သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတအိမ္ျဖဴေတာ္ ေဝဖန္ခ်က္ VOA ပယ္ခ်


(Zawgyi / Unicode)

ျပည္သူ႔ဘ႑ာနဲ႔ လည္ပတ္ေနတဲ့ VOA အေမရိကန္အသံဟာ COVID-19 ကပ္ေရာဂါနဲ႔ ပတ္သက္တဲ့ တ႐ုတ္ႏုိင္ငံရဲ႕ ဝါဒျဖန္႔တဲ့သတင္းေတြ ထုတ္လႊင့္ေပးေနတယ္ဆိုၿပီး အေမရိကန္ သမၼတအိမ္ျဖဴေတာ္က ျပစ္တင္ေဝဖန္တာကို VOA က ပယ္ခ်လိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ အျပင္မထြက္ရအမိန္႔ ႐ုပ္သိမ္းၿပီး ျပန္လည္သက္ဝင္ လႈပ္ရွားေနတဲ့ ျမင္ကြင္းပါ ဗြီဒီယို႐ုပ္သံသတင္းကို VOA က ထုတ္လႊင့္ခဲ့တာဟာ တ႐ုတ္ဝါဒျဖန္႔တာကို အားေပးေနတာျဖစ္တယ္လို႔ သမၼတ Trump အစိုးရက ေသာၾကာေန႔မွာ Twitter ကေန ထုတ္ျပန္ခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ေၾကာင့္ ေသဆံုးသူဦးေရဟာ တ႐ုတ္မွာေသဆံုးတဲ့ ဦးေရထက္ ပုိမ်ားေနခ်ိန္မွာ အခုလို တ႐ုတ္ဝါဒျဖန္႔တာကို ဘဝင္မက်တာလို႔ ဆိုပါတယ္။

VOA ဟာ အေမရိကန္ျပည္သူေတြအတြက္ မဟုတ္ဘဲ အေမရိကန္ရဲ႕ ရန္ဘက္ေတြအတြက္ပဲ မၾကာခဏဆိုသလို ေျပာဆိုေပးေနတာလို႔ အိမ္ျဖဴေတာ္က ေဝဖန္တာပါ။ တ႐ုတ္ႏုိင္ငံအတြက္ ဝါဒျဖန္႔ေပးေနမယ့္အစား အခ်က္အလက္ေတြကို သတင္းထုတ္ျပန္သင့္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

VOA ညႊန္ၾကားေရးမွဴး Amanda Bennet က အိမ္ျဖဴေတာ္ရဲ႕ ျပစ္တင္ေဝဖန္မႈကို လက္မခံေၾကာင္း Twitter ကေန တုံ႔ျပန္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ကုိ႐ိုနာဗုိင္းရပ္စ္ စတင္ျပန္႔ပြားတုန္းက တ႐ုတ္အာဏာပိုင္ေတြက ဖံုးကြယ္ဖို႔ ႀကိဳးစားခဲ့တဲ့ သတင္းကို VOA သတင္းေထာက္က သတင္းေပးပို႔ခဲ့ေၾကာင္း Twitter မွာ ေရးသားပါတယ္။

တ႐ုတ္အစိုးရနဲ႔ ႏိုင္ငံပိုင္ သတင္းမီဒီယာေတြဆီက ထုတ္ျပန္တဲ့ သတင္းေတြကို ဒီအတိုင္း လက္မခံဘဲ VOA က ေသေသခ်ာခ်ာ စံုစမ္းစိစစ္ၿပီးမွ သတင္းေရးသားတဲ့အေၾကာင္း VOA ဒါ႐ိုက္တာ Amanda Bennett က တုံျပန္ပါတယ္။

CPJ သတင္းေထာက္မ်ား အကာအကြယ္ေပးေရး အဖြဲ႔ကလည္း အိမ္ျဖဴေတာ္ရဲ႕ မွတ္ခ်က္ကို ျပစ္တင္႐ႈတ္ခ်ပါတယ္။ ဒီလိုေဝဖန္တာဟာ အေတာ္ဆိုးဝါးၿပီး ကမၻာတဝန္း အသံလႊင့္ေနတဲ့ VOA ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ေမွးမွိန္ေအာင္ ကဲ့ရဲ႕ေနတာျဖစ္တယ္လို႔ ေထာက္ျပပါတယ္။

တကယ္ေတာ့ VOA အပါအဝင္ အေမရိကန္ သတင္းဌာနေတြျဖစ္ၾကတဲ့ Wall Street Journal, New York Times စတဲ့ သတင္းဌာနေတြကို COVID-19 ေရာဂါ ကူးစက္ျပန္႔ပြားခ်ိန္မွာ တ႐ုတ္ျပည္က ဝင္ခြင့္မျပဳေတာ့ဘဲ သတင္းယူခြင့္ ပိတ္ပင္ခံထားရတာ ျဖစ္ပါတယ္။

သမၼတအိမ္ျဖဴေတာ္ ေဝဖန္ခ်က္ VOA ပယ္ခ်
please wait

No media source currently available

0:00 0:01:58 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

သမ္မတအိမ်ဖြူတော် ဝေဖန်ချက် VOA ပယ်ချ

ပြည်သူ့ဘဏ္ဍာနဲ့ လည်ပတ်နေတဲ့ VOA အမေရိကန်အသံဟာ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ ဝါဒဖြန့်တဲ့သတင်းတွေ ထုတ်လွှင့်ပေးနေတယ်ဆိုပြီး အမေရိကန် သမ္မတအိမ်ဖြူတော်က ပြစ်တင်ဝေဖန်တာကို VOA က ပယ်ချလိုက်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အပြင်မထွက်ရအမိန့် ရုပ်သိမ်းပြီး ပြန်လည်သက်ဝင် လှုပ်ရှားနေတဲ့ မြင်ကွင်းပါ ဗွီဒီယိုရုပ်သံသတင်းကို VOA က ထုတ်လွှင့်ခဲ့တာဟာ တရုတ်ဝါဒဖြန့်တာကို အားပေးနေတာဖြစ်တယ်လို့ သမ္မတ Trump အစိုးရက သောကြာနေ့မှာ Twitter ကနေ ထုတ်ပြန်ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကြောင့် သေဆုံးသူဦးရေဟာ တရုတ်မှာသေဆုံးတဲ့ ဦးရေထက် ပိုများနေချိန်မှာ အခုလို တရုတ်ဝါဒဖြန့်တာကို ဘဝင်မကျတာလို့ ဆိုပါတယ်။

VOA ဟာ အမေရိကန်ပြည်သူတွေအတွက် မဟုတ်ဘဲ အမေရိကန်ရဲ့ ရန်ဘက်တွေအတွက်ပဲ မကြာခဏဆိုသလို ပြောဆိုပေးနေတာလို့ အိမ်ဖြူတော်က ဝေဖန်တာပါ။ တရုတ်နိုင်ငံအတွက် ဝါဒဖြန့်ပေးနေမယ့်အစား အချက်အလက်တွေကို သတင်းထုတ်ပြန်သင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

VOA ညွှန်ကြားရေးမှူး Amanda Bennet က အိမ်ဖြူတော်ရဲ့ ပြစ်တင်ဝေဖန်မှုကို လက်မခံကြောင်း Twitter ကနေ တုံ့ပြန်ပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားတုန်းက တရုတ်အာဏာပိုင်တွေက ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ သတင်းကို VOA သတင်းထောက်က သတင်းပေးပို့ခဲ့ကြောင်း Twitter မှာ ရေးသားပါတယ်။

တရုတ်အစိုးရနဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေဆီက ထုတ်ပြန်တဲ့ သတင်းတွေကို ဒီအတိုင်း လက်မခံဘဲ VOA က သေသေချာချာ စုံစမ်းစိစစ်ပြီးမှ သတင်းရေးသားတဲ့အကြောင်း VOA ဒါရိုက်တာ Amanda Bennett က တုံပြန်ပါတယ်။

CPJ သတင်းထောက်များ အကာအကွယ်ပေးရေး အဖွဲ့ကလည်း အိမ်ဖြူတော်ရဲ့ မှတ်ချက်ကို ပြစ်တင်ရှုတ်ချပါတယ်။ ဒီလိုဝေဖန်တာဟာ အတော်ဆိုးဝါးပြီး ကမ္ဘာတဝန်း အသံလွှင့်နေတဲ့ VOA ရဲ့ လုပ်ဆောင်ချက်တွေကို မှေးမှိန်အောင် ကဲ့ရဲ့နေတာဖြစ်တယ်လို့ ထောက်ပြပါတယ်။

တကယ်တော့ VOA အပါအဝင် အမေရိကန် သတင်းဌာနတွေဖြစ်ကြတဲ့ Wall Street Journal, New York Times စတဲ့ သတင်းဌာနတွေကို COVID-19 ရောဂါ ကူးစက်ပြန့်ပွားချိန်မှာ တရုတ်ပြည်က ဝင်ခွင့်မပြုတော့ဘဲ သတင်းယူခွင့် ပိတ်ပင်ခံထားရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG