သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾသစေၾတးလ်ေဆးရုံက COVID-19 လူနာေတြကုိ ကုသပံု


(Zawgyi/Unicode)

Australia ႏိုင္ငံ Sydney ၿမိဳ႕မွာ႐ွိတဲ့ Royal North Shore ေဆး႐ံုမွာ COVID-19 ကပ္ေရာဂါလူနာသည္ေတြကို ဘယ္လုိစနစ္တက်ျပင္ဆင္ ကုသေနသလဲဆိုတာ ေျပာျပပါမယ္။ COVID-19 လူနာေတြအတြက္ အခန္းျပင္ဆင္တာကစလို႔ ေဆး႐ံုမွာအလုပ္လုပ္ေနၾကတဲ့ ဝန္ထမ္းေတြ၊ တျခားလူနာေတြ အႏၱရာယ္ကင္း႐ွင္းေရးအတြက္ ဘယ္လိုေဆာင္႐ြက္ေနသလဲဆိုတာကိုု ေဆး႐ံုရဲ႕ကုသေရးဆိုင္ရာ အေထာက္အကူျပဳဌာနက အဖဲြ႔ေခါင္းေဆာင္ ကို Sunny ကို မစုျမတ္မြန္က ေမးျမန္းထားပါတယ္။ ေလာေလာဆယ္ COVID-19 လူနာ ၁၁ ေယာက္ကုိ ကုသေပးေန Royal North Shore ေဆး႐ံုမွာ လူနာထားမယ့္ သီးသန္႔ေနရာကို အေသအခ်ာခဲြၿပီး အဖဲြ႔လုိက္ညွိႏႈိင္းေဆာင္႐ြက္တဲ့အေၾကာင္း ကို Sunny ကခုလို စၿပီး႐ွင္းျပပါတယ္။

ကို Sunny။ ။ က်ေနာ္တို႔ ၿပီးခဲ့တဲ့ ၂ ပတ္ေလာက္က စၿပီးေတာ့ COVID-19 လူနာေတြ စၿပီး စစ္ေဆးေတြ႔ရွိခဲ့တဲ့ ေနာက္ပိုင္းမွာ တခါတည္း ေဆးရံုမွာ လက္ခံကုသဖို႔အတြက္ သူတို႔ကို ဘယ္လိုထားမလဲ၊ ဘယ္လိုလုပ္မလဲဆိုတဲ့ေနရာစီစဥ္တဲ့အခါမွာ ဆရာ၀န္ေတြ ၊ သူနာျပဳေတြ ပါတဲ့ ေရာဂါကုသေရးအဖြဲ႔ တျခားသန္႔ရွင္းေရး၊ အိပ္ရာေဆာင္ေတြ ျဖန္႔ျဖဴးသိမ္းဆည္းေရး၊ အမႈိက္သိမ္းတဲ့စနစ္က အစ အကုန္လံုး သက္ဆိုင္ရာ Department ေတြအကုန္လံုးစုၿပီးေတာ့ ဘယ္လို ဒီ ဧရိယာကို set up လုပ္မလဲဆုိၿပီးေတာ့ ေဆြးေႏြးတိုင္ပင္ၿပီးေတာ့ ေသခ်ာ စနစ္တက် စီစဥ္တယ္။ အဲလို စီစဥ္တဲ့အခါမွာလည္း အဓိကက ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရး ဆိုင္ရာအရာရွိကလည္းသူက Guide line ေပးတယ္။ ဆိုေတာ့ စၿပီးလုပ္တဲ့အခ်ိန္မွာ အဓိက section by section က်ေနာ္တုိ႔ ေဆးရံုက အႀကီးႀကီး ၊ ဌာနေတြလည္း အမ်ားႀကီးရွိတယ္။ သူတို႔က ေနရာတခုကို ကန္႔သတ္လိုက္ၿပီးေတာ့ ဒီမွာေတာ့ ဒီလူနာေတြကို ထားမယ္။ ထားတဲ့အခါမွာ အဲဒီမွာ တာ၀န္ထမ္းေဆာင္တဲ့ ဆရာ၀န္ သူနာျပဳအစ အျခား သန္႔ရွင္းေရးသမား တျခားအေထာက္အကူျပဳ ၀န္ထမ္းေတြက တပိုင္း ၊ ေဆးရံုမွာ အလုပ္လုပ္ေနတဲ့သူေတြ တပိုင္း ဆိုၿပီး ၂ ပိုင္းခြဲလိုက္ၿပီးေတာ့ အဲဒီ COVID ကို ေစာင့္ေရွာက္မယ့္ အေဆာင္ထဲမွာ ရွိတဲ့လူေတြက ကာကြယ္ေရးဆိုင္ရာ ပစၥည္းေတြ ၀တ္ရတယ္။ အျပင္လူကေတာ့ သာမန္ ၀တ္စရာမလိုဘူးေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူက လက္ဆင့္ကမ္း စနစ္နဲ႔ သြားတာကို လက္ဆင့္ကမ္းက ဥပမာ- အစားအေသာက္ပို႔မယ္ဆိုရင္ အစားအေသာက္ပို႔မယ့္ ဌာနက ၀န္ထမ္းေတြက ဒီ အေဆာင္ကို သြားတယ္။ သူနာျပဳေတြ က အျပင္ကိုထြက္လာၿပီးေတာ့ အစားအေသာက္ထည့္ထားတဲ့ special case ကို အထဲယူသြားတယ္။ ၿပီးေတာ့ လူနာေတြကို ေကၽြးေမြးတယ္။ ၿပီးသြားရင္ ျပန္ထုတ္လာတယ္ မထုတ္လာခင္မွာ သူက အလံုပိတ္ထားတဲ့ ဘူးနဲ႔ သြားတဲ့အတြက္ အျပင္ကလူက ျပန္သယ္ရင္လည္း သူ႔အတြက္ အႏၱရာယ္မရွိဘူး။ ၿပီးေတာ့ Food Service က ေအာက္ကို ယူသြားတယ္ ၿပီးရင္ စက္နဲ႔ ေဆးတယ္။

အဲလိုမ်ိဳးပဲ ေစာင္ေတြ ေခါင္းအုံးေတြဆိုရင္လည္း သူတို႔ မသိမ္းခင္မွာ အထဲက Nurse ေတြက ဒါကို ေသေသခ်ာခ်ာ ပလပ္စတစ္နဲ႔ ေသေသခ်ာခ်ာ ထုတ္ပိုးၿပီးေတာ့မွ အျပင္ကို ထုတ္တယ္။ အဓိက ေျပာခ်င္တာက section ေတြပိုင္းထားတဲ့အတြက္ တပိုင္းနဲ႔ တပိုင္း ၊ အထဲမွာေနတဲ့လူကေတာ့ ေသေသခ်ာခ်ာ အကာအကြယ္ ပစၥည္းေတြ ၀တ္ဖို႔လိုတာ အျပင္မွာရွိတဲ့လူကေတာ့ လက္အိတ္နဲ႔ အျပင္မွာ mask ေတြ တပ္ဖို႔ပဲ လိုတယ္။ အဓိကေတာ့ လက္ေဆးဖို႔ေပါ့ေနာ္ လက္ကေတာ့ ပံုမွန္ ေဆးေနဖို႔ ။ ေနာက္ၿပီး ကိုင္တြယ္တဲ့ေနရာမွာ သတိေတာ့ ထားရတယ္။ အဲလိုမ်ိဳး လက္ဆင့္ကမ္း system နဲ႔ သြားေတာ့ ေဆးရံုမွာ အလုပ္လုပ္ေနတာက ၃ေထာင္ ၄ ေထာင္ရွိတာ အကုန္လံုးက ေၾကာက္ေနစရာမလိုဘူး။ ေနာက္ၿပီးေတာ့ အဆင့္တိုင္းအဆင့္တိုင္းမွာလည္း ခုနကေျပာတဲ့ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးအရာရွိက သူတို႔က ေတာက္ေလွ်ာက္ၾကည့္ေနတာဆိုေတာ့ ဘယ္ေနရာမွာ လစ္ဟာမႈရွိသလဲဆိုတာ ခ်က္ခ်င္းေထာက္ျပတယ္ ခ်က္ခ်င္း ထိန္းကြပ္တယ္ေပါ့ေနာ္ ဆိုေတာ့ အားလံုးက လုပ္ရကိုင္ရတာ အဆင္ေျပတယ္။ သက္ေတာင့္သက္သာရွိတယ္ေပါ့။

မစုျမတ္မြန္။ ။ ကို Sunnyတို႔ ေဆးရံုက ကုတင္ ၁၀၀၀ ဆန္႔တဲ့ ေဆးရံုႀကီးေပါ့ေလ အဲဒီေဆးရံုမွာ COVID-19 လူနာေတြအျပင္ တျခားလူနာေတြလည္း ရွိမွာပဲ ဆိုေတာ့ တျခားလူနာေတြကို ဘယ္လိုမ်ိဳး ေရာဂါမကူးေအာင္လုပ္ထားသလဲ၊ လူနာေတြကို လာေတြ႔တဲ့ လူေတြကို ဘယ္လိုစနစ္တက် လာေတြ႔လို႔ရေအာင္ လုပ္ထားသလဲ

ကို Sunny။ ။ COVID-19 လူနာေတြကို ထားတဲ့ေနရာေတြ သူတို႔ Special zone လုိမ်ိဳး လုပ္ၿပီးေတာ့ ထားတဲ့အတြက္ တျခားလူနာေတြနဲ႔ ခြဲထားတယ္။ ဥပမာ အလုပ္ လုပ္ေနတဲ့ ၀န္ထမ္းေတြေတာင္ အဲဒီေနရာကို မသက္ဆိုင္ရင္ သြားစရာမလိုဘူး။ လူနာကို လာၾကည့္တဲ့ ဧည့္သည္ေတြရွိတယ္ အဲဒါကို တခုပဲ ကန္႔သတ္ထားတာရွိပါတယ္။ အဲဒါဘာလဲဆိုေတာ့ လူနာတေယာက္ကို လူနာရွင္ တေယာက္ပဲ လာၾကည့္ခြင့္ျပဳတယ္။ လာၾကည့္ခြင့္ျပဳသူေတြကလည္း ဘာမွ ကာကြယ္ပစၥည္း၀တ္စရာမလိုဘူး

မစုျမတ္မြန္။ ။ COVID-19 လူနာေတြကို ကုသေပးေနတဲ့ ေဆးရံုမွာေတာင္ ကာကြယ္မႈ စနစ္မွန္တယ္ဆိုရင္ အားလံုးက အဆင့္ဆင့္ အလုပ္လုပ္သြားရံုပဲ။

ကို Sunny။ ။ အစိုးရိမ္ျဖစ္ေနစရာမလိုပါဘူး က်ေနာ္တို႔ Australia မွာ ေရာဂါတိုးတက္ႏႈန္းက ျမန္တယ္ ဒါေပမယ့္ အရမ္းႀကီး တဟုန္တိုးမဟုတ္ေသးေတာ့ ထိန္းခ်ဳပ္ႏိုင္တဲ့ အေနအထား ရွိေနေသးတဲ့အတြက္ အခုေတာ့ ဒီစနစ္အတိုင္းသြားတယ္ အဲဒါေၾကာင့္ ေဆးရံုကိုယ္တိုင္က မလိုအပ္တဲ့ ေနရာေတြမွာ မလိုအပ္ပဲနဲ႔ ကာကြယ္မႈဆိုင္ရာကို မသံုးသင့္ဘူး ဘာျဖစ္လို႔လဲဆိုေတာ့ တကယ္လိုအပ္တဲ့အခ်ိန္ေရာက္လာရင္ ပစၥည္းမလံုမေလာက္ျဖစ္မွာတို႔ ၊ တျခားလူေတြ စိုးရိမ္ထိန္႔လန္႔မႈ ျဖစ္မွာ စိုးတဲ့အတြက္ မလိုအပ္ပဲနဲ႔ မ၀တ္ရဘူး။ ၀တ္စရာလည္း မလိုဘူး။ ခုနေျပာတဲ့ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးအရာရွိကလည္း တခ်ိန္လံုး Follow လုပ္ေနတာ ။ ေနာက္ၿပီးေတာ့ ၀န္ထမ္းေတြကိုယ္တိုင္ကလည္း ဒီ procedure ကို ေသခ်ာနားလည္ေအာင္ Train လုပ္ထားရတယ္။ အဲဒါေၾကာင့္ အကုန္လံုးက သက္္ေတာင့္သက္သာပဲ။

မစုျမတ္မြန္။ ။ ေစာေစာက ေျပာသလို ၀န္ထမ္းေတြကိုေတာ့ ေသေသခ်ာခ်ာ ေလ့က်င့္ သင္ၾကားေပးထားတယ္။ ဒါေပမယ့္ အဲလိုမ်ိဳး သူတို႔ ခ်မွတ္ထားတဲ့ ႀကိဳတင္ကာကြယ္သင့္တဲ့ ကိစၥ လိုက္နာရမယ့္အခ်က္ေတြကို ၾကပ္ၾကပ္မတ္မတ္လိုက္နာဖို႔အတြက္က ဘယ္ေလာက္ အေရးႀကီးသလဲရွင့္။

ကို Sunny။ ။ အဲဒါကေတာ့ အေရးႀကီးတယ္ ၊ ဌာနတိုင္းမွာ မနက္တိုင္းဆိုရင္ အလုပ္၀င္ဖို႔ လက္မွတ္ထိုးရတဲ့ အဆင့္ေတြကအစ တေယာက္နဲ႔ တေယာက္ လက္မွတ္ မထိုးခင္မွာ တမီတာ ခြဲစီ ျခားထားတယ္။ ၿပီးရင္ အဖ်ားရွိလား ၊ ေခ်ာင္းဆိုးလား COVID-19 နဲ႔ ပတ္သက္တဲ့ ေရာဂါလကၡဏာရွိလား အဲဒါေတြ မရွိဘူးဆိုမွ လုပ္ငန္းခြင္ ၀င္ခြင့္ရွိတယ္။ အကယ္၍ သာမန္ဖ်ားရင္ေတာင္မွ ၂ ရက္ထက္ပိုၿပီး ဖ်ားရင္ ဆရာ၀န္ကေန ေရာဂါ ကင္းရွင္းေၾကာင္း လက္မွတ္ပါမွ အလုပ္ျပန္၀င္ခြင့္ရွိတယ္ အဲဒီေတာ့ ေလာေလာဆည္ က်ေန္ာတို႔ ၀န္ထမ္းေတြဆိုရင္လည္း အလုပ္မစခင္ အဖ်ားရွိလား ေခ်ာင္းဆိုးလားဆိုတာကို အျမဲစစ္ေဆးရပါတယ္။

Australia ႏိုင္ငံ Sydney ၿမိဳ႕ က Royal North Shore ေဆး႐ံုရဲ႕ကုသေရးဆိုင္ရာ အေထာက္အကူျပဳ ဌာနက ကို Sunny ကုိ မစုျမတ္မြန္ ေမးျမန္းခဲ့တာျဖစ္ပါတယ္။

ၾသစေၾတးလ်ေဆးရုံက COVID-19 လူနာေတြကုိ ကုသပံု
please wait

No media source currently available

0:00 0:06:53 0:00
တိုက္႐ိုက္ လင့္ခ္


................

သြစတြေးလျဆေးရုံက COVID-19 လူနာတွေကို ကုသပုံ

(Unicode)

Australia နိုင်ငံ Sydney မြို့မှာရှိတဲ့ Royal North Shore ဆေးရုံမှာ COVID-19 ကပ်ရောဂါလူနာသည်တွေကို ဘယ်လိုစနစ်တကျပြင်ဆင် ကုသနေသလဲဆိုတာ ပြောပြပါမယ်။ COVID-19 လူနာတွေအတွက် အခန်းပြင်ဆင်တာကစလို့ ဆေးရုံမှာအလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေ၊ တခြားလူနာတွေ အန္တရာယ်ကင်းရှင်းရေးအတွက် ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို ဆေးရုံရဲ့ကုသရေးဆိုင်ရာ အထောက်အကူပြုဌာနက အဖွဲ့ခေါင်းဆောင် ကို Sunny ကို မစုမြတ်မွန်က မေးမြန်းထားပါတယ်။ လောလောဆယ် COVID-19 လူနာ ၁၁ ယောက်ကို ကုသပေးနေ Royal North Shore ဆေးရုံမှာ လူနာထားမယ့် သီးသန့်နေရာကို အသေအချာခွဲပြီး အဖွဲ့လိုက်ညှိနှိုင်းဆောင်ရွက်တဲ့အကြောင်း ကို Sunny ကခုလို စပြီးရှင်းပြပါတယ်။

ကို Sunny။ ။ ကျနော်တို့ ပြီးခဲ့တဲ့ ၂ ပတ်လောက်က စပြီးတော့ COVID-19 လူနာတွေ စပြီး စစ်ဆေးတွေ့ရှိခဲ့တဲ့ နောက်ပိုင်းမှာ တခါတည်း ဆေးရုံမှာ လက်ခံကုသဖို့အတွက် သူတို့ကို ဘယ်လိုထားမလဲ၊ ဘယ်လိုလုပ်မလဲဆိုတဲ့နေရာစီစဉ်တဲ့အခါမှာ ဆရာဝန်တွေ ၊ သူနာပြုတွေ ပါတဲ့ ရောဂါကုသရေးအဖွဲ့ တခြားသန့်ရှင်းရေး၊ အိပ်ရာဆောင်တွေ ဖြန့်ဖြူးသိမ်းဆည်းရေး၊ အမှိုက်သိမ်းတဲ့စနစ်က အစ အကုန်လုံး သက်ဆိုင်ရာ Department တွေအကုန်လုံးစုပြီးတော့ ဘယ်လို ဒီ ဧရိယာကို set up လုပ်မလဲဆိုပြီးတော့ ဆွေးနွေးတိုင်ပင်ပြီးတော့ သေချာ စနစ်တကျ စီစဉ်တယ်။ အဲလို စီစဉ်တဲ့အခါမှာလည်း အဓိကက ကူးစက်ရောဂါ ထိန်းချုပ်ရေး ဆိုင်ရာအရာရှိကလည်းသူက Guide line ပေးတယ်။ ဆိုတော့ စပြီးလုပ်တဲ့အချိန်မှာ အဓိက section by section ကျနော်တို့ ဆေးရုံက အကြီးကြီး ၊ ဌာနတွေလည်း အများကြီးရှိတယ်။ သူတို့က နေရာတခုကို ကန့်သတ်လိုက်ပြီးတော့ ဒီမှာတော့ ဒီလူနာတွေကို ထားမယ်။ ထားတဲ့အခါမှာ အဲဒီမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာဝန် သူနာပြုအစ အခြား သန့်ရှင်းရေးသမား တခြားအထောက်အကူပြု ဝန်ထမ်းတွေက တပိုင်း ၊ ဆေးရုံမှာ အလုပ်လုပ်နေတဲ့သူတွေ တပိုင်း ဆိုပြီး ၂ ပိုင်းခွဲလိုက်ပြီးတော့ အဲဒီ COVID ကို စောင့်ရှောက်မယ့် အဆောင်ထဲမှာ ရှိတဲ့လူတွေက ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ ဝတ်ရတယ်။ အပြင်လူကတော့ သာမန် ဝတ်စရာမလိုဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူက လက်ဆင့်ကမ်း စနစ်နဲ့ သွားတာကို လက်ဆင့်ကမ်းက ဥပမာ- အစားအသောက်ပို့မယ်ဆိုရင် အစားအသောက်ပို့မယ့် ဌာနက ဝန်ထမ်းတွေက ဒီ အဆောင်ကို သွားတယ်။ သူနာပြုတွေ က အပြင်ကိုထွက်လာပြီးတော့ အစားအသောက်ထည့်ထားတဲ့ special case ကို အထဲယူသွားတယ်။ ပြီးတော့ လူနာတွေကို ကျွေးမွေးတယ်။ ပြီးသွားရင် ပြန်ထုတ်လာတယ် မထုတ်လာခင်မှာ သူက အလုံပိတ်ထားတဲ့ ဘူးနဲ့ သွားတဲ့အတွက် အပြင်ကလူက ပြန်သယ်ရင်လည်း သူ့အတွက် အန္တရာယ်မရှိဘူး။ ပြီးတော့ Food Service က အောက်ကို ယူသွားတယ် ပြီးရင် စက်နဲ့ ဆေးတယ်။

အဲလိုမျိုးပဲ စောင်တွေ ခေါင်းအုံးတွေဆိုရင်လည်း သူတို့ မသိမ်းခင်မှာ အထဲက Nurse တွေက ဒါကို သေသေချာချာ ပလပ်စတစ်နဲ့ သေသေချာချာ ထုတ်ပိုးပြီးတော့မှ အပြင်ကို ထုတ်တယ်။ အဓိက ပြောချင်တာက section တွေပိုင်းထားတဲ့အတွက် တပိုင်းနဲ့ တပိုင်း ၊ အထဲမှာနေတဲ့လူကတော့ သေသေချာချာ အကာအကွယ် ပစ္စည်းတွေ ဝတ်ဖို့လိုတာ အပြင်မှာရှိတဲ့လူကတော့ လက်အိတ်နဲ့ အပြင်မှာ mask တွေ တပ်ဖို့ပဲ လိုတယ်။ အဓိကတော့ လက်ဆေးဖို့ပေါ့နော် လက်ကတော့ ပုံမှန် ဆေးနေဖို့ ။ နောက်ပြီး ကိုင်တွယ်တဲ့နေရာမှာ သတိတော့ ထားရတယ်။ အဲလိုမျိုး လက်ဆင့်ကမ်း system နဲ့ သွားတော့ ဆေးရုံမှာ အလုပ်လုပ်နေတာက ၃ထောင် ၄ ထောင်ရှိတာ အကုန်လုံးက ကြောက်နေစရာမလိုဘူး။ နောက်ပြီးတော့ အဆင့်တိုင်းအဆင့်တိုင်းမှာလည်း ခုနကပြောတဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးအရာရှိက သူတို့က တောက်လျှောက်ကြည့်နေတာဆိုတော့ ဘယ်နေရာမှာ လစ်ဟာမှုရှိသလဲဆိုတာ ချက်ချင်းထောက်ပြတယ် ချက်ချင်း ထိန်းကွပ်တယ်ပေါ့နော် ဆိုတော့ အားလုံးက လုပ်ရကိုင်ရတာ အဆင်ပြေတယ်။ သက်တောင့်သက်သာရှိတယ်ပေါ့။

မစုမြတ်မွန်။ ။ ကို Sunnyတို့ ဆေးရုံက ကုတင် ၁၀၀၀ ဆန့်တဲ့ ဆေးရုံကြီးပေါ့လေ အဲဒီဆေးရုံမှာ COVID-19 လူနာတွေအပြင် တခြားလူနာတွေလည်း ရှိမှာပဲ ဆိုတော့ တခြားလူနာတွေကို ဘယ်လိုမျိုး ရောဂါမကူးအောင်လုပ်ထားသလဲ၊ လူနာတွေကို လာတွေ့တဲ့ လူတွေကို ဘယ်လိုစနစ်တကျ လာတွေ့လို့ရအောင် လုပ်ထားသလဲ

ကို Sunny။ ။ COVID-19 လူနာတွေကို ထားတဲ့နေရာတွေ သူတို့ Special zone လိုမျိုး လုပ်ပြီးတော့ ထားတဲ့အတွက် တခြားလူနာတွေနဲ့ ခွဲထားတယ်။ ဥပမာ အလုပ် လုပ်နေတဲ့ ဝန်ထမ်းတွေတောင် အဲဒီနေရာကို မသက်ဆိုင်ရင် သွားစရာမလိုဘူး။ လူနာကို လာကြည့်တဲ့ ဧည့်သည်တွေရှိတယ် အဲဒါကို တခုပဲ ကန့်သတ်ထားတာရှိပါတယ်။ အဲဒါဘာလဲဆိုတော့ လူနာတယောက်ကို လူနာရှင် တယောက်ပဲ လာကြည့်ခွင့်ပြုတယ်။ လာကြည့်ခွင့်ပြုသူတွေကလည်း ဘာမှ ကာကွယ်ပစ္စည်းဝတ်စရာမလိုဘူး

မစုမြတ်မွန်။ ။ COVID-19 လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံမှာတောင် ကာကွယ်မှု စနစ်မှန်တယ်ဆိုရင် အားလုံးက အဆင့်ဆင့် အလုပ်လုပ်သွားရုံပဲ။

ကို Sunny။ ။ အစိုးရိမ်ဖြစ်နေစရာမလိုပါဘူး ကျနော်တို့ Australia မှာ ရောဂါတိုးတက်နှုန်းက မြန်တယ် ဒါပေမယ့် အရမ်းကြီး တဟုန်တိုးမဟုတ်သေးတော့ ထိန်းချုပ်နိုင်တဲ့ အနေအထား ရှိနေသေးတဲ့အတွက် အခုတော့ ဒီစနစ်အတိုင်းသွားတယ် အဲဒါကြောင့် ဆေးရုံကိုယ်တိုင်က မလိုအပ်တဲ့ နေရာတွေမှာ မလိုအပ်ပဲနဲ့ ကာကွယ်မှုဆိုင်ရာကို မသုံးသင့်ဘူး ဘာဖြစ်လို့လဲဆိုတော့ တကယ်လိုအပ်တဲ့အချိန်ရောက်လာရင် ပစ္စည်းမလုံမလောက်ဖြစ်မှာတို့ ၊ တခြားလူတွေ စိုးရိမ်ထိန့်လန့်မှု ဖြစ်မှာ စိုးတဲ့အတွက် မလိုအပ်ပဲနဲ့ မဝတ်ရဘူး။ ဝတ်စရာလည်း မလိုဘူး။ ခုနပြောတဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးအရာရှိကလည်း တချိန်လုံး Follow လုပ်နေတာ ။ နောက်ပြီးတော့ ဝန်ထမ်းတွေကိုယ်တိုင်ကလည်း ဒီ procedure ကို သေချာနားလည်အောင် Train လုပ်ထားရတယ်။ အဲဒါကြောင့် အကုန်လုံးက သက်တောင့်သက်သာပဲ။

မစုမြတ်မွန်။ ။ စောစောက ပြောသလို ဝန်ထမ်းတွေကိုတော့ သေသေချာချာ လေ့ကျင့် သင်ကြားပေးထားတယ်။ ဒါပေမယ့် အဲလိုမျိုး သူတို့ ချမှတ်ထားတဲ့ ကြိုတင်ကာကွယ်သင့်တဲ့ ကိစ္စ လိုက်နာရမယ့်အချက်တွေကို ကြပ်ကြပ်မတ်မတ်လိုက်နာဖို့အတွက်က ဘယ်လောက် အရေးကြီးသလဲရှင့်။

ကို Sunny။ ။ အဲဒါကတော့ အရေးကြီးတယ် ၊ ဌာနတိုင်းမှာ မနက်တိုင်းဆိုရင် အလုပ်ဝင်ဖို့ လက်မှတ်ထိုးရတဲ့ အဆင့်တွေကအစ တယောက်နဲ့ တယောက် လက်မှတ် မထိုးခင်မှာ တမီတာ ခွဲစီ ခြားထားတယ်။ ပြီးရင် အဖျားရှိလား ၊ ချောင်းဆိုးလား COVID-19 နဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာရှိလား အဲဒါတွေ မရှိဘူးဆိုမှ လုပ်ငန်းခွင် ဝင်ခွင့်ရှိတယ်။ အကယ်၍ သာမန်ဖျားရင်တောင်မှ ၂ ရက်ထက်ပိုပြီး ဖျားရင် ဆရာဝန်ကနေ ရောဂါ ကင်းရှင်းကြောင်း လက်မှတ်ပါမှ အလုပ်ပြန်ဝင်ခွင့်ရှိတယ် အဲဒီတော့ လောလောဆည် ကျနေ်ာတို့ ဝန်ထမ်းတွေဆိုရင်လည်း အလုပ်မစခင် အဖျားရှိလား ချောင်းဆိုးလားဆိုတာကို အမြဲစစ်ဆေးရပါတယ်။

Australia နိုင်ငံ Sydney မြို့ က Royal North Shore ဆေးရုံရဲ့ကုသရေးဆိုင်ရာ အထောက်အကူပြု ဌာနက ကို Sunny ကို မစုမြတ်မွန် မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG