သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ေၾကာင့္ စပိန္မွာ အေရးေပၚအေျခအေန ေၾကညာ


စပိန္ႏိုင္ငံ Costa Adeje Palace ဟိုတယ္မွာ ဧည့္သည္ေတြကို ကိုယ္အပူခ်ိန္တိုင္းတာေနပံု (သတင္းဓာတ္ပံု - ေဖေဖာ္၀ါရီ ၂၈၊ ၂၀၂၀)

(Zawgyi/Unicode)

ဥေရာပတုိက္မွာ Coronavirus ကူးစက္မႈကုိ အီတလီၿပီးရင္ အဆုိးဆုံးရင္ဆုိင္ေနရတဲ့ စပိန္ႏုိင္ငံမွာ အေရးေပၚကိစၥေတြ လုပ္ေဆာင္ႏုိင္ဖုိ႔အတြက္ State of Alarm ေခၚ “သတိထားႏုိးၾကားရမယ့္အေျခအေန" ေၾကညာထားပါတယ္။

စီးပြားေရးလည္ပတ္မႈ ရပ္ဆုိင္းသြားႏုိင္သည့္တုိင္ေအာင္ လူေတြအျပင္မထြက္ဘဲ အိမ္တြင္းမွာသာ ေနၾကဖုိ႔ အတင္းအၾကပ္ လုပ္ေဆာင္ေနတာပါ။

တနလၤာေန႔အထိဆုိရင္ စပိန္ႏုိင္ငံမွာ Coronavirus ကူးစက္ခံရသူ ၉,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး တႏုိင္ငံလုံးကူးစက္မႈ ကာကြယ္ေရးအတြက္ တားျမစ္ခ်က္ေတြ ထုတ္ျပန္ခဲ့တဲ့ စေန၊ တနဂၤေႏြအတြင္းမွာပဲ ကူးစက္မႈ ၃၅ ရာခိုင္ႏႈန္း တုိးလာခဲ့တယ္လုိ႔ စပိန္က်န္းမာေရး အရာရွိေတြက ဆုိပါတယ္။

အီတလီမွာေတာ့ တနလၤာေန႔အထိ ကူးစက္မႈ ၂၄,၀၀၀ ေက်ာ္ ရွိလာခဲ့ၿပီး ကူးစက္ျပန္႔ႏွံ႔မႈစတင္ရာ တရုတ္ႏုိင္ငံၿပီးရင္ အမ်ားဆုံးျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အစုိးရအေနနဲ႔ အေရးေပၚအေျခအေန သတ္မွတ္လုပ္ေဆာင္မႈ ေနာက္က်တယ္လုိ႔ ေ၀ဖန္ခံေနရပါတယ္။

စပိန္ႏုိင္ငံ Madrid ၿမိဳ႕ေတာ္ေကာင္စီ ဒုတိယအႀကီးအကဲ Ignacio Aguado ကေတာ့ သူတုိ႔ႏုိင္ငံမွာ စမ္းသပ္စစ္ေဆးမႈနဲ႔ အေရးေပၚေစာင့္ေရွာက္မႈေတြ အရွိန္ျမင့္လုပ္ေဆာင္ခဲ့တဲ့အတြက္ ေသဆုံးမႈ အေရအတြက္ေလွ်ာ့ခ်ႏုိင္ခဲ့တယ္လုိ႔ ေျပာပါတယ္။ ပုဂၢလိကေဆးရုံေတြနဲ႔ စစ္ဘက္ ေဆး၀န္ထမ္းေတြကုိပါ တာ၀န္ယူေစခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

တနလၤာေန႔အထိ စပိန္မွာ ေသဆုံးသူ ၃၅၀ ေလာက္သာရွိၿပီး အီတလီႏုိင္ငံမွာေတာ့ ၁,၈၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

Coronavirus ေၾကာင့္ စပိန္မွာ အေရးေပၚအေျခအေန ေၾကညာ
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Coronavirus ကြောင့် စပိန်မှာ အရေးပေါ်အခြေအနေ ကြေညာ

ဥရောပတိုက်မှာ Coronavirus ကူးစက်မှုကို အီတလီပြီးရင် အဆိုးဆုံးရင်ဆိုင်နေရတဲ့ စပိန်နိုင်ငံမှာ အရေးပေါ်ကိစ္စတွေ လုပ်ဆောင်နိုင်ဖို့အတွက် State of Alarm ခေါ် “သတိထားနိုးကြားရမယ့်အခြေအနေ" ကြေညာထားပါတယ်။

စီးပွားရေးလည်ပတ်မှု ရပ်ဆိုင်းသွားနိုင်သည့်တိုင်အောင် လူတွေအပြင်မထွက်ဘဲ အိမ်တွင်းမှာသာ နေကြဖို့ အတင်းအကြပ် လုပ်ဆောင်နေတာပါ။

တနင်္လာနေ့အထိဆိုရင် စပိန်နိုင်ငံမှာ Coronavirus ကူးစက်ခံရသူ ၉,၀၀၀ ကျော်သွားပြီဖြစ်ပြီး တနိုင်ငံလုံးကူးစက်မှု ကာကွယ်ရေးအတွက် တားမြစ်ချက်တွေ ထုတ်ပြန်ခဲ့တဲ့ စနေ၊ တနင်္ဂနွေအတွင်းမှာပဲ ကူးစက်မှု ၃၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ စပိန်ကျန်းမာရေး အရာရှိတွေက ဆိုပါတယ်။

အီတလီမှာတော့ တနင်္လာနေ့အထိ ကူးစက်မှု ၂၄,၀၀၀ ကျော် ရှိလာခဲ့ပြီး ကူးစက်ပြန့်နှံ့မှုစတင်ရာ တရုတ်နိုင်ငံပြီးရင် အများဆုံးဖြစ်ပါတယ်။ ဒါကြောင့်လည်း အစိုးရအနေနဲ့ အရေးပေါ်အခြေအနေ သတ်မှတ်လုပ်ဆောင်မှု နောက်ကျတယ်လို့ ဝေဖန်ခံနေရပါတယ်။

စပိန်နိုင်ငံ Madrid မြို့တော်ကောင်စီ ဒုတိယအကြီးအကဲ Ignacio Aguado ကတော့ သူတို့နိုင်ငံမှာ စမ်းသပ်စစ်ဆေးမှုနဲ့ အရေးပေါ်စောင့်ရှောက်မှုတွေ အရှိန်မြင့်လုပ်ဆောင်ခဲ့တဲ့အတွက် သေဆုံးမှု အရေအတွက်လျှော့ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ပုဂ္ဂလိကဆေးရုံတွေနဲ့ စစ်ဘက် ဆေးဝန်ထမ်းတွေကိုပါ တာဝန်ယူစေခဲ့တယ်လို့လည်း ဆိုပါတယ်။

တနင်္လာနေ့အထိ စပိန်မှာ သေဆုံးသူ ၃၅၀ လောက်သာရှိပြီး အီတလီနိုင်ငံမှာတော့ ၁,၈၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG