သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်န္းမာေရးဆိုင္ရာ ခရီးသြားကန္႔သတ္ခ်က္ ျမန္မာထုတ္ျပန္


ကို႐ိုနာဗုိင္းရပ္စ္ ကာကြယ္ႏုိင္ေရး ႏွာေခါင္းစည္းတပ္ထားသည့္ ရန္ကုန္အျပည္ျပည္ေလဆိပ္မွ ထြက္ခြာမည့္ ခရီးသည္မ်ား။ (ဇန္နဝါရီ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 လို႔ေခၚတဲ့ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈ အႏၱရာယ္ေတြကို ကာကြယ္တဲ့အေနနဲ႔ ျမန္မာႏုိင္ငံကလည္း ခရီးသြားလာမႈဆိုင္ရာ ကန္႔သတ္ခ်က္တခ်ိဳ႕ကို ဒီေန႔ ထုတ္ျပန္လိုက္ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံနဲ႔ တ႐ုတ္ႏုိင္ငံေတြကို ၁၄ ရက္အတြင္းမွာ ခရီးသြားထားတဲ့ နုိင္ငံတကာ ခရီးသြားေတြကို ျမန္မာႏုိင္ငံထဲကို ၀င္ခြင့္ျပဳမွာ မဟုတ္ဘူးလို႔ ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ မတ္လ ၁၅ ရက္ေန႔စဲြနဲ႔ ေၾကညာလိုက္ပါတယ္။

ဒါ့အျပင္ အီတလီ၊ အီရန္၊ ျပင္သစ္၊ စပိန္နဲ႔ ဂ်ာမနီႏုိင္ငံေတြက လာတဲ့သူေတြကိုေတာ့ ၁၄ ရက္ၾကာ သီးသန္႔ခဲြထားၿပီး ေစာင့္ၾကည့္စစ္ေဆး သြားမွာျဖစ္ၿပီး သံတမန္ေတြ အေနနဲ႔ကေတာ့ သူတုိ႔ရဲ႕ ေနအိမ္ေတြမွာ ဘယ္သူနဲ႔မွ မေတြ႔ဘဲ သီးသန္႔ခဲြေနရမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ၁၄ ရက္အတြင္း အဲဒီႏုိင္ငံေတြကို ခရီးသြားထားဖူးတဲ့ ျမန္မာႏုိင္ငံသားေတြကိုေတာ့ သီးသန္႔ခဲြၿပီးေတာ့ ေစာင့္ၾကည့္စစ္ေဆးတာေတြ လုပ္သြားမယ္လို႔ အဲဒီထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

အေမရိကန္ျပည္ေထာင္စုကေန လာတဲ့သူေတြကိုေတာ့ ေစာင့္ၾကည့္သြားမယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ စင္ကာပူႏုိင္ငံကိုသြားမယ့္ ျမန္မာႏုိင္ငံသားေတြအေနနဲ႔ စင္ကာပူႏိုင္ငံမွာ ၁၄ ရက္ၾကာ အိမ္တြင္းသီးသန္႔ခဲြၿပီး ေနထိုင္သြားရမွာျဖစ္ၿပီး စင္ကာပူႏုိင္ငံက သတ္မွတ္ထားတဲ့ က်န္းမာေရးနဲ႔ဆုိင္ရာ ေၾကညာခ်က္ကို ျဖည့္ၿပီး သံ႐ုံးကို ပို႔ေပးရမယ္လို႔ စင္ကာပူႏုိင္ငံဘက္က ေၾကညာထားေၾကာင္း ျမန္မာႏုိင္ငံျခားေရး၀န္ႀကီးဌာနရဲ႕ Facebook စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

အခုခ်ိန္ထိေတာ့ ျမန္မာႏုိင္ငံမွာ ဒီကေန႔ညေနပိုင္းအထိ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရသူအျဖစ္ အတည္ျပဳထားတဲ့သူ တေယာက္မွမရွိေသးဘဲ ေစာင့္ၾကည့္လူနာ ၇ ဦးပဲရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ဗဟိုကူးစက္မႈ တုိက္ဖ်က္ေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

တဆက္တည္းမွာပဲ ထုိင္းႏုိင္ငံမွာရွိေနတဲ့ ျမန္မာအလုပ္သမားေတြအေနနဲ႔ သတိထားေနထုိင္ၾကဖို႔ ထုိင္းႏုိင္ငံမွာရွိတဲ့ ျမန္မာသံ႐ုံးက ေၾကညာခ်က္ ထုတ္လိုက္ပါတယ္။

ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြ အေနနဲ႔ လူထူထပ္တဲ့ ေနရာေတြကို မသြားဖို႔၊ ခရီးသြားလာမႈ ဆင္ျခင္ဖို႔အျပင္ သက္ဆုိင္ရာက သတိေပးေၾကညာခ်က္ေတြနဲ႔ အညီ လုပ္ေဆာင္ေနထိုင္ၾကဖို႔ ဘန္ေကာက္မွာရွိတဲ့ ျမန္မာသံ႐ုံးက မတ္လ ၁၄ စေနေန႔ ေန႔စဲြနဲ႔ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ျမန္မာအလုပ္သမားေတြအေနနဲ႔ COVID-19 နဲ႔ ပတ္သက္ၿပီး သတင္းေပးလိုလွ်င္ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ အေရးေပၚအေျခအေနနဲ႔ ႀကံဳေတြ႔ေနရရင္ပဲျဖစ္ျဖစ္ ထိုင္းက်န္းမာေရး၀န္ႀကီးဌာနရဲ႕ အေရးေပၚ ဆက္သြယ္ရမယ့္ တယ္လီဖုန္းေတြနဲ႔ ျမန္မာအလုပ္သမား သံအရာရွိကို ဆက္သြယ္ၾကဖို႔ကို အဲဒီေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ထုိင္းႏုိင္ငံမွာေရာက္ေနတဲ့ ျမန္မာအလုပ္သမားအေရး ေဆာင္ရြက္ေနသူေတြကလည္း COVID-19 ေရာဂါ အကူးစက္မခံရေအာင္ ကာကြယ္တဲ့ က်န္းမာေရးပညာေပးလုပ္ငန္းေတြ၊ အေရးေပၚ ဖ်ားနာလာရင္ အလုပ္သမား သံအရာရွိနဲ႔ အလုပ္သမားအေရး ေဆာင္ရြက္ေနတဲ့ အဖဲြ႔ေတြကို ဆက္သြယ္ၾကဖို႔ ႏႈိးေဆာ္ေနတယ္လို႔ အလုပ္သမားအေရး တက္ႂကြလႈပ္ရွားသူ မသက္သက္ဦးက ဗီြအိုေအ ျမန္မာပိုင္းကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------------

(Unicode)

ကျန်းမာရေးဆိုင်ရာ ခရီးသွားကန့်သတ်ချက် မြန်မာထုတ်ပြန်

COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်တွေကို ကာကွယ်တဲ့အနေနဲ့ မြန်မာနိုင်ငံကလည်း ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်တချို့ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို ၁၄ ရက်အတွင်းမှာ ခရီးသွားထားတဲ့ နိုင်ငံတကာ ခရီးသွားတွေကို မြန်မာနိုင်ငံထဲကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ မတ်လ ၁၅ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။

ဒါ့အပြင် အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတွေက လာတဲ့သူတွေကိုတော့ ၁၄ ရက်ကြာ သီးသန့်ခွဲထားပြီး စောင့်ကြည့်စစ်ဆေး သွားမှာဖြစ်ပြီး သံတမန်တွေ အနေနဲ့ကတော့ သူတို့ရဲ့ နေအိမ်တွေမှာ ဘယ်သူနဲ့မှ မတွေ့ဘဲ သီးသန့်ခွဲနေရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ၁၄ ရက်အတွင်း အဲဒီနိုင်ငံတွေကို ခရီးသွားထားဖူးတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ သီးသန့်ခွဲပြီးတော့ စောင့်ကြည့်စစ်ဆေးတာတွေ လုပ်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

အမေရိကန်ပြည်ထောင်စုကနေ လာတဲ့သူတွေကိုတော့ စောင့်ကြည့်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံကိုသွားမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ စင်ကာပူနိုင်ငံမှာ ၁၄ ရက်ကြာ အိမ်တွင်းသီးသန့်ခွဲပြီး နေထိုင်သွားရမှာဖြစ်ပြီး စင်ကာပူနိုင်ငံက သတ်မှတ်ထားတဲ့ ကျန်းမာရေးနဲ့ဆိုင်ရာ ကြေညာချက်ကို ဖြည့်ပြီး သံရုံးကို ပို့ပေးရမယ်လို့ စင်ကာပူနိုင်ငံဘက်က ကြေညာထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အခုချိန်ထိတော့ မြန်မာနိုင်ငံမှာ ဒီကနေ့ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူအဖြစ် အတည်ပြုထားတဲ့သူ တယောက်မှမရှိသေးဘဲ စောင့်ကြည့်လူနာ ၇ ဦးပဲရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်မှု တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

တဆက်တည်းမှာပဲ ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ကြေညာချက် ထုတ်လိုက်ပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ လူထူထပ်တဲ့ နေရာတွေကို မသွားဖို့၊ ခရီးသွားလာမှု ဆင်ခြင်ဖို့အပြင် သက်ဆိုင်ရာက သတိပေးကြေညာချက်တွေနဲ့ အညီ လုပ်ဆောင်နေထိုင်ကြဖို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက မတ်လ ၁၄ စနေနေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ COVID-19 နဲ့ ပတ်သက်ပြီး သတင်းပေးလိုလျှင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့နေရရင်ပဲဖြစ်ဖြစ် ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ အရေးပေါ် ဆက်သွယ်ရမယ့် တယ်လီဖုန်းတွေနဲ့ မြန်မာအလုပ်သမား သံအရာရှိကို ဆက်သွယ်ကြဖို့ကို အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေကလည်း COVID-19 ရောဂါ အကူးစက်မခံရအောင် ကာကွယ်တဲ့ ကျန်းမာရေးပညာပေးလုပ်ငန်းတွေ၊ အရေးပေါ် ဖျားနာလာရင် အလုပ်သမား သံအရာရှိနဲ့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေကို ဆက်သွယ်ကြဖို့ နှိုးဆော်နေတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ မသက်သက်ဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

XS
SM
MD
LG