သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကူးစက္သူ ျမန္မာမွာ ေနာက္တဦးေတြ႕


COVID-19 ကူးစက္မည့္အေရး ကာကြယ္ရန္ ႏွာေခါင္းစည္းအကာ တပ္၍ သြားလာေနၾကသူမ်ား။ (ရန္ကုန္၊ မတ္ ၁၇၊ ၂၀၂၀၀

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံလူနာ တဦး ထပ္မံ အတည္ျပဳ ေတြ႔ရွိေၾကာင္း ဗုဒၶဟူးေန႔ မနက္ ၁ နာရီ အခ်ိန္မွာ ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနက ထုတ္ျပန္ေၾကညာလိုက္တာေၾကာင့္ COVID -19 အတည္ျပဳ လူနာ ၃ ဦးရွိသြားၿပီ ျဖစ္ပါတယ္။

အခုေနာက္ဆံုး အတည္ျပဳ လူနာကေတာ့ အဂၤလန္ကေန မတ္လ ၂၁ ရက္ေန႔က ျမန္မာႏုိင္ငံကို ျပန္ေရာက္လာတဲ႔ အသက္ ၂၆ ႏွစ္ အရြယ္ အမ်ိဳးသား ျဖစ္ၿပီး အင္းစိန္ျပည္သူ႔ ေဆးရံုႀကီးမွာ ေစာင့္ၾကည့္လူနာ အျဖစ္ သီးသန္႔ခြဲျခား ေစာင့္ၾကပ္ ကုသေပးေနရသူ ျဖစ္ပါတယ္။ ရန္ကုန္တိုင္း အင္းစိန္ၿမဳိ႕နယ္မွာ ေနထိုင္သူ အဲဒီ အမ်ိဳးသားထံက ဓာတ္ခြဲ နမူနာကို အဂၤါေန႔မွာ အမ်ိဳးသား က်န္းမာေရးဆိုင္ရာ ဓာတ္ခြဲမႈဆိုင္ရာ ဌာန က စစ္ေဆးခဲ႔ၿပီး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း အတည္ျပဳခဲ႔တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အဲဒီ လူနာကို အင္းစိန္ ျပည္သူ႔ေဆးရံုမွာ သီးျခားထား ေစာင့္ၾကပ္ ကုသေနၿပီး အေျခအေန တည္တည္ၿငိမ္ၿငိမ္ ရွိေနတယ္လို႔လည္း သတင္းထုတ္ထားပါတယ္။ သူကေတာ့ ထိုင္းႏုိင္ငံကေန တဆင့္ ျမန္မာႏုိင္ငံကို မတ္လ ၂၁ ရက္ေန႔က ေလေၾကာင္းခရီးစဥ္နဲ႔ ၀င္ေရာက္လာသူ ျဖစ္ေၾကာင္း ေဖာ္ျပထားေပမယ့္ ေလေၾကာင္း ခရီးစဥ္ အေသးစိတ္ကိုေတာ့ ေဖာ္ျပမထားပါဘူး။

သူနဲ႔ ထိေတြ႔ ဆက္စပ္သူေတြကို သီးျခားခြဲထားေရး ေဆာင္ရြက္သြားမယ္လုိ႔ေတာ့ ၀န္ႀကီးဌာနက ေျပာဆိုထားပါတယ္။ တျခား လူနာ ၂ ဦးကေတာ့ တီးတိန္မွာ တဦး ရန္ကုန္တိုင္း ေ၀ဘာဂီေဆးရံုမွာ တဦးတို႔ ျဖစ္ပါတယ္။ လူနာ ၂ ဦးလံုး အေျခအေန တည္တည္ၿငိမ္ၿငိမ္ ရွိတယ္လို႔လညး္ က်န္းမာေရး ဆိုင္ရာ တာ၀န္ရွိသူေတြက ေျပာဆိုထားပါတယ္။

COVID-19 ကူးစက္သူ ျမန္မာမွာ ေနာက္တဦးေတြ႕
please wait

No media source currently available

0:00 0:01:08 0:00
တိုက္႐ိုက္ လင့္ခ္


..................

COVID-19 ကူးစက်သူ မြန်မာမှာ နောက်တဦးတွေ့
(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ တဦး ထပ်မံ အတည်ပြု တွေ့ရှိကြောင်း ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီ အချိန်မှာ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာကြောင့် COVID -19 အတည်ပြု လူနာ ၃ ဦးရှိသွားပြီ ဖြစ်ပါတယ်။

အခုနောက်ဆုံး အတည်ပြု လူနာကတော့ အင်္ဂလန်ကနေ မတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အသက် ၂၆ နှစ် အရွယ် အမျိုးသား ဖြစ်ပြီး အင်းစိန်ပြည်သူ့ ဆေးရုံကြီးမှာ စောင့်ကြည့်လူနာ အဖြစ် သီးသန့်ခွဲခြား စောင့်ကြပ် ကုသပေးနေရသူ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ နေထိုင်သူ အဲဒီ အမျိုးသားထံက ဓာတ်ခွဲ နမူနာကို အင်္ဂါနေ့မှာ အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဆိုင်ရာ ဌာန က စစ်ဆေးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီ လူနာကို အင်းစိန် ပြည်သူ့ဆေးရုံမှာ သီးခြားထား စောင့်ကြပ် ကုသနေပြီး အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့လည်း သတင်းထုတ်ထားပါတယ်။ သူကတော့ ထိုင်းနိုင်ငံကနေ တဆင့် မြန်မာနိုင်ငံကို မတ်လ ၂၁ ရက်နေ့က လေကြောင်းခရီးစဉ်နဲ့ ဝင်ရောက်လာသူ ဖြစ်ကြောင်း ဖော်ပြထားပေမယ့် လေကြောင်း ခရီးစဉ် အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

သူနဲ့ ထိတွေ့ ဆက်စပ်သူတွေကို သီးခြားခွဲထားရေး ဆောင်ရွက်သွားမယ်လို့တော့ ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ တခြား လူနာ ၂ ဦးကတော့ တီးတိန်မှာ တဦး ရန်ကုန်တိုင်း ဝေဘာဂီဆေးရုံမှာ တဦးတို့ ဖြစ်ပါတယ်။ လူနာ ၂ ဦးလုံး အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိတယ်လို့လည်း ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

XS
SM
MD
LG