သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိ႐ုိနာဗုိင္းရပ္စ္ စတင္ပ်ံ႕ႏွံ႔ရာ ၀ူဟန္ၿမိဳ႕မွာ ရထားေတြ ျပန္လည္ေျပးဆဲြ


ဝူဟန္ၿမိဳ႕ လမ္းမတခုတြင္ အတားအဆီးမ်ား ျပန္လည္ဖယ္ရွားေနသည့္ အလုပ္သမားမ်ား။ (မတ္ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ စတင္ကူးစက္ရာ တ႐ုတ္ႏုိင္ငံ ၀ူဟန္ၿမိဳ႕မွာ လေပါင္းမ်ားစြာ ၿမိဳ႕အ၀င္ထြက္ေတြ ပိတ္ထားခဲ့ၿပီးတဲ့ေနာက္ အခုအခါမွာေတာ့ ျဖည္းျဖည္းခ်င္း ျပန္ဖြင့္ေပးလာေနၿပီး ရထားေတြလည္း ျပန္ေျပးဆဲြေနၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ အာဏာပိုင္ေတြက ကို႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္ကို အျမင့္ဆုံးကေန အလယ္အလတ္အဆင့္ကို ခ်ေပးလိုက္ပါတယ္။

တခ်ိန္တည္းမွာပဲ COVID-19 လို႔ေခၚတဲ့ ကို႐ုိနာဗုိင္းရပ္ ကူးစက္ေရာဂါေၾကာင့္ ကမာၻတ၀ွမ္းမွာ ေသဆုံးသူဦးေရဟာ စေနေန႔ကအထိ ၃ ေသာင္းေက်ာ္ ရွိသြားၿပီ ျဖစ္ပါတယ္။

အေမရိကန္နဲ႔ ျပင္သစ္ႏုိင္ငံေတြမွာေတာ့ ေသဆုံးသူ ၂ ေထာင္ေက်ာ္ ရွိလာေနၿပီး စပိန္ႏုိင္ငံမွာေတာ့ စေနေန႔က ၈၃၂ ေယာက္ ေသဆုံးခဲ့ၿပီး ဒါဟာ ေရာဂါစတင္ျဖစ္ပြားခ်ိန္ကစလို႔ စပိန္ႏုိင္ငံမွာ အမ်ားဆုံး ေသဆုံးတဲ့ေန႔ ျဖစ္ခဲ့ပါတယ္။

အီတလီႏုိင္ငံမွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁ ေသာင္းေက်ာ္ ရွိသြားၿပီျဖစ္ၿပီး ကမာၻတ၀ွမ္း ေသဆုံးသူ စုစုေပါင္းရဲ႕ ၃ ပုံ ၁ ပုံေလာက္ ရွိလာပါတယ္။ ဂ်ာမနီႏုိင္ငံမွာေတာ့ ေရာဂါကူးစက္ခံသူ ၅ ေသာင္းေက်ာ္ရွိၿပီး ေသဆုံးသူ ၃၉၇ ေယာက္ ရွိပါတယ္။

အခုဆုိရင္ ကမာၻတ၀ွမ္းမွာ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၆ သိန္း ၆ ေသာင္းေက်ာ္ရွိလာၿပီျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စုမွာေတာ့ ေရာဂါကူးစက္ခံရသူ ၁၁၅၀၀၀ ေက်ာ္ရွိလာတာေၾကာင့္ ကမာၻေပၚမွာ ေရာဂါကူးစက္ခံရသူ အမ်ားဆုံးႏုိင္ငံ ျဖစ္လာပါတယ္။

နယူးေယာက္ျပည္နယ္ တခုတည္းမွာပဲ ေရာဂါကူးစက္ခံရသူ ၅ ေသာင္း ၂ ေထာင္ေက်ာ္ရွိၿပီး ေသဆုံးသူ ၇၀၀ ေက်ာ္ရွိတာေၾကာင့္ နယူးေယာက္ဟာ ေရာဂါကူးစက္မႈ အဆုိးရြားဆံုံးေနရာ ျဖစ္လာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့မှာ ရထားတွေ ပြန်လည်ပြေးဆွဲ

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လပေါင်းများစွာ မြို့အဝင်ထွက်တွေ ပိတ်ထားခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ ဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးလာနေပြီး ရထားတွေလည်း ပြန်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို အမြင့်ဆုံးကနေ အလယ်အလတ်အဆင့်ကို ချပေးလိုက်ပါတယ်။

တချိန်တည်းမှာပဲ COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ သေဆုံးသူဦးရေဟာ စနေနေ့ကအထိ ၃ သောင်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတွေမှာတော့ သေဆုံးသူ ၂ ထောင်ကျော် ရှိလာနေပြီး စပိန်နိုင်ငံမှာတော့ စနေနေ့က ၈၃၂ ယောက် သေဆုံးခဲ့ပြီး ဒါဟာ ရောဂါစတင်ဖြစ်ပွားချိန်ကစလို့ စပိန်နိုင်ငံမှာ အများဆုံး သေဆုံးတဲ့နေ့ ဖြစ်ခဲ့ပါတယ်။

အီတလီနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သောင်းကျော် ရှိသွားပြီဖြစ်ပြီး ကမ္ဘာတဝှမ်း သေဆုံးသူ စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံလောက် ရှိလာပါတယ်။ ဂျာမနီနိုင်ငံမှာတော့ ရောဂါကူးစက်ခံသူ ၅ သောင်းကျော်ရှိပြီး သေဆုံးသူ ၃၉၇ ယောက် ရှိပါတယ်။

အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆ သိန်း ၆ သောင်းကျော်ရှိလာပြီဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ ရောဂါကူးစက်ခံရသူ ၁၁၅၀၀၀ ကျော်ရှိလာတာကြောင့် ကမ္ဘာပေါ်မှာ ရောဂါကူးစက်ခံရသူ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

နယူးယောက်ပြည်နယ် တခုတည်းမှာပဲ ရောဂါကူးစက်ခံရသူ ၅ သောင်း ၂ ထောင်ကျော်ရှိပြီး သေဆုံးသူ ၇၀၀ ကျော်ရှိတာကြောင့် နယူးယောက်ဟာ ရောဂါကူးစက်မှု အဆိုးရွားဆုံံးနေရာ ဖြစ်လာနေပါတယ်။

XS
SM
MD
LG