော့ အဲဒီအထိကို တွေးပြီးတော့ သင်္ကြန်ပွဲလုပ်မလား ၊ ပိတ်မလား ဆိုတဲ့ အချက်တွေကို နိုင်ငံရေး ဆုံးဖြတ်ချက်တွေ လုပ်သင့်တယ်လို့ မြင်ပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ဗဟိုကော်မတီကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တာပါ။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ဝေဒနာရှင်တွေကို ကိုယ်တိုင်ဆေးကုသပေးနေတဲ့ မြန်မာနွယ်ဖွား ဆရာဝန် ဒေါက်တာ ဇေယျာသက်ကတော့ ရောဂါတိုက်ဖျက်ရေးမှာ ဒေသန္တရအစိုးရတွေရဲ့ အခမ်းကဏ္ဍကိုပါ မြှင့်တင်ဖို့လိုတယ်လို့ အကြံပြုပါတယ်။

“အခုလက်ရှိ ကျနော်လည်း တွေ့ပါတယ် ကောလဟာလ သတင်းတွေ ဖြစ်တယ်။ လူတွေ ထိတ်လန့်ဖွယ်ရာ သတင်းတွေကို လျှောက်တင်တာတွေလည်း ဖြစ်တယ်။ ဆိုတော့ အစိုးရပိုင်းအနေနဲ့ ရန်ကုန်တိုင်းဆိုရင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းဆိုရင် ပဲခူးတိုင်း ဝန်ကြီးချုပ်တွေအနေနဲ့ တာဝန်ခံမှု တာဝန်ယူမှု အပိုင်းတွေ သူတို့အနေနဲ့ လူတွေကို ရှင်းလင်းပြသပေးရမယ်။ သတင်းစာရှင်းလင်းပွဲလုပ်တာမျိုးပေါ့နော် ဥပမာ ၅ မိနှစ်ဖြစ်စေ၊ ၁၀ မိနှစ်ဖြစ်စေ ဒါက ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ လူတွေကို Confidence level ပေးတာပါ။ ဒါမျိုးမလုပ်ရင်တော့ ကောလဟာလဆိုတာက အရမ်းပြန့်လွယ်တဲ့ သတင်းတခုပါ ။ ဒီနေ့ ကျနော်တို့ US မှာလိုပေါ့ ဖြစ်နေတဲ့ အရပ်ဒေသကို မူတည်ပြီးတော့ special power ပေးလိုက်ပါတယ်။”

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ လူထုကြား အထိန့်တလန့်ဖြစ်စေမယ့် ကောလာဟလသတင်းတွေ မဖြန့်ကြဖို့နဲ့ မမှန်သတင်းဖြန့်ပြီး ကုန်ဈေးနှုန်း မတည်ငြိမ်အောင် လှုံ့ဆော်သူတွေကို ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက မတ်လ(၁၃) သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG