သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ပထမဆုံး Coronavirus ကူးစက်သူ ၂ ဦး တွေ့ရှိ


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ Coronavirus ကူးစက်နေသူ ၂ ဦးကို ပထမဆုံးအကြိမ် စမ်းသပ်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တနင်္လာနေ့မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ကမ္ဘာနိုင်ငံတိုင်းနီးပါးကို ဒီ ဗိုင်းရပ်စ်ပိုး ကူးစက် ပျံ့နှံ့နေပေမယ့် ဒီလူနာ ၂ ဦး တွေ့ရှိတဲ့အချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်သူ မရှိသေးကြောင်း အစိုးရတာဝန်ရှိသူတွေ ပြောဆိုနေချိန်မှာဘဲ အခုလို အတည်ပြုတဲ့သတင်း ထွက်လာခဲ့တာပါ။

အခုရောဂါပိုး ကူးစက်နေကြောင်း တွေ့ရှိသူ ၂ ဦးစလုံးဟာ ပြည်ပကနေ ပြန်လာကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပထမတဦးကတော့ အမေရိကန်ပြည်ထောင်စုက ပြန်လာတဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသားဖြစ်တယ်ပြီး သူ့မှာ ရောဂါပိုးရှိနေတယ်ဆိုတာကို မတ်လ ၂၁ ရက်နေ့မှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူဟာ ချင်းပြည်နယ်၊ တီးတိန်မြို့က ပြည်သူ့ဆေးရုံမှာ ကုသမှု ခံနေတယ်လို့ ဆိုပါတယ်။

ဒုတိယ ရောဂါပိုးကူးစက်နေသူကတော့ အင်္ဂလန်က ပြန်လာတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဝေဘာဂီအထူးကုဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။ သူ့မှာ ရောဂါပိုးရှိနေကြောင်းကိုတော့ မတ်လ ၂၃ ရက်၊ တနင်္လာနေ့မျာ တွေ့ရှိခဲ့တာလို့ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူဦးရော ၅၄ သန်း ဝန်းကျင်ရှိပြီး ဒီရောဂါပိုး စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံနဲ့ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်မှုရှိနေတဲ့အပြင် တရုတ်-မြန်မာ နယ်စပ်ဒေသမှာ ရောဂါပိုးစတင် တွေ့ရှိတဲ့ အစောပိုင်းကာလတွေအထိ အပြန်အလှန် ကူးလူး သွားလာမှုတွေ အများအပြား ရှိခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အခုချိန်ထိ Covid-19 ကူးစက်သူ မရှိသေးဘူးဆိုတဲ့အပေါ် အများစုက သံသယ ရှိနေခဲ့ကြတာပါ။

မတ်လ ၂၃ ရက်၊ တနင်္လာနေ့အထိ Coronavirus ရှိမရှိ လူပေါင်း ၂၁၄ ဦးကိုသာ စစ်ဆေး ပေးနိုင်သေးတာကြောင့် မြန်မာအစိုးရအနေနဲ့ စစ်ဆေးမှုတွေကို အရှိန်မြင့် လုပ်ဆောင်ဖို့နဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ အခက်အခဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)





XS
SM
MD
LG