သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပက ျပန္လာသူေတြကို ခြဲျခားဆက္ဆံတာ မလုပ္ဖို႔ က်န္းမာေရးဌာန တုိက္တြန္း


ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္

(Zawgyi/Unicode)

COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ သံုးဦးရဲ႕ က်န္းမာေရးအေျခအေနဟာ ေကာင္းမြန္ေနၿပီး သူတုိ႔ကို ေသခ်ာကုသေပးေနတယ္လုိ႔ က်န္းမာေရးဌာနတာဝန္ရွိသူက ေျပာပါတယ္။ အခုခ်ိန္မွာ ျမန္မာျပည္ထဲကုိ ျပန္ဝင္လာတဲ့ ကိုယ့္ႏုိင္ငံသားေတြအေပၚ ခြဲျခားဆက္ဆံၿပီး အျပစ္တင္တာမ်ိဳးေတြ မလုပ္ဘဲ ဒီေရာဂါကို အတူ တိုက္ထုတ္ႏုိင္ဖို႔အတြက္လည္း ျပည္သူေတြပါဝင္ေပးဖုိ႔ က်န္းမာေရးတာ၀န္ရိွသူေတြက တိုက္တြန္းေနပါတယ္။ အျပည့္အစံုကို ဗီြအုိေအျမန္မာပုိင္း သတင္းေထာက္ စုစုက ေျပာျပသြားမွာပါ။

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုမွာ ထားရွိကုသေပးေနတဲ့ အသက္ ၃၆ႏွစ္အရြယ္ အမ်ိဳးသားနဲ႔ ရန္ကုန္ၿမိဳ႕ ေဝဘာဂီအထူးကုေဆးရံုမွာ ထားရွိကုသေပးေနတဲ့ အသက္ ၂၆ ႏွစ္အရြယ္ အမ်ိဳးသား ႏွစ္ဦးရဲ႕ က်န္းမာေရးအေျခအေနဟာ ေကာင္းမြန္လ်က္ရွိတယ္လို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနက ညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗီြအိုေအကို ေျပာပါတယ္။

"လက္ရွိသူတို႔ရဲ႕ အေျခအေနကေတာ့ လူနာသံုးေယာက္လံုးရဲ႕ က်န္းမာေရး အေျခအေနက ေကာင္းမြန္ပါတယ္။ တီးတိန္ေဆးရံုမွာ တက္ေရာက္ေနတဲ့ လူနာကလည္း အဖ်ားမရွိပါဘူး။ သက္သာပါတယ္။ ျပင္းထန္အသက္ရွဴလမ္းေၾကာင္းဆုိင္ရာ လကၡဏာလည္း မရွိပါဘူး။ ဒုတိယလူနာျဖစ္တဲ့ အဂၤလန္ကျပန္လာတဲ့ Facility Quarantine လုပ္ထားတယ္ဆိုတဲ့လူနာက ခုထက္ထိသူက အဖ်ားလည္းမရွိဘူး၊ ေခ်ာင္းလည္း မဆိုးဘူးေပါ့ေနာ္။ သူက Symptom မေပၚဘဲနဲ႔ Positive ျဖစ္တာ ျဖစ္ပါတယ္။ သူ႔ရဲ႕အေျခအေနလည္း ေကာင္းပါတယ္။ အခု တတိယလူနာကေတာ့ အဂၤလန္ကျပန္လာတာျဖစ္ပါတယ္။ သူ႔ရဲ႕အေျခအေနကလည္း ေကာင္းမြန္ပါတယ္။"

အခု ဓာတ္ခြဲအတည္ျပဳထားတဲ့ လူနာေတြနဲ႔ နီးကပ္ခဲ့သူေတြကုိ အသြားအလာကန္႔သတ္ထားၿပီး၊ လူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကုိလည္း ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ရည္ညႊန္းဓာတ္ခြဲခန္းဆီ ေပးပို႔ၿပီး အတည္ျပဳခ်က္ရယူသြားဖို႔အတြက္ ေဆာင္ရြက္ေနတယ္လို႔လည္း သိရပါတယ္။ ကုိရုိနာဗုိင္းရပ္စ္ကူးစက္ခံထားရတဲ့ လူနာသံုးဦးလံုးဟာ အေနာက္ႏုိင္ငံေတြက ျပန္လာသူေတြျဖစ္ၿပီးေတာ့ သူတုိ႔မွာ ဒီေရာဂါလကၡဏာမျပဘဲ ဓာတ္ခြဲအတည္ျပဳမွသာ COVID- 19 ေရာဂါျဖစ္ပြားေနတယ္လို႔ သိရွိခဲ့သူေတြပါ။ ဒီလိုအခ်ိန္မွာ ျပည္သူလူထုအေနနဲ႔ ျပည္ပကေနျပန္ဝင္လာသူေတြကုိ အျပစ္တင္ေဝဖန္တာမ်ိဳးေတြ မလုပ္ဘဲ ဒီေရာဂါကိုအတူတိုက္ထုတ္ဖုိ႔အတြက္ ပူးေပါင္းေပးဖုိ႔ကုိ ေဒါက္တာခင္ခင္ႀကီးက အခုလိုေျပာပါတယ္။

"အခုခ်ိန္မွာ ဘယ္သူေၾကာင့္ ဘယ္ဝါေၾကာင့္ အျပစ္တင္ေနတာမ်ိဳးေတြ မျပဳလုပ္ဖို႔ပါပဲ။ ဘာျဖစ္လို႔လည္းဆုိေတာ့ ဒါေတြက ဘံုရန္သူျဖစ္ပါတယ္။ အားလံုးစုေပါင္း တုိက္ထုတ္ရမယ့္ကိစၥျဖစ္ပါတယ္။ ဒါေၾကာင့္မုိ႔ ျပန္လာတဲ့သူေတြေၾကာင့္ ေရာဂါကုိ သယ္လာတယ္တုိ႔ ဘာတုိ႔ ဒါမ်ိဳးေတြ ေျပာတာေတြကုိေတာ့ မျဖစ္ေစခ်င္ပါဘူး။ ဘယ္သူမွလည္း ေရာဂါမျဖစ္ခ်င္ပါဘူး။ ခြဲျခားဆက္ဆံျခင္းဟာ ဆုိးက်ိဳးေတြကုိျဖစ္ေစပါတယ္။ တနည္းအားျဖင့္ေျပာရင္ သူတို႔မွာလည္း သက္ဆိုင္ရာ Trauma ေတြ ရေစပါတယ္။ အဲဒါေလးေတြေတာ့ ျပည္သူလူထုကို အသိေပးခ်င္ပါတယ္။"

ကမာၻ႕ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားတဲ့ ဒီ COVID-19 ကို ကမာၻနဲ႔တဝန္း ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ေဆာင္ရြက္ေနတာမွာ ျမန္မာႏုိင္ငံလည္း အပါအဝင္ျဖစ္ပါတယ္။ ျမန္မာျပည္တြင္းထဲကို နယ္စပ္ဂိတ္ေပါက္ေတြကေန တဆင့္ ျပန္ဝင္လာေနတဲ့ ျပည္ပလုပ္သားေတြလည္း ရွိေနၿပီး သူတို႔ကုိ ေနအိမ္မွာေနေစၿပီး အသြားအလာကန္႔သတ္လိုက္တဲ့ Home Quarantine ကုိေဆာင္ရြက္တာမွာ သတ္မွတ္ထားတဲ့အခ်က္ေတြကုိ လုိက္နာၾကဖို႔အတြက္လည္း တုိက္တြန္းလိုက္ပါတယ္။

"လက္ရွိမွာ Quarantine လုပ္တယ္ဆုိတာက တကယ္လိုအပ္လို႔ လုပ္ေဆာင္တာျဖစ္တယ္။ ဒါေၾကာင့္မုိ႔ ဒါကိုပူးေပါင္း ကူညီေပးၾကပါ။ တနည္းအားျဖင့္ ဒီလို Quarantine လုပ္တာဟာ သူတုိ႔ေတြရဲ႕ က်န္းမာေရး၊ အက်ိဳးစီးပြားအတြက္ ပထမဦးစားေပးျဖစ္ပါတယ္။ ဒီအခ်ိန္မွာေတာ့ လူေကာင္းေပါ့ေနာ္။ ဒါေပမဲ့ ၁၄ ရက္အတြင္းမွာ ေရာဂါလကၡဏာေတြ ေပၚလာႏုိင္ပါတယ္။ ေပၚလာရင္ က်မတုိ႔အေနနဲ႔ ခ်က္ခ်င္းသိရွိၿပီးေတာ့ ကုသမႈေပးႏိုင္ေအာင္ရယ္၊ သူတုိ႔မိသားစု၊ ပတ္ဝန္းက်င္၊ တျခားႏုိင္ငံသူ ႏုိင္ငံသားေတြ မကူးစက္ႏုိင္ေအာင္ ရည္ရြယ္ပါတယ္။ ဒါေၾကာင့္မုိ႔ Home Quarantine လုပ္တဲ့ ျပည္သူေတြအေနနဲ႔ ျပည္သူလူသားတေယာက္ တာဝန္ကိုေက်ပြန္ဖို႔ လိုပါတယ္။ Quarantine လုပ္တဲ့ဟာကို ၁၄ ရက္ဆုိ ၁၄ ရက္ေပါ့ေနာ္။ တနည္းအားျဖင့္ သတ္မွတ္ထားတဲ့ အခ်က္ေတြအတုိင္း လုိက္နာဖို႔ လိုပါတယ္။"

ဒီကေန႔စာရင္းေတြအရ ႏုိင္ငံေပါင္း ၁၉၅ႏုိင္ငံကုိ ကူးစက္ခဲ့ၿပီး၊ လူေပါင္း ၄၃၀,၀၀၀ ေက်ာ္ကုိ ကူးစက္ခဲ့တာပါ။ စုစုေပါင္း ေသဆံုးသူ ၁၉,၀၀၀ ေက်ာ္ရွိခဲ့ေပမယ့္ ေရာဂါသက္သာလာသူ အေရအတြက္ဟာလည္း ၁၁၀,၀၀၀ ေက်ာ္ ရွိေနၿပီျဖစ္ပါတယ္။

ျပည္သူလူထုအေနနဲ႔ ဒီလိုအခ်ိန္မွာ သတင္းအမွားေတြကုိ မယံုၾကဖို႔နဲ႔ အေၾကာက္လြန္ၿပီး ရိကၡာစုေဆာင္းတာေတြကုိ ေရွာင္ဖို႔အတြက္လည္း သတိေပးထားပါတယ္။ လူထူထပ္တဲ့ေနရာေတြကုိ မသြားဖို႔၊ လက္နဲ႔ မ်က္ႏွာ ႏွာခေါင္း ပါးစပ္တုိ႔ကို မထိဖုိ႔၊ ေခ်ာင္းဆုိးႏွာေခ်ရင္ အုပ္စုိးဖုိ႔အပါအဝင္၊ လက္ကိုဆပ္ျပာနဲ႔ စနစ္တက် ေသခ်ာေဆးေၾကာေပးဖို႔၊ ကိုယ္ခံအားေကာင္းေအာင္ စားေသာက္ေနထုိင္ဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ပကပြန်လာသူတွေကို ခွဲခြားဆက်ဆံတာ မလုပ်ဖို့ ကျန်းမာရေးဌာန တိုက်တွန်း

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ သုံးဦးရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်နေပြီး သူတို့ကို သေချာကုသပေးနေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ အခုချိန်မှာ မြန်မာပြည်ထဲကို ပြန်ဝင်လာတဲ့ ကိုယ့်နိုင်ငံသားတွေအပေါ် ခွဲခြားဆက်ဆံပြီး အပြစ်တင်တာမျိုးတွေ မလုပ်ဘဲ ဒီရောဂါကို အတူ တိုက်ထုတ်နိုင်ဖို့အတွက်လည်း ပြည်သူတွေပါဝင်ပေးဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် စုစုက ပြောပြသွားမှာပါ။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှာ ထားရှိကုသပေးနေတဲ့ အသက် ၃၆နှစ်အရွယ် အမျိုးသားနဲ့ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံမှာ ထားရှိကုသပေးနေတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသား နှစ်ဦးရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်လျက်ရှိတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

"လက်ရှိသူတို့ရဲ့ အခြေအနေကတော့ လူနာသုံးယောက်လုံးရဲ့ ကျန်းမာရေး အခြေအနေက ကောင်းမွန်ပါတယ်။ တီးတိန်ဆေးရုံမှာ တက်ရောက်နေတဲ့ လူနာကလည်း အဖျားမရှိပါဘူး။ သက်သာပါတယ်။ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာလည်း မရှိပါဘူး။ ဒုတိယလူနာဖြစ်တဲ့ အင်္ဂလန်ကပြန်လာတဲ့ Facility Quarantine လုပ်ထားတယ်ဆိုတဲ့လူနာက ခုထက်ထိသူက အဖျားလည်းမရှိဘူး၊ ချောင်းလည်း မဆိုးဘူးပေါ့နော်။ သူက Symptom မပေါ်ဘဲနဲ့ Positive ဖြစ်တာ ဖြစ်ပါတယ်။ သူ့ရဲ့အခြေအနေလည်း ကောင်းပါတယ်။ အခု တတိယလူနာကတော့ အင်္ဂလန်ကပြန်လာတာဖြစ်ပါတယ်။ သူ့ရဲ့အခြေအနေကလည်း ကောင်းမွန်ပါတယ်။"

အခု ဓာတ်ခွဲအတည်ပြုထားတဲ့ လူနာတွေနဲ့ နီးကပ်ခဲ့သူတွေကို အသွားအလာကန့်သတ်ထားပြီး၊ လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းဆီ ပေးပို့ပြီး အတည်ပြုချက်ရယူသွားဖို့အတွက် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာသုံးဦးလုံးဟာ အနောက်နိုင်ငံတွေက ပြန်လာသူတွေဖြစ်ပြီးတော့ သူတို့မှာ ဒီရောဂါလက္ခဏာမပြဘဲ ဓာတ်ခွဲအတည်ပြုမှသာ COVID- 19 ရောဂါဖြစ်ပွားနေတယ်လို့ သိရှိခဲ့သူတွေပါ။ ဒီလိုအချိန်မှာ ပြည်သူလူထုအနေနဲ့ ပြည်ပကနေပြန်ဝင်လာသူတွေကို အပြစ်တင်ဝေဖန်တာမျိုးတွေ မလုပ်ဘဲ ဒီရောဂါကိုအတူတိုက်ထုတ်ဖို့အတွက် ပူးပေါင်းပေးဖို့ကို ဒေါက်တာခင်ခင်ကြီးက အခုလိုပြောပါတယ်။

"အခုချိန်မှာ ဘယ်သူကြောင့် ဘယ်ဝါကြောင့် အပြစ်တင်နေတာမျိုးတွေ မပြုလုပ်ဖို့ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒါတွေက ဘုံရန်သူဖြစ်ပါတယ်။ အားလုံးစုပေါင်း တိုက်ထုတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြန်လာတဲ့သူတွေကြောင့် ရောဂါကို သယ်လာတယ်တို့ ဘာတို့ ဒါမျိုးတွေ ပြောတာတွေကိုတော့ မဖြစ်စေချင်ပါဘူး။ ဘယ်သူမှလည်း ရောဂါမဖြစ်ချင်ပါဘူး။ ခွဲခြားဆက်ဆံခြင်းဟာ ဆိုးကျိုးတွေကိုဖြစ်စေပါတယ်။ တနည်းအားဖြင့်ပြောရင် သူတို့မှာလည်း သက်ဆိုင်ရာ Trauma တွေ ရစေပါတယ်။ အဲဒါလေးတွေတော့ ပြည်သူလူထုကို အသိပေးချင်ပါတယ်။"

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ ဒီ COVID-19 ကို ကမ္ဘာနဲ့တဝန်း ရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေတာမှာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ မြန်မာပြည်တွင်းထဲကို နယ်စပ်ဂိတ်ပေါက်တွေကနေ တဆင့် ပြန်ဝင်လာနေတဲ့ ပြည်ပလုပ်သားတွေလည်း ရှိနေပြီး သူတို့ကို နေအိမ်မှာနေစေပြီး အသွားအလာကန့်သတ်လိုက်တဲ့ Home Quarantine ကိုဆောင်ရွက်တာမှာ သတ်မှတ်ထားတဲ့အချက်တွေကို လိုက်နာကြဖို့အတွက်လည်း တိုက်တွန်းလိုက်ပါတယ်။

"လက်ရှိမှာ Quarantine လုပ်တယ်ဆိုတာက တကယ်လိုအပ်လို့ လုပ်ဆောင်တာဖြစ်တယ်။ ဒါကြောင့်မို့ ဒါကိုပူးပေါင်း ကူညီပေးကြပါ။ တနည်းအားဖြင့် ဒီလို Quarantine လုပ်တာဟာ သူတို့တွေရဲ့ ကျန်းမာရေး၊ အကျိုးစီးပွားအတွက် ပထမဦးစားပေးဖြစ်ပါတယ်။ ဒီအချိန်မှာတော့ လူကောင်းပေါ့နော်။ ဒါပေမဲ့ ၁၄ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ ပေါ်လာရင် ကျမတို့အနေနဲ့ ချက်ချင်းသိရှိပြီးတော့ ကုသမှုပေးနိုင်အောင်ရယ်၊ သူတို့မိသားစု၊ ပတ်ဝန်းကျင်၊ တခြားနိုင်ငံသူ နိုင်ငံသားတွေ မကူးစက်နိုင်အောင် ရည်ရွယ်ပါတယ်။ ဒါကြောင့်မို့ Home Quarantine လုပ်တဲ့ ပြည်သူတွေအနေနဲ့ ပြည်သူလူသားတယောက် တာဝန်ကိုကျေပွန်ဖို့ လိုပါတယ်။ Quarantine လုပ်တဲ့ဟာကို ၁၄ ရက်ဆို ၁၄ ရက်ပေါ့နော်။ တနည်းအားဖြင့် သတ်မှတ်ထားတဲ့ အချက်တွေအတိုင်း လိုက်နာဖို့ လိုပါတယ်။"

ဒီကနေ့စာရင်းတွေအရ နိုင်ငံပေါင်း ၁၉၅နိုင်ငံကို ကူးစက်ခဲ့ပြီး၊ လူပေါင်း ၄၃၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ စုစုပေါင်း သေဆုံးသူ ၁၉,၀၀၀ ကျော်ရှိခဲ့ပေမယ့် ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၁၁၀,၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ ဒီလိုအချိန်မှာ သတင်းအမှားတွေကို မယုံကြဖို့နဲ့ အကြောက်လွန်ပြီး ရိက္ခာစုဆောင်းတာတွေကို ရှောင်ဖို့အတွက်လည်း သတိပေးထားပါတယ်။ လူထူထပ်တဲ့နေရာတွေကို မသွားဖို့၊ လက်နဲ့ မျက်နှာ နှာခေါင်း ပါးစပ်တို့ကို မထိဖို့၊ ချောင်းဆိုးနှာချေရင် အုပ်စိုးဖို့အပါအဝင်၊ လက်ကိုဆပ်ပြာနဲ့ စနစ်တကျ သေချာဆေးကြောပေးဖို့၊ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG