သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ျပည္ေထာင္စု ကုိ႐ုိနာဗုိင္းရပ္စ္ ျပႆနာဂယက္


နယူးေယာက္ၿမိဳ႕ Times Square တြင္ ယခင္က လူစည္ကားသေလာက္ ယခု လူသြားလူလာ ရွင္းလင္းေနသည့္ ျမင္ကြင္း။ (မတ္ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

ႏိုင္ငံတ၀န္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း ျမန္ဆန္လာတဲ့အတြက္ အေရးေပၚအေျခအေန ေၾကညာထားတဲ့ အေမရိကန္ျပည္ေထာင္စုက ျပည္နယ္အမ်ားစုမွာ ေရာဂါခုခံကာကြယ္ေရး ေက်ာင္းေတြ၊ ႐ုံးေတြ၊ ကုမၸဏီေတြ၊ စားေသာက္ဆိုင္ေတြကို အနည္းဆံုး ႏွစ္ပတ္ကေန တလအထိ အာဏာပိုင္ေတြက ပိတ္လိုက္ပါၿပီ။

အခုလို ဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ လူေတြစည္ကားေနတဲ့ ၿမိဳ႕ႀကီးေတြမွာ လူသူမရွိေလာက္ေအာင္ တိတ္ဆိတ္သြားတဲ့ အေျခအေန၊ ေန႔စဥ္လႈပ္ရွားမႈေတြကေန ႐ုတ္တရက္ ဘယ္လိုအေျပာင္းအလဲေတြ ရင္ဆိုင္ေနရသလဲ စတဲ့ အေမရိကန္ေရာက္ ျမန္မာႏြယ္ဖြားတခ်ဳိ႕ရဲ႕ အေတြ႔အႀကံဳေတြကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပထားပါတယ္။

covid 19
covid 19

မေန႔ တနဂၤေႏြေန႔ထိ လူေပါင္း ၆၀ ေက်ာ္ ေသဆံုးၿပီး ၃၀၀၀ ေက်ာ္ထိ ကူးစက္လာတဲ့ အေမရိကန္ျပည္ေထာင္စုတ၀န္းမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ ျပည္နယ္ေပါင္း ၄၉ ခုထိ ရွိေနပါတယ္။ ေန႔စဥ္ ကမၻာလွည့္ခရီးသြားေတြ သန္းနဲ႔ခ်ီ လည္ပတ္တဲ့ နယူးေယာက္ၿမိဳ႕မွာဆိုရင္ ေန႔ခ်င္းညခ်င္း တိတ္ဆိတ္ေျခာက္ကပ္သြားတဲ့ အေျခအေနကို Manhattan မွာ အလုပ္လုပ္ေနတဲ့ ကိုေဇာ္လတ္က ဗီြအိုေအကုိ အခုလိုေျပာျပပါတယ္။

“နယူးေယာက္ၿမိဳ႕က တခ်ိန္လုံး အၿမဲတမ္း စည္ေနတဲ့ၿမိဳ႕ေလ။ ဆုိင္ေတြေရာ အၿမဲတမ္း ျပည့္ေနတာ၊ Traffic ေရာ အၿမဲတမ္း ျဖစ္ေနတာ။ အခုခ်ိန္မွာၾကေတာ့ လူေတြက ဘယ္သူမွလည္း မထြက္ၾကေတာ့ဘူး။ စားေသာက္ဆုိင္ေတြ အကုန္ပိတ္၊ Gym ေတြ အကုန္ပိတ္၊ Day Spa တုိ႔၊ အကုန္လုံး ရွိသမွ် ေတာ္ေတာ္မ်ားမ်ားလူေတြက ဘယ္မွကုိ မထြက္ၾကဘူး။ လမ္းေတြက တခ်ိန္လုံး Traffic ျဖစ္ေနရာက အခုဆုိ လမ္းေပၚမွာ ရွင္းေနတာပဲ။ ခါတုိင္း ကားအစီး ၁၀၀ ေလာက္ရွိရာက အခု ၁၀ စီးေလာက္ပဲရွိတယ္။ ခါတုိင္း တ႐ုတ္တန္း Canal Street တုိ႔ နယူးေယာက္ၿမိဳ႕က တကယ့္စည္တဲ့ ေနရာမ်ဳိးမွာ လုံးဝလူမရွိဘူး။ ေန႔စဥ္ လူ ေထာင္နဲ႔ခ်ီၿပီး သြားေနတဲ့ေနရာက လုံးဝရွင္းထြက္သြားတယ္။ ေလးငါးေယာက္ေလာက္ပဲရွိတဲ့ အေနအထားမ်ဳိး ျဖစ္သြားတယ္ အခုက။”

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈ တိုက္ဖ်က္ႏိုင္ဖို႔အတြက္လည္း နယူးေယာက္ၿမိဳ႕မွာ စားေသာက္ဆိုင္ေတြနဲ႔ အလုပ္႐ုံေတြကို အနည္းဆံုး ႏွစ္ပတ္ကေန တလအထိ ပိတ္ဖို႔ ေၾကညာထားတယ္လို႔လည္း ကိုေဇာ္လတ္က ဆိုပါတယ္။

“ေရာဂါရွိရွိ မရွိရွိ ကုိယ့္အတြက္ Safety ဆုိၿပီးေတာ့ တလေလာက္ပိတ္ဖုိ႔ အကုန္လုံးက လုပ္ထားၾကတယ္။ မနားရဘူးဆုိရင္ေတာင္ အနည္းဆုံး ႏွစ္ပတ္နားရမယ္ေပါ့။”

ဗာဂ်ီးနီးယားျပည္နယ္မွာေတာ့ မူလတန္းကစၿပီး တကၠသုိလ္ထိ ေက်ာင္းေတြအားလံုးကို ဧၿပီလဆန္းအထိ ပိတ္လိုက္ေၾကာင္း ကေလးငါးေယာက္ ဖခင္ျဖစ္သူ ကိုငယ္က ဗီြအိုေအကို ေျပာပါတယ္။

“ကို႐ိုနာဗုိင္းရပ္စ္ ျဖစ္တဲ့အခါၾကေတာ့ အခု ေက်ာင္းေတြ အကုန္ပိတ္တယ္။ ေက်ာင္းေတြကုိ အခု Fairfax County ကေနၿပီးေတာ့ ဧၿပီလ ၁၀ ရက္ေန႔အထိ ပိတ္တယ္လို႔ ေၾကညာထားတယ္။ ထပ္ၿပီးေတာ့လည္း ပိတ္ဖို႔ အစီအစဥ္ရွိေတာ့ ထပ္ေၾကညာမယ္လို႔ ေျပာတယ္။ က်ေနာ္ အခု အလုပ္လုပ္ေနတဲ့ George Washington University ဆုိလည္း ေနာက္လ ၅ ရက္ေန႔အထိ တရားဝင္ပိတ္တယ္။ ဒါေပမယ့္ အဲဒီ ၅ ရက္ေန႔ ၿပီးရင္ အြန္လုိင္းကေန ေက်ာင္းေတြကုိ သင္ၾကားမယ္လို႔ ေျပာတယ္။ ကေလးေတြကို ေက်ာင္းေပးမတက္ဘဲနဲ႔။”

ဗိုင္းရပ္စ္ပိုးကူးစက္မႈေၾကာင့္ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြ ထိခိုက္လာတယ္လို႔ ကိုငယ္က ေျပာပါတယ္။

“အခု အလုပ္ေတြက ပိတ္ထားရတယ္။ တခ်ဳိ႕အလုပ္ေတြဆုိရင္ လုံးဝ အလုပ္ကုိ မလာဖုိ႔ ေျပာတယ္။ အဲေတာ့ စီးပြားေရးကေတာ့ အတုိင္းအတာ တခုအထိ ထိခုိက္နစ္နာမႈေတာ့ အမ်ားႀကီးရွိတာေပါ့။ က်ေနာ္တုိ႔လည္း အလုပ္မရွိတဲ့အတြက္ က်န္တဲ့ အလုပ္သမားေတြကိုလည္း အလုပ္မေပးႏုိင္ဘူး။ မေပးႏုိင္ေတာ့ သူတို႔လည္း ဝင္ေငြမရတဲ့အခါၾကေတာ့ သူတုိ႔ ေနထုိင္ စားေသာက္စရိတ္ေတြအတြက္ အခက္အခဲေတြ အမ်ားႀကီးျဖစ္ရတယ္။ အားလုံးကေတာ့ စုိးရိမ္ေၾကာင့္ၾကမႈက အတုိင္းအတာတခုအထိ ရွိေနၾကတာပဲ။”

ေက်ာင္းသားဦးေရ ေျခာက္သိန္းေက်ာ္ရွိေနတဲ့ အေမရိကန္က ျပည္နယ္အႀကီးဆံုးတခုျဖစ္တဲ့ ကာလီဖုိးနီးယားမွာ ကို႐ုိနာဗိုင္းရပ္စ္ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးပမ္းေနပံုေတြကို ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕က မႏၱေလး ေဂဇက္သတင္းစာ အယ္ဒီတာ ဦးေမာင္ေမာင္ၾကည္က အခုလိုေျပာျပပါတယ္။

“ေနာက္ဆုံးအေျခအေနက ေက်ာင္းသားေတြကုိ ေက်ာင္းပိတ္လိုက္ၿပီ။ မတ္လ ၂၉ ရက္ေန႔အထိ ယာယီ ၂ ပတ္ ပိတ္လုိက္ၿပီ။ ဒါ အထက္တန္းေက်ာင္း အပါအဝင္ အားလုံးေပါ့။ ေက်ာင္းသား ၆ သိန္းေက်ာ္ရွိတယ္။ ေက်ာင္းေပါင္း ၉၀၀ ေက်ာ္က ပါတယ္ဆုိေတာ့ ေက်ာင္းေတာ့ပိတ္လိုက္ၿပီ။ ေကာလိပ္ တကၠသိုလ္ကေတာ့ သူ႔ ဆုိင္ရာဆုိင္ရာ ေၾကညာပါတယ္။ ဒါေပမယ့္ အတိအက် မထြက္ေသးေပမယ့္လည္း ၂ ပတ္ေတာ့ ေသခ်ာတယ္၊ ပိတ္လိုက္ပါၿပီ။ ေဆး႐ုံ ေဆးေပးခန္းေတြကေတာ့ လူေတြကုိ ကန္႔သတ္ထားပါတယ္။ မဆုိင္တဲ့လူ မလာရဘူး။ လူနာနဲ႔ လူနာနဲ႔ပတ္သက္တဲ့လူပဲ ဝင္ရမယ္။ အဓိကေတာ့ Disneyland ထဲက Universal ကို ပိတ္လိုက္ပါတယ္။ အဲေတာ့ လူေတြက ေပ်ာ္ပြဲရႊင္ပြဲ သြားႏုိင္မယ့္လူ နည္းသြားတယ္။ Tourist ေတြလည္း နည္းသြားတယ္။ အားလုံးက ဘယ္မွမသြားဘဲ ကုိယ့္ေနရာ ကုိယ့္အိမ္မွာပဲ ကိုယ္တည္းတဲ့ေနရာမွာပဲ အားလုံး ၿငိမ္ၿငိမ္ေလး ေနေနရတဲ့ အေျခအေန ေရာက္ေနပါၿပီ။”

အေမရိကန္လႊတ္ေတာ္မွာေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈကို ရင္ဆိုင္ေနရတဲ့ အေရးေပၚအေျခအေနမွာ လစာနဲ႔ ခြင့္ေပးဖို႔၊ ၀င္ေငြနည္းသူေတြအေနနဲ႔ ကို႐ုိနာဗိုင္းရပ္စ္ကို အခမဲ့ စစ္ေဆးႏိုင္ဖို႔ စတဲ့ ဥပေဒျပ႒ာန္းခ်က္ေတြကို လာမယ့္သီတင္းပတ္အတြင္း ျပ႒ာန္းႏိုင္ဖို႔ ႀကိဳးပမ္းေနၾကပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ကပဲ ၁၉ ဦးေသၿပီး ၅၀၀ နီးပါး ကူးစက္ခဲ့ရာကေန တပတ္အတြင္း မေန႔က လူ ၆၀ နီးပါးထိ ေသဆံုးခဲ့ၿပီး သံုးေထာင္ေက်ာ္ေလာက္ထိ ကူးစက္ခံရတဲ့ အေျခအေနထိ တိုးျမင့္လာခဲ့တာပါ။ ဗိုင္းရပ္စ္ကူးစက္မႈဟာ ေနာက္ထပ္ ႏွစ္လေလာက္ေတာ့ ဆက္ၿပီး ဆိုးႏိုင္တယ္လို႔ အလာဂ်ီနဲ႔ ကူးစက္ေရာဂါဆိုင္ရာ အေမရိကန္ အင္စတီက်ဳရဲ႕ ဒါ႐ုိက္တာ ေဒါက္တာ Anthony Fauci က သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

အမေရိကန်ပြည်ထောင်စု ကိုရိုနာဗိုင်းရပ်စ် ပြဿနာဂယက်

နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြန်ဆန်လာတဲ့အတွက် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ အမေရိကန်ပြည်ထောင်စုက ပြည်နယ်အများစုမှာ ရောဂါခုခံကာကွယ်ရေး ကျောင်းတွေ၊ ရုံးတွေ၊ ကုမ္ပဏီတွေ၊ စားသောက်ဆိုင်တွေကို အနည်းဆုံး နှစ်ပတ်ကနေ တလအထိ အာဏာပိုင်တွေက ပိတ်လိုက်ပါပြီ။

အခုလို ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူတွေစည်ကားနေတဲ့ မြို့ကြီးတွေမှာ လူသူမရှိလောက်အောင် တိတ်ဆိတ်သွားတဲ့ အခြေအနေ၊ နေ့စဉ်လှုပ်ရှားမှုတွေကနေ ရုတ်တရက် ဘယ်လိုအပြောင်းအလဲတွေ ရင်ဆိုင်နေရသလဲ စတဲ့ အမေရိကန်ရောက် မြန်မာနွယ်ဖွားတချို့ရဲ့ အတွေ့အကြုံတွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

မနေ့ တနင်္ဂနွေနေ့ထိ လူပေါင်း ၆၀ ကျော် သေဆုံးပြီး ၃၀၀၀ ကျော်ထိ ကူးစက်လာတဲ့ အမေရိကန်ပြည်ထောင်စုတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ပြည်နယ်ပေါင်း ၄၉ ခုထိ ရှိနေပါတယ်။ နေ့စဉ် ကမ္ဘာလှည့်ခရီးသွားတွေ သန်းနဲ့ချီ လည်ပတ်တဲ့ နယူးယောက်မြို့မှာဆိုရင် နေ့ချင်းညချင်း တိတ်ဆိတ်ခြောက်ကပ်သွားတဲ့ အခြေအနေကို Manhattan မှာ အလုပ်လုပ်နေတဲ့ ကိုဇော်လတ်က ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“နယူးယောက်မြို့က တချိန်လုံး အမြဲတမ်း စည်နေတဲ့မြို့လေ။ ဆိုင်တွေရော အမြဲတမ်း ပြည့်နေတာ၊ Traffic ရော အမြဲတမ်း ဖြစ်နေတာ။ အခုချိန်မှာကြတော့ လူတွေက ဘယ်သူမှလည်း မထွက်ကြတော့ဘူး။ စားသောက်ဆိုင်တွေ အကုန်ပိတ်၊ Gym တွေ အကုန်ပိတ်၊ Day Spa တို့၊ အကုန်လုံး ရှိသမျှ တော်တော်များများလူတွေက ဘယ်မှကို မထွက်ကြဘူး။ လမ်းတွေက တချိန်လုံး Traffic ဖြစ်နေရာက အခုဆို လမ်းပေါ်မှာ ရှင်းနေတာပဲ။ ခါတိုင်း ကားအစီး ၁၀၀ လောက်ရှိရာက အခု ၁၀ စီးလောက်ပဲရှိတယ်။ ခါတိုင်း တရုတ်တန်း Canal Street တို့ နယူးယောက်မြို့က တကယ့်စည်တဲ့ နေရာမျိုးမှာ လုံးဝလူမရှိဘူး။ နေ့စဉ် လူ ထောင်နဲ့ချီပြီး သွားနေတဲ့နေရာက လုံးဝရှင်းထွက်သွားတယ်။ လေးငါးယောက်လောက်ပဲရှိတဲ့ အနေအထားမျိုး ဖြစ်သွားတယ် အခုက။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်နိုင်ဖို့အတွက်လည်း နယူးယောက်မြို့မှာ စားသောက်ဆိုင်တွေနဲ့ အလုပ်ရုံတွေကို အနည်းဆုံး နှစ်ပတ်ကနေ တလအထိ ပိတ်ဖို့ ကြေညာထားတယ်လို့လည်း ကိုဇော်လတ်က ဆိုပါတယ်။

“ရောဂါရှိရှိ မရှိရှိ ကိုယ့်အတွက် Safety ဆိုပြီးတော့ တလလောက်ပိတ်ဖို့ အကုန်လုံးက လုပ်ထားကြတယ်။ မနားရဘူးဆိုရင်တောင် အနည်းဆုံး နှစ်ပတ်နားရမယ်ပေါ့။”

ဗာဂျီးနီးယားပြည်နယ်မှာတော့ မူလတန်းကစပြီး တက္ကသိုလ်ထိ ကျောင်းတွေအားလုံးကို ဧပြီလဆန်းအထိ ပိတ်လိုက်ကြောင်း ကလေးငါးယောက် ဖခင်ဖြစ်သူ ကိုငယ်က ဗွီအိုအေကို ပြောပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ဖြစ်တဲ့အခါကြတော့ အခု ကျောင်းတွေ အကုန်ပိတ်တယ်။ ကျောင်းတွေကို အခုFairfax County ကနေပြီးတော့ ဧပြီလ ၁၀ ရက်နေ့အထိ ပိတ်တယ်လို့ ကြေညာထားတယ်။ ထပ်ပြီးတော့လည်း ပိတ်ဖို့ အစီအစဉ်ရှိတော့ ထပ်ကြေညာမယ်လို့ ပြောတယ်။ ကျနော် အခု အလုပ်လုပ်နေတဲ့ George Washington University ဆိုလည်း နောက်လ ၅ ရက်နေ့အထိ တရားဝင်ပိတ်တယ်။ ဒါပေမယ့် အဲဒီ ၅ ရက်နေ့ ပြီးရင် အွန်လိုင်းကနေ ကျောင်းတွေကို သင်ကြားမယ်လို့ ပြောတယ်။ ကလေးတွေကို ကျောင်းပေးမတက်ဘဲနဲ့။”

ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာတယ်လို့ ကိုငယ်က ပြောပါတယ်။

“အခု အလုပ်တွေက ပိတ်ထားရတယ်။ တချို့အလုပ်တွေဆိုရင် လုံးဝ အလုပ်ကို မလာဖို့ ပြောတယ်။ အဲတော့ စီးပွားရေးကတော့ အတိုင်းအတာ တခုအထိ ထိခိုက်နစ်နာမှုတော့ အများကြီးရှိတာပေါ့။ ကျနော်တို့လည်း အလုပ်မရှိတဲ့အတွက် ကျန်တဲ့ အလုပ်သမားတွေကိုလည်း အလုပ်မပေးနိုင်ဘူး။ မပေးနိုင်တော့ သူတို့လည်း ဝင်ငွေမရတဲ့အခါကြတော့ သူတို့ နေထိုင် စားသောက်စရိတ်တွေအတွက် အခက်အခဲတွေ အများကြီးဖြစ်ရတယ်။ အားလုံးကတော့ စိုးရိမ်ကြောင့်ကြမှုက အတိုင်းအတာတခုအထိ ရှိနေကြတာပဲ။”

ကျောင်းသားဦးရေ ခြောက်သိန်းကျော်ရှိနေတဲ့ အမေရိကန်က ပြည်နယ်အကြီးဆုံးတခုဖြစ်တဲ့ ကာလီဖိုးနီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပုံတွေကို လော့စ်အိန်ဂျယ်လိစ်မြို့က မန္တလေး ဂေဇက်သတင်းစာ အယ်ဒီတာ ဦးမောင်မောင်ကြည်က အခုလိုပြောပြပါတယ်။

“နောက်ဆုံးအခြေအနေက ကျောင်းသားတွေကို ကျောင်းပိတ်လိုက်ပြီ။ မတ်လ ၂၉ ရက်နေ့အထိ ယာယီ ၂ ပတ် ပိတ်လိုက်ပြီ။ ဒါ အထက်တန်းကျောင်း အပါအဝင် အားလုံးပေါ့။ ကျောင်းသား ၆ သိန်းကျော်ရှိတယ်။ ကျောင်းပေါင်း ၉၀၀ ကျော်က ပါတယ်ဆိုတော့ ကျောင်းတော့ပိတ်လိုက်ပြီ။ ကောလိပ် တက္ကသိုလ်ကတော့ သူ့ ဆိုင်ရာဆိုင်ရာ ကြေညာပါတယ်။ ဒါပေမယ့် အတိအကျ မထွက်သေးပေမယ့်လည်း ၂ ပတ်တော့ သေချာတယ်၊ ပိတ်လိုက်ပါပြီ။ ဆေးရုံ ဆေးပေးခန်းတွေကတော့ လူတွေကို ကန့်သတ်ထားပါတယ်။ မဆိုင်တဲ့လူ မလာရဘူး။ လူနာနဲ့ လူနာနဲ့ပတ်သက်တဲ့လူပဲ ဝင်ရမယ်။ အဓိကတော့ Disneyland ထဲက Universal ကို ပိတ်လိုက်ပါတယ်။ အဲတော့ လူတွေက ပျော်ပွဲရွှင်ပွဲ သွားနိုင်မယ့်လူ နည်းသွားတယ်။ Tourist တွေလည်း နည်းသွားတယ်။ အားလုံးက ဘယ်မှမသွားဘဲ ကိုယ့်နေရာ ကိုယ့်အိမ်မှာပဲ ကိုယ်တည်းတဲ့နေရာမှာပဲ အားလုံး ငြိမ်ငြိမ်လေး နေနေရတဲ့ အခြေအနေ ရောက်နေပါပြီ။”

အမေရိကန်လွှတ်တော်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ရင်ဆိုင်နေရတဲ့ အရေးပေါ်အခြေအနေမှာ လစာနဲ့ ခွင့်ပေးဖို့၊ ဝင်ငွေနည်းသူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အခမဲ့ စစ်ဆေးနိုင်ဖို့ စတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို လာမယ့်သီတင်းပတ်အတွင်း ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ၁၉ ဦးသေပြီး ၅၀၀ နီးပါး ကူးစက်ခဲ့ရာကနေ တပတ်အတွင်း မနေ့က လူ ၆၀ နီးပါးထိ သေဆုံးခဲ့ပြီး သုံးထောင်ကျော်လောက်ထိ ကူးစက်ခံရတဲ့ အခြေအနေထိ တိုးမြင့်လာခဲ့တာပါ။ ဗိုင်းရပ်စ်ကူးစက်မှုဟာ နောက်ထပ် နှစ်လလောက်တော့ ဆက်ပြီး ဆိုးနိုင်တယ်လို့ အလာဂျီနဲ့ ကူးစက်ရောဂါဆိုင်ရာ အမေရိကန် အင်စတီကျုရဲ့ ဒါရိုက်တာ ဒေါက်တာ Anthony Fauci က သတိပေးထားပါတယ်။

XS
SM
MD
LG