သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus စမ္းသပ္မႈ အေလးေပးလုပ္ေဆာင္ဖုိ႔ WHO တုိက္တြန္း


WHO ညြန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ လူေတြ အျပင္မထြက္ေအာင္ တားျမစ္ခဲ့တဲ့ တရုတ္ႏိုင္ငံက က်င့္သံုးခဲ့တဲ့ နည္းလမ္းရလဒ္ေတြနဲ႔ လူထုက်န္းမာေရး ကြ်မ္းက်င္ပညာရွင္ေတြရဲ႕ အႀကံျပဳခ်က္ေတြအရ ကမၻာတ၀ွမ္းက အစိုးရေတြဟာ ပိုပိုၿပီး ကန္႔သတ္ထိန္းခ်ဳပ္တဲ့ နည္းလမ္းေတြနဲ႔ ဗိုင္းရပ္ကူးစက္မႈကို ခုခံကာကြယ္ေနၾကပါတယ္။

လူေတြ ပူးကပ္ထိေတြ႕မႈ မလုပ္ၾကဖို႔ ႏႈိးေဆာ္ခ်က္ကို ႀကိဳဆိုသလို ဒီအခ်က္ဟာ လိုအပ္တယ္ဆိုေပမဲ့ ဗိုင္းရပ္စ္ပိုးရွိ၊ မရွိ စမ္းသပ္မႈကို ႏိုင္ငံအားလံုးမွာ မရွိမျဖစ္ လုပ္ႏိုင္ဖို႔ ပိုၿပီးလုိအပ္ေနေၾကာင္း WHO ညြန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က တနလၤာေန႔က သတိေပးေျပာၾကားခဲ့ပါတယ္။

🔸Coronavirus ကာကြယ္ေဆး အေမရိကန္မွာ လူနဲ႔ စတင္စမ္းသပ္တဲ့အေၾကာင္းကိုလည္း ဖတ္ရႈႏိုင္ပါၿပီ။

“ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးမႈကို စဲြစဲြၿမဲၿမဲလုပ္ဖို႔နဲ႔ အဲဒီကေနတဆင့္ လိုအပ္တဲ့အဆင့္အားလံုး မွန္သမွ် လုပ္ေဆာင္ဖို႔ က်ေနာ္တို႔ အႀကံေပးထားပါတယ္။ ဒါအျပင္ ကန္႔သတ္ထိန္းခ်ဳပ္တဲ့ နည္းဗ်ဳဟာ ကို ခိုင္ခိုင္မာမာက်င့္သံုးဖို႔ ႏိုင္ငံေတြကို အႀကံေပးထားပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီ ဗိုင္းရပ္စ္ ကပ္ေရာဂါ ကို ထိန္းခ်ဳပ္ႏိုင္လိမ့္မယ္လို႔ က်ေနာ္တို႔ ယံုၾကည္တဲ့အတြက္ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ မေန႔ တနလၤာေန႔ကစၿပီး ေက်ာင္းအမ်ားစုကို ပိတ္လိုက္ပါတယ္။ ၿမိဳ႕ႀကီးေတြျဖစ္တဲ့ ေလာ့စ္အိန္ဂ်လိနဲ႔ နယူးၿမိဳ႕ေတြမွာေတာ့ ရုပ္ရွင္ရံုေတြ၊ စားေသာက္ဆိုင္ေတြ စတဲ့ လူစုလူေ၀းရွိမယ့္ ေနရာအားလံုးကို ပိတ္ပစ္ဖို႔ ရွိေနပါတယ္။

အစားအေသာက္ေတြကို စားေသာက္ဆိုင္မွာ ထိုင္စားလို႔မရဘဲ မွာယူတာ ဒါမွမဟုတ္ အိမ္ကို ပါဆယ္ထုတ္ ၀ယ္သြားတာမ်ဳိးကိုပဲ ခြင့္ျပဳထားပါတယ္။ တနလၤာေန႔ နံနက္ခင္းစာရင္းေတြ အရ နယူးေရာက္ျပည္နယ္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၉,၀၅၀ ရွိၿပီး အဲဒီထဲက ၁၇ ရာခိုင္ႏႈန္းဟာ ေဆးရံုးမွာ ကုသဖို႔ လိုအပ္ေနသူေတြျဖစ္ပါတယ္။ နယူးေရာက္ၿမိဳ႕ထဲမွာတင္ ေရာဂါျဖစ္ေနတဲ့ လူနာေပါင္း ၄၆၃ ဦး ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Coronavirus စမ်းသပ်မှု အလေးပေးလုပ်ဆောင်ဖို့ WHO တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူတွေ အပြင်မထွက်အောင် တားမြစ်ခဲ့တဲ့ တရုတ်နိုင်ငံက ကျင့်သုံးခဲ့တဲ့ နည်းလမ်းရလဒ်တွေနဲ့ လူထုကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပြုချက်တွေအရ ကမ္ဘာတဝှမ်းက အစိုးရတွေဟာ ပိုပိုပြီး ကန့်သတ်ထိန်းချုပ်တဲ့ နည်းလမ်းတွေနဲ့ ဗိုင်းရပ်ကူးစက်မှုကို ခုခံကာကွယ်နေကြပါတယ်။

လူတွေ ပူးကပ်ထိတွေ့မှု မလုပ်ကြဖို့ နှိုးဆော်ချက်ကို ကြိုဆိုသလို ဒီအချက်ဟာ လိုအပ်တယ်ဆိုပေမဲ့ ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ စမ်းသပ်မှုကို နိုင်ငံအားလုံးမှာ မရှိမဖြစ် လုပ်နိုင်ဖို့ ပိုပြီးလိုအပ်နေကြောင်း WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က တနင်္လာနေ့က သတိပေးပြောကြားခဲ့ပါတယ်။

🔸Coronavirus ကာကွယ်ဆေး အမေရိကန်မှာ လူနဲ့ စတင်စမ်းသပ်တဲ့အကြောင်းကိုလည်း ဖတ်ရှုနိုင်ပါပြီ။

“ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကို စွဲစွဲမြဲမြဲလုပ်ဖို့နဲ့ အဲဒီကနေတဆင့် လိုအပ်တဲ့အဆင့်အားလုံး မှန်သမျှ လုပ်ဆောင်ဖို့ ကျနော်တို့ အကြံပေးထားပါတယ်။ ဒါအပြင် ကန့်သတ်ထိန်းချုပ်တဲ့ နည်းဗျုဟာ ကို ခိုင်ခိုင်မာမာကျင့်သုံးဖို့ နိုင်ငံတွေကို အကြံပေးထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီ ဗိုင်းရပ်စ် ကပ်ရောဂါ ကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တဲ့အတွက်ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ မနေ့ တနင်္လာနေ့ကစပြီး ကျောင်းအများစုကို ပိတ်လိုက်ပါတယ်။ မြို့ကြီးတွေဖြစ်တဲ့ လော့စ်အိန်ဂျလိနဲ့ နယူးမြို့တွေမှာတော့ ရုပ်ရှင်ရုံတွေ၊ စားသောက်ဆိုင်တွေ စတဲ့ လူစုလူဝေးရှိမယ့် နေရာအားလုံးကို ပိတ်ပစ်ဖို့ ရှိနေပါတယ်။

အစားအသောက်တွေကို စားသောက်ဆိုင်မှာ ထိုင်စားလို့မရဘဲ မှာယူတာ ဒါမှမဟုတ် အိမ်ကို ပါဆယ်ထုတ် ဝယ်သွားတာမျိုးကိုပဲ ခွင့်ပြုထားပါတယ်။ တနင်္လာနေ့ နံနက်ခင်းစာရင်းတွေ အရ နယူးရောက်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၉,၀၅၀ ရှိပြီး အဲဒီထဲက ၁၇ ရာခိုင်နှုန်းဟာ ဆေးရုံးမှာ ကုသဖို့ လိုအပ်နေသူတွေဖြစ်ပါတယ်။ နယူးရောက်မြို့ထဲမှာတင် ရောဂါဖြစ်နေတဲ့ လူနာပေါင်း ၄၆၃ ဦး ရှိပါတယ်။

XS
SM
MD
LG