သုံးရလွယ်ကူစေသည့် Link များ

COVID-19 လူနာဆေးရုံတက်နေတဲ့ တီးတိန်မြို့က ဆေးရုံအခြေအနေ


ရန်ကုန်မြို့တွင် COVID-19 ရောဂါ သံသယရှိသူများကိုထားမည့် ယာယီအဆောင်ကို ဆေးဖြန်းနေသည့် ကျန်းမာရေးဝန်ထမ်းများ။ (မတ် ၂၂၊ ၂၀၂၀)
ရန်ကုန်မြို့တွင် COVID-19 ရောဂါ သံသယရှိသူများကိုထားမည့် ယာယီအဆောင်ကို ဆေးဖြန်းနေသည့် ကျန်းမာရေးဝန်ထမ်းများ။ (မတ် ၂၂၊ ၂၀၂၀)

(Zawgyi/Unicode)

ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာ တယောက်ကို သီးခြားခွဲထား စောင့်ကြည့်ထားတဲ့ အခြေအနေကို ဒေသခံ တဦးဖြစ်တဲ့ Michael Suantak ကို တနလာၤနေ့ည သန်းခေါင်ကျော် အချိန် မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြီး ပြောပါတယ်။

Michael Suantak။ ။ သူတို့ ထွေအုပ်ကနေ ပြောထားတာတော့ရှိတယ် ။ ဆေးရုံဝန်ထမ်းအဆောင်အသစ်မှာ သူ့ကို သီးသန့်ထားထာတယ်ပေါ့။ သူ့ကျန်းမာရေးကတော့ ဆိုးဝါးတဲ့ ပုံစံမျိုးမဟုတ်ဘူး။ သက်လည်းသက်သာလာပြီပေါ့။ နောက်တခုက သူပြန်လာတဲ့အချိန်မှာ သူလေယာဉ်နဲ့ ပြန်လာတယ်လို့ ပြောတယ် ရက်ကတော့ ကျနော်အတိအကျ မရသေးဘူး။ သူက မင်္ဂလာဆောင်ဖို့ ပြန်လာတာဖြစ်တဲ့အတွက်ကြောင့် Pre-wedding ဓါတ်ပုံ၊ ဗွီဒီယိုရိုက်တာတွေကို ဒီကလေးမြို့မှာ ရိုက်သွားတယ်လို့ ပြောတယ်။

မသိင်္ဂ ီထိုက်။ ။ လူနာနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာ အကာအကွယ် လုံလုံလောက်လောက် ရှိပါသလား။ ဆေးရုံအခြေအနေရော ကို Michael တို့ ဘာတွေ သိထားပါသလဲ။

Michael Suantak။ ။ ဆေးရုံကတော့ အရင်တုန်းက ပုံစံအတိုင်းပဲ ဖြစ်မှာပါ။ အရင်တုန်းကဆိုရင် ကူးစက်တဲ့ရောဂါတွေ ကာကွယ်တဲ့ဝတ်စုံတွေမရှိဘူး Facility တွေမရှိဘူး။ လျှပ်စစ်မီးဆိုရင်လည်း တီးတိန်က ၅ ရက်ကို တကြိမ် ၊ တလှည့်ပေါ့နော် အဲလိုမျိုး ပေးနေတဲ့အနေအထားမှာရှိတယ်။ လျှပ်စစ်မီး လုံလုံလောက်လောက် မရတဲ့အနေအထားရှိတယ် ။ ဒီအချိန်မှာက ရာသီဥတုက နည်းနည်းအေးတယ်ပေါ့နော် ၊ တော်တော်လေးအေးသေးတယ်။ မနေ့ကဆိုရင် မိုးနည်းနည်း ရွာသေးတယ်ပေါ့။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦး ပထမဆုံး အကြိမ် တွေ့ရှိခဲ့ရပြီးနောက် စိုးရိမ်နေကြတဲ့ ပြည်သူတွေ၊ နောက် သူတို့နဲ့ ထိတွေ့ခဲ့ကြတဲ့ လူမှု အသိုင်းအဝိုင်း အနေနဲ့ ဘယ်လို သတိထား နေထိုင်သင့်သလဲ ဆိုတာကို လက်ရှိမှာ COVID 19 လူနာတွေကို ကုသပေးနေတဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Wyckoff Heights ဆေးဝါးကုသမှုဌာန ဒုတိယဥက္ကဌ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက်ကို မေးမြန်းတာမှာတော့ သူက အခုလို အကြံပြုပါတယ်။

ဒေါက်တာ ဇေယျာသက်။ ။ သူနဲ့ ထိတွေ့ခဲ့တဲ့ လူတွေပေါ့နော် ၊ ဆွေမျိုးတွေ အပေါင်းအသင်းတွေ သူသွားခဲ့တဲ့နေရာက လူတွေကို စစ်ဖို့လိုလားဆိုတော့ စစ်လိုက်ရင် တွေ့လာမယ့် chance က တော်တော်လေးများပါတယ် ဒါက အမှန်တရား ကျနော်ပြောပြတာပါ။ နောက်တခုက အဲဒီလူတွေမှာ ကျနော်တို့ လက်ရှိ New York မှာ ဖြစ်နေတဲ့ အနေအထားအရ ဆိုရင် အဖျားမရှိရင် မစစ်ပါနဲ့ ။ ဒါကတော့ ကျနေ်ာတို့ရဲ့ အခုလက်ရှိအခြေအနေအရ Department က ဒီလိုလုပ်ပါတယ်။ အခုဘယ်လောက်အထိ ကျနော်တို့ဒုက္ခရောက်သလဲဆိုတော့ ကျနော်တို့မှာ စစ်ဖို့ ပစ္စည်းတောင်မရှိတော့ပါဘူး။ အမျိုးမျိုးစမ်းနေတာပေါ့နော် ဒီနေ့ဆိုရင် ကျနော်တို့ လက်တွေ့လုပ်တဲ့အခါမှာ ကျနော်တို့စီမှာ စစ်ဖို့က ၁၅၀ ပဲ ကျန်ပါတော့တယ် စစ်ဖို့ပစ္စည်းက ကျနော်တို့ ဆေးရုံတရုံလုံးမှာ အဲဒီတော့ ကျနော်တို့ ဆေးရုံတက်တဲ့လူကိုပဲ စစ်ဖို့ဘဝရောက်သွားပါတယ်။ ဒါက တကယ့်ကို အရေးကြုံလာတဲ့အခြေအနေမျိုးမှာ ကျနော်နော်တို့ ကြုံနေရတာပေါ့လေ။ ဆိုတော့ ကျနော်ပြောချင်တာကတော့ စစ်သင့်လားဆိုတော့ သူ့ဆွေမျိုးသားချင်းတွေမှာ ဖျားတယ်ဆိုရင်တော့ စစ်သင့်ပါတယ်။ မဖျားပဲနဲ့ ငါတို့မှာ ဒီရောဂါရှိ၊ မရှိသိချင်လို့ စစ်ချင်တယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံအနေအထားအရ လုပ်ပေးနိုင်သလားပေါ့ ။ စစ်ရင်တော့ ကျနော့်အနေနဲ့က အားပေးပါတယ်။ ဒါပေမယ့် တခါတလေကျတော့ ကိုယ့်ဆရာဝန် ရှုထောင့်ကနေ အားပေးပေမယ့် ပြည်သူ့ကျန်းမာရေးရှုထောင့်ဘက်ကတော့ တခါတလေ လုပ်ကိုင်ရတာ ခက်ခဲတဲ့အပိုင်းတွေရှိပါတယ်။ အိမ်မှာရှိတဲ့ မိသားစုတွေ အကုန်လုံးကတော့ ဘာပဲ လုပ်ရမလဲဆိုတော့ အဖျားတိုင်းပါ တနေ့ကို အဖျား ၂ ခါတိုင်းပါ လူတိုင်းက ဖျားတယ်ဆိုတာသိပါတယ်။ ဒီရောဂါမှာ ၈၀ ရာခိုင်နှုန်းက ဖျားပါတယ်။ ဆိုတော့ ကျနော်တို့လည်း ဒီဂရီနံပတ်နဲ့ သွားတာပဲ။ တကယ်လို့ ဖျားတယ်ဆိုရင်တော့ အဲဒီလူကို စစ်ရပါလိမ့်မယ် ၊ ဖျားပြီဆိုရင်တော့ စစ်ပါ။ မဖျားသေးဘူးဆိုရင်တော့ သူနဲ့ ထိတွေ့ထားတာ ၁၈ ရက်တုန်းက ဒီနေ့က ၂၃ ရက်ဆိုတော့ ၅ ရက်တော့ ရှိနေပြီပေါ့နော်။ ဆိုတော့ ဒီ ၁၃ ရက်နေ့က ထိတွေ့ထားတဲ့လူဆိုရင် ၁ ပတ်တောင်ပြည့်သွားပြီ ။ ကျနော်ပြောချင်တဲ့သဘောကတော့ နောက်ထပ် ၁ ပတ်လောက်အတွင်းမှာ ဘာမှ မဖြစ်တော့ဘူးဆိုရင်တော့ အခြေအနေကောင်းပါတယ်။ သူကနေတဆင့် မပြန့်သွားနိုင်ဘူးလို့တော့ ကျနော်ထင်ပါတယ်။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ သူနဲ့ မထိတွေ့ပဲနဲ့ သူက တီးတိန်တို့ ကလေးလည်း ရောက်တယ်ပြောပါတယ် ။ တီးတိန်၊ ကလေး၊ ရန်ကုန်ပေါ့နော် သူ ဖြတ်သွားဖြတ်လာရှိခဲ့မယ့် နေရာတွေက လူတွေအတွက်ရော ဘာများ အကြံပေးချင်ပါသလဲ။

ဒေါက်တာ ဇေယျာသက်။ ။ ကျနော့်အနေနဲ့ကတော့ ဖျားတယ်၊ ချောင်းဆိုးတယ်ဆိုရင် မပေါ့ပါနဲ့။ ကျနော်ပြောချင်တဲ့ သဘောက ဒီရောဂါက လူများတွေ ပုံကြီးချဲ့ပြီးတော့ ပြောနေတာမဟုတ်ပါဘူး။ ကျနော်တို့ တကယ် အလုပ်လုပ်တဲ့လူတွေ တကယ်လက်တွေဖြစ်လာရင် အရမ်း ဒုက္ခရောက်ပါတယ်။ ပြောရရင် နယူးယောက် မြို့တော်ဝန်ပြောသွားတဲ့စကားလုံးလည်း ကြားမှာပါ။ “This is not a joke” ဒီရောဂါက နောက်ပြောင်လို့ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ပုံကြီးချဲ့ပြီးတော့ ပြောနေတာမဟုတ်ပါဘူး။ ဒီနေ့ နေ့လည်က ကျနော့်ကို လူတယောက်လာပြလို့ တွေ့လိုက်တယ် ဘယ်သူမှ ကျနော်တို့ တကယ်လက်တွေ့လုပ်နေတဲ့လူတွေက ပုံကြီးချဲ့ပြီးတော့ ပြောနေတာမဟုတ်ပါဘူး ကိုယ့်အသက်ကို ရင်းပြီးတော့ လုပ်နေရတာ ။ တကယ်ဖြစ်လာရင် ဆရာဝန်တွေ ၊ Nurse တွေ ဆေးရုံမှာ လုပ်နေရတဲ့လူတွေ အကုန်လုံး အသက်နဲ့ ရင်းပြီးတော့ ကျနော်တို့ ဒီအလုပ်ကို လုပ်နေတာပါ။ ဆိုတော့ မဖြစ်သေးတာ အကောင်းဆုံးပေါ့နော် ၊ ရအောင်ကာကွယ်ပါ မြန်မာပြည်မှာ အဲဒါကို အဓိက ကျနော်ပြောချင်တာပါ။

တီးတိန် ဒေသခံနဲ့ ဒေါက်တာ ဇေယျာသက်တို့ကို မသိင်္ဂ ီထိုက်က မေးမြန်းတင်ပြခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

.................


(Unicode)



မသိငျ်ဂ ီထိုကျ။ ။ လူနာနဲ့ ထိတှေ့ဆကျဆံတဲ့နရောမှာ အကာအကှယျ လုံလုံလောကျလောကျ ရှိပါသလား။ ဆေးရုံအခွအေနရေော ကို Michael တို့ ဘာတှေ သိထားပါသလဲ။







XS
SM
MD
LG