သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ကာကွယ်ဆေး အမေရိကန်မှာ လူနဲ့ စတင်စမ်းသပ်


Seattle မြို့မှာရှိတဲ့ Kaiser Permanente သုတေသနအဖွဲ့က အမျိုးသားတဦးကို ကာကွယ်ဆေးထိုးပေးနေပုံ (သတင်းဓာတ်ပုံ - မတ် ၁၆၊ ၂၀၂၀)
Seattle မြို့မှာရှိတဲ့ Kaiser Permanente သုတေသနအဖွဲ့က အမျိုးသားတဦးကို ကာကွယ်ဆေးထိုးပေးနေပုံ (သတင်းဓာတ်ပုံ - မတ် ၁၆၊ ၂၀၂၀)

(Zawgyi/Unicode)

အခုအခါ သိပ္ပံပညာရှင်တွေ အပြိုင်အဆိုင်ရှာဖွေနေကြတဲ့ Coronavirus ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် လူတွေနဲ့ စမ်းသပ်နေပြီလို့ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးအရာရှိတွေက ပြောကြားလိုက်ပါတယ်။

Seattle မြို့မှာရှိတဲ့ Kaiser Permanente သုတေသနအဖွဲ့က ကျန်းကျန်းမာမာရှိနေသူ လူအနည်းငယ်ကို တနင်္လာနေ့က ပထမဦးဆုံးအကြိမ်အဖြစ် စမ်းသပ် ထိုးသွင်းလိုက်တာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အကြား အရွယ်ရောက်ပြီးသူ လူကြီး ၄၅ ဦးတို့က သူတို့ဆန္ဒအလျှောက် စမ်းသပ်မှုခံယူခဲ့ကြတာဖြစ်ပြီး ဒီဆေးထိုး စမ်းသပ်မှုကို ရက်သတ္တ ၆ ပတ်ကြာ ပြုလုပ်သွားမှာဖြစ်တယ်လို့ NIH ခေါ် အမေရိကန်အမျိုးသားကျန်းမာရေး သိပ္ပံအဖွဲ့က ပြောပါတယ်။

မိမိဆန္ဒအလျှောက် စမ်းသပ်ခံတဦးဖြစ်သူ အသက် ၄၃ နှစ်အရွယ် Jennifer Haller က ဒီလိုစမ်းသပ်ခံခွင့်ရတာဟာ ထူးခြားတဲ့ အခွင့်အလမ်း တရပ်ဖြစ်တယ်လို့ အေပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီစမ်းသပ်မှုဟာ Covid-19 ရောဂါကာကွယ်ရေးအတွက် လာမယ့်လတွေအတွင်း ကမ္ဘာအနှံ့လုပ်ဆောင်လာကြမယ့် စမ်းသပ်မှုတွေအနက် တခုအပါအဝင် ဖြစ်ပါတယ်။

နောက်လာမယ့် ၁၂ လကနေ ၁၈ လအထိ ဒီကာကွယ်ဆေးဟာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်တဲ့ အခြေအနေရောက်နိုင်ဦးမှာ မဟုတ်ဘူးလို့လည်း သိပ္ပံပညာရှင်တွေက ပြောထားကြပါတယ်။

Coronavirus ကာကွယ်ဆေး အမေရိကန်မှာ လူနဲ့ စတင်စမ်းသပ်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]




အသကျ ၁၈ နှဈကနေ ၅၅ နှဈအကွား အရှယျရောကျပွီးသူ လူကွီး ၄၅ ဦးတို့က သူတို့ဆန်ဒအလြှောကျ စမျးသပျမှုခံယူခဲ့ကွတာဖွဈပွီး ဒီဆေးထိုး စမျးသပျမှုကို ရကျသတ်တ ၆ ပတျကွာ ပွုလုပျသှားမှာဖွဈတယျလို့ NIH ခေါျ အမရေိကနျအမြိုးသားကနြျးမာရေး သိပ်ပံအဖှဲ့က ပွောပါတယျ။




XS
SM
MD
LG