သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ နယ္စပ္ဂိတ္ေတြ ထိုင္းဘက္ကပိတ္ေနတဲ့ ေနာက္ဆံုးအေျခအေန


ထုိင္း-ျမန္မာနယ္စပ္ ခ်စ္ၾကည္ေရးတံတားအမွတ္ ၁ ပိတ္ထားသည့္ျမင္ကြင္း။ (မတ္ ၂၁၊ ၂၀၂၀၊ ဓာတ္ပုံ - မေအးေအးမာ)

(Zawgyi / Unicode)

ကုိ႐ုိနာဗိုင္းရပ္စ္ပုိး ကူးစက္ခံရသူေပါင္း ၆၀၀ ထိ ျမင့္တက္လာတဲ့ ထိုင္းႏိုင္ငံမွာ ျမန္မာနဲ႔ နယ္စပ္အ၀င္အထြက္ေတြကို ကန္႔သတ္ထိန္းခ်ဳပ္လိုက္ၿပီးေနာက္ မဲေဆာက္-ျမ၀တီ ခ်စ္ၾကည္ေရးတံတား အမွတ္ ၁ ကို ပိတ္ခဲ့ၿပီး အခု အမွတ္ ၂ ကိုလည္း မတ္လ ၂၃ ရက္ကစၿပီး ကုန္တင္ကားေတြကိုသာ ခြင့္ျပဳေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ထိုင္းေရာက္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ ေနရပ္ျပန္ေရး အခက္အခဲေတြြ ရင္ဆိုင္ေနရတဲ့ ေနာက္ဆံုးအေျခအေနကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထုိင္း-ျမန္မာနယ္စပ္က မဲေဆာက္-ျမ၀တီ ခ်စ္ၾကည္ေရးတံတား ၁ ကုိ ပိတ္ပစ္လိုက္ၿပီးတဲ့ေနာက္ ၂ ရက္အတြင္း ေနရပ္ျပန္ျမန္မာေတြ တေသာင္းေက်ာ္ ျပန္ေနၾကတာပါ။ အခု ခ်စ္ၾကည္ေရးတံတား ၂ ကုိလည္း ထုိင္းဘက္က အကန္႔အသတ္ေတြနဲ႔ ပိတ္ပစ္မယ္ဆုိတာေၾကာင့္ ေနရပ္ျပန္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ အခက္ေတြ႔ႏုိင္ပါတယ္။ ျမန္မာဘက္ကေတာ့ ၀င္ခြင့္ျပဳေနဦးမွာျဖစ္ေပမယ့္ ထုိင္းဘက္က သေဘာထားကုိ မသိရေသးဘူးလို႔ ျမ၀တီခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ဆိုပါတယ္။

“က်ေနာ္တို႔ဆီ အ၀င္မွာေတာ့ ၅၄၀၀ ရွိတယ္။ တေန႔လံုးပါ။ က်ေနာ္တုိ႔ဆီက အခုထိလည္း ၀င္ခြင့္ျပဳေနတယ္၊ ေနာက္လည္း ၀င္ခြင့္ျပဳဦးမွာပဲ။ မနက္ျဖန္လည္း အဆင္သင့္ပဲ၊ ေနာင္လည္း အဆင့္သင့္ပဲ။”

မေအးေအးမာ - ထိုင္းဘက္ကေရာ သြားခြင့္ျပဳလားရွင့္။

ဦးေတဇာေအာင္ - “ထိုင္းဘက္ကေတာ့ ထုိင္းဘက္ကိုေမးမွ ရပါမယ္။ က်ေနာ္တုိ႔ဘက္ကေတာ့ အဆင္သင့္ပါပဲ။”

မတ္လ ၂၂ ရက္ ညေနပိုင္းမွာေတာ့ ခ်စ္ၾကည္ေရးတံတား ၂ မွာ ျမန္မာဘက္ျပန္တဲ့တံတားကို ပိတ္ထားတာမို႔ ေနရပ္ျပန္ျမန္မာေတြအတြက္ ဆက္ၿပီး ဖြင့္ေပးသင့္တယ္လို႔ ျမန္မာျပည္အေရး ပူးတဲြလႈပ္ရွားမႈေကာ္မတီ ဥကၠ႒ ဦးမုိးႀကိဳးက ဆုိပါတယ္။

“မဲေဆာက္-ျမ၀တီ အမွတ္ ၂ ခ်စ္ၾကည္ေရးတံတားက တံတား ၂ ထပ္ရိွတယ္။ အဲဒါက အတြင္းတံတားကိုေတာ့ ညေန ၆ နာရီခဲြကတည္းက ပိတ္လိုက္တယ္။ ျမန္မာဘက္၀င္တဲ့ တံတားကိုေတာ့ ညေန ၆ နာရီခဲြကတည္းက ပိတ္ထားပါတယ္။ ခ်စ္ၾကည္ေရးတံတားကေတာ့ ည ၈ နာရီအထိ ပံုမွန္ဖြင့္ရမယ့္ အေနအထားပဲ။ အခုလို အေရးေပၚကာလမွာေတာ့ ႏွစ္ဦးႏွစ္ဖက္ နားလည္မႈနဲ႔ ဖြင့္ေပးရမွာပဲ။ အထြက္ဗီဇာတံုး ထုတာေတြ ေဆာင္ရြက္ေပးရမွာပဲ။ ျမန္မာဘက္ကေတာ့ ၂၄ နာရီအထိ ဖြင့္ေပးထားပါတယ္။”

မတ္လ ၂၂ ရက္ ညပိုင္းအထိ ျမန္မာသံ႐ုံးက အလုပ္သမား သံအရာရွိ ကိုေ၀လင္းေမာင္နဲ႔အတူ အလုပ္သမားေတြ ရာနဲ႔ခ်ီၿပီး ျပန္လာေနေၾကာင္း ဦးမိုးႀကိဳးက ဆုိပါတယ္။

ဒီကာလဟာ ေနရပ္ျပန္ျမန္မာေတြအဖို႔ လူဦးေရ သိန္းနဲ႔ခ်ီ ျပန္တဲ့ကာလ ျဖစ္ပါတယ္။ မတ္လ ၃၁ ရက္မွာ ကုန္ဆံုးမယ့္ သူတုိ႔ရဲ႕ ဗီဇာသက္တမ္းေတြ တိုးမယ့္ကိစၥေတြကို ျပန္လုပ္ရမွာေတြလည္း ရွိေနတာပါ။

ကို႐ုိနာဗိုင္းရပ္စ္ျဖစ္ၿပီး တ႐ုတ္ျပည္ဘက္က ကုန္ၾကမ္းမရလို႔ ထိုင္းစက္႐ုံေတြ ပိတ္တာေၾကာင့္ အလုပ္ျပဳတ္ၿပီး ေနရပ္ျပန္ၾကတဲ့ အလုပ္သမားေတြလည္း ရွိေနတာပါ။ တခိ်ဳ႕ကေတာ့ တရား၀င္ အေထာက္အထား မရွိတာေၾကာင့္ ျပန္ေနၾကသူေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

COVID-19 ကြောင့် နယ်စပ်ဂိတ်တွေ ထိုင်းဘက်ကပိတ်နေတဲ့ နောက်ဆုံးအခြေအနေ

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၆၀၀ ထိ မြင့်တက်လာတဲ့ ထိုင်းနိုင်ငံမှာ မြန်မာနဲ့ နယ်စပ်အဝင်အထွက်တွေကို ကန့်သတ်ထိန်းချုပ်လိုက်ပြီးနောက် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် ၁ ကို ပိတ်ခဲ့ပြီး အခု အမှတ် ၂ ကိုလည်း မတ်လ ၂၃ ရက်ကစပြီး ကုန်တင်ကားတွေကိုသာ ခွင့်ပြုတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ရေး အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်က မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား ၁ ကို ပိတ်ပစ်လိုက်ပြီးတဲ့နောက် ၂ ရက်အတွင်း နေရပ်ပြန်မြန်မာတွေ တသောင်းကျော် ပြန်နေကြတာပါ။ အခု ချစ်ကြည်ရေးတံတား ၂ ကိုလည်း ထိုင်းဘက်က အကန့်အသတ်တွေနဲ့ ပိတ်ပစ်မယ်ဆိုတာကြောင့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခက်တွေ့နိုင်ပါတယ်။ မြန်မာဘက်ကတော့ ဝင်ခွင့်ပြုနေဦးမှာဖြစ်ပေမယ့် ထိုင်းဘက်က သဘောထားကို မသိရသေးဘူးလို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆိုပါတယ်။

“ကျနော်တို့ဆီ အဝင်မှာတော့ ၅၄၀၀ ရှိတယ်။ တနေ့လုံးပါ။ ကျနော်တို့ဆီက အခုထိလည်း ဝင်ခွင့်ပြုနေတယ်၊ နောက်လည်း ဝင်ခွင့်ပြုဦးမှာပဲ။ မနက်ဖြန်လည်း အဆင်သင့်ပဲ၊ နောင်လည်း အဆင့်သင့်ပဲ။”

မအေးအေးမာ - ထိုင်းဘက်ကရော သွားခွင့်ပြုလားရှင့်။

ဦးတေဇာအောင် - “ထိုင်းဘက်ကတော့ ထိုင်းဘက်ကိုမေးမှ ရပါမယ်။ ကျနော်တို့ဘက်ကတော့ အဆင်သင့်ပါပဲ။”

မတ်လ ၂၂ ရက် ညနေပိုင်းမှာတော့ ချစ်ကြည်ရေးတံတား ၂ မှာ မြန်မာဘက်ပြန်တဲ့တံတားကို ပိတ်ထားတာမို့ နေရပ်ပြန်မြန်မာတွေအတွက် ဆက်ပြီး ဖွင့်ပေးသင့်တယ်လို့ မြန်မာပြည်အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုပါတယ်။

“မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားက တံတား ၂ ထပ်ရှိတယ်။ အဲဒါက အတွင်းတံတားကိုတော့ ညနေ ၆ နာရီခွဲကတည်းက ပိတ်လိုက်တယ်။ မြန်မာဘက်ဝင်တဲ့ တံတားကိုတော့ ညနေ ၆ နာရီခွဲကတည်းက ပိတ်ထားပါတယ်။ ချစ်ကြည်ရေးတံတားကတော့ ည ၈ နာရီအထိ ပုံမှန်ဖွင့်ရမယ့် အနေအထားပဲ။ အခုလို အရေးပေါ်ကာလမှာတော့ နှစ်ဦးနှစ်ဖက် နားလည်မှုနဲ့ ဖွင့်ပေးရမှာပဲ။ အထွက်ဗီဇာတုံး ထုတာတွေ ဆောင်ရွက်ပေးရမှာပဲ။ မြန်မာဘက်ကတော့ ၂၄ နာရီအထိ ဖွင့်ပေးထားပါတယ်။”

မတ်လ ၂၂ ရက် ညပိုင်းအထိ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ကိုဝေလင်းမောင်နဲ့အတူ အလုပ်သမားတွေ ရာနဲ့ချီပြီး ပြန်လာနေကြောင်း ဦးမိုးကြိုးက ဆိုပါတယ်။

ဒီကာလဟာ နေရပ်ပြန်မြန်မာတွေအဖို့ လူဦးရေ သိန်းနဲ့ချီ ပြန်တဲ့ကာလ ဖြစ်ပါတယ်။ မတ်လ ၃၁ ရက်မှာ ကုန်ဆုံးမယ့် သူတို့ရဲ့ ဗီဇာသက်တမ်းတွေ တိုးမယ့်ကိစ္စတွေကို ပြန်လုပ်ရမှာတွေလည်း ရှိနေတာပါ။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီး တရုတ်ပြည်ဘက်က ကုန်ကြမ်းမရလို့ ထိုင်းစက်ရုံတွေ ပိတ်တာကြောင့်အလုပ်ပြုတ်ပြီး နေရပ်ပြန်ကြတဲ့ အလုပ်သမားတွေလည်း ရှိနေတာပါ။ တချို့ကတော့ တရားဝင် အထောက်အထား မရှိတာကြောင့် ပြန်နေကြသူတွေလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG