သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 တုိက္ဖ်က္ေရး ေဒၚလာ ၂ ဘီလီယံ ကုလေတာင္းခံ


(Zawgyi/Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ အႏၱရာယ္နဲ႔ ရင္ဆုိင္ေနရတဲ့ ႏုိင္ငံေတြကုိ အကူအညီေပးႏုိင္ဖုိ႔ ရန္ပုံေငြအျဖစ္ ေဒၚလာသန္း ၂ ေထာင္ ထည့္၀င္ၾကဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ဗုဒၶဟူးေန႔မွာပဲ တုိက္တြန္းလုိက္ပါတယ္။

“COVID-19 ေရာဂါဟာ လူသားထုတရပ္လုံးကုိ ၿခိမ္းေျခာက္ေနတာေၾကာင့္ လူသားထု တရပ္လုံးက တြန္းလွန္ရမွာျဖစ္ၿပီး ႏုိင္ငံတႏုိင္ငံခ်င္းက တုံ႔ျပန္မႈေတြနဲ႔ မလုံေလာက္ေၾကာင္း” အြန္လုိင္းကလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ေျပာဆုိလုိက္တာပါ။

ရရွိလာမယ့္ ရန္ပုံေငြေတြကုိေတာ့ ကုိ႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္ အဆုိးဆုံးႀကံဳရႏုိင္တဲ့ ဖြံ႔ၿဖိဳးဆဲႏုိင္ငံေပါင္း ၄၀ ကုိ ေရွ႕လာမယ့္ ၉ လအတြင္း ကူညီရာမွာ သုံးစဲြမွာျဖစ္ပါတယ္။ အခုအခ်ိန္မွာ ျပတ္ျပတ္သားသား ဆုံးျဖတ္ေဆာင္ရြက္တာမ်ဳိး မလုပ္ခဲ့ရင္ ဗုိင္းရပ္စ္ပုိးဟာ အတိမ္းအေစာင္းမခံႏုိင္တဲ့ ႏုိင္ငံေတြမွာ အျမစ္တြယ္ႏုိင္သလုိ၊ နယ္စပ္ေတြကုိ ျဖတ္ေက်ာ္ၿပီး ကူးစက္ပ်ံ႕ႏွံ႔ႏုိင္တဲ့ အႏၱရာယ္ရွိေနေၾကာင္းလည္း သတိေပးခဲ့တာပါ။

ေဒၚလာသန္း ၂ ေထာင္ အကုန္အက်ခံ သုံးစဲြမယ့္ အစီအစဥ္မွာေတာ့ လက္ေတြ႔ အေကာင္အထည္ေပးေရး လုပ္ငန္းစဥ္ ၆ ခုကုိ ထည့္သြင္းထားၿပီး၊ လူေတြ တေယာက္နဲ႔တေယာက္ ထိေတြ႔ဆက္ဆံမႈေတြ ေလွ်ာ့ခ်ဖုိ႔၊ လက္မွန္မွန္ေဆးဖုိ႔ စတာေတြ အပါအ၀င္ ဗုိင္းရပ္စ္ပ်ံ႕ႏွံ႔မႈ ေလွ်ာ့ခ်ေရး အမ်ားျပည္သူၾကား အသိပညာေပးေရး အစီအစဥ္ေတြလည္း ပါ၀င္ပါတယ္။

လုိအပ္တဲ့လူေတြကုိ ေဆးစစ္တာေတြ၊ ျပင္းျပင္းထန္ထန္ ေနထုိင္မေကာင္း ျဖစ္ႏုိင္တဲ့သူေတြကုိ ဦးစားေပး ကုသေရးအျပင္ က်န္းမာေရးနဲ႔ စာနာမႈ အကူအညီေပးေရး ၀န္ထမ္းေတြကုိ အကာအကြယ္ေပးေရး အစီအစဥ္ေတြလည္း ထည့္သြင္းထားပါတယ္။

COVID-19 တုိက္ဖ်က္ေရး ေဒၚလာ ၂ ဘီလီယံ ကုလေတာင္းခံ
please wait

No media source currently available

0:00 0:01:23 0:00
တိုက္႐ိုက္ လင့္ခ္


.........................

COVID-19 တိုက်ဖျက်ရေး ဒေါ်လာ ၂ ဘီလီယံ ကုလတောင်းခံ

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေကို အကူအညီပေးနိုင်ဖို့ ရန်ပုံငွေအဖြစ် ဒေါ်လာသန်း ၂ ထောင် ထည့်ဝင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဗုဒ္ဓဟူးနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။

“COVID-19 ရောဂါဟာ လူသားထုတရပ်လုံးကို ခြိမ်းခြောက်နေတာကြောင့် လူသားထု တရပ်လုံးက တွန်းလှန်ရမှာဖြစ်ပြီး နိုင်ငံတနိုင်ငံချင်းက တုံ့ပြန်မှုတွေနဲ့ မလုံလောက်ကြောင်း” အွန်လိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တာပါ။

ရရှိလာမယ့် ရန်ပုံငွေတွေကိုတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် အဆိုးဆုံးကြုံရနိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၄၀ ကို ရှေ့လာမယ့် ၉ လအတွင်း ကူညီရာမှာ သုံးစွဲမှာဖြစ်ပါတယ်။ အခုအချိန်မှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင်ရွက်တာမျိုး မလုပ်ခဲ့ရင် ဗိုင်းရပ်စ်ပိုးဟာ အတိမ်းအစောင်းမခံနိုင်တဲ့ နိုင်ငံတွေမှာ အမြစ်တွယ်နိုင်သလို၊ နယ်စပ်တွေကို ဖြတ်ကျော်ပြီး ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရာယ်ရှိနေကြောင်းလည်း သတိပေးခဲ့တာပါ။

ဒေါ်လာသန်း ၂ ထောင် အကုန်အကျခံ သုံးစွဲမယ့် အစီအစဉ်မှာတော့ လက်တွေ့ အကောင်အထည်ပေးရေး လုပ်ငန်းစဉ် ၆ ခုကို ထည့်သွင်းထားပြီး၊ လူတွေ တယောက်နဲ့တယောက် ထိတွေ့ဆက်ဆံမှုတွေ လျှော့ချဖို့၊ လက်မှန်မှန်ဆေးဖို့ စတာတွေ အပါအဝင် ဗိုင်းရပ်စ်ပျံ့နှံ့မှု လျှော့ချရေး အများပြည်သူကြား အသိပညာပေးရေး အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ လိုအပ်တဲ့လူတွေကို ဆေးစစ်တာတွေ၊ ပြင်းပြင်းထန်ထန် နေထိုင်မကောင်း ဖြစ်နိုင်တဲ့သူတွေကို ဦးစားပေး ကုသရေးအပြင် ကျန်းမာရေးနဲ့ စာနာမှု အကူအညီပေးရေး ဝန်ထမ်းတွေကို အကာအကွယ်ပေးရေး အစီအစဉ်တွေလည်း ထည့်သွင်းထားပါတယ်။

XS
SM
MD
LG