(Zawgyi/Unicode)
ကိုရိုနာဗုိင္းရပ္စ္ ကပ္ေဘးဆိုက္ေနခ်ိန္ ႀကံဳေနရတဲ့ အေရးေပၚ အေျခေနအရ အီးယူ ဥေရာပသမဂၢႏိုင္ငံေတြဆီ ျပင္ပႏိုင္ငံေတြကေန တင္သြင္းတဲ့ ေဆးပစၥည္း ကရိယာေတြ ေဆးဘက္ဆိုင္ရာ အကာအကြယ္သံုး ပစၥည္းေတြအတြက္ သြင္းကုန္ခြန္ ေကာက္ယူမႈကို ယာယီဆိုင္းငံ့ ထားမွာ ျဖစ္ေၾကာင္း ဥေရာပ ေကာ္မရွင္က ေသာၾကာေန႔မွာ ေၾကညာပါတယ္။
ေဆးရံုေတြနဲ႔ က်န္းမာေရးလုပ္သားေတြရဲ့ လိုအပ္ခ်က္ေတြကို သိထားတဲ့ အတြက္ ဒီေဆးပစၥည္း ေစ်းေၾကာင့္ သူတို႔ဝန္မပိေစပဲ အဆင္ေျပေအာင္ လုပ္ေပးတာ ျဖစ္ေၾကာင္း ဥေရာပ ေကာ္မရွင္ ဥကၠဌ Ursula Von der Leyen က ဗီြဒီယို ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။
ဥပမာ-တရုတ္ျပည္က တင္သြင္းတဲ့ အကာကြယ္ဝတ္စံု ေတြ ႏွာေခါင္းစည္း ေတြ အတြက္ဆို အခုလို ဆုိင္းငံ့လိုက္တဲ့ အတြက္ ေစ်းေတြဟာ သံုးပံု တပံုေလာက္ ေလ်ာ့က် သြားႏိုင္တာ ျဖစ္ပါတယ္။
အခုလို သြင္းကုန္ခြန္ ယာယီ ဆိုင္းငံ့မႈဟာ ဇန္နဝါရီလ ၃၀ ရက္ေန႔အထိ ေနာက္ေၾကာင္းျပန္ သက္ေရာက္မႈ ရွိေစရမွာ ျဖစ္ၿပီး ဒါကို ၄ လ အထိ သတ္မွတ္ ထားသလို လိုအပ္ရင္ ဒီ့ထက္ ပိုၾကာၾကား ထားရွိမွာ ျဖစ္ေၾကာင္းလည္း ဥေရာပ ေကာ္မရွင္ ဥကၠဌက ေျပာပါတယ္။
..................
COVID ကာလ ဆေးပစ္စည်းသွင်းကုန်အခွန်ကောက်ယူမှု အီးယူ ယာယီဆိုင်းငံ့
(Unicode)
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဆိုက်နေချိန် ကြုံနေရတဲ့ အရေးပေါ် အခြေနေအရ အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေဆီ ပြင်ပနိုင်ငံတွေကနေ တင်သွင်းတဲ့ ဆေးပစ္စည်း ကရိယာတွေ ဆေးဘက်ဆိုင်ရာ အကာအကွယ်သုံး ပစ္စည်းတွေအတွက် သွင်းကုန်ခွန် ကောက်ယူမှုကို ယာယီဆိုင်းငံ့ ထားမှာ ဖြစ်ကြောင်း ဥရောပ ကော်မရှင်က သောကြာနေ့မှာ ကြေညာပါတယ်။
ဆေးရုံတွေနဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ လိုအပ်ချက်တွေကို သိထားတဲ့ အတွက် ဒီဆေးပစ္စည်း ဈေးကြောင့် သူတို့ဝန်မပိစေပဲ အဆင်ပြေအောင် လုပ်ပေးတာ ဖြစ်ကြောင်း ဥရောပ ကော်မရှင် ဥက္ကဌ Ursula Von der Leyen က ဗွီဒီယို ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ဥပမာ-တရုတ်ပြည်က တင်သွင်းတဲ့ အကာကွယ်ဝတ်စုံ တွေ နှာခေါင်းစည်း တွေ အတွက်ဆို အခုလို ဆိုင်းငံ့လိုက်တဲ့ အတွက် ဈေးတွေဟာ သုံးပုံ တပုံလောက် လျော့ကျ သွားနိုင်တာ ဖြစ်ပါတယ်။
အခုလို သွင်းကုန်ခွန် ယာယီ ဆိုင်းငံ့မှုဟာ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ နောက်ကြောင်းပြန် သက်ရောက်မှု ရှိစေရမှာ ဖြစ်ပြီး ဒါကို ၄ လ အထိ သတ်မှတ် ထားသလို လိုအပ်ရင် ဒီ့ထက် ပိုကြာကြား ထားရှိမှာ ဖြစ်ကြောင်းလည်း ဥရောပ ကော်မရှင် ဥက္ကဌက ပြောပါတယ်။