သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝူဟန်မှာ ကိုရိုနာဗိုင်းရပ်စ် ပြန်ဖြစ်မှာ စိုးရိမ်နေရဆဲ


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံ Wuhan မြို့မှာ အသွားအလာ ဝင်ထွက်ခွင့် ပိတ်ပင်ထားတာတွေကို ပြန်ဖွင့်ပေး လိုက်ပေမယ့် မြို့သူမြို့သားတွေအနေနဲ့ ရောဂါပြန်ပြီး ခေါင်းထောင် မလာနိုင်ရေး နိုးနိုးကြားကြားရှိဖို့လိုတယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးပါတယ်။

မြို့တွင်း အသွားအလာတားမြစ်ချက် တော်တော်များများကို ဗုဒ္ဓဟူးနေ့က ပြန်ရုပ်သိမ်းလိုက်ပြီး ပုံမှန် ယာဉ်အသွားအလာတွေ ရထားနဲ့ လေယာဉ်ခရီးစဉ်တွေကို လည်း ပြန်ဖွင့်ပေးလိုက်ပါပြီ။ ခရီးသွားလာသူတွေ အနေနဲ့ ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံချက် ကို တယ်လီဖုန်း app အသုံးပြုပြီး ပြသဖို့လိုအပ်သလို ကိုယ်ပူချိန်တိုင်းတာတာလည်းခံကြရမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေက ရောဂါ ပိုးကူးစက်ခံထားရသူတွေကို ရောဂါလက္ခဏာ ပြ မပြ စောင့်ကြပ်ကြည့်ရှု့ပေးနေပြီး သီးခြား ၁၄ ရက် နေထိုင်စေတယ်လို့ Wuhan Zhongnan ဆေးရုံ လက်ထောက် ဆေးရုံအုပ် Zhang Jungian က သတင်းထောက်တွေကို ပြောပါတယ်။ အပြင်ထွက်ရင် နှာခေါင်း စည်းတပ်တာလို အကာအကွယ်တွေ ရှိဖို့ကိုလည်း အလေးပေး ပြောကြားထားပါတယ်။

COVID-19 ကိစ္စ တရုတ်အစိုးရက ပေးတဲ့ သတင်းအချက်အလက်တွေ မှန်ကန်မှု ရှိ၊မရှိ ဆိုတာ နိုင်ငံတကာက မေးခွန်းထုတ်စရာ ရှိနေ တာက အမှန်ပါ။ ဒါပေမယ့် Wuhan မြို့ထဲ အသွားအလာ ဝင်ထွက်ခွင့် ပိတ်ပင်တာနဲ့ ကြိုတင်သတိပေးချက်တွေကြောင့်ရောဂါထိန်းချုပ် နိုင်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ နိုင်ငံအများ လက်ခံကြရပါတယ်။

တိုက်ရိုက် လင့်ခ်

.................


(Unicode)




XS
SM
MD
LG