သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

WHO ကုိ ရန္ပုံေငြေပးဖုိ႔ မေသခ်ာေၾကာင္း ကန္ ႏုိင္ငံျခားေရး၀န္ႀကီးေျပာ


(Zawgyi/Unicode)

WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးရဲ့ ကိုရိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါဆိုင္ရာ ကိုင္တြယ္ေဆာင္ရြက္ပံုကို ၾကည့္ရင္ ဒီအဖြဲ႔ႀကီးဟာ အေျခခံကစၿပီး ျပဳျပင္ေျပာင္းလဲဖို႔ လိုေနၿပီလို႔ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo က ေျပာၾကားလိုက္သလို ဒီအဖြဲ႔အတြက္ အလွဴေငြ အမ်ားဆံုးထည့္ဝင္ေနတဲ့ အေမရိကန္ျပည္ေထာင္စုက ဒီအဖြဲ႔အတြက္ ရန္ပံုေငြ ဘယ္ေတာ့မွျပန္ခ် မေပးပဲေနတာမ်ိဳး ျဖစ္လာႏုိင္တယ္လို႔လည္း ေျပာပါတယ္။

WHO ကို ၂၀၀၇ ခုႏွစ္မွာ ျပန္လည္ဖြဲ႔စည္းခဲ့တာ ျဖစ္ၿပီး ဒီအဖြဲ႔မွာ အားနည္းခ်က္ေတြ ေတြ႔ရတာဟာ အခုအႀကိမ္ဟာ ပထမဆံုးအႀကိမ္ မဟုတ္ေၾကာင္းနဲ႔ ဒီအဖြဲ႔နဲ႔ပတ္သက္ၿပီး ေသေသခ်ာခ်ာ ျပန္ဆန္းစစ္ဖို႔ လုိမယ္လို႔ ထင္ေၾကာင္းလည္း ဝန္ႀကီး Pompeo ေျပာပါတယ္။

ဒီအဖြဲ႔ႀကီးဟာ တရုတ္အတြက္ ဦးစားေပးၿပီး လက္ရွိျဖစ္ပြားေနတဲ့ ကပ္ေရာဂါနဲ႔ပတ္သက္တဲ့ တရုတ္ရဲ့ အခ်က္လက္မွားေတြကို ေထာက္ခံပံ့ပိုး ေပးေနတယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က စြပ္စြဲၿပီး WHO ကိုေပးေနတဲ့ ရန္ပံုေငြေတြကို ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ ရပ္ဆိုင္းထားခဲ့တာ ျဖစ္ပါတယ္။

WHO ရဲ႕ ေခါင္းေဆာင္ပိုင္း အေျပာင္းအလဲလုပ္ဖို႔ သူမကန္႔ကြက္တဲ့ အျပင္ WHO မွာ အေျပာင္းအလဲေတြ အေသအခ်ာ လုပ္ဖုိ႔လိုေနေၾကာင္းလည္း ဝန္ႀကီးကေျပာပါတယ္။

ဒီကိုရိုနာဗိုင္းရပ္စ္ ေရာဂါျဖစ္ပြားမႈကိုေရာ ဒီေရာဂါပိုးဟာ လူသားအခ်င္းခ်င္း ကူးစက္မႈ ရွိတယ္ဆိုတာကိုပါ တရုတ္အစိုးရက WHO ကိုအခ်ိန္မွီ သတင္းမပို႔ခဲ့ဘူူးလို႔ အေမရိကန္အစိုးရ ခို္င္ခိုင္မာမာ ယံုၾကည္ေၾကာင္း အဖြဲ႔ဝင္ႏုိင္ငံ တႏုိင္ငံရဲ့ အခုလို စည္းမ်ဥ္းဥပေဒ ခ်ိဳးေဖာက္မႈ အတြက္ WHO အႀကီးအကဲ တေယာက္အေနနဲ႔ အေရးယူဖို႔ Tedros Adhanom Ghebreyesus က ပ်က္ကြက္ခဲ့တယ္ လို႔လည္း ဝန္ႀကီး Pompeo ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

WHO ကို ရန်ပုံငွေပေးဖို့ မသေချာကြောင်း ကန် နိုင်ငံခြားရေးဝန်ကြီးပြော

(Unicode)

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်ပုံကို ကြည့်ရင် ဒီအဖွဲ့ကြီးဟာ အခြေခံကစပြီး ပြုပြင်ပြောင်းလဲဖို့ လိုနေပြီလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောကြားလိုက်သလို ဒီအဖွဲ့အတွက် အလှူငွေ အများဆုံးထည့်ဝင်နေတဲ့ အမေရိကန်ပြည်ထောင်စုက ဒီအဖွဲ့အတွက် ရန်ပုံငွေ ဘယ်တော့မှပြန်ချ မပေးပဲနေတာမျိုး ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

WHO ကို ၂၀၀၇ ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဒီအဖွဲ့မှာ အားနည်းချက်တွေ တွေ့ရတာဟာ အခုအကြိမ်ဟာ ပထမဆုံးအကြိမ် မဟုတ်ကြောင်းနဲ့ ဒီအဖွဲ့နဲ့ပတ်သက်ပြီး သေသေချာချာ ပြန်ဆန်းစစ်ဖို့ လိုမယ်လို့ ထင်ကြောင်းလည်း ဝန်ကြီး Pompeo ပြောပါတယ်။

ဒီအဖွဲ့ကြီးဟာ တရုတ်အတွက် ဦးစားပေးပြီး လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ပတ်သက်တဲ့ တရုတ်ရဲ့ အချက်လက်မှားတွေကို ထောက်ခံပံ့ပိုး ပေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲပြီး WHO ကိုပေးနေတဲ့ ရန်ပုံငွေတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

WHO ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်ဖို့ သူမကန့်ကွက်တဲ့ အပြင် WHO မှာ အပြောင်းအလဲတွေ အသေအချာ လုပ်ဖို့လိုနေကြောင်းလည်း ဝန်ကြီးကပြောပါတယ်။

ဒီကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှုကိုရော ဒီရောဂါပိုးဟာ လူသားအချင်းချင်း ကူးစက်မှု ရှိတယ်ဆိုတာကိုပါ တရုတ်အစိုးရက WHO ကိုအချိန်မှီ သတင်းမပို့ခဲ့ဘူူးလို့ အမေရိကန်အစိုးရ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း အဖွဲ့ဝင်နိုင်ငံ တနိုင်ငံရဲ့ အခုလို စည်းမျဉ်းဥပဒေ ချိုးဖောက်မှု အတွက် WHO အကြီးအကဲ တယောက်အနေနဲ့ အရေးယူဖို့ Tedros Adhanom Ghebreyesus က ပျက်ကွက်ခဲ့တယ် လို့လည်း ဝန်ကြီး Pompeo ကပြောပါတယ်။

XS
SM
MD
LG