သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလုပ္သားေတြ သႀကၤန္အိမ္ျပန္ေရး တတ္ႏိုင္သမွ်ေရွာင္ဖို႔ သံ႐ုံးသတိေပး


ျမန္မာအလုပ္သမားမ်ား ထုိင္းႏုိင္ငံတြင္း အဓိက ဝင္ေပါက္တခုျဖစ္သည့္ ျမဝတီၿမိဳ႕ရွိ ထုိင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတား။ (ေအာက္တိုဘာ ၃၊ ၂၀၀၇)

(Zawgyi / Unicode)

မိမိႏုိင္ငံကုိျပန္မယ့္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြအေနနဲ႔ ထိုင္းႏုိင္ငံကုိ ျပန္၀င္လာခ်ိန္မွာ က်န္းမာေရးအတြက္ ၁၄ ရက္ၾကာ တင္းက်ပ္စြာ စစ္ေဆးမႈ ခံယူရမွာျဖစ္တဲ့အတြက္ လာမယ့္ သႀကၤန္ကာလ ေနရပ္ျပန္တာကို ဧၿပီလ ၃၀ ရက္ေန႔အထိ တတ္ႏိုင္သမွ် ေရွာင္ၾကဖို႔ ထုိင္းႏုိင္ငံရွိ ျမန္မာသံ႐ုံးက ေၾကညာခ်က္ထုတ္ျပန္ အႀကံေပးထားပါတယ္။ လက္ရွိျဖစ္ပြားေနတဲ့ ကို႐ုိနာဗိုင္းရပ္စ္ပိုး ကူးစက္မႈနဲ႔ ပတ္သက္ၿပီး ျပည္ပက ဝင္ေရာက္လာသူေတြကို ထိုင္းအစိုးရက အထူးတင္းက်ပ္စြာ စစ္ေဆးလာတာေၾကာင့္ အခုလို သတိေပးလိုက္တာပါ။ အျပည့္အစံုကို ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း မဟာသႀကၤန္ကာလ ဧၿပီလဆန္းကစၿပီး ထုိင္းေရာက္ ျမန္မာေတြ ေနရပ္ျပန္ေနၾကပါတယ္။ မတ္လ ၁၅ ရက္ေန႔မွာ ျမန္မာသံ႐ုံးရဲ ့ထုတ္ျပန္ခ်က္အရ ကို႐ုိနာဗိုင္းရပ္စ္ Covid-19 ကာကြယ္တားဆီးေရး မျပန္႔ပြားေရးအတြက္ စုေ၀းတာေတြ မလုပ္ၾကဖို႔ ထုိင္းအာဏာပုိင္ေတြက တားျမစ္သတိေပးေနတဲ့ အခ်ိန္မွာ ေနရပ္ျပန္ ျမန္မာအလုပ္သမားေတြအေနနဲ႔ အစုအေ၀းလိုက္ ျပန္တာေတြ အထူးသျဖင့္ ေနရပ္ျပန္တာေတြ မလုပ္ဖို႔ ျမန္မာသံ႐ုံးက ပန္ၾကားစာ ထြက္ခဲ့ပါတယ္။

ဒါကတာ့ ေနရပ္ျပန္အလုပ္သမားေတြအတြက္ ျမန္မာႏိုင္ငံဘက္က ၀န္ေဆာင္မႈေတြလုပ္ဖို႔ အခက္အခဲ ရိွႏုိင္တာေၾကာင့္လုိ႔ ယူဆေၾကာင္း အလုပ္သမားေတြကို အကူညီေပးေနတဲ့ AAC မဟာမိတ္အဖဲြ႔က ဒါ႐ုိက္တာ ဦးခိုင္ႀကီးက ေျပာပါတယ္။

“ထိုင္းမွာက ဒီေရာဂါပိုးရိွတယ္။ က်ေနာ္တို႔ႏိုင္ငံက မရွိဘူးဗ်ာ။ က်ေနာ္တုိ႔ႏိုင္ငံက သန္႔ရွင္းေနတယ္ဆုိရင္ က်ေနာ္တို႔ အလုပ္သမားေတြက အၿပီးျပန္မွာလည္းရွိတယ္။ အဲဒီလူေတြကေတာ့ ရတဲ့နည္းနဲ႔ ျပန္မွာေပါ့။ ႏုိင္ငံေတာ္အဆင့္က သံ႐ုံးက စာထြက္တာကေတာ့ တတ္ႏုိင္ရင္ေတာ့ မျပန္ၾကဖုိ႔ေပါ့ဗ်ာ။ အလုပ္သမားေတြက စိတ္မေကာင္းျဖစ္ေနရတယ္။ ျပည္တြင္းမွာက ေရာဂါပိုးေတြမရွိေတာ့ ကိုယ့္ႏုိင္ငံသားေတြက ႏုိင္ငံျခားကိုေရာက္ေတာ့ ႏုိင္ငံျခားက ျပန္လာရင္လည္း ႏိုင္ငံေတာ္က ၀န္ေဆာင္မႈေတြ ေပးရမယ္၊ ေစာင့္ၾကည့္ရမယ္၊ ေရာဂါပုိးေတြ ပါလာမွာ သယ္လာမလားဆုိတာ စိုးရိမ္ေတာ့ ဒဲ့ေတာ့မတားဘူး၊ တတ္ႏုိင္ရင္ မျပန္ၾကပါနဲ႔ ေျပာတယ္။”

ေရႊ႕ေျပာင္းအလုပ္သမားတခိ်ဳ႕ကေတာ့ မဟာသႀကၤန္ကာလ မိသားစုေတြနဲ႔ ေတြ႔ဖို႔ အလွဴအတန္းလုပ္ဖုိ႔ ေနရပ္ျပန္ခ်င္တာေတြ ရိွသလို ထုိင္းမွာ ကို႐ုိနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ပြားသူ ၁၀၀ ေက်ာ္လာၿပီျဖစ္တာေၾကာင့္ စိုးရိမ္မႈေတြနဲ႔ ျပန္ခ်င္ၾကသူေတြလည္း ရွိေနတာပါ။

ေနရပ္ကို ခနျပန္လိုတဲ့ အလုပ္သမားတဦးကေတာ့ အခုလိုေျပာပါတယ္။

“အၿပီးအပုိင္ေတာ့ မျပန္ဘူး။ ေရာဂါရွိတုန္း ခနေပါ့ေလ။ ျပန္ရင္လည္း ျမန္မာျပည္မွာ အလုပ္အကိုင္က မရိွဘူးေလ။ အကုန္လံံုးလည္း စိုးရိမ္ၾကတယ္။ ဒီမွာလည္း ေသေနတာေတြ ရွိေနေတာ့ စိတ္က တထိတ္ထိတ္နဲ႔ ဘာပဲလုပ္လုပ္ ျဖစ္ေနရတာေပါ့။”

ျမန္မာေတြ ႏွစ္စဥ္ ေနရပ္ကို ျပန္တဲ့အခါမွာ Re-entry Visa အတြက္ က်သင့္ေငြ ဘတ္ေငြတေထာင္ကုိလည္း ကင္းလြတ္ခြင့္ျပဳခဲ့ေပမယ့္ အခု ဒီႏွစ္မွာေတာ့ အစုလိုက္ အၿပဳံလိုက္ ေနရပ္ျပန္တာေတြ မျဖစ္ေအာင္ ထိုင္းအာဏာပိုင္ေတြနဲ႔ ဗီဇာကင္းလြတ္ခြင့္ မျပဳေတာ့ေၾကာင္း ျမန္မာသံ႐ုံးဘက္က ေျပာဆုိထားၿပီး ဧၿပီ ၃၀ အထိ ေနရပ္ျပန္တာေတြ၊ တႏုိင္ငံနဲ႔တႏုိင္ငံ ကူးလူးသြားလာတာေတြ သိပ္မလုပ္ဖို႔အတြက္ တတ္ႏုိင္သေလာက္ ေရွာင္ၾကဥ္ၾကဖို႔ ျမန္မာသံ႐ုံးက မတ္လ ၁၅ ရက္ ေန႔စဲြနဲ႔ သတိေပးစာ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

မြန်မာလုပ်သားတွေ သင်္ကြန်အိမ်ပြန်ရေး တတ်နိုင်သမျှရှောင်ဖို့ သံရုံးသတိပေး

မိမိနိုင်ငံကိုပြန်မယ့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံကို ပြန်ဝင်လာချိန်မှာ ကျန်းမာရေးအတွက် ၁၄ ရက်ကြာ တင်းကျပ်စွာ စစ်ဆေးမှု ခံယူရမှာဖြစ်တဲ့အတွက် လာမယ့် သင်္ကြန်ကာလ နေရပ်ပြန်တာကို ဧပြီလ ၃၀ ရက်နေ့အထိ တတ်နိုင်သမျှ ရှောင်ကြဖို့ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန် အကြံပေးထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုနဲ့ ပတ်သက်ပြီး ပြည်ပက ဝင်ရောက်လာသူတွေကိုထိုင်းအစိုးရက အထူးတင်းကျပ်စွာ စစ်ဆေးလာတာကြောင့် အခုလို သတိပေးလိုက်တာပါ။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နှစ်စဉ်နှစ်တိုင်း မဟာသင်္ကြန်ကာလ ဧပြီလဆန်းကစပြီး ထိုင်းရောက် မြန်မာတွေ နေရပ်ပြန်နေကြပါတယ်။ မတ်လ ၁၅ ရက်နေ့မှာ မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကာကွယ်တားဆီးရေး မပြန့်ပွားရေးအတွက် စုဝေးတာတွေ မလုပ်ကြဖို့ ထိုင်းအာဏာပိုင်တွေက တားမြစ်သတိပေးနေတဲ့ အချိန်မှာ နေရပ်ပြန် မြန်မာအလုပ်သမားတွေအနေနဲ့ အစုအဝေးလိုက် ပြန်တာတွေ အထူးသဖြင့် နေရပ်ပြန်တာတွေ မလုပ်ဖို့ မြန်မာသံရုံးက ပန်ကြားစာ ထွက်ခဲ့ပါတယ်။

ဒါကတာ့ နေရပ်ပြန်အလုပ်သမားတွေအတွက် မြန်မာနိုင်ငံဘက်က ဝန်ဆောင်မှုတွေလုပ်ဖို့ အခက်အခဲ ရှိနိုင်တာကြောင့်လို့ ယူဆကြောင်းအလုပ်သမားတွေကို အကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။

“ထိုင်းမှာက ဒီရောဂါပိုးရှိတယ်။ ကျနော်တို့နိုင်ငံက မရှိဘူးဗျာ။ ကျနော်တို့နိုင်ငံက သန့်ရှင်းနေတယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေက အပြီးပြန်မှာလည်းရှိတယ်။ အဲဒီလူတွေကတော့ ရတဲ့နည်းနဲ့ ပြန်မှာပေါ့။ နိုင်ငံတော်အဆင့်က သံရုံးက စာထွက်တာကတော့ တတ်နိုင်ရင်တော့ မပြန်ကြဖို့ပေါ့ဗျာ။ အလုပ်သမားတွေက စိတ်မကောင်းဖြစ်နေရတယ်။ ပြည်တွင်းမှာက ရောဂါပိုးတွေမရှိတော့ ကိုယ့်နိုင်ငံသားတွေက နိုင်ငံခြားကိုရောက်တော့ နိုင်ငံခြားက ပြန်လာရင်လည်းနိုင်ငံတော်က ဝန်ဆောင်မှုတွေ ပေးရမယ်၊ စောင့်ကြည့်ရမယ်၊ ရောဂါပိုးတွေ ပါလာမှာ သယ်လာမလားဆိုတာ စိုးရိမ်တော့ ဒဲ့တော့မတားဘူး၊ တတ်နိုင်ရင် မပြန်ကြပါနဲ့ ပြောတယ်။”

ရွှေ့ပြောင်းအလုပ်သမားတချို့ကတော့ မဟာသင်္ကြန်ကာလ မိသားစုတွေနဲ့ တွေ့ဖို့ အလှူအတန်းလုပ်ဖို့ နေရပ်ပြန်ချင်တာတွေ ရှိသလို ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူ ၁၀၀ ကျော်လာပြီဖြစ်တာကြောင့် စိုးရိမ်မှုတွေနဲ့ ပြန်ချင်ကြသူတွေလည်း ရှိနေတာပါ။

နေရပ်ကို ခနပြန်လိုတဲ့ အလုပ်သမားတဦးကတော့ အခုလိုပြောပါတယ်။

“အပြီးအပိုင်တော့ မပြန်ဘူး။ ရောဂါရှိတုန်း ခနပေါ့လေ။ ပြန်ရင်လည်း မြန်မာပြည်မှာ အလုပ်အကိုင်က မရှိဘူးလေ။ အကုန်လံုံးလည်း စိုးရိမ်ကြတယ်။ ဒီမှာလည်း သေနေတာတွေ ရှိနေတော့ စိတ်က တထိတ်ထိတ်နဲ့ ဘာပဲလုပ်လုပ် ဖြစ်နေရတာပေါ့။”

မြန်မာတွေ နှစ်စဉ် နေရပ်ကို ပြန်တဲ့အခါမှာ Re-entry Visa အတွက် ကျသင့်ငွေ ဘတ်ငွေတထောင်ကိုလည်း ကင်းလွတ်ခွင့်ပြုခဲ့ပေမယ့် အခု ဒီနှစ်မှာတော့ အစုလိုက် အပြုံလိုက် နေရပ်ပြန်တာတွေ မဖြစ်အောင် ထိုင်းအာဏာပိုင်တွေနဲ့ ဗီဇာကင်းလွတ်ခွင့် မပြုတော့ကြောင်း မြန်မာသံရုံးဘက်က ပြောဆိုထားပြီး ဧပြီ ၃၀ အထိ နေရပ်ပြန်တာတွေ၊ တနိုင်ငံနဲ့တနိုင်ငံ ကူးလူးသွားလာတာတွေ သိပ်မလုပ်ဖို့အတွက် တတ်နိုင်သလောက် ရှောင်ကြဉ်ကြဖို့ မြန်မာသံရုံးက မတ်လ ၁၅ ရက် နေ့စွဲနဲ့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG