သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စပိန္မွာ တရက္တည္းနဲ႔ ကို႐ိုနာပိုးကူးသူ ၁၅၀၀ ေက်ာ္တိုး


စပိန္ႏုိင္ငံ ဘာစီလုိနာေလဆိပ္တြင္ ေတြ႔ရသည့္ ခရီးသည္အခ်ဳိ႕။ (မတ္ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

စပိန္ႏိုင္ငံမွာ ေသာၾကာကေန စေန တရက္တည္းမွာ ကို႐ိုနာဗုိင္းရပ္စ္ပိုး ကူးစက္လူနာသစ္ ၁၅၀၀ တိုးလာတ့ဲအတြက္ ေရာဂါကူးစက္ခံထားရသူ စုစုေပါင္း ၅၇၅၃ ဦးထိ ရွိသြားပါၿပီ။

ဥေရာပတုိက္မွာေတာ့ အီတလီၿပီးရင္ စပိန္ဟာ ဒုတိယအမ်ားဆုံး ကူးစက္ခံထားရတဲ့ ႏုိင္ငံလည္း ျဖစ္ပါတယ္။

စပိန္ႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ COVID-19 ေရာဂါနဲ႔ ေသဆုံးသူ ၁၃၆ ဦးထိ ရွိလာသလို ကာကြယ္ထိန္းခ်ဳပ္ေရး ႀကိဳးပမ္းမႈအျဖစ္ အေရးေပၚအေျခအေန ဒီကေန႔ ထုတ္ျပန္မယ္လို႔လည္း ခန္႔မွန္းရပါတယ္။

စပိန္ျပည္သူျပည္သားေတြရဲ႕ အသြားအလာ အ၀င္အထြက္အားလုံး ကန္႔သတ္ႏုိင္ေျခရွိတဲ့ သတိေပးခ်က္ထုတ္ျပန္ဖို႔ ၀န္ႀကီးခ်ဳပ္ Pedro Sanchez အစိုးရ၀န္ႀကီးမ်ား အစည္းအေ၀းမွာ ဒီကေန႔ စကားေျပာဆိုဖို႔ ရွိေနတာပါ။

စပိန္ႏုိင္ငံသားအားလုံးရဲ႕ က်န္းမာေရးကို ဒီထက္မက ကာကြယ္ႏုိင္ဖို႔ ပုံမွန္လုပ္ေနက်မဟုတ္တဲ့ ေဆာင္ရြက္ခ်က္ အေတာ္မ်ားမ်ား လုပ္ေကာင္းလုပ္မယ္လို႔ မေန႔ ေသာၾကာေန႔မွာပဲ အစိုးရတာ၀န္ရွိသူေတြက ေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကစၿပီး စပိန္ႏုိင္ငံမွာ ေရာဂါကူးစက္ခံရသူ ၁၀ ဆထိ တိုးလာတာပါ။ စားေသာက္ဆုိင္ေတြ၊ ဘားဆုိင္ေတြနဲ႔ အားကစားပြဲေတြအျပင္ ယဥ္ေက်းမႈဆုိင္ရာ အေဆာက္အအုံ အားလုံးကိုလည္း ပိတ္ထားပါတယ္။

ေရာဂါကူးစက္ခံထားရသူ ၃ ေထာင္ေက်ာ္နဲ႔ အမ်ားဆုံး ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ၿမိဳ႕ေတာ္ မက္ဒရစ္တ၀ွမ္းမွာေတာ့ မရွိမျဖစ္ လုိအပ္တာ မဟုတ္တဲ့ စီးပြားေရးလုပ္ငန္း အားလုံးကိုလည္း ပိတ္ထားဖို႔ အစိုးရတာ၀န္ရွိသူေတြက အမိန္႔ထုတ္ျပန္ထားပါတယ္။

------------------------------

(Unicode)

စပိန်မှာ တရက်တည်းနဲ့ ကိုရိုနာပိုးကူးသူ ၁၅၀၀ ကျော်တိုး

စပိန်နိုင်ငံမှာ သောကြာကနေ စနေ တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လူနာသစ် ၁၅၀၀ တိုးလာတဲ့အတွက် ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၅၇၅၃ ဦးထိ ရှိသွားပါပြီ။

ဥရောပတိုက်မှာတော့ အီတလီပြီးရင် စပိန်ဟာ ဒုတိယအများဆုံး ကူးစက်ခံထားရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ COVID-19 ရောဂါနဲ့ သေဆုံးသူ ၁၃၆ ဦးထိ ရှိလာသလို ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းမှုအဖြစ် အရေးပေါ်အခြေအနေ ဒီကနေ့ ထုတ်ပြန်မယ်လို့လည်း ခန့်မှန်းရပါတယ်။

စပိန်ပြည်သူပြည်သားတွေရဲ့ အသွားအလာ အဝင်အထွက်အားလုံး ကန့်သတ်နိုင်ခြေရှိတဲ့ သတိပေးချက်ထုတ်ပြန်ဖို့ ဝန်ကြီးချုပ် Pedro Sanchezအစိုးရဝန်ကြီးများ အစည်းအဝေးမှာ ဒီကနေ့ စကားပြောဆိုဖို့ ရှိနေတာပါ။

စပိန်နိုင်ငံသားအားလုံးရဲ့ ကျန်းမာရေးကို ဒီထက်မက ကာကွယ်နိုင်ဖို့ ပုံမှန်လုပ်နေကျမဟုတ်တဲ့ ဆောင်ရွက်ချက် အတော်များများ လုပ်ကောင်းလုပ်မယ်လို့ မနေ့ သောကြာနေ့မှာပဲ အစိုးရတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး စပိန်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၀ ဆထိ တိုးလာတာပါ။ စားသောက်ဆိုင်တွေ၊ ဘားဆိုင်တွေနဲ့ အားကစားပွဲတွေအပြင် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံ အားလုံးကိုလည်း ပိတ်ထားပါတယ်။

ရောဂါကူးစက်ခံထားရသူ ၃ ထောင်ကျော်နဲ့ အများဆုံး ကူးစက်ပျံ့နှံ့နေတဲ့ မြို့တော် မက်ဒရစ်တဝှမ်းမှာတော့ မရှိမဖြစ် လိုအပ်တာ မဟုတ်တဲ့စီးပွားရေးလုပ်ငန်း အားလုံးကိုလည်း ပိတ်ထားဖို့ အစိုးရတာဝန်ရှိသူတွေက အမိန့်ထုတ်ပြန်ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG