(Zawgyi/Unicode)
ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈေတြ စတင္ျဖစ္ပြားတဲ့ တ႐ုတ္ႏိုင္ငံ ၀ူဟန္ျမိဳ႕မွာ ပထမဆံုးအၾကိမ္ ေရာဂါပိုးကူးသူအသစ္ မရွိေတာ့တဲ့အေၾကာင္း တာ၀န္ရွိသူေတြက ဒီကေန႔ ေၾကညာပါတယ္။
ႏုိင္ငံတြင္းက ေနရာတခ်ိဳ႕မွာေတာ့ ျပည္ပကေန ျပန္လာသူ ၃၄ ေယာက္ဆီမွာ ဒီဗိုင္းရပ္စ္ပိုး ကူးစက္တာေတ႔ြ႐ွိရျပီး ျပည္တြင္းမွာ ကူးစက္သူေတြ မဟုတ္တဲ့အေၾကာင္း တ႐ုတ္ က်န္းမာေရးတာဝန္႐ွိသူေတြက ေျပာပါတယ္။
ဒီဇင္ဘာလကုန္ပိုင္းက စၿပီး တ႐ုတ္ႏိုင္ငံ Wuhan ၿမိဳ႕ကေန Coronavirus ပုိးစတင္ကူးစက္ခဲ့တာမွာ ပိုးကူးသူ ၈၁,၀၀၀ ေက်ာ္႐ွိၿပီး COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ၃,၂၀၀ ေက်ာ္ထက္မနည္း ႐ွိခဲ့ပါတယ္။ ပိုးကူးၿပီး နာမက်န္းျဖစ္ခဲ့သူ အမ်ားအျပားလည္း ျပန္လည္ေနေကာင္းေနပါတယ္။
ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ေန႔စဥ္ပိုးကူးစက္သူ ၁၀၀ ေအာက္ေရာက္တာ ၄ ရက္ဆက္တိုက္႐ွိခဲ့ၿပီးေနာက္ ဒီေန႔မွာေတာ့ ပိုးကူးသူ ၁၅၂ ေယာက္ ေတ႔ြ႐ွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
လက္႐ွိကမာၻမွာ ပိုးကူးစက္ေနသူ ဒုတိယအမ်ားဆံုးျဖစ္တဲ့ အီတလီႏိုင္ငံမွာ ဗုဒၶဟူးေန႔တုန္းက ေသဆံုးသူ ၄၇၅ ေယာက္ ႐ွိခဲ့တဲ့အတြက္ COVID-19 ေရာဂါေၾကာင့္ တေန႔ထဲေသဆံုးသူ အေရအတြက္ ကမာၻမွာ အမ်ားဆံုးျဖစ္ခဲ့ပါတယ္။ အီတလီမွာ ကူးစက္ေနသူေပါင္း ၃၅,၀၀၀ ေက်ာ္ ႐ွိေနၿပီး ေသဆံုးသူ ၃,၀၀၀ နီးပါး႐ွိပါတယ္။
ဥေရာပမွာ ကူးစက္မႈ ဒုတိယ အမ်ားဆံုးျဖစ္ေနတဲ့ စပိန္ႏိုင္ငံမွာလည္း Coronavirus ပိုးကူးစက္သူ ၁၅,၀၀၀ ေလာက္ ႐ွိေနၿပီး ေသဆံုးသူ ၆၃၀ ေက်ာ္ သြားပါၿပီ။
COVID-19 ကပ္ေရာဂါ ကမာၻအႏွံ႔ ပ်ံ႕ႏွံ႔ေနမႈေၾကာင့္ ဥေရာပမွာ အေကာင္းဆံုး အဆို႐ွင္ေ႐ြးခ်ယ္တဲ့ Eurovision သီခ်င္းဆုိၿပိဳင္ပြဲကို ဒီႏွစ္ မက်င္းပဘူးလို႔ ဒီႏွစ္ အိမ္႐ွင္အျဖစ္က်င္းပမယ့္ Netherlands ႏိုင္ငံ Rotterdam ၿမိဳ႕က ပြဲစီစဥ္သူေတြက ေၾကညာပါတယ္။
ဥေရာပႏိုင္ငံေတြက ႏိုင္ငံကိုယ္စားျပဳအဆိုေတာ္ေတြၾကား ၿပိဳင္ဆိုင္ၾကတဲ့ ဒီအဆိုၿပိဳင္ပြဲကို ၁၉၅၆ ခုႏွစ္ထဲက ႏွစ္စဥ္က်င္းပလာခဲ့တာျဖစ္ၿပီး တိုက္႐ိုက္ထုတ္လႊင့္မႈကို ၾကည့္တဲ့ပရိတ္သတ္က သန္း ၂၀၀ ေလာက္႐ွိပါတယ္။
[Unicode Version]
တရုတ်မှာ COVID-19 နောက်ထပ် ကူးစက်သူ မရှိတော့
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပထမဆုံးအကြိမ် ရောဂါပိုးကူးသူအသစ် မရှိတော့တဲ့အကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ ကြေညာပါတယ်။
နိုင်ငံတွင်းက နေရာတချို့မှာတော့ ပြည်ပကနေ ပြန်လာသူ ၃၄ ယောက်ဆီမှာ ဒီဗိုင်းရပ်စ်ပိုး ကူးစက်တာတေ့ွရှိရပြီး ပြည်တွင်းမှာ ကူးစက်သူတွေ မဟုတ်တဲ့အကြောင်း တရုတ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းက စပြီး တရုတ်နိုင်ငံ Wuhan မြို့ကနေ Coronavirus ပိုးစတင်ကူးစက်ခဲ့တာမှာ ပိုးကူးသူ ၈၁,၀၀၀ ကျော်ရှိပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ ၃,၂၀၀ ကျော်ထက်မနည်း ရှိခဲ့ပါတယ်။ ပိုးကူးပြီး နာမကျန်းဖြစ်ခဲ့သူ အများအပြားလည်း ပြန်လည်နေကောင်းနေပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာတော့ နေ့စဉ်ပိုးကူးစက်သူ ၁၀၀ အောက်ရောက်တာ ၄ ရက်ဆက်တိုက်ရှိခဲ့ပြီးနောက် ဒီနေ့မှာတော့ ပိုးကူးသူ ၁၅၂ ယောက် တေ့ွရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိကမ္ဘာမှာ ပိုးကူးစက်နေသူ ဒုတိယအများဆုံးဖြစ်တဲ့ အီတလီနိုင်ငံမှာ ဗုဒ္ဓဟူးနေ့တုန်းက သေဆုံးသူ ၄၇၅ ယောက် ရှိခဲ့တဲ့အတွက် COVID-19 ရောဂါကြောင့် တနေ့ထဲသေဆုံးသူ အရေအတွက် ကမ္ဘာမှာ အများဆုံးဖြစ်ခဲ့ပါတယ်။ အီတလီမှာ ကူးစက်နေသူပေါင်း ၃၅,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၃,၀၀၀ နီးပါးရှိပါတယ်။
ဥရောပမှာ ကူးစက်မှု ဒုတိယ အများဆုံးဖြစ်နေတဲ့ စပိန်နိုင်ငံမှာလည်း Coronavirus ပိုးကူးစက်သူ ၁၅,၀၀၀ လောက် ရှိနေပြီး သေဆုံးသူ ၆၃၀ ကျော် သွားပါပြီ။
COVID-19 ကပ်ရောဂါ ကမ္ဘာအနှံ့ ပျံ့နှံ့နေမှုကြောင့် ဥရောပမှာ အကောင်းဆုံး အဆိုရှင်ရွေးချယ်တဲ့ Eurovision သီချင်းဆိုပြိုင်ပွဲကို ဒီနှစ် မကျင်းပဘူးလို့ ဒီနှစ် အိမ်ရှင်အဖြစ်ကျင်းပမယ့် Netherlands နိုင်ငံ Rotterdam မြို့က ပွဲစီစဉ်သူတွေက ကြေညာပါတယ်။
ဥရောပနိုင်ငံတွေက နိုင်ငံကိုယ်စားပြုအဆိုတော်တွေကြား ပြိုင်ဆိုင်ကြတဲ့ ဒီအဆိုပြိုင်ပွဲကို ၁၉၅၆ ခုနှစ်ထဲက နှစ်စဉ်ကျင်းပလာခဲ့တာဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တဲ့ပရိတ်သတ်က သန်း ၂၀၀ လောက်ရှိပါတယ်။