(Zawgyi / Unicode)
ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွံ႔မႈကို ဟန္႔တားတဲ့အေနနဲ႔ Apple နည္းပညာကုမၸဏီ အေရာင္းဆိုင္ေတြကို သီတင္း ၂ ပတ္ ယာယီပိတ္ထားမယ္လို႔ Apple အမႈေဆာင္ခ်ဳပ္ Tim Cook က မေန႔ စေနေန႔က ေၾကညာပါတယ္။ ဒါေပမယ့္ Apple online ေရာင္းခ်မႈကိုေတာ့ ဆက္ၿပီး ဖြင့္ထားမွာျဖစ္သလို “Apple Store” app ကုိလည္း အသံုးျပဳႏုိင္ပါတယ္။
ေရာဂါကူးစက္မႈ စတင္ခဲ့တဲ့ တ႐ုုတ္ျပည္မႀကီးမွာေတာ့ ပိတ္ထားတဲ့ Apple အေရာင္းဆိုင္ေတြကို ျပန္ဖြင့္ထားၿပီး ျဖစ္သလို ဆက္ၿပီးဖြင့္သြားမွာ ျဖစ္ပါတယ္။
ကမၻာတလႊား Apple အေရာင္းဆိုင္ ၅၀၀ ေက်ာ္ရွိၿပီး တ၀က္ေလာက္က အေမရိကန္ျပည္ေထာင္စုအတြင္းမွာ ရွိတာပါ။
Apple ကုမၸဏီအေနနဲ႔ ကမၻာတ၀ွမ္း ကို႐ိုနာဗိုင္းရပ္စ္ တုိက္ဖ်က္ေရးအတြက္ အေမရိကန္ေဒၚလာ ၁၅ သန္း ေပးလွဴဖို႔ ကတိျပဳထားပါတယ္။
လက္ရွိမွာ ကမၻာတလႊား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၁၅၆,၀၀၀ ေက်ာ္ရွိၿပီး ေသဆံုးသူ ၆၀၀၀ နီးပါး ရွိေနပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာေတာ့ ေရာဂါကူးစက္သူ ၂၉၀၀ ေက်ာ္နဲ႔ ေသဆံုးသူ အနည္းဆံုး ၆၀ ေလာက္ ရွိပါတယ္။
-------------------------------
(Unicode)
Apple အရောင်းဆိုင်တွေ သီတင်း ၂ ပတ် ပိတ်ထားမည်
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို ဟန့်တားတဲ့အနေနဲ့ Apple နည်းပညာကုမ္ပဏီ အရောင်းဆိုင်တွေကို သီတင်း ၂ ပတ် ယာယီပိတ်ထားမယ်လို့ Apple အမှုဆောင်ချုပ် Tim Cook က မနေ့ စနေနေ့က ကြေညာပါတယ်။ ဒါပေမယ့် Apple online ရောင်းချမှုကိုတော့ ဆက်ပြီး ဖွင့်ထားမှာဖြစ်သလို “Apple Store” app ကိုလည်း အသုံးပြုနိုင်ပါတယ်။
ရောဂါကူးစက်မှု စတင်ခဲ့တဲ့ တရုတ်ပြည်မကြီးမှာတော့ ပိတ်ထားတဲ့ Apple အရောင်းဆိုင်တွေကို ပြန်ဖွင့်ထားပြီး ဖြစ်သလို ဆက်ပြီးဖွင့်သွားမှာ ဖြစ်ပါတယ်။
ကမ္ဘာတလွှား Apple အရောင်းဆိုင် ၅၀၀ ကျော်ရှိပြီး တဝက်လောက်က အမေရိကန်ပြည်ထောင်စုအတွင်းမှာ ရှိတာပါ။
Apple ကုမ္ပဏီအနေနဲ့ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း ပေးလှူဖို့ ကတိပြုထားပါတယ်။
လက်ရှိမှာ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၅၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၀၀၀ နီးပါး ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ရောဂါကူးစက်သူ ၂၉၀၀ ကျော်နဲ့ သေဆုံးသူ အနည်းဆုံး ၆၀ လောက် ရှိပါတယ်။