သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထုိင္းနဲ႔ မေလးကျပန္လာသူေတြ ၁၄ ရက္ သီးျခားခြဲေနဖုိ႔ ျမန္မာအစုိးရ အမိန္႔ထုတ္


ထိုင္းႏိုင္ငံက ျပန္လာသူက နယ္စပ္ဂိတ္မွာ စစ္ေဆးေန (Ministry of Health and Sports, Myanmar)

(Zawgyi/Unicode)

COVID-19 ေရာဂါပိုး တကမာၻလုံးကို ျမန္ျမန္ဆန္ဆန္ ပ်ံ႕ႏွံ႔လာတဲ့အတြက္ ထိုင္းနဲ႔ မေလးရွားက ျပန္လာတဲ့ ျမန္မာႏိုင္ငံသားတိုင္း ကိုယ့္ေနအိမ္မွာ ၁၄ ရက္ၾကာ သီးသန႔္ေစာင့္ၾကည့္ခံရမယ့္ အစီအစဥ္ကို အစိုးရက ဒီေန႔ ေၾကညာပါတယ္။ ဆက္စပ္တဲ့ အစိုးရဌာနေတြနဲ႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြ ဒီကေန႔ မတ္လ ၂၃ရက္ မနက္ပိုင္း အစည္းအေဝးမွာ ဒါကိုဆုံးျဖတ္လိုက္တာပါ။ ဒီအေၾကာင္း ဗြီအိုေအ သတင္းေထက္ ကိုေဇာ္ထက္ သတင္းေပးပို႔ထားပါတယ္။

ဒီအစီအစဥ္အရဆိုရင္ မတ္လ ၂၃ ရက္ကစၿပီး ထိုင္းနဲ႔ မေလးရွားကျပန္လာတဲ့ ျမန္မာေတြအားလုံး အက်ဳံးဝင္မွာပါ။

“တေယာက္မက်န္ စာရင္းဇယား အကုန္လုပ္ၿပီး ႏိုင္ငံျခားျပန္မွန္သမွ် home quarantine ၁၄ ေနရာမယ္၊ ႏိုင္ငံေတာ္ရဲ႕ ဒါ က်န္းမာေရးေပၚလစီပဲ၊ ဒါ ဒီေန႔ အေကာင္အထည္စေဖာ္တယ္။ အကုန္လုံး ယိုးဒယားက ျပန္လာလာ၊ မေလးရွားက ျပန္လာလာ home quarantine ၁၄ ရက္ အကုန္လုံး တေယာက္မက်န္ လုပ္ရၿပီဗ်။”

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕ ျပည္သူ႔က်န္းမာေရးဌာန ဦးစီးမႉး ေဒါက္တာသိန္းၿမိဳ႕ ေျပာသြားတာျဖစ္ပါတယ္။

ဒီ ၁၄ရက္အတြင္းမွာ မိသားစုနဲ႔ အိမ္နီးနားခ်င္းက အဓိကေစာင့္ၾကည့္ရမွာပါ။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးနဲ႔ က်န္းမာေရးဝန္ထမ္းေတြက ရရွိထားတဲ့ ျပည္ပျပန္ေတြရဲ႕ စာရင္းအတိုင္း လိုက္လံစစ္ေဆးသြားမယ္လို႔ ဆိုပါတယ္။ ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕ ျပည္သူ႔က်န္းမာေရးဌာနဦးစီးမႉး ေဒါက္တာသိန္းၿမိဳ႕က အခုလိုရွင္းျပပါတယ္။

“အုပ္ခ်ဳပ္ေရးမႉး၊ ရာအိမ္မႉး၊ ဆယ္အိမ္မႉးေတြက က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေပါင္းၿပီး ႏိုင္ငံျခားျပန္ရွိသလား၊ စာရင္းေကာက္၊ ရွိတယ္ဆိုရင္ လိုက္နာရမယ့္ စည္းကမ္းစာ႐ြက္ကေလးေတြ က်ေနာ္တို႔ ေျပာလိုက္တာေပါ့ေနာ္၊ ရွင္းျပလိုက္ၿပီး ၁၄ ရက္တိတိလိုက္နာပါ၊ က်ေနာ္တို႔ မနက္တေခါက္ ညတေခါက္ သူ႔ကို ဖုန္းဆက္မယ္။ ေနေကာင္းလား၊ ေနေကာင္းလား။ ကိုယ့္အိမ္ကိုယ္ေနရဲ႕လား၊ စည္းကမ္းလိုက္နာရဲ႕လား စသည္ျဖင့္ ႀကီးၾကပ္မယ္ေပါ့ေနာ္။”

နယ္စပ္စစ္ေဆးေရး ဂိတ္ေတြကေန ျပည္ဝင္ခြင့္ဗီဇာနဲ႔ ဝင္ေရာက္တာကို ယာယီတားျမစ္လိုက္ၿပီဆိုတာ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက မတ္လ ၁၉ ရက္မွာ သတင္းထုတ္ျပန္ပါတယ္။ ဒါေပမဲ့ ႏွစ္ဘက္ ေဒသခံေတြ နယ္စပ္ျဖတ္ေက်ာ္ခြင့္လက္မွတ္ ( Border Pass) နဲ႔ ဝင္တာကိုေတာ့မပိတ္ဘဲ က်န္းမာေရး စိစစ္တာကိုပဲ တင္းတင္းက်ပ္က်ပ္လုပ္သြားမယ္လို႔ ဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

နယ္စပ္ျဖတ္ေက်ာ္ခြင့္လက္မွတ္ ကိုင္ေဆာင္ထားတဲ့ တ႐ုတ္ႏိုင္ငံသားေတြဟာ ျမန္မာျပည္ေျမာက္ပိုင္း ကခ်င္ျပည္နယ္၊ ကန္ပိုက္တီးနယ္စပ္ဂိတ္ကေန ရာနဲ႔ခ်ီၿပီး ဝင္ေရာက္ေနပါတယ္။ အမ်ားစုက ငွက္ေပ်ာၿခံ လုပ္သားေတြပါ။ အခုလိုအခ်ိန္မွာ တ႐ုတ္ႏိုင္ငံသားေတြ ဝင္ထြက္ေနတာကို တားဆီးေပးဖို႔ ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕က လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ႏိုင္ငံေတာ္သမၼတကို ဒီကေန႔မတ္လ ၂၃ ရက္မွာ ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္ေတြ ပိတ္၊ မပိတ္ဆိုတာ သမၼတရဲ႕ ၫႊန္ၾကားခ်က္အေပၚ အဓိက မူတည္ေနပါတယ္။ ကခ်င္ျပည္နယ္ လူဝန္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ကန္ပိုက္တည္နဲ႔ လြယ္ဂ်ယ္ကေတာ့ က်ေနာ္တို႔ ၁၉၉၇ ( ျမန္မာ- တ႐ုတ္) ႏွစ္ႏိုင္ငံ သေဘာတူစာခ်ဳပ္အရဆိုရင္ ျပည္ေထာင္စု level ၊ ျပည္ေထာင္စုရဲ႕ လုပ္ပိုင္ခြင့္ပဲ ျဖစ္တယ္ဗ်။ က်ေနာ္တို႔ ျပည္နယ္ အစိုးရအဖြဲ႕ကေတာ့ ျပည္ေထာင္စုအစိုးရက ပိတ္ပါဆိုရင္ေတာ့ က်ေနာ္တို႔ ပိတ္ရမယ့္ အေနအထားပါဗ်။ က်ေနာ္တို႔ ျပည္နယ္အစိုးရရဲ႕ လုပ္ပိုင္ခြင့္ မဟုတ္ပါဘူး။”

ကခ်င္ျပည္နယ္၊ ကန္ပိုက္တည္ နယ္စပ္ေပါက္ကေန တေန႔ကို တ႐ုတ္ႏိုင္ငံသား ပ်မ္းမွ် ၆၀၀ နဲ႔ ၁၀၀၀ ၾကားအဝင္အထြက္ရွိပါတယ္။ ထိုင္းႏိုင္ငံကေတာ့ ျမန္မာနဲ႔ နယ္စပ္အဝင္အထြက္ေတြကို ဒီရက္ပိုင္း ပိတ္ပင္၊ ကန႔္သတ္လိုက္ၿပီး ျမန္မာ ေသာင္းနဲ႔ခ်ီၿပီး ေနရပ္ျပန္ေနၾကတာမို႔ အခုလို ျမန္မာအစိုးရရဲ႕ ေရာဂါ ထိန္းခ်ဳပ္ေရး အစီအစဥ္ေတြ လုပ္လာရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ထိုင်းနဲ့ မလေးကပြန်လာသူတွေ ၁၄ ရက် သီးခြားခွဲနေဖို့ မြန်မာအစိုးရ အမိန့်ထုတ်

COVID-19 ရောဂါပိုး တကမ္ဘာလုံးကို မြန်မြန်ဆန်ဆန် ပျံ့နှံ့လာတဲ့အတွက် ထိုင်းနဲ့ မလေးရှားက ပြန်လာတဲ့ မြန်မာနိုင်ငံသားတိုင်း ကိုယ့်နေအိမ်မှာ ၁၄ ရက်ကြာ သီးသန့်စောင့်ကြည့်ခံရမယ့် အစီအစဉ်ကို အစိုးရက ဒီနေ့ ကြေညာပါတယ်။ ဆက်စပ်တဲ့ အစိုးရဌာနတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ဒီကနေ့ မတ်လ ၂၃ရက် မနက်ပိုင်း အစည်းအဝေးမှာ ဒါကိုဆုံးဖြတ်လိုက်တာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထေက် ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။

ဒီအစီအစဉ်အရဆိုရင် မတ်လ ၂၃ ရက်ကစပြီး ထိုင်းနဲ့ မလေးရှားကပြန်လာတဲ့ မြန်မာတွေအားလုံး အကျုံးဝင်မှာပါ။

“တယောက်မကျန် စာရင်းဇယား အကုန်လုပ်ပြီး နိုင်ငံခြားပြန်မှန်သမျှ home quarantine ၁၄ နေရာမယ်၊ နိုင်ငံတော်ရဲ့ ဒါ ကျန်းမာရေးပေါ်လစီပဲ၊ ဒါ ဒီနေ့ အကောင်အထည်စဖော်တယ်။ အကုန်လုံး ယိုးဒယားက ပြန်လာလာ၊ မလေးရှားက ပြန်လာလာ home quarantine ၁၄ ရက် အကုန်လုံး တယောက်မကျန် လုပ်ရပြီဗျ။”

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ပြည်သူ့ကျန်းမာရေးဌာန ဦးစီးမှူး ဒေါက်တာသိန်းမြို့ ပြောသွားတာဖြစ်ပါတယ်။

ဒီ ၁၄ရက်အတွင်းမှာ မိသားစုနဲ့ အိမ်နီးနားချင်းက အဓိကစောင့်ကြည့်ရမှာပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ရရှိထားတဲ့ ပြည်ပပြန်တွေရဲ့ စာရင်းအတိုင်း လိုက်လံစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ပြည်သူ့ကျန်းမာရေးဌာနဦးစီးမှူး ဒေါက်တာသိန်းမြို့က အခုလိုရှင်းပြပါတယ်။

“အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပေါင်းပြီး နိုင်ငံခြားပြန်ရှိသလား၊ စာရင်းကောက်၊ ရှိတယ်ဆိုရင် လိုက်နာရမယ့် စည်းကမ်းစာရွက်ကလေးတွေ ကျနော်တို့ ပြောလိုက်တာပေါ့နော်၊ ရှင်းပြလိုက်ပြီး ၁၄ ရက်တိတိလိုက်နာပါ၊ ကျနော်တို့ မနက်တခေါက် ညတခေါက် သူ့ကို ဖုန်းဆက်မယ်။ နေကောင်းလား၊ နေကောင်းလား။ ကိုယ့်အိမ်ကိုယ်နေရဲ့လား၊ စည်းကမ်းလိုက်နာရဲ့လား စသည်ဖြင့် ကြီးကြပ်မယ်ပေါ့နော်။”

နယ်စပ်စစ်ဆေးရေး ဂိတ်တွေကနေ ပြည်ဝင်ခွင့်ဗီဇာနဲ့ ဝင်ရောက်တာကို ယာယီတားမြစ်လိုက်ပြီဆိုတာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့ နှစ်ဘက် ဒေသခံတွေ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ( Border Pass) နဲ့ ဝင်တာကိုတော့မပိတ်ဘဲ ကျန်းမာရေး စိစစ်တာကိုပဲ တင်းတင်းကျပ်ကျပ်လုပ်သွားမယ်လို့ ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ကိုင်ဆောင်ထားတဲ့ တရုတ်နိုင်ငံသားတွေဟာ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ ကန်ပိုက်တီးနယ်စပ်ဂိတ်ကနေ ရာနဲ့ချီပြီး ဝင်ရောက်နေပါတယ်။ အများစုက ငှက်ပျောခြံ လုပ်သားတွေပါ။ အခုလိုအချိန်မှာ တရုတ်နိုင်ငံသားတွေ ဝင်ထွက်နေတာကို တားဆီးပေးဖို့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့က လွှတ်တော် ကိုယ်စားလှယ်တွေက နိုင်ငံတော်သမ္မတကို ဒီကနေ့မတ်လ ၂၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေ ပိတ်၊ မပိတ်ဆိုတာ သမ္မတရဲ့ ညွှန်ကြားချက်အပေါ် အဓိက မူတည်နေပါတယ်။ ကချင်ပြည်နယ် လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ ကန်ပိုက်တည်နဲ့ လွယ်ဂျယ်ကတော့ ကျနော်တို့ ၁၉၉၇ ( မြန်မာ- တရုတ်) နှစ်နိုင်ငံ သဘောတူစာချုပ်အရဆိုရင် ပြည်ထောင်စု level ၊ ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့်ပဲ ဖြစ်တယ်ဗျ။ ကျနော်တို့ ပြည်နယ် အစိုးရအဖွဲ့ကတော့ ပြည်ထောင်စုအစိုးရက ပိတ်ပါဆိုရင်တော့ ကျနော်တို့ ပိတ်ရမယ့် အနေအထားပါဗျ။ ကျနော်တို့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့် မဟုတ်ပါဘူး။”

ကချင်ပြည်နယ်၊ ကန်ပိုက်တည် နယ်စပ်ပေါက်ကနေ တနေ့ကို တရုတ်နိုင်ငံသား ပျမ်းမျှ ၆၀၀ နဲ့ ၁၀၀၀ ကြားအဝင်အထွက်ရှိပါတယ်။ ထိုင်းနိုင်ငံကတော့ မြန်မာနဲ့ နယ်စပ်အဝင်အထွက်တွေကို ဒီရက်ပိုင်း ပိတ်ပင်၊ ကန့်သတ်လိုက်ပြီး မြန်မာ သောင်းနဲ့ချီပြီး နေရပ်ပြန်နေကြတာမို့ အခုလို မြန်မာအစိုးရရဲ့ ရောဂါ ထိန်းချုပ်ရေး အစီအစဉ်တွေ လုပ်လာရတာဖြစ်ပါတယ်။

XS
SM
MD
LG