သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump ကုိ႐ုိနာဗုိင္းရပ္စ္ ကင္းရွင္းေၾကာင္း အိမ္ျဖဴေတာ္အတည္ျပဳ


အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပြဲတြင္ ေတြ႔ရသည့္ သမၼတ Donald Trump. (မတ္ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump မွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကင္းရွင္းေၾကာင္း အိမ္ျဖဴေတာ္က စေနေန႔မွာပဲ အတည္ျပဳလုိက္ပါတယ္။ သမၼတ Trump ကေတာ့ ဗုိင္းရပ္စ္ကူးစက္ခံရမႈ ရွိမရွိ သိႏုိင္ေအာင္ ေဆးစစ္ခံထားၿပီး အေျဖကုိ ေစာင့္ဆုိင္းေနေၾကာင္း အေစာပုိင္းမွာပဲ ေျပာဆုိခဲ့တာပါ။

မေန႔ညကပဲ ေဆးစစ္ခံခဲ့ၿပီး မေန႔တုန္းက သတင္းစာရွင္းလင္းပဲြမွာ ေမးခြန္းထုတ္ခံခဲ့ရၿပီးေနာက္ အစစ္ခံဖုိ႔ ဆုံးျဖတ္လုိက္တာလုိ႔လည္း သတင္းေထာက္ေတြကုိ သမၼတ Trump ေျပာခဲ့တာပါ။

သတင္းစာရွင္းလင္းပဲြ မလာခင္မွာဘဲ ကုိယ္အပူခ်ိန္တုိင္းရာမွာ ပုံမွန္ရွိေနတယ္လုိ႔လည္း ေျပာပါတယ္။

သမၼတ Trump က သူနဲ႔ဆုံခဲ့တဲ့ သူေတြထဲက ၃ ေယာက္ထက္မနည္းမွာ ဗုိင္းရပ္စ္ကူးစက္ေနတာ ေတြ႔ရွိခဲ့ေပမယ့္ ေဆးစစ္ခံဖုိ႔ မၾကာေသးခင္ အခ်ိန္အထိ လက္မခံဘဲ ျငင္းဆန္ခဲ့တာပါ။

ေသာၾကာေန႔ သတင္းစာရွင္းလင္းပဲြမွာေတာ့ ေဆးစစ္မခံဘဲ ေနတာဟာ တကုိယ္ေကာင္းဆန္ရာ မေရာက္ဘူးလားဆုိၿပီး သတင္းေထာက္က ေမးခြန္းထုတ္ခဲ့ရာက စစ္ျဖစ္ဖုိ႔မ်ားတယ္ဆုိၿပီး တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေသာၾကာေန႔အထိ အိမ္ျဖဴေတာ္ ဆရာ၀န္က ေရာဂါလကၡဏာ တစုံတရာ မေတြ႔ရတဲ့အတြက္ ေဆးစစ္ခံဖုိ႔ မလုိေသးေၾကာင္းလည္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

စေနေန႔မွာပဲ သမၼတ Trump နဲ႔ ဒုသမၼတ Mike Pence တုိ႔နဲ႔ နီးနီးကပ္ကပ္ ဆက္ဆံခဲ့သူေတြကုိလည္း ကုိယ္ပူခ်ိန္တုိင္း စစ္ေဆးေနေၾကာင္း အိမ္ျဖဴေတာ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္မွာတုန္းက ဖေလာ္ရီဒါျပည္နယ္မွာရွိတဲ့ သမၼတပုိင္ Mar-a-Largo အပန္းေျဖဟုိတယ္မွာ သူနဲ႔ဆုံခဲ့တဲ့ ဘရာဇီးသမၼတနဲ႔ ကုိယ္စားလွယ္အဖဲြ႔၀င္ေတြထဲက ၂ ဦးမွာ ဗုိင္းရပ္စ္ကူးစက္ေနေၾကာင္း ေနာက္ပုိင္း ေဆးစစ္ရာက သိလာခဲ့ရတာပါ။

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈအႏၱရာယ္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ အခုအခါ အိမ္ျဖဴေတာ္မွာ သတင္းယူဖုိ႔ လာၾကတဲ့ သတင္းေထာက္ေတြကုိလည္း ကုိယ္အပူခ်ိန္ တုိင္းတာ စစ္ေဆးေနပါတယ္။

-------------------------------

(Unicode)

သမ္မတ Trump ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း အိမ်ဖြူတော်အတည်ပြု

အမေရိကန်သမ္မတ Donald Trump မှာ ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း အိမ်ဖြူတော်က စနေနေ့မှာပဲ အတည်ပြုလိုက်ပါတယ်။ သမ္မတ Trump ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိမရှိ သိနိုင်အောင် ဆေးစစ်ခံထားပြီး အဖြေကို စောင့်ဆိုင်းနေကြောင်း အစောပိုင်းမှာပဲ ပြောဆိုခဲ့တာပါ။

မနေ့ညကပဲ ဆေးစစ်ခံခဲ့ပြီး မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းထုတ်ခံခဲ့ရပြီးနောက် အစစ်ခံဖို့ ဆုံးဖြတ်လိုက်တာလို့လည်း သတင်းထောက်တွေကို သမ္မတ Trump ပြောခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲ မလာခင်မှာဘဲ ကိုယ်အပူချိန်တိုင်းရာမှာ ပုံမှန်ရှိနေတယ်လို့လည်း ပြောပါတယ်။

သမ္မတ Trump က သူနဲ့ဆုံခဲ့တဲ့ သူတွေထဲက ၃ ယောက်ထက်မနည်းမှာ ဗိုင်းရပ်စ်ကူးစက်နေတာ တွေ့ရှိခဲ့ပေမယ့် ဆေးစစ်ခံဖို့ မကြာသေးခင် အချိန်အထိ လက်မခံဘဲ ငြင်းဆန်ခဲ့တာပါ။

သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဆေးစစ်မခံဘဲ နေတာဟာ တကိုယ်ကောင်းဆန်ရာ မရောက်ဘူးလားဆိုပြီး သတင်းထောက်က မေးခွန်းထုတ်ခဲ့ရာက စစ်ဖြစ်ဖို့များတယ်ဆိုပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သောကြာနေ့အထိ အိမ်ဖြူတော် ဆရာဝန်က ရောဂါလက္ခဏာ တစုံတရာ မတွေ့ရတဲ့အတွက် ဆေးစစ်ခံဖို့ မလိုသေးကြောင်းလည်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

စနေနေ့မှာပဲ သမ္မတ Trump နဲ့ ဒုသမ္မတ Mike Pence တို့နဲ့ နီးနီးကပ်ကပ် ဆက်ဆံခဲ့သူတွေကိုလည်း ကိုယ်ပူချိန်တိုင်း စစ်ဆေးနေကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတုန်းက ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ သမ္မတပိုင် Mar-a-Largo အပန်းဖြေဟိုတယ်မှာ သူနဲ့ဆုံခဲ့တဲ့ ဘရာဇီးသမ္မတနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေထဲက ၂ ဦးမှာ ဗိုင်းရပ်စ်ကူးစက်နေကြောင်း နောက်ပိုင်း ဆေးစစ်ရာက သိလာခဲ့ရတာပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုအခါ အိမ်ဖြူတော်မှာ သတင်းယူဖို့ လာကြတဲ့ သတင်းထောက်တွေကိုလည်း ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးနေပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG