သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္ ႏိုင္ငံေတာ္အေရးေပၚ ေၾကညာၿပီးေနာက္ အစုရွယ္ယာေစ်း ျပန္တက္


နယူးေယာက္ စေတာ့ေဈးကြက္တြင္ စေတာ့ေဈးႏႈန္းမ်ား ေၾကာ္ျငာထားမႈျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈကို ႏုိင္ငံေတာ္ အေရးေပၚအေျခအေနအျဖစ္ သမၼတ Donald Trump က ေၾကညာလိုက္ၿပီးေနာက္ အေမရိကန္ အစုရွယ္ယာေစ်းကြက္ေတြ ေသာၾကာေန႔မွာ ျပန္တက္လာပါတယ္။ ဒါေပမယ့္လည္း အဓိက ရွယ္ယာအညႊန္းကိန္းေတြကေတာ့ က်ေနဆဲပါ။

အေမရိကန္ေစ်းကြက္မွာ Dow Jones အၫႊန္းကိန္းေစ်းေတြ တရက္တည္း အမ်ားဆုံးႏႈန္းနဲ႔ ၉.၄ ရာခုိင္ႏႈန္းထိ တက္လာခဲ့တာပါ။

အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပြဲမွာ က်န္းမာေရးတာ၀န္ရွိသူေတြ၊ စီးပြားေရး လုပ္ငန္းရွင္ေတြနဲ႔အတူ သမၼတ Trump က အေရးေပၚ ေၾကညာခ်က္ ထြက္လာၿပီးတဲ့ေနာက္မွာပဲ Dow Jones အစုရွယ္ယာေတြ ေစ်းျပန္လာတာလည္း ျဖစ္ပါတယ္။

S&P 500 အစုရွယ္ယာေစ်းေတြ ေသာၾကာေန႔မွာ ၉.၃ ရာခုိင္ႏႈန္းတက္ၿပီး Nasdaq Composite အညႊန္းကိန္းေတြကေတာ့ ၉.၄ ရာခုိင္ႏႈန္းထိ ေစ်းတက္လာခဲ့တာပါ။

အစုရွယ္ယာေစ်းကြက္ေတြ ေသာၾကာေန႔မွာ တက္လာေပမယ့္္လည္း အေမရိကန္ အဓိက စေတာ့အညႊန္းကိန္းေတြကေတာ့ ဒီသီတင္းပတ္ထဲ ၈ ရာခုိင္ႏႈန္းထိ က်ေနပါေသးတယ္။

ဥေရာပ အစုရွယ္ယာေစ်းကြက္ေတြလည္း ေသာၾကာေန႔မွာ အတက္နဲ႔ ေစ်းပိတ္သြားခဲ့ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ၿပီးခဲ့တဲ့တပတ္က တရွိန္ထိုး ေစ်းက်ခဲ့တာကိုေတ့ာ မကာမိေသးပါဘူး။

လန္ဒန္အစုရွယ္ယာေစ်းေတြ ၂.၅ ရာခုိင္ႏႈန္း အတက္နဲ႔ ေစ်းပိတ္ခဲ့သလို ပါရီေစ်းကြက္ကလည္း ၁.၈ ရာခုိင္ႏႈန္း အတက္နဲ႔ မီလန္ကေတာ့ ၇.၁ ရာခုိင္ႏႈန္း အတက္နဲ႔ ေစ်းပိတ္သြားခဲ့ပါတယ္။

၁၉၈၇ ခုႏွစ္တည္းကဆိုရင္ ဥေရာပ အစုရွယ္ယာေစ်းေတြ ၾကာသပေတးေန႔က စံခ်ိန္တင္ေအာင္ ထိုးက်ခဲ့တဲ့အေပၚ စိုးရိမ္တဲ့အတြက္ အာရွ အစုရွယ္ယာေစ်းကြက္ေတြကေတာ့ ေသာၾကာေန႔မွာ အက်နဲ႔ ေစ်းပိတ္သြားခဲ့ပါတယ္။

--------------------------

(Unicode)

အမေရိကန် နိုင်ငံတော်အရေးပေါ် ကြေညာပြီးနောက် အစုရှယ်ဈေး ပြန်တက်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် သမ္မတ Donald Trump က ကြေညာလိုက်ပြီးနောက် အမေရိကန် အစုရှယ်ယာဈေးကွက်တွေ သောကြာနေ့မှာ ပြန်တက်လာပါတယ်။ ဒါပေမယ့်လည်း အဓိက ရှယ်ယာအညွှန်းကိန်းတွေကတော့ ကျနေဆဲပါ။

အမေရိကန်ဈေးကွက်မှာ Dow Jones အညွှန်းကိန်းဈေးတွေ တရက်တည်း အများဆုံးနှုန်းနဲ့ ၉.၄ ရာခိုင်နှုန်းထိ တက်လာခဲ့တာပါ။

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးတာဝန်ရှိသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့အတူ သမ္မတ Trump က အရေးပေါ် ကြေညာချက် ထွက်လာပြီးတဲ့နောက်မှာပဲ Dow Jones အစုရှယ်ယာတွေ ဈေးပြန်လာတာလည်း ဖြစ်ပါတယ်။

S&P 500 အစုရှယ်ယာဈေးတွေ သောကြာနေ့မှာ ၉.၃ ရာခိုင်နှုန်းတက်ပြီးNasdaq Composite အညွှန်းကိန်းတွေကတော့ ၉.၄ ရာခိုင်နှုန်းထိ ဈေးတက်လာခဲ့တာပါ။

အစုရှယ်ယာဈေးကွက်တွေ သောကြာနေ့မှာ တက်လာပေမယ့်လည်း အမေရိကန် အဓိက စတော့အညွှန်းကိန်းတွေကတော့ ဒီသီတင်းပတ်ထဲ ၈ ရာခိုင်နှုန်းထိ ကျနေပါသေးတယ်။

ဥရောပ အစုရှယ်ယာဈေးကွက်တွေလည်း သောကြာနေ့မှာ အတက်နဲ့ ဈေးပိတ်သွားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပြီးခဲ့တဲ့တပတ်က တရှိန်ထိုး ဈေးကျခဲ့တာကိုတေ့ာ မကာမိသေးပါဘူး။

လန်ဒန်အစုရှယ်ယာဈေးတွေ ၂.၅ ရာခိုင်နှုန်း အတက်နဲ့ ဈေးပိတ်ခဲ့သလို ပါရီဈေးကွက်ကလည်း ၁.၈ ရာခိုင်နှုန်း အတက်နဲ့ မီလန်ကတော့ ၇.၁ ရာခိုင်နှုန်း အတက်နဲ့ ဈေးပိတ်သွားခဲ့ပါတယ်။

၁၉၈၇ ခုနှစ်တည်းကဆိုရင် ဥရောပ အစုရှယ်ယာဈေးတွေ ကြာသပတေးနေ့က စံချိန်တင်အောင် ထိုးကျခဲ့တဲ့အပေါ် စိုးရိမ်တဲ့အတွက် အာရှ အစုရှယ်ယာဈေးကွက်တွေကတော့ သောကြာနေ့မှာ အကျနဲ့ ဈေးပိတ်သွားခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG