(Zawgyi/Unicode)
COVID-19 ကပ္ေရာဂါေၾကာင့္ ထိခိုက္ေနတဲ့ EU ဥေရာပသမဂၢအဖဲြ႔ဝင္ႏိုင္ငံေတြအတြက္ ေဒၚလာ ဘီလီယံ ၅၈၀ သံုးစြဲေထာက္ပံ့မယ့္အစီအစဥ္ကို EU က ၾကာသပေတးေန႔က အတည္ျပဳလိုက္ပါတယ္။
EU ျပည္သူေတြရဲ႕ က်န္းမာေရး၊ ေဘးကင္းလံုၿခံဳေရးကို ဦးစားေပးရမယ္ဆိုတာ အားလံုးသေဘာတူခဲ့ၾကတယ္လို႔ ဥေရာပေကာင္စီဥကၠ႒ Charles Michel က ေျပာၾကားခဲ့ပါတယ္။
COVID ကပ္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္ေနတဲ့ EU ၂၇ ႏိုင္ငံ ျပန္လည္ နာလန္ထူေရးအတြက္ သံုးစြဲဖုိ႔ ရန္ပံုေငြကိုလည္း ၾကာသပေတးက Online ေပၚကေနလုပ္ခဲ့တဲ့ ညီလာခံမွာ ေခါင္းေဆာင္ေတြ သေဘာတူညီခဲ့ၾကပါတယ္။
ရန္ပံုေငြပမာဏ အတိအက်ကို မေျပာေပမဲ့ ေဒၚလာ ၁.၁ ထရီလီယံ ကေန ၁.၆ ထရီလီယံ အထိ လိုလိမ့္မယ္လို႔ တာဝန္႐ွိသူေတြက ေျပာပါတယ္။ Coronavirus ပိုးကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ ေခတ္သစ္မွာ ဘယ္တုန္းကမွ မႀကံဖူးတဲ့ စီးပြားေရး ထိခိုက္မႈႀကီး ျဖစ္ေနတယ္လို႔ ဥေရာပေကာင္မ႐ွင္ဥကၠ႒ Ursula von der Leyen က ေျပာၾကားခဲ့ပါတယ္။
[Unicode Version]
COVID-19 ဒဏ်သင့် EU နိုင်ငံများအတွက် ရန်ပုံငွေ ဒေါ်လာ ဘီလီယံ ၅၈၀ သုံးမယ်
COVID-19 ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအတွက် ဒေါ်လာ ဘီလီယံ ၅၈၀ သုံးစွဲထောက်ပံ့မယ့်အစီအစဉ်ကို EU က ကြာသပတေးနေ့က အတည်ပြုလိုက်ပါတယ်။
EU ပြည်သူတွေရဲ့ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးကို ဦးစားပေးရမယ်ဆိုတာ အားလုံးသဘောတူခဲ့ကြတယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel က ပြောကြားခဲ့ပါတယ်။
COVID ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်နေတဲ့ EU ၂၇ နိုင်ငံ ပြန်လည် နာလန်ထူရေးအတွက် သုံးစွဲဖို့ ရန်ပုံငွေကိုလည်း ကြာသပတေးက Online ပေါ်ကနေလုပ်ခဲ့တဲ့ ညီလာခံမှာ ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။
ရန်ပုံငွေပမာဏ အတိအကျကို မပြောပေမဲ့ ဒေါ်လာ ၁.၁ ထရီလီယံ ကနေ ၁.၆ ထရီလီယံ အထိ လိုလိမ့်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Coronavirus ပိုးကူးစက်ပျံ့နှံ့မှုကြောင့် ခေတ်သစ်မှာ ဘယ်တုန်းကမှ မကြံဖူးတဲ့ စီးပွားရေး ထိခိုက်မှုကြီး ဖြစ်နေတယ်လို့ ဥရောပကောင်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ပြောကြားခဲ့ပါတယ်။