သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း



အီတလီနိုင်ငံ ရောမမြို့ရှိ Casalpalocco ဆေးရုံ အရေးပေါ်ခန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာအား ပြုစုကုသနေသည့် ဆေးဝန်ထမ်းများ။ (မတ် ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)





တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃ သောင်းကျော်ရှိ

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးရသူ ၃၀,၀၀၀ ကျော်မှာ သုံးပုံနှစ်ပုံက ဥရောပကဖြစ်တယ်လို့ စနေနေ့က ထုတ်ပြန်လိုက်တဲ့ AFP သတင်းအေဂျင်စီရဲ့ စာရင်းမှာ ဖော်ပြပါတယ်။

စနေနေ့ကအထိ သေဆုံးသူ စုစုပေါင်း ၃၀,၀၀၃ ဦးထဲမှာ ၂၁,၃၃၄ ဦးက ဥရောပမှာ ဖြစ်ပါတယ်။

အီတလီနိုင်ငံက သေဆုံးသူ ၁၀,၀၂၃ ဦးနဲ့ သေဆုံးသူအများဆုံးဖြစ်ပြီး စပိန်နိုင်ငံကတော့ သေဆုံးသူ ၅,၆၉၀ နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူ ၃၁၉ ဦး သေဆုံးခဲ့ရပြီး စုစုပေါင်း သေဆုံးသူ ၂၃၁၄ ဦးထိ ရောက်ရှိသွားပါတယ်။ စနေနေ့အထိ ပြင်သစ်မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၃၇,၅၇၅ ဦး ရှိနေပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG