သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ ျပည္သူေတြ မစုိးရိမ္ၾကဖုိ႔ အတုိင္ပင္ခံတုိက္တြန္း


ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (Myanmar State Counsellor Office)

(Zawgyi/Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ ပထမဆုံးအႀကိမ္ ေတြ႔ရွိေၾကာင္း အတည္ျပဳလုိက္တဲ့ ျမန္မာႏုိင္ငံမွာ လုိအပ္တာထက္ပုိၿပီး မစုိးရိမ္ၾကဖုိ႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အဂၤါေန႔မွာပဲ တုိက္တြန္းလုိက္ပါတယ္။ အျပည့္အစံုကို ကိုေအာင္လြင္ဦးေျပာျပမွာပါ။

ျပည္ပက ျပန္လာသူ ၂ ေယာက္မွာ COVID-19 ေရာဂါ ေတြ႔ရွိေၾကာင္း အတည္ျပဳခဲ့ၿပီးေနာက္ ေစ်း၀ယ္စင္တာေတြမွာ အလုအယက္ ေစ်း၀ယ္တာ အပါအ၀င္ စုိးရိမ္မႈေတြ ထြက္ေပၚလာရာက အခုလုိ သတိေပးလုိက္တာလည္း ျဖစ္ပါတယ္။ အမ်ားျပည္သူၾကား စုိးရိမ္စိတ္ေတြ ရွိမယ္ဆုိတာ နားလည္ေပမဲ့ ေခါင္းေအးေအးထား တုံ႔ျပန္ဖုိ႔လည္း ေဒၚေအာင္ဆန္းစုၾကည္က တုိင္းျပည္ကုိ ေျပာၾကားတဲ့ မိန္႔ခြန္းမွာ အေလးထား ေျပာခဲ့တာပါ။

“COVID-19 ကူးစက္ခံရသူ ၂ ဦးေတြ႔တယ္လို႔ သတင္း ထြက္လာတာနဲ႔ တၿပိဳင္တည္း ရိကၡာေတြ ၊ ေစ်း အလုအယက္ထြက္၀ယ္သူေတြလည္း ရွိပါတယ္။ ရိကၡာျပတ္ႏိုင္တဲ့ အလားအလာမရွိပါဘူး လူအုပ္ထဲသြားၿပီး တိုး၀ယ္လို႔ ေရာဂါကူးမယ့္အလားအလာေတာ့ ပိုၿပီးေတာ့ မ်ားပါတယ္။ မျပန္႔ဖို႔အတြက္ ျပည္သူေတြ အဓိကပါ။ ျပည္သူေတြရဲ႕ စိတ္တည္ၿငိမ္မႈ အင္အားကသာ အဓိက ျဖစ္ပါတယ္။ အစိုးရအေနနဲ႔ အမ်ားျပည္သူမ်ားအတြက္ မရွိမျဖစ္လိုအပ္တဲ့ ၀န္ေဆာင္မႈလုပ္ငန္းေတြ ၊ ေစ်းေတြနဲ႔ အေရာင္းအ၀ယ္စင္တာေတြ ပိတ္ဖို႔အစီအစဥ္မရွိတာကို အသိေပးေျပာလိုပါတယ္။ ေစ်း၀ယ္တဲ့အခါ မိသားစုလိုက္ အစုအဖြဲ႔လိုက္ မသြားပဲ တဦးတည္း တေယာက္တည္း တာ၀န္ယူၿပီး မိသားစုအတြက္ အမွန္တကယ္ လိုအပ္တဲ့ ပမာဏကိုပဲ သြားေရာက္၀ယ္ယူေစလိုပါတယ္။ လုပ္ငန္းေတြ ၊ စက္ရံုေတြ အလုပ္ရံုေတြကို ပိတ္မယ္၊ ၿမိဳ႕ရြာအ၀င္အထြက္ေတြကို ပိတ္မယ္ဆိုတဲ့ မဟုတ္မမွန္သတင္းေတြ ပ်ံ႕ႏွံ႔ေနပါတယ္။ ဒီလို ေကာလဟာလေတြေၾကာင့္ ျပည္သူေတြအေနနဲ႔ အထိတ္တလန္႔ မျဖစ္ၾကပါနဲ႔။”

အခုအခါမွာ ျပည္ပႏုိင္ငံေတြကေန ျပန္လာသူေတြ အမ်ားအျပား ရွိေနတာေၾကာင့္ က်န္းမာေရးအတြက္ သတိထားၾကဖုိ႔နဲ႔ ညႊန္ၾကားခ်က္ေတြအတုိင္း လုိက္နာၾကဖုိ႔လည္း သတိေပးသြားပါတယ္။ ဒါေပမဲ့လည္း က်န္းမာေရးစနစ္မွာ အားနည္းခ်က္ေတြ ရွိေနတဲ့ ျမန္မာႏုိင္ငံမွာ ကူးစက္လြယ္တဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈအေပၚ အထည္ဆုိင္ရွင္ ဦးေက်ာ္၀င္း တုိ႔လုိ ရန္ကုန္ၿမိဳ႕ခံေတြကေတာ့ စုိးရိမ္ေနၾကတာပါ။

“စိုးရိမ္ရတာေပါ့ ျမန္မာျပည္ ကိုယ့္ႏိုင္ငံက မတိုးတက္တဲ့ႏိုင္ငံ ၊ ေဆးရံုေတြဘာေတြမွာလည္း ဘာပစၥည္းမွလည္း မရွိဘူး။ ျဖစ္လာရင္ က်ေနာ္တို႔ ဘယ္လိုလုပ္ၾကမလဲ ။ ဒါေတြ စိုးရိမ္တယ္ သူမ်ား ေခတ္မွီတဲ့ႏိုင္ငံေတြေတာင္ မထိန္းႏိုင္ မသိမ္းႏိုင္ျဖစ္ေနတာ ကိုယ့္ႏိုင္ငံ ဆိုဘယ္လိုလုပ္မလဲ အဲဒါေတြ ေတြးပူရတာေပါ့။”

ရန္ကုန္ၿမိဳ႕က ဥပေဒ၀န္ထမ္း မေမ ကလည္း ေန႔တဓူ၀ အမ်ားျပည္သူၾကား သြားလာေနရတဲ့အတြက္ ဗုိင္းရပ္စ္ပုိး ကူးစက္မွာ စုိးရိမ္ေၾကာင္း ေျပာပါတယ္။

“က်မတို႔ အေျခအေနနဲ႔ဆိုရင္ ဘက္စ္ကားစီးတာတို႔ဆိုရင္ မလႊဲမေရွာင္ႏိုင္ ကိစၥရပ္ေတြေပါ့ေနာ္ ။ အဲလိုဆိုေပမယ့္ အတတ္ႏိုင္ဆံုးေတာ့ ကိုယ့္ဟာကိုယ္ လံုလံုၿခံဳၿခံဳေတာ့ ေနသင့္တယ္ေပါ့ေနာ္။ ဒီျမန္မာႏိုင္ငံမွာက လိုက္နာမႈအား ေတာ္ေတာ္နည္းပါေသးတယ္။”

ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကေတာ့ က်န္းမာေရး ၀န္ႀကီးဌာနနဲ႔ သက္ဆုိင္ရာ ဌာနေတြရဲ႕ ညႊန္ၾကားခ်က္ေတြကုိ လုိက္နာၾကဖုိ႔ မသကၤာစရာ ေရာဂါလကၡဏာေတြ႔တယ္ဆုိရင္ နီးစပ္ရာ ေဆး႐ုံေဆးခန္းေတြမွာ အခ်ိန္မွီျပသဖုိ႔လည္း မိန္႔ခြန္းမွာ ေျပာဆုိထားတာပါ။ ကမာၻ႔ကပ္ေရာဂါ ႀကံဳေနရခ်ိန္မွာ သတင္းမွားေတြ ေကာလဟလေတြကုိ သတိထားၾကဖုိ႔နဲ႔ လူအမ်ား အထိတ္တလန္႔နဲ႔ တည္ၿငိမ္မႈကုိ ထိခုိက္ေစမယ့္ စကားေတြ မပ်ံ႕ပြားေအာင္ ေရွာင္က်ဥ္ၾကဖုိ႔လည္း တုိက္တြန္းထားပါတယ္။


...................

COVID-19 ကြောင့် ပြည်သူတွေ မစိုးရိမ်ကြဖို့ အတိုင်ပင်ခံတိုက်တွန်း

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိကြောင်း အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံမှာ လိုအပ်တာထက်ပိုပြီး မစိုးရိမ်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ကိုအောင်လွင်ဦးပြောပြမှာပါ။

ပြည်ပက ပြန်လာသူ ၂ ယောက်မှာ COVID-19 ရောဂါ တွေ့ရှိကြောင်း အတည်ပြုခဲ့ပြီးနောက် ဈေးဝယ်စင်တာတွေမှာ အလုအယက် ဈေးဝယ်တာ အပါအဝင် စိုးရိမ်မှုတွေ ထွက်ပေါ်လာရာက အခုလို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ အများပြည်သူကြား စိုးရိမ်စိတ်တွေ ရှိမယ်ဆိုတာ နားလည်ပေမဲ့ ခေါင်းအေးအေးထား တုံ့ပြန်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ အလေးထား ပြောခဲ့တာပါ။

“COVID-19 ကူးစက်ခံရသူ ၂ ဦးတွေ့တယ်လို့ သတင်း ထွက်လာတာနဲ့ တပြိုင်တည်း ရိက္ခာတွေ ၊ ဈေး အလုအယက်ထွက်ဝယ်သူတွေလည်း ရှိပါတယ်။ ရိက္ခာပြတ်နိုင်တဲ့ အလားအလာမရှိပါဘူး လူအုပ်ထဲသွားပြီး တိုးဝယ်လို့ ရောဂါကူးမယ့်အလားအလာတော့ ပိုပြီးတော့ များပါတယ်။ မပြန့်ဖို့အတွက် ပြည်သူတွေ အဓိကပါ။ ပြည်သူတွေရဲ့ စိတ်တည်ငြိမ်မှု အင်အားကသာ အဓိက ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အများပြည်သူများအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ၊ ဈေးတွေနဲ့ အရောင်းအဝယ်စင်တာတွေ ပိတ်ဖို့အစီအစဉ်မရှိတာကို အသိပေးပြောလိုပါတယ်။ ဈေးဝယ်တဲ့အခါ မိသားစုလိုက် အစုအဖွဲ့လိုက် မသွားပဲ တဦးတည်း တယောက်တည်း တာဝန်ယူပြီး မိသားစုအတွက် အမှန်တကယ် လိုအပ်တဲ့ ပမာဏကိုပဲ သွားရောက်ဝယ်ယူစေလိုပါတယ်။ လုပ်ငန်းတွေ ၊ စက်ရုံတွေ အလုပ်ရုံတွေကို ပိတ်မယ်၊ မြို့ရွာအဝင်အထွက်တွေကို ပိတ်မယ်ဆိုတဲ့ မဟုတ်မမှန်သတင်းတွေ ပျံ့နှံ့နေပါတယ်။ ဒီလို ကောလဟာလတွေကြောင့် ပြည်သူတွေအနေနဲ့ အထိတ်တလန့် မဖြစ်ကြပါနဲ့။”

အခုအခါမှာ ပြည်ပနိုင်ငံတွေကနေ ပြန်လာသူတွေ အများအပြား ရှိနေတာကြောင့် ကျန်းမာရေးအတွက် သတိထားကြဖို့နဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြဖို့လည်း သတိပေးသွားပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေးစနစ်မှာ အားနည်းချက်တွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ ကူးစက်လွယ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအပေါ် အထည်ဆိုင်ရှင် ဦးကျော်ဝင်း တို့လို ရန်ကုန်မြို့ခံတွေကတော့ စိုးရိမ်နေကြတာပါ။

“စိုးရိမ်ရတာပေါ့ မြန်မာပြည် ကိုယ့်နိုင်ငံက မတိုးတက်တဲ့နိုင်ငံ ၊ ဆေးရုံတွေဘာတွေမှာလည်း ဘာပစ္စည်းမှလည်း မရှိဘူး။ ဖြစ်လာရင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ ။ ဒါတွေ စိုးရိမ်တယ် သူများ ခေတ်မှီတဲ့နိုင်ငံတွေတောင် မထိန်းနိုင် မသိမ်းနိုင်ဖြစ်နေတာ ကိုယ့်နိုင်ငံ ဆိုဘယ်လိုလုပ်မလဲ အဲဒါတွေ တွေးပူရတာပေါ့။”

ရန်ကုန်မြို့က ဥပဒေဝန်ထမ်း မမေ ကလည်း နေ့တဓူ၀ အများပြည်သူကြား သွားလာနေရတဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်မှာ စိုးရိမ်ကြောင်း ပြောပါတယ်။

“ကျမတို့ အခြေအနေနဲ့ဆိုရင် ဘက်စ်ကားစီးတာတို့ဆိုရင် မလွှဲမရှောင်နိုင် ကိစ္စရပ်တွေပေါ့နော် ။ အဲလိုဆိုပေမယ့် အတတ်နိုင်ဆုံးတော့ ကိုယ့်ဟာကိုယ် လုံလုံခြုံခြုံတော့ နေသင့်တယ်ပေါ့နော်။ ဒီမြန်မာနိုင်ငံမှာက လိုက်နာမှုအား တော်တော်နည်းပါသေးတယ်။”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ မသင်္ကာစရာ ရောဂါလက္ခဏာတွေ့တယ်ဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ အချိန်မှီပြသဖို့လည်း မိန့်ခွန်းမှာ ပြောဆိုထားတာပါ။ ကမ္ဘာ့ကပ်ရောဂါ ကြုံနေရချိန်မှာ သတင်းမှားတွေ ကောလဟလတွေကို သတိထားကြဖို့နဲ့ လူအများ အထိတ်တလန့်နဲ့ တည်ငြိမ်မှုကို ထိခိုက်စေမယ့် စကားတွေ မပျံ့ပွားအောင် ရှောင်ကျဉ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG