(Zawgyi/Unicode)
ကမာၻတ၀န္း ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ အဆ ၂၀ ေလာက္တုိးေအာင္ လုပ္ခဲ့တယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) ကုိ ေပးေနတဲ့ အေထာက္အပံ့ေတြ ရပ္ဆုိင္းမယ့္အေၾကာင္း သမၼတ Donald Trump က ေၾကညာလုိက္ပါတယ္။
ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈကုိ စီမံခန္႔ခဲြမႈ ည့ံဖ်င္းခဲ့မႈနဲ႔ ဖုံးကြယ္ခဲ့မႈေတြမွာ WHO ပတ္သက္ခဲ့တဲ့ အခန္းက႑ကုိ ျပန္လည္ သုံးသပ္ေနခ်ိန္မွာ အေမရိကန္က ေထာက္ပံ့ေနတာေတြကုိ ရပ္ဆုိင္းထားဖုိ႔ အစုိးရအဖဲြ႔ကုိ ညႊန္ၾကားထားေၾကာင္း သမၼတ Trump မေန႔ကပဲ အိမ္ျဖဴေတာ္မွာ ေျပာဆုိသြားတာပါ။
COVID-19 ေရာဂါ တုိက္ဖ်က္ေရး WHO ရဲ႕ ေဆာင္ရြက္ခ်က္ေတြကုိ ျပန္လည္သုံးသပ္ေနစဥ္ ရက္ေပါင္း ၆၀ ကေန ၉၀ အထိ အေထာက္အပံ့ေတြ ဆုိင္းငံ့သြားမွာ ျဖစ္တယ္လုိ႔လည္း သမၼတ Trump ကေျပာပါတယ္။
အေမရိကန္ အခြန္ထမ္းျပည္သူေတြရဲ႕ေငြေတြနဲ႔ ႏွစ္စဥ္ WHO ကုိ ေဒၚလာ သန္း ၄၀၀ ကေန ၅၀၀ ေလာက္အထိ ေထာက္ပံ့ေပးေနၿပီး တ႐ုတ္ႏုိင္ငံကေတာ့ သန္း ၄၀ ေလာက္သာ ေပးအပ္ေနေၾကာင္းလည္း ေျပာခဲ့တာပါ။
အေမရိကန္က အမ်ားဆုံး ေထာက္ပံ့ေနေပမဲ့ WHO ဟာ တ႐ုတ္ႏုိင္ငံကုိသာ မ်က္ႏွာသာေပးေနတယ္ဆုိၿပီး စြပ္စဲြေနတဲ့ သမၼတ Trump က ရန္ပုံေငြေတြ ျဖတ္ေတာက္မယ့္ အေၾကာင္းလည္း အေစာပုိင္းမွာကတည္းက ထပ္တလဲလဲ သတိေပးထားပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက တ႐ုတ္ႏုိင္ငံမွာ ဗုိင္းရပ္စ္စတင္ ကူးစက္တဲ့ သတင္းေတြ စတင္ထြက္ေပၚခဲ့တာကုိ စုံစမ္းစစ္ေဆးရမယ့္ အေျခခံတာ၀န္ကုိလည္း WHO ဘက္က ပ်က္ကြက္ခဲ့ေၾကာင္း ေျပာဆုိထားပါတယ္။
[Unicode Version]
WHO အတွက် ရန်ပုံငွေ အမေရိကန်ရပ်ဆိုင်း
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆ ၂၀ လောက်တိုးအောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို ပေးနေတဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းမယ့်အကြောင်း သမ္မတ Donald Trump က ကြေညာလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့မှုနဲ့ ဖုံးကွယ်ခဲ့မှုတွေမှာ WHO ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍကို ပြန်လည် သုံးသပ်နေချိန်မှာ အမေရိကန်က ထောက်ပံ့နေတာတွေကို ရပ်ဆိုင်းထားဖို့ အစိုးရအဖွဲ့ကို ညွှန်ကြားထားကြောင်း သမ္မတ Trump မနေ့ကပဲ အိမ်ဖြူတော်မှာ ပြောဆိုသွားတာပါ။
COVID-19 ရောဂါ တိုက်ဖျက်ရေး WHO ရဲ့ ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်နေစဉ် ရက်ပေါင်း ၆၀ ကနေ ၉၀ အထိ အထောက်အပံ့တွေ ဆိုင်းငံ့သွားမှာ ဖြစ်တယ်လို့လည်း သမ္မတ Trump ကပြောပါတယ်။
အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ငွေတွေနဲ့ နှစ်စဉ် WHO ကို ဒေါ်လာ သန်း ၄၀၀ ကနေ ၅၀၀ လောက်အထိ ထောက်ပံ့ပေးနေပြီး တရုတ်နိုင်ငံကတော့ သန်း ၄၀ လောက်သာ ပေးအပ်နေကြောင်းလည်း ပြောခဲ့တာပါ။
အမေရိကန်က အများဆုံး ထောက်ပံ့နေပေမဲ့ WHO ဟာ တရုတ်နိုင်ငံကိုသာ မျက်နှာသာပေးနေတယ်ဆိုပြီး စွပ်စွဲနေတဲ့ သမ္မတ Trump က ရန်ပုံငွေတွေ ဖြတ်တောက်မယ့် အကြောင်းလည်း အစောပိုင်းမှာကတည်းက ထပ်တလဲလဲ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်စတင် ကူးစက်တဲ့ သတင်းတွေ စတင်ထွက်ပေါ်ခဲ့တာကို စုံစမ်းစစ်ဆေးရမယ့် အခြေခံတာဝန်ကိုလည်း WHO ဘက်က ပျက်ကွက်ခဲ့ကြောင်း ပြောဆိုထားပါတယ်။