သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ုိနာဗိုင္းရပ္စ္ပိုး မကူးစက္ေအာင္ ႀကိဳတင္ကာကြယ္ဖုိ႔ က်န္းမာေရးဌာန ထပ္မံသတိေပး


ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္သို႔ ေရာက္ရွိလာသည့္ ခရီးသည္မ်ား ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈမွ ကာကြယ္ႏုိင္ေရး ႏွာေခါင္းစည္းမ်ား တပ္ဆင္သြားလာေနသည့္ ျမင္ကြင္း။ (ဇန္နဝါရီ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻ႔ကပ္ေရာဂါအျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက သတ္မွတ္လိုက္တဲ့ COVID-19 ေရာဂါ ျမန္မာႏုိင္ငံမွာ အခ်ိန္မေရြး ျဖစ္ပြားလာႏုိင္တဲ့အတြက္ ေရာဂါမကူးစက္ရေအာင္ လူထုအေနနဲ႔ သတိနဲ႔ ႀကိဳတင္ကာကြယ္ သတိထားေနၾကပါလို႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြက ထပ္မံ သတိေပးလိုက္ပါတယ္။ ျမန္မာႏုိင္ငံမွာ လက္ရွိ ေစာင့္ၾကည့္လူနာ ၇ ဦးရွိေနၿပီး ေဆး႐ံုေတြမွာေတာ့ သံသယနဲ႔ ေစာင့္ၾကည့္လူနာေတြအတြက္ စနစ္တက် စီစဥ္ေဆာင္ရြက္ထားတယ္လို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ အျပည့္အစံုကို မဆုမြန္က တင္ျပေပးထားပါတယ္။

covid 19
covid 19

တ႐ုတ္ႏုိင္ငံ ဝူဟန္ကေနတဆင့္ ကမာၻတဝွမ္း ကူးစက္ပ်ံ႕ႏွံ႔ခဲ့တဲ့ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက ကမာၻလံုးဆိုင္ရာ အေရးေပၚ က်န္းမာေရး အေျခအေန ျဖစ္လာလို႔ ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္လိုက္တဲ့ ဒီ COVID-19 ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဒီသီတင္းပတ္ကုန္အထိဆိုရင္ ကမာၻတဝွမ္း ေသဆံုးသူေပါင္း ၅,၄၀၀ ေက်ာ္နဲ႔ ကမာၻတဝွမ္း ႏုိင္ငံအသီးသီးမွာ ကူးစက္ျပန္႔ပြားသူေပါင္း တသိန္းခြဲဝန္းက်င္အထိကို ရွိသြားၿပီျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ တရားဝင္ကူးစက္သူ တဦးတေယာက္မွ မရွိေသးေပမယ့္လို႔ အခ်ိန္မေရြး ကူးစက္ေရာဂါအႏၱရာယ္ ျဖစ္ပြားလာႏုိင္တယ္ဆိုၿပီးေတာ့ ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပး ႏႈိးေဆာ္ေနတာပါ။

အမ်ားျပည္သူလူထုအေနနဲ႔ ဒီ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မခံရေအာင္ သတိထားေနထိုင္ၾကဖို႔နဲ႔ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ သတင္းဌာနေတြက သတင္းေတြကို အခ်ိန္နဲ႔တေျပးညီ ေစာင့္ၾကည့္နားစြင့္ဖို႔၊ သတင္းမွားေတြကို မယံုၾကည္ဖို႔ သတိေပးလိုပါတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ဗဟိုကူးစက္မႈ တုိက္ဖ်က္ေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗီြအိုေအျမန္မာပိုင္းကို အခုလိုေျပာပါတယ္။

“Positive Confirmed Case မေတြ႔ရေသးေပမယ့္လို႔ အခ်ိန္မေရြး ေတြ႔ႏုိင္တယ္၊ အစုလိုက္ အၿပံဳလိုက္လည္း ေတြ႔ႏုိင္တယ္ဆုိတာကို အကုန္လုံး ဒါအတြက္ ျပင္ဆင္ထားရမွာေပါ့။ အဲ့ဒီ့အတြက္ ကိုယ့္ႏုိင္ငံမွာ လုိအပ္တာေတြ ရွိလာခဲ့တယ္ဆုိရင္ေတာ့ အဲဒီအေနအထားနဲ႔ အကုန္ျပင္ဆင္ထားပါတယ္။ ျပည္သူေတြအေနနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ လုိအပ္ပါတယ္။ ဒီလုိေဆာင္ရြက္ေနတယ္ ဆုိတာက အားလံုး လူသားအားလုံးနဲ႔ ဆုိင္ပါတယ္။ တနည္းအားျဖင့္ တုိင္းသူျပည္သားအားလုံးနဲ႔ ဆုိင္ပါတယ္။ ဒါ မိမိတုိ႔ရဲ႕ အေရးကိစၥျဖစ္တယ္ဆုိတာကို ေခါင္းထဲမွာ စြဲၿမဲၿပီး က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက လမ္းညႊန္ထားခ်က္ေတြအတုိင္း အတိအက် ပူးေပါင္းလုိက္နာဖုိ႔ လုိပါတယ္။”

အမ်ားျပည္သူ သြားလာတဲ့ေနရာေတြ၊ အမ်ားသံုးယာဥ္ေတြနဲ႔ တည္းခိုတဲ့ေနရာ၊ စားေသာက္ဆိုင္ေတြ၊ ေစ်းတန္းေတြမွာ လူထုကို က်န္းမာေရးပညာေပး အသိပညာေပးေနသလို လူထုအေနနဲ႔လည္း ဒီဗိုင္းရပ္စ္ေရာဂါ ကူးစက္မခံရေအာင္ သတိထားေနထိုင္ၾကပါလို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေနပါတယ္။ ဧရာဝတီတိုင္း က်န္းမာေရးဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္းထြဋ္ေအာင္က အခုလုိေျပာပါတယ္။

“အဲဒါေတြက ဇန္နဝါရီလ ၅ ရက္ေန႔ကတည္းကစၿပီး က်ေနာ္တုိ႔ အမ်ားႀကီးလုပ္တယ္၊ လူထုၾကား ပညာေပးတာေတြေရာ ဘတ္စ္ကားမွာ ေၾကညာတာေတြေရာ အမ်ားႀကီးလုပ္ခဲ့ၿပီ။ အဓိကက လုိက္နာဖို႔လုိတာပါ။ က်န္းမာေရးဌာနက လမ္းညႊန္ခ်က္ကို လိုက္နာဖို႔လုိတယ္။ အဓိက COVID မွာက လက္ေဆးတာပဲ အေရးႀကီးတာ နံပါတ္တစ္က လက္ေဆးတာပဲ။ ေနာက္ ဖ်ားနာထားတဲ့လူက အျပင္သြားရင္ Mask တပ္ထားဖို႔လိုတယ္။ ၿပီးေတာ့ တအားႀကီး ေၾကာက္ၿပီးေတာ့ ပစၥည္းေတြ ဘာေတြ လုိက္ဝယ္တာေတြလည္း မလုပ္သင့္ပါဘူး။”

မတ္လ ၁၅ ရက္ေန႔ ေနာက္ဆံုးစာရင္းအရ ျမန္မာႏုိင္ငံမွာ သံသယလူနာ တဦးတေယာက္မွမရွိဘဲ ေစာင့္ၾကည့္လူနာ ၇ ဦးပဲရွိေနၿပီး ကူးစက္ခံရႏိုင္ေျခ ရွိတယ္လို႔ သံသယနဲ႔ ေစာင့္ၾကည့္လူနာေတြ ထားရွိမယ့္ ေဆး႐ံုေတြမွာလည္း စနစ္တက် စီစဥ္ထားရွိပါတယ္လို႔ ဗဟိုကူးစက္မႈ တုိက္ဖ်က္ေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာျပပါတယ္။

“အခုထိ ၇ ေယာက္ ရွိေနပါတယ္။ ညေနပိုင္းအထိ အခုက်မေျပာေနတဲ့အထိကို ေျပာတာပါ။ ျပင္ဆင္ထားတဲ့ အေနအထားကေတာ့ က်မတို႔ ေဝဘာဂီရယ္ ကန္ေတာ္နဒီရယ္ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ကေတာ့ နဂုိတည္းက Designated Hospital ေပါ့။ ၿပီးေတာ့ ထပ္တုိးခဲ့တဲ့ ေဆး႐ုံေတြကေတာ့ ေတာင္ႀကီးတို႔၊ လား႐ႈိးတုိ႔၊ မူဆယ္တို႔၊ ျမစ္ႀကီးနားတို႔၊ က်ဳိင္းတုံတို႔ ထပ္တုိးထားတယ္။ တုိင္းနဲ႔ျပည္နယ္မွာရွိတဲ့ ေဆး႐ုံႀကီးေတြမွာလည္း Isolation Ward ျပင္ဆင္ထားဖုိ႔ ညႊန္ၾကားခဲ့တယ္။ ေနာက္ လိုအပ္ရင္ ICU ေတြ၊ ICU Facility ေတြျဖည့္ထားဖုိ႔ ဒါေတြလည္း ျပင္ဆင္ထားၿပီးပါၿပီ။ ၿပီးရင္ Quarantine ေပါ့၊ ဖ်ားနာရင္ တားျမစ္ပိတ္ပင္ျခင္း၊ ကန္႔သတ္ျခင္းလုပ္ဖုိ႔ အမ်ဳိးမ်ဳိးျပင္ဆင္ပါတယ္။ ေဝဘာဂီတင္မကဘူး ေတာင္ဥကၠလာ အမ်ဳိးသမီးနဲ႔ ကေလးေဆး႐ုံတို႔ လက္ရွိ ကြင္းဆင္းေနတာေတာ့ သိမ္ျဖဴ အားကစားကြင္းမွာရွိတဲ့ အေဆာင္ အဲဒီမွာထားဖို႔၊ ဒါမ်ဳိးေတြကအစ က်မတုိ႔ ျပင္ဆင္ထားပါတယ္။”

အခုအခ်ိန္အထိေတာ့ ကူးစက္ခံရႏုိင္တယ္လို႔ သံသယရွိသူအခ်ိဳ႕ကို က်န္းမာေရးဝန္ႀကီးဌာနက ေခၚယူေစာင့္ၾကည့္မႈေတြ ရွိေနၿပီး အထူးသျဖင့္ ႏုိင္ငံျခားသား ခရီးသည္ေတြနဲ႔ ျပည္ပက ျပန္ေရာက္လာသူေတြကို ေလဆိပ္အဝင္ဂိတ္ေတြမွာ စစ္ေဆးေနတာပါ။ ဒါ့အျပင္ ျပည္တြင္းလာေရာက္မယ့္ ခရီးသည္ေတြရဲ႕ သြားေရာက္ခဲ့တဲ့ႏုိင္ငံ၊ ျမန္မာႏုိင္ငံတြင္း သြားေရာက္မယ့္ ခရီးစဥ္ေတြနဲ႔အတူ ဖ်ားနာေခ်ာင္းဆိုး အသက္႐ွဴက်ပ္ျခင္း စတဲ့ ေရာဂါလကၡဏာေတြကို စစ္ေမးတဲ့ က်န္းမာေရးဆိုင္ရာေဖာင္ကို ျဖည့္သြင္းခိုင္းၿပီး ေနရပ္လိပ္စာကိုပါ အတိအက် ေမးျမန္းတာေတြ လုပ္ေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးစက်အောင် ကြိုတင်ကာကွယ်ဖို့ ကျန်းမာရေးဌာန ထပ်မံသတိပေး

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်လိုက်တဲ့ COVID-19 ရောဂါ မြန်မာနိုင်ငံမှာ အချိန်မရွေး ဖြစ်ပွားလာနိုင်တဲ့အတွက် ရောဂါမကူးစက်ရအောင် လူထုအနေနဲ့ သတိနဲ့ ကြိုတင်ကာကွယ် သတိထားနေကြပါလို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ထပ်မံ သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ စောင့်ကြည့်လူနာ ၇ ဦးရှိနေပြီး ဆေးရုံတွေမှာတော့ သံသယနဲ့ စောင့်ကြည့်လူနာတွေအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ထားတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံ ဝူဟန်ကနေတဆင့် ကမ္ဘာတဝှမ်း ကူးစက်ပျံ့နှံ့ခဲ့တဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေ ဖြစ်လာလို့ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်တဲ့ ဒီ COVID-19ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီသီတင်းပတ်ကုန်အထိဆိုရင် ကမ္ဘာတဝှမ်း သေဆုံးသူပေါင်း ၅,၄၀၀ ကျော်နဲ့ ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားသူပေါင်း တသိန်းခွဲဝန်းကျင်အထိကို ရှိသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တရားဝင်ကူးစက်သူ တဦးတယောက်မှ မရှိသေးပေမယ့်လို့ အချိန်မရွေး ကူးစက်ရောဂါအန္တရာယ် ဖြစ်ပွားလာနိုင်တယ်ဆိုပြီးတော့ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေး နှိုးဆော်နေတာပါ။

အများပြည်သူလူထုအနေနဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မခံရအောင် သတိထားနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သတင်းဌာနတွေက သတင်းတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နားစွင့်ဖို့၊ သတင်းမှားတွေကို မယုံကြည်ဖို့ သတိပေးလိုပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်မှု တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“Positive Confirmed Case မတွေ့ရသေးပေမယ့်လို့ အချိန်မရွေး တွေ့နိုင်တယ်၊ အစုလိုက် အပြုံလိုက်လည်း တွေ့နိုင်တယ်ဆိုတာကို အကုန်လုံး ဒါအတွက် ပြင်ဆင်ထားရမှာပေါ့။ အဲ့ဒီ့အတွက် ကိုယ့်နိုင်ငံမှာ လိုအပ်တာတွေ ရှိလာခဲ့တယ်ဆိုရင်တော့ အဲဒီအနေအထားနဲ့ အကုန်ပြင်ဆင်ထားပါတယ်။ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလိုဆောင်ရွက်နေတယ် ဆိုတာက အားလုံး လူသားအားလုံးနဲ့ ဆိုင်ပါတယ်။ တနည်းအားဖြင့် တိုင်းသူပြည်သားအားလုံးနဲ့ ဆိုင်ပါတယ်။ ဒါ မိမိတို့ရဲ့ အရေးကိစ္စဖြစ်တယ်ဆိုတာကို ခေါင်းထဲမှာ စွဲမြဲပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားချက်တွေအတိုင်း အတိအကျ ပူးပေါင်းလိုက်နာဖို့ လိုပါတယ်။”

အများပြည်သူ သွားလာတဲ့နေရာတွေ၊ အများသုံးယာဉ်တွေနဲ့ တည်းခိုတဲ့နေရာ၊ စားသောက်ဆိုင်တွေ၊ ဈေးတန်းတွေမှာ လူထုကို ကျန်းမာရေးပညာပေး အသိပညာပေးနေသလို လူထုအနေနဲ့လည်း ဒီဗိုင်းရပ်စ်ရောဂါ ကူးစက်မခံရအောင် သတိထားနေထိုင်ကြပါလို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။ ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အောင်က အခုလိုပြောပါတယ်။

“အဲဒါတွေက ဇန်နဝါရီလ ၅ ရက်နေ့ကတည်းကစပြီး ကျနော်တို့ အများကြီးလုပ်တယ်၊ လူထုကြား ပညာပေးတာတွေရော ဘတ်စ်ကားမှာ ကြေညာတာတွေရော အများကြီးလုပ်ခဲ့ပြီ။ အဓိကက လိုက်နာဖို့လိုတာပါ။ ကျန်းမာရေးဌာနက လမ်းညွှန်ချက်ကို လိုက်နာဖို့လိုတယ်။ အဓိက COVID မှာက လက်ဆေးတာပဲ အရေးကြီးတာ နံပါတ်တစ်က လက်ဆေးတာပဲ။ နောက် ဖျားနာထားတဲ့လူက အပြင်သွားရင် Mask တပ်ထားဖို့လိုတယ်။ ပြီးတော့ တအားကြီး ကြောက်ပြီးတော့ ပစ္စည်းတွေ ဘာတွေ လိုက်ဝယ်တာတွေလည်း မလုပ်သင့်ပါဘူး။”

မတ်လ ၁၅ ရက်နေ့ နောက်ဆုံးစာရင်းအရ မြန်မာနိုင်ငံမှာ သံသယလူနာ တဦးတယောက်မှမရှိဘဲ စောင့်ကြည့်လူနာ ၇ ဦးပဲရှိနေပြီး ကူးစက်ခံရနိုင်ခြေ ရှိတယ်လို့ သံသယနဲ့ စောင့်ကြည့်လူနာတွေ ထားရှိမယ့် ဆေးရုံတွေမှာလည်း စနစ်တကျ စီစဉ်ထားရှိပါတယ်လို့ ဗဟိုကူးစက်မှု တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပြပါတယ်။

“အခုထိ ၇ ယောက် ရှိနေပါတယ်။ ညနေပိုင်းအထိ အခုကျမပြောနေတဲ့အထိကို ပြောတာပါ။ ပြင်ဆင်ထားတဲ့ အနေအထားကတော့ ကျမတို့ ဝေဘာဂီရယ် ကန်တော်နဒီရယ် နေပြည်တော် ကုတင် ၁၀၀၀ ကတော့ နဂိုတည်းက Designated Hospital ပေါ့။ ပြီးတော့ ထပ်တိုးခဲ့တဲ့ ဆေးရုံတွေကတော့ တောင်ကြီးတို့၊ လားရှိုးတို့၊ မူဆယ်တို့၊ မြစ်ကြီးနားတို့၊ ကျိုင်းတုံတို့ ထပ်တိုးထားတယ်။ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ ဆေးရုံကြီးတွေမှာလည်း Isolation Ward ပြင်ဆင်ထားဖို့ ညွှန်ကြားခဲ့တယ်။ နောက် လိုအပ်ရင် ICU တွေ၊ ICU Facility တွေဖြည့်ထားဖို့ ဒါတွေလည်း ပြင်ဆင်ထားပြီးပါပြီ။ ပြီးရင် Quarantine ပေါ့၊ ဖျားနာရင် တားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်းလုပ်ဖို့ အမျိုးမျိုးပြင်ဆင်ပါတယ်။ ဝေဘာဂီတင်မကဘူး တောင်ဥက္ကလာ အမျိုးသမီးနဲ့ ကလေးဆေးရုံတို့ လက်ရှိ ကွင်းဆင်းနေတာတော့ သိမ်ဖြူ အားကစားကွင်းမှာရှိတဲ့ အဆောင် အဲဒီမှာထားဖို့၊ ဒါမျိုးတွေကအစ ကျမတို့ ပြင်ဆင်ထားပါတယ်။”

အခုအချိန်အထိတော့ ကူးစက်ခံရနိုင်တယ်လို့ သံသယရှိသူအချို့ကို ကျန်းမာရေးဝန်ကြီးဌာနက ခေါ်ယူစောင့်ကြည့်မှုတွေ ရှိနေပြီး အထူးသဖြင့် နိုင်ငံခြားသား ခရီးသည်တွေနဲ့ ပြည်ပက ပြန်ရောက်လာသူတွေကို လေဆိပ်အဝင်ဂိတ်တွေမှာ စစ်ဆေးနေတာပါ။ ဒါ့အပြင် ပြည်တွင်းလာရောက်မယ့် ခရီးသည်တွေရဲ့ သွားရောက်ခဲ့တဲ့နိုင်ငံ၊ မြန်မာနိုင်ငံတွင်း သွားရောက်မယ့် ခရီးစဉ်တွေနဲ့အတူ ဖျားနာချောင်းဆိုး အသက်ရှူကျပ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေကို စစ်မေးတဲ့ ကျန်းမာရေးဆိုင်ရာဖောင်ကို ဖြည့်သွင်းခိုင်းပြီး နေရပ်လိပ်စာကိုပါ အတိအကျ မေးမြန်းတာတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG